Top Movies
Открыть в Telegram
Ck Lottery ,Big Win လက်မခံပါ ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @kolatt009
Больше2025 год в цифрах

89 369
Подписчики
-51924 часа
-2 7727 дней
+24 78030 день
Архив постов
Repost from Bollywood Cinema
M-e-d-a-l-l-i-o-n 2003
CM ပရိသတ်ကြီးအတွက် အချစ်တော်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းရဲ့ 2003 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့
ရှေးခေတ် အရှေ့တိုင်းဒဏ္ဍာရီတွေအရ သေဆုံးသူတွေကို အသက်ပြန်သွင်းပေးနိုင်ပြီး သဘာဝလွန်အစွမ်းတွေပါ ပေးနိုင်တဲ့ လည်ဆွဲပြားတစ်ပြားရှိပါတယ်။ ဒါပေမဲ့ ဒီလည်ဆွဲပြားက နှစ်ခြမ်းရှိနေပြီး နှစ်ပေါင်းတစ်ထောင်ပြည့်တိုင်း ဒီလည်ဆွဲပြားကိုပေါင်းစည်းပေးနိုင်မဲ့ ကလေးငယ်တစ်ယောက်ကိုရွေးချယ်ပါတယ်။
အက်ဒီကတော့ ဟောင်ကောင်ရဲဌာနရဲ့ ရဲအုပ်စုံထောက်တစ်ယောက်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုနဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ မြွေခေါင်းဆိုတဲ့ မှောင်ခိုသမားကို ဖမ်းဆီးဖို့ လုပ်နေကြတာပါ။
မြွေခေါင်းကလည်း သူတို့ထင်ထားသလို မှောင်ခိုပစ္စည်းနောက်လိုက်နေတာမဟုတ်ဘဲ လည်ဆွဲပြားနဲ့ ရွေးချယ်ခံကောင်လေးနောက်ကို လိုက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ အက်ဒီတစ်ယောက် လည်ဆွဲပြားကိုရော ကောင်လေးကိုပါ ဘယ်လိုကာကွယ်မလဲ၊ လည်ဆွဲပြားကရော ဒဏ္ဍာရီထဲကအတိုင်း တကယ်အစွမ်းရှိမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
Repost from N/a
Фото недоступноПоказать в Telegram
အင်ဒယ်ဆူ (Lee Sung-Min) ကတော့ နာ့ဝန်းဟိုတယ်ရဲ့ ကိုယ်စားလှယ်တစ်ဖြစ်လဲ
"မိသားစုဂိုဏ်း"လို့ အမည်ရတဲ့ လူဆိုးဂိုဏ်းရဲ့ ဘော့စ်ပဲဖြစ်ပါတယ်။
တစ်နေ့မှာ အင်ဒယ်ဆူ ရုတ်တရက် ဆုံးပါးသွားပြီး ဂိုဏ်းအတွက် ဘော့စ်အသစ်ကို
ရွေးချယ်ဖို့ လိုအပ်လာပါတော့တယ်။
အင်ဒယ်ဆူရဲ့ နေရာကို ဆက်ခံဖို့အတွက် အလားအလာအရှိဆုံးသူ သုံးဦးကတော့...
ကိုယ်ပိုင် တရုတ်စားသောက်ဆိုင်လေးဖြစ်တဲ့ "မီမီရူ" ကို တစ်နိုင်ငံလုံးအနှံ့မှာ
ဆိုင်ခွဲများစွာ ချဲ့ထွင်ဖွင့်လှစ်နိုင်ဖို့ကိုပဲ စိတ်ဝင်စားနေတဲ့ နာဆွန်းထယ် (Jo Woo-Jin)...
Tango အကအပေါ် စွဲလမ်းရူးသွပ်နေတဲ့ ဒုံဂန်ဖြို (Jung Kyung-Ho)...
သုံးယောက်ထဲမှာ ဘော့စ်နေရာကို ရဖို့ မျှော်မှန်းနေတဲ့ တစ်ဦးတည်းသောသူဖြစ်ပေမဲ့
ဘယ်သူကမှ ဘော့စ်ဖြစ်ဖို့ မသင့်လျော်ဘူးလို့ ယူဆထားတဲ့ ဂျိုဖန်းဟို (Park Ji-Hwan) တို့ပါပဲ။
တစ်ဖက်မှာလည်း မူးယစ်ဆေးအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိ ဟုန်းထယ်ဂယူ (Lee Kyoo-Hyung) ဆိုသူက
မီမီရူဆိုင်မှာ ပို့ဆောင်ရေးဝန်ထမ်းအဖြစ် သရုပ်ဖျက်ပြီး ဝင်ရောက်လုပ်ကိုင်လာတဲ့အခါမှာတော့...
ဂိုဏ်းရဲ့ အစဉ်အလာကိုပဲ ဆက်ခံမလား... ကိုယ် ဝါသနာပါရာကိုပဲ ရွေးချယ်သွားကြမှာလား...
အဆုံးမှာ ဘော့စ်နေရာရဲ့ ပိုင်ရှင်က ဘယ်သူဖြစ်လာမလဲဆိုတာကို ဟာသရော အက်ရှင်ပိုင်းပါမချန်
ရသအစုံအလင်နဲ့ ကြည့်ရှုရမဲ့ ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်ရှင်။
Repost from Bollywood Cinema
သေတဲ့သူတွေကို အဲ့ဒီသင်္ချိုင်းမှာ မြုပ်ရင် ပြန်ရှင်လာတတ်တယ်ဆိုတဲ့ Pet Sematary Horror ကားရဲ့ ဒုတိယကားထွက်လို့လာပါြပီ။ ဒီကားကတော့ ပထမကား မတိုင်ခင် နှစ်၅၀ (၁၉၆၉) ကာလကို အခြေပြုထားပါတယ်။
ဂျက်ဆိုတဲ့လူငယ်လေးဟာ သူ့ရဲ့မြို့ကို စွန့်ခွာပီး မြို့ကြီးတွေဆီသွားကာ တိုးတက်မှုကို ရှာဖွေချင်နေသူပါ။ သူရဲ့ဖခင်ကလည်း သူ့ကို တိုးတက်စေဖို့ အားပေးပါတယ်။ တနေ့ ဂျက်ဟာ သူတို့မြို့လေးမှာရှိတဲ့ သင်္ချိုင်းရဲ့ လျို့ဝှက်ချက်ကို သိရှိသွားပြီးတဲ့နောက် သူဟာ ဒီမြို့လေးကနေ ထွက်ခွာသွားလို့မရတော့ပဲ ဖြစ်လာတော့မယ့် မကောင်းတဲ့ နမိတ်တွေကို ရင်ဆိုင်ရပါတော့တယ်။ သူတွေ့သွားတဲ့ သင်္ချိုင်းရဲ့ လျို့ဝှက်ချက်က ဘာဖြစ်မလဲ၊ ဘာကြောင့်ဖြစ်လာရတာလဲ၊ ဘယ်လိုတားဆီးကြမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး
Repost from N/a
2:42:33
Видео недоступноПоказать в Telegram
O-n-e B-a-t-t-l-e A-f-t-e-r A-n-o-t-h-e-r (2025)
One.Battle.After.Another.2025.720p.AMZN.WEB-DL.DDP5.1.mp41913.38 MB
Repost from N/a
Фото недоступноПоказать в Telegram
One Battle After Another (2025)
IMDb Rating (8.5) / Rotten Tomatoes (98%)
လီယိုနာဒိုဒီကာပရီရို ရဲ့ တစ်ကြော့ပြန် One Battle after Another ရုပ်ရှင်ထွက်လာပါပြီ။
တစ်ကြော့ပြန်ဆိုတာ သူ့ရဲ့အော်စကာတန်းဝင်နောက်တစ်ကားလို့ သ-တ်-မှ-တ်-လို့ရပြီး ဒီနှစ်ထဲမှာ Brad Pitt ရဲ့ F1, Leonardo ရဲ့ One Battle After Another ရုပ်ရှင်ဂုရုကြီးတွေ ပိတ်ကားပေါ်ပြန်ရောက်လာတဲ့ နှစ်လို့ဆိုရမယ်။
ရိုက်တဲ့ ဒါရိုက်တာကလည်း There will be Blood တို့လိုအော်စကာဆုကားတွေရိုက်ခဲ့တဲ့ ဒါရိုက်တာ Paul Thomas Anderson ဘာပဲဖြစ်ဖြစ် လီယိုပါတဲ့ ကားဆိုတာနဲ့ တစ်ခုမဟုတ် တစ်ခုချပြတတ်လို့ သေချာပေါက်ကြည့်ရမှာပါပဲ။
ဒီကားအစမှာ French 75 ဆိုတဲ့ လ-က်န-က်ကို-င်အဖွဲ့နဲ့စထားတယ်။ ဒါပေမဲ့ အဲ့ဂိုဏ်းကအဖွဲ့အဝင်တွေကို US အစိုးရက အကုန်လိုက်ဖမ်းလို့ ဖော်ကောင်လုပ် ထိုးကျွေးခံလိုက်ရတဲ့အခါ Bob Ferguson လဲသူ့သမီးလေးနဲ့အတူ တိမ်းရှောင်ဖို့ဖြစ်လာပါတော့တယ်။
ဇာတ်လမ်းက နို-င်-ငံရေ-းအက်ရှင်ပုံစံမျိုးဖြစ်ပြီး plot twist လေးတွေနဲ့ Rotten Tomatoes မှာလဲ 98%နဲ့freshထားပြီး IMDb ratingဟာလဲ 8.5/10ရရှိထားတာပါ။ တကယ်ရဖို့လဲတန်တဲ့ကားလို့လဲထင်ပါတယ်။
Repost from N/a
Фото недоступноПоказать в Telegram
Dear X (2025)
*
နာမည်ကြီး webtoon ကို အခြေခံရိုက်ကူးထားပြီး မင်းသမီး Kim You Jung ကို Sociopath ဇာတ်ကောင်အဖြစ် မြင်တွေ့ရမဲ့ ဒရမ်မာသစ်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီနော်။
တွဲဖက်မင်းသားတွေအနေနဲ့ကတော့ Penthouse ထဲက Kim Young-Dae , Moving ထဲက Kim Do-Hoon , True Beauty ထဲက Hwang In-Youp , Moon Lovers ထဲက Hong Jong-Hyun , The Haunted Palace ထဲက Kim Ji-Hun အစရှိတဲ့ မင်းသားချောများစွာအပြင် The 8 Show ထဲက မင်းသမီးလေး Lee Yeol Eum လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
- ဇာတ်လမ်းအကျဉ်း -
ဘဲ့အာဂျင်း (Kim You-Jung) ကတော့ မျက်နှာလှလှလေးရဲ့ နောက်ကွယ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ ပင်ကိုစရိုက်ကို ဖုံးကွယ်ထားတဲ့ တောင်ကိုးရီးယားရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါ ..
ငယ်စဉ်က အိမ်တွင်းအကြမ်းဖက်မှုကို ခံစားခဲ့ရတဲ့ အာဂျင်းရဲ့ ဘေးနားမှာ ရှိနေပေးတဲ့သူ နှစ်ဦးကတော့
အာဂျင်းအတွက်ဆိုရင် ဘယ်လိုရွှံ့နွံထဲပဲဖြစ်ဖြစ် ခြေချလျှောက်လှမ်းပေးရဲတဲ့ အာဂျင်းရဲ့ တစ်ခုတည်းသော ခိုနားရာလေး ယွန်းဂျွန်ဆော (Kim Young-Dae) နဲ့
အာဂျင်းဆီကနေ ရှင်သန်ရခြင်းအဓိပ္ပာယ်ကို ပြန်လည်ရှာတွေ့ပြီးတော့ အာဂျင်းအနားမှာ အရိပ်သဖွယ်ရှိနေပေးတဲ့ ဂင်ဂျယ်အို (Kim Do-Hoon) တို့ဖြစ်ပါတယ်။
သူများရဲ့စိတ်ကို ခြယ်လှယ်ကြိုးကိုင်ရာမှာ ကျွမ်းကျင်ပေမဲ့ တကယ်တမ်း ကိုယ့်ရဲ့စိတ်ကိုကျ လျစ်လျူထားခဲ့တဲ့ အာဂျင်းတစ်ယောက်
ဘဝရဲ့ အမြင့်ဆုံးနေရာကို ရောက်ရှိချိန်မှာမှ စွပ်ထားတဲ့ အယောင်ဆောင်မျက်နှာဖုံးက ကွာကျပြီး ဘဝတစ်ခုလုံး ပြိုလဲစပြုလာတဲ့အခါမှာတော့...
ငရဲကနေ ရုန်းထွက်ပြီး အမြင့်ဆုံးနေရာကို တက်လှမ်းဖို့အတွက် မျက်နှာဖုံးစွပ်ထားတဲ့ ဘဲ့အာဂျင်းနဲ့
အာဂျင်းဆီမှာ ရက်ရက်စက်စက် နင်းခြေခံခဲ့ရတဲ့ များစွာသော X တွေရဲ့ ဇာတ်လမ်းလေးကိုတော့ အပတ်စဉ် ကြာသပတေးနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
ကြည့်ရန် ချန်နယ်အရင်joinပါ👇👇👇
https://t.me/Mm44246
Repost from Bollywood Cinema
မှားယွင်းစီရင်သော အပြစ်ဒဏ်
အားလုံးအကြိုက် မင်းသားကြီး Donnie Yen ရဲ့ကားအသစ်ကလေး လာပါပြီ
ဇာတ်လမ်းအကျဉ်း
လူငယ် Ma Zhi Jie ဟာ ရာဇ၀တ်ဂိုဏ်းတစ်ခုထံမှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ချောက်ချခံရပြီး ဟောင်ကောင်တရားရေးဌာနရဲ့ တရားစွဲခြင်းကို ခံရပါတယ်
ရာဇ၀တ်ဂိုဏ်းဟာ Ma Zhi Jie ကို အပြစ်ဝန်ခံရအောင် လှည့်ဖြားဖို့ တရားခံရှေ့နေတစ်ဦးကို စေလွှတ်ခဲ့ပြီး ရလဒ်အနေနဲ့ တရားခံအစစ်က တရားသေလွတ်မြောက်သွားခဲ့ပါတယ်
အစိုးရအမှုစစ် Guo Zi Hao ဟာ စုံစမ်းစစ်ဆေးရေးမှူး Li Jin Wei နဲ့အတူ ပူးပေါင်းပြီး အမှန်တရားကို ရှာဖွေဖော်ထုတ်ဖို့ သူတို့ရဲ့ အလုပ်အကိုင်နဲ့ အသက်ကို လောင်းကြေးထပ်ကာ စွန့်စားခဲ့ပါတယ်
နှစ်ဦးသားဟာ အန္တရာယ်တွေကြားက ရာဇဝတ်ဂိုဏ်းကို တိုက်ဖျက်ပြီး တရားမျှမှုကို ဘယ်လိုဆောင်ကျဉ်းပေးမလဲဆိုတာ ...
Repost from Bollywood Cinema
--L-o-v-e --A-n-d --L-e-a-s-h-e-s (2022)
နာမည်ကြီး Webtoon “--M-o-r-a-l --S-e-n-s-e” ကိုအခြေခံ ရိုက်ကူးထားတဲ့
Rom-Com movie အမျိုးအစားဖြစ်တာမို့ အချိုတွေ အခွံတွေစုံအောင် ခံစားရမှာဖြစ်သလို
Age rating ကို 18+ သတ်မှတ်ထားတာကြောင့် ကြည့် ချင်သလိုကြည့်ကြပါလို့ပဲလက်တို့ရင်း ..။
Repost from Bollywood Cinema
--F-i-r-e-h-e-a-r-t (2022)
ကာတွန်းကားဟောင်းလေး
"မိန်းကလေးဆိုတာ မီးသတ်သမားလုပ်လို့ မရဘူးလေ"
"အဲ့ဒါက စည်းမျဉ်းနဲ့ မညီဘူး"
အဲ့စကားလေးတွေက အဖေတစ်ယောက်က မီးသတ် သမားသိပ်ဖြစ်ချင်တဲ့ သူ့သမီးကို ပြောလိုက်တဲ့ စကားပါ။
Repost from Bollywood Cinema
--D-u-d-e (2025) 1080P
"အံ့ဩသွားလား ကိုယ့်လူ"
IMDb - 6.9/10
--D-r-a-g-o-n (2025)ရုပ်ရှင်နဲ့ အိန္ဒိယဖန်တွေ သဘောတွေ့ခဲ့ကြတဲ့ တမီလ်မင်းသား ပရာဒိရဲ့ ရုံကားအသစ်ကို တင်ဆက် ပေးလိုက်ပါတယ်။
ဘတ်ဂျက်ရူပီး သန်း၃၅၀သုံးထားပြီး သန်းတစ်ထောင် ကျော်ပြန်ရခဲ့တဲ့အပြင် ဝေဖန်သူတွေနဲ့
ပရိသတ်တွေရဲ့အားပေးကျေနပ်မှုကိုရခဲ့တဲ့ တမီလ်Rom-Comရုံတင်ကားပေါ့။
