ru
Feedback
Movie world 🎥🍿

Movie world 🎥🍿

Открыть в Telegram
2025 год в цифрахsnowflakes fon
card fon
13 534
Подписчики
Нет данных24 часа
-2617 дней
+1 53730 день
Архив постов
Фото недоступноПоказать в Telegram
2:08:45
Видео недоступноПоказать в Telegram
Lo^re^lei: The Wit^ch of ^the Pa^ci^fic O^ce^an (20/05) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
Показать все...
(CM) Lorelei (2005) 1080p.mp41966.59 MB
Lorelei: The Witch of the Pacific Ocean (20/05) ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေရဲ့ ရေတပ်ဟာ အတော်ကို အင်အားကြီးမားခဲ့ပါတယ်။ ပိုပြီးအထင်ကြီးဖို့ကောင်းတာက ဂျပန်တွေရဲ့ ရေငုပ်သင်္ဘောနည်းပညာနဲ့ အတွေးအခေါ်တွေပါပဲ။ ဘယ်သူက စဉ်းစားမိမှာလဲ ...? ရေငုပ်သင်္ဘောတွေထဲမှာ လေယာဉ်တွေထည့်ပြီး လေကြောင်းကနေ တိုက်ခိုက်လာနိုင်မယ်လို့ပေါ့။ ဒီနေ့ခေတ်မှာတောင် ပြန်ပြီး မဖန်တီးနိုင်သေးတဲ့ I-400 အမျိုးအစား ရေငုပ်သင်္ဘောတွေကို ဂျပန်တွေဟာ အမှန်တကယ် ဖန်တီးနိုင်ခဲ့သလို အမေရိကန်ကမ်းခြေတွေအထိပါ ဗုံးကြဲတိုက်ခိုက်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုပြောပြနေတာတွေက ဇာတ်ကားနဲ့တော့ မသက်ဆိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်ကားထဲမှာပါတဲ့ ရေငုပ်သင်္ဘောက ဒီထက်ပိုပြီး နည်းပညာမြင့်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေငုပ်သင်္ဘောမျိုးပါ။ ဒီရေငုပ်သင်္ဘောကို ဂျပန်တွေက I-500 အမျိုးအစားလို့ နာမည်ပေးထားပြီး။ ဇာတ်လမ်းထဲမှာ ပါလာမယ့် ရေငုပ်သင်္ဘောက ကိုယ်ထည်အမှတ် I-507 ပါ။ ဇာတ်လမ်းအစက ဒုတိယကမ္ဘာစစ်အတွင်းမှာ ဖက်ဆစ် ဂျပန်နဲ့ နာဇီ ဂျာမဏီတို့ လျှို့ဝှက်စီမံကိန်းတွေကို လုပ်ကြတယ်။ နာဇီတပ်တွေ ကျရှုံးချိန်မှာ ဟစ်တလာဟာ ဂျပန်အင်ပါယာကို နောက်ဆုံးလက်ဆောင်အနေနဲ့ I-507 နည်းပညာနဲ့ ရေငုပ်သင်္ဘောတစ်စီးလုံးကို လက်လွှဲပေးလိုက်တယ်။ ဂျပန်တွေကလည်း အာရှဘက်မှာ အခြေအနေမကောင်းဘူး။ ဟီရိုရှီးမားနဲ့ နာဂါဆာဂီ မြို့ကြီး ၂ မြို့ Atomic ဗုံးတွေ ကြဲချခံရအပြီး အမေရိကန်တွေဟာ တတိယ Atomic Bomb ကို တိုကျိုမြို့ပေါ် ကြဲချဖို့ B-29 ဗုံးကြဲလေယာဉ်အုပ်စုကို လေယာဉ်တင်သင်္ဘောနဲ့ သယ်ဆောင်လာတယ်။ အဲ့ဒီအကြောင်းကို သိတဲ့အခါ စစ်ဦးစီးချုပ် အာဆာကူရာက ဒီရေတပ်တော်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ဖို့ ရေတပ်တော်မှူး ဗိုလ်မှူးကြီး မာဆာမီကို I-507 ရေငုပ်သင်္ဘောရဲ့ ဦးစီးမှူးအနေနဲ့ စေလွှတ်ခဲ့တယ်။ တပ်တော်မှူး မာဆာမီဟာ ဂျပန်ရေတပ်တော်မှာ ရန်သူ့သင်္ဘောဖျက်ဘီလူး ဆိုပြီး နာမည်ပြောင်ရထားတဲ့လူဖြစ်တယ်။ တပ်တော်မှူး မာဆာမီ စဉ်းစားမိတာက ပုံမှန်ဆို ဒီလိုကြားဖြတ်တိုက်ခိုက်ဖို့အတွက်ဆို ရေငုပ်သင်္ဘောအုပ်စုကို အထောက်အကူတွေနဲ့ စေလွှတ်ပေမယ့် ဒီတစ်ခါကျ တစ်စီးတည်းသာ စေလွှတ်ခဲ့တယ်။ ရေငုပ်သင်္ဘောရဲ့ ပုံစံက အရမ်းခေတ်မှီပြီး ထူးဆန်းတဲ့ လျှို့ဝှက်နည်းပညာတွေနဲ့ ပြည့်နှက်နေလို့ သူတို့ကိုယ်တိုင်လည်း အကျွမ်းတဝင်မရှိသေးဘူး။ တစ်ဖက်မှာလည်း အမေရိကန်တွေက ဒီနည်းပညာမြင့် ရေငုပ်သင်္ဘော I-507 ကို ခြေရာခံလိုက်နေတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ရေငုပ်သင်္ဘော Bonefish ကို အပြုတ်နှံသွားရုံတင်မကဘဲ I-400 တွေထက် အဆပေါင်းများစွာ အန္တရာယ်ရှိတယ်လို့ သတင်းရထားလို့ ဒီရေငုပ်သင်္ဘောကိုသာ ရလိုက်ရင် သူတို့ရဲ့ ပြိုင်ဘက်တွေကို နည်းပညာ ခြေရာဖြတ်နိုင်တော့မှာမို့ အမေရိကန်အတွက်လည်း အရေးကြီးတယ်။ဒီလောက်ဆို ဇာတ်ကားက ကြည့်မကောင်းမှာ မပူရတော့မှန်း သိလောက်ပါပြီ။ နောက်ပြီး ဒီဇာတ်ကားက စာရေးဆရာ ဟရူတိုရှီ ဖုကူအီရဲ့ Best-Selling စာအုပ်ဖြစ်တဲ့ “Lorelei” ကို ဇာတ်ညွှန်းရေးရိုက်ကူးထားခြင်း ဖြစ်ပြီး၊ P.S: I-500 ရေငုပ်သင်္ဘောစီမံကိန်းဟာလည်း တကယ်ရှိခဲ့ဖူးပါတယ်… Crd
Показать все...
Фото недоступноПоказать в Telegram
2:02:07
Видео недоступноПоказать в Telegram
T^h^e La^st Re^de^mp^ti^on (20/24) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
Показать все...
The Last Redemption (2024) WEB-DL,720p (CM).mp41041.33 MB
The Last Redemption (20/24) 📱IMDb Rating _7.0/10, Rotten _87% အမိန့်ကိုနာခံနေရတဲ့လူတစ်ယောက်ရဲ့ဘ၀မှာ တစ်ခါတစ်လေကျရင် အမိန့်ထက်ပိုပြီး နှလုံးသားကလမ်းပြတဲ့ ပိုသင့်တော်တဲ့လမ်းကိုရွေးချယ်ရတဲ့အခိုက်အတန့်တွေရှိတတ်ပါတယ်။ အဲ့ဒီအခိုက်အတန့်တွေကို ရောက်လာခဲ့ရင် ကိုယ်ဆိုရင်ကော ငြင်းဆန်နိုင်မဲ့သတ္တိရှိပါ့မလား မှန်ရာကိုလုပ်ဖို့ရွေးချယ်တဲ့အခါမှာ ဘာတွေပေးဆပ်ရမလဲ ဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်သာလာအောင် အရင်ခေတ်ကစစ်သည်တော်ခေတ်နဲ့ နှိုင်းယှဉ်ရိုက်ကူးပြသထားတဲ့ The Last Redemption ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အရင်ခေတ်မှာနစ်စ်ထရိုးလို့ခေါ်တဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့နာမည်ကြီးဓားပြဂိုဏ်းတစ်ခုရှိခဲ့ပါတယ်။ နစ်စ်ထရိုးလို့ဘာလို့ခေါ်ရလဲဆိုရင် အဖွဲ့ခေါင်းဆောင်ကလီလန်းနစ်စ်ထရိုးဖြစ်ပြီးတော့အကြင်နာကင်းမဲ့တဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ။ အဖွဲ့သားတွေအားလုံးက၀ရမ်းပြေးတွေဖြစ်ပြီး လက်ရှိအုပ်ချုပ်နေတဲ့ ဘုရင်ဖယ်ရယ်ရဲ့စစ်တပ်တွေလက်ထဲကနေ အမြဲတမ်းထွက်ပြေးနေရတဲ့အဖွဲ့လည်းဖြစ်ပါတယ် ဘုရင်ရှိရင် ဘုရင့်နေရာလိုချင်သူတွေကလည်းရှိတယ်ဆိုတဲ့အတိုင်း ဘုရင်ဖယ်ရယ်ရဲ့ဝမ်းကွဲညီက ဘုရင့်ကိုသတ်ပြီးဘုရင်နေရာယူဖို့အတွက်တစ်နေ့မှာ နစ်စ်ထရိုးတို့ကိုမက်လုံးပေးပြီးခိုင်းပါတော့တယ် ဘုရင်ဖယ်ရယ်ကိုသတ်နိုင်ပေမဲ့ ဘုရင်ဖယ်ရယ်ရဲ့သမီးလေးကမျက်မြင်သက်သေဖြစ်သွားတဲ့အတွက် ကလေးကိုပါသတ်ဖို့လုပ်ချိန်မှာတော့ မှန်ရာကိုလုပ်မဲ့အဖွဲ့သားတွေနဲ့ ပိုက်ဆံရဖို့အတွက်ဘာမဆိုလုပ်မဲ့ နစ်စ်ထရိုးတို့အဖွဲ့ ကွဲသွားကြပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ Crd
Показать все...
Фото недоступноПоказать в Telegram
1:39:30
Видео недоступноПоказать в Telegram
Sn^ip^er: The La^st S^ta^nd (20/25) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
Показать все...
Sniper.The.Last.Stand.2025.720p.WEBRip (CM).mp41021.64 MB
Sniper: The Last Stand (20/25) Sniper ( 1993 ) ကစလို့ Sniper : The Last Stand ( 2025 ) အထိ ထွက်ရှိလာခဲ့တာအပြင် အခုဆိုရင် စုစုစုပေါင်း sequel (11)ကားထိရှိလာခဲ့ပြီဖြစ်ပါတယ်။ 1993 , 2002 , 2004 မှာတော့ Sniper 1 , 2 ,3 ဆိုပြီးထွက်ရှိလာခဲ့တာဖြစ်ပြီး 2011 , 2014 , 2016 , 2017 , 2020 , 2022 , 2023မှာစုစုပေါင်း ( 7 )ကားအပြင် Sniper : The Last Stand ( 2025 )အထိ အပါအ၀င်ဆိုရင် စုစုပေါင်း ( ၁၁ )ကားအထိ ရှိလာခဲ့ပါပြီ။ US Marine Corps မှာ Master Gunnery Sergeant အဖြစ်တာ၀န်ထမ်းဆောင်နေတဲ့ အဖေဖြစ်သူ Thomas Beckett ကစလို့ သားဖြစ်သူ Brandon Beckett အထိ အထက်ကပေးအပ်တဲ့ တာ၀န်တွေ မစ်ရှင်တွေကို ဘယ်လိုကျေပွန်စွာ ထမ်းဆောင်သွားမလဲဆိုတာကို Franchise ပေါင်းများစွာနဲ့ တစ်၀ကြီး ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ Crd
Показать все...
Фото недоступноПоказать в Telegram
1:32:44
Видео недоступноПоказать в Telegram
To Li^ve Thr^ou^gh D^ea^th (20/24) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
Показать все...
To Live Through Death (2024).mp4942.32 MB
To Live Through Death (20/24) အက်ရှင်ကားတွေကိုမှ ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် အက်ရှင်မင်းသားနှစ်ယောက်ရဲ့ ချကွက်တွေကို အကြိုက်ကြည့်ရဖို့ ရုပ်ရှင်လေးလာပါပြီ။ ဇာတ်လမ်းအကျဉ်း...... ကျွိုင့်လမ်းပေါ်မှာ ဆယ်နှစ်ကျော် ဖွင့်ခဲ့တဲ့ စားသောက်ဆိုင်က စားဖိုမှူးလောင်ချန်ရဲ့ လက်မောင်းပေါ်က ဗလတွေကိုကြည့်ခြင်းအားဖြင့် သူက သာမန်လူမဟုတ်မှန်း သိသာနေပါတယ်။ နောက်ထပ် ကျွိုင့်လမ်းကို ကာကွယ်ဖို့ တာဝန်ကျတဲ့ ရဲမှူးအားချန့်ကလည်း လွန်ခဲ့တဲ့ နှစ် ၂၀ က ဒုစရိုက်မှုတွေကို ဖော်ထုတ်ဖို့ အမြဲ ကြိုးစားနေသူ ဖြစ်ပါတယ်။ တစ်နေ့မှာ လောင်ချန်တို့ဆိုင်ကို အလိမ်ခံရတဲ့ မိန်းကလေးတစ်ယောက်က အကူအညီတောင်းလို့  အဲဒီမိန်းကလေးကို ခေါ်ထားပေးမိတဲ့အတွက် လောင်ချန်ရဲ့ မွေးစားသမီးကို ဒုစရိုက်အဖွဲ့က ပြန်ပေးဆွဲဖို့ခေါ်သွားပါတော့တယ်။ မွေးစားသမီးကို ကယ်တင်ဖို့အတွက် လောင်ချန်တစ်ယောက် ဒုစရိုက်သမားတွေရဲ့ အသိုက်ထဲကို မဖြစ်မနေဝင်ရတဲ့အခါ ..... လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က လောင်ချန် ဖုံးကွယ်ထားချင်တဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Crd
Показать все...
Фото недоступноПоказать в Telegram
1:58:20
Видео недоступноПоказать в Telegram
The Ap^ar^tm^ent (19/96) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
Показать все...
(CM) The.Apartment.1996.BluRay.1080p.AAC.2.0.x264-Naung.mp42441.21 MB
The Apartment (19/96) IMDb Rating_ 7.3/10 / Rotten_ 86% မမ Monica Bellucci  နဲ့ Irreversible (2002) မှာအတွဲညီခဲ့တဲ့ မင်းသား Vincent Cassel တို့ရဲ့ ပထမအကြိမ်ဆုံတွေ့ထားတဲ့ ပြင်သစ်ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့….မက်စ်ဟာ အလုပ်ကိစ္စနဲ့ တိုကျိုကိုသွားမယ့်လမ်းမှာ တစ်ချိန်က အချစ်ဟောင်း တစ်ဦးဖြစ်ခဲ့တဲ့ လီဆာလို့ ထင်ရတဲ့ အမျိုးသမီး တစ်ယောက်ကို အတွေ့မှာတော့ နောက်ယောင်ခံလိုက်ပါတော့တယ်။ တကယ်တော့ အဲ့ဒီအမျိုးသမီးဟာ လီဆာ မဟုတ်ပဲ ရုပ်ချင်း ခပ်ဆင်ဆင်တူတဲ့ အဲလက်စ် ဆိုတဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ဖြစ်နေတာပါ တကယ်တမ်း အဲလက်စ်ဟာ မက်စ်ရဲ့ အချစ်ဆုံး သူငယ်ချင်း လူဆီယန်ရဲ့ ရည်းစားဖြစ်နေပြီး  နောက်ထပ်တစ်ခုကတော့ လီဆာဟာ မပတ်သက်သင့်တဲ့ အိမ်ထောင်သည် တစ်ဦးကို သွားပတ်သက်မိခဲ့ပြီးအဲ့ဒီလူရဲ့ လိုက်လံနှောင့်ယှက်မှုတွေကြောင့် ခြေရာဖျောက်ပုန်းအောင်းနေရပါတယ်။ သူတို့လေးယောက်ကြားက ပတ်သက်ဆက်နွယ်မှုတွေဟာ ဘာတွေလဲ။ ဘယ်သူက ဘယ်သူ့ကိုလှည့်စား ပြီး ဘယ်သူက ဘယ်သူ့ကို ဖောက်ပြားခဲ့တာလဲ?ဇာတ်ကြောင်း အနည်းငယ်ရှုပ်ထွေးသလိုရှိပေမယ့် ခေတ်ဆန်တဲ့ တင်ပြပုံ ရိုက်ချက်တွေကြောင့် ဝေဖန်ရေးဆရာ အများစုရဲ့ ချီးကျူးမှုတွေကို ရရှိခဲ့ပြီး၁၉၉၈ ဗြိတိန်အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်ဆုရရှိခဲ့ပါတယ်။ (အဖော်အချွတ်ခန်းတချို့ပါတာမလို့ မိသားစုနဲ့ကြည့်ဖို့တော့မပြေလောက်တဲ့ဇာတ်ကားပါ။) Crd
Показать все...
Фото недоступноПоказать в Telegram
1:34:16
Видео недоступноПоказать в Telegram
Es^ca*pe (20/24) Prepare for Glory Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
Показать все...
Escape (2024) WEB-DL 1080P (CM)_Fixed.mp41494.34 MB
Escape (20/24) 📱IMDb Rating 6.4/10, Rotten _71% ဒီတစ်ခါမှာတော့ Taxi Driver, Chief Detective1958 တို့လို seriesတွေထဲက မင်းသား Lee Je Hoon၊ D.P., Parasyte: The Grey ဇာတ်ကားတွေမှ မင်းသား Koo Kyo Hwan၊ Hopeless ထဲမှ မင်းသား Hong Xa Bin တို့ အဓိကပါဝင်ထားပြီး Song Kang cameo ပါဝင်ထားတဲ့ အရမ်းပေါက်နေတဲ့ မြောက်ကိုရီးယား တပ်ပြေးဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ...... မြောက်ကိုရီးယားစစ်သား အင်ဂယူနမ်ဟာ တောင်ကိုရီးယားမှာ လွတ်လပ်မှုကို အိပ်မက်မက်ရင်း မျှော်လင့်ချက်အပြည့်ရှိတဲ့ ဘဝအသစ်တစ်ခုစတင်ဖို့  အိပ်မက်မက်နေသူပါ။ ဒါကြောင့် သူ့အိပ်မက်ဖြစ်မြောက်ဖို့အတွက်ဆိုရင် အမိနိုင်ငံကနေ ထွက်ပြေး စစ်မဲ့ဇုန်ကို ‌ကျော်ဖြတ်ပြီး တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်ရမှာပဲဖြစ်ပါတယ် တစ်နေ့မှာတော့ မြောက်ကိုရီးယားကနေ ထွက်ပြေးဖို့လုပ်ရင်း စစ်သား‌လေး ဒုံဟျော့ဆီမှာ မိသွားပြီး အဲဒီနေရာကို ဗိုလ်မှူးရီဟျွန်းဆန်းပါ ရောက်ရှိလာတဲ့အခါမှာတော့…။ နှစ်ပေါင်းများစွာ တပ်ထဲက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဂယူနမ်ကို နည်းမျိုးစုံနဲ့ တားနေတဲ့ ဗိုလ်မှူးရီဟျွန်းဆန်းတစ်ယောက် ဒီတစ်ခါမှာရော တားနိုင်ဦးမှာလား။ ဂယူနမ်ကရော သူ့အိပ်မက်တွေဖြစ်မြောက်အောင် ထွက်ပြေးပြီး လွတ်လပ်မှုကို ရှာဖွေနိုင်ပါ့မလားဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ရှုစားလိုက်ကြရအောင်နော်။ Crd
Показать все...
Фото недоступноПоказать в Telegram
2:00:38
Видео недоступноПоказать в Telegram
Ca^ll o*f He^ro*es (20/16) Prepare for Glory Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
Показать все...
Call of Heroes 2016.mp41239.60 MB