uk
Feedback
ပန်ဆယ်လို

ပန်ဆယ်လို

Відкрити в Telegram

🔺 ဘုရားခေတ်မှာဆိုရင် ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။ အမှောင်ခေတ်မှာတော့ အာဏာရှင်ကို ဖီဆန်မယ်။ 🔺

Показати більше
2025 рік у цифрахsnowflakes fon
card fon
202 592
Підписники
-13824 години
-8307 днів
-3 51830 день
Архів дописів
မိမိသည် TPS မဟုတ်ချေ ခေါင်းသေးတို့။ နိုင်ငံသားရုတ်သိမ်းခံထားရတဲ့ ကိုယ်က မေဒီးကားမှာ အချိန်မရွေး ရုတ်သိမ်းခံရနိုင်တဲ့ TPS Status ကြီးနဲ့ အိမ်တွေဝယ်၊ လုပ်ငန်းတွေ လုပ်နေရအောင် စဉ်းစားကြည့်လေ… ရူးနေတာလည်း မဟုတ်။ အမေရိကားကို ကိုယ့်ထက် သုံးနှစ်လောက် နောက်ကျပြီး မနေ့တစ်နေ့ကမှ ရောက်လာတဲ့သူက US ကို သူ့အမေလင်ဆီက အမွေရထားတဲ့အတိုင်း နင့်ကို ပြန်နှင်ထုတ်မယ် ဘာညာနဲ့။ ငါးပိနံ့မပျောက်သေးတဲ့ ပါးစပ်က ချိစ့်နံ့မထွက်ခင် ချီးနံ့ထွက်ပြနေပုံများ။ 🤣
Показати все...
1 095😁 330👏 95🔥 6😱 1
Defamation Lawsuit နဲ့ တရားရုံးကိစ္စဆိုတာ Long Journey ပါ။ ကျွန်မ စိတ်ရှည်လက်ရှည် ဆက်သွားမှာပါ။ ဒါပေမယ့် ကလေးသူငယ် Minor ကို ဦးတည်တဲ့ Threat, Child Endangerment က ပြစ်မှုထင်ရှားရင် ထောင်ဒဏ် (၆)နှစ်ထိ ချမှတ်လို့ ရတဲ့ Criminal Case ဖြစ်ပါတယ်။ Physical ထိပါးမှု မဟုတ်ဘဲ ကလေးသူငယ်ကို Mental ထိပါးနာကျင်စေရန် Intentionally ခြိမ်းခြောက်တာကလည်း Child Endangerment ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ Passport ကဲ့သို့သော Identity တွေကို ခိုးယူခြင်း၊ပေါက်ကြားစေခြင်း၊ ပိုင်ဆိုင်မှုစာရွက်စာတမ်း၊ ဘဏ်ရုံးစာစတဲ့ Privacy တွေကို ချိုးဖောက်ခြင်းဟာ Doxxing Law အနေနဲ့ Criminal Case ဖြစ်ပါတယ်။ ထောင်ဒဏ်ချမှတ်လို့ရတဲ့ ပြစ်မှု ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ Defamation Lawsuit အပြင် ကျွန်မကျူးလွန်ခံရတဲ့ကိစ္စရပ်တွေအပေါ်မှာ Criminal Case နဲ့ အရေးယူနိုင်ဖို့လည်း ဆောင်ရွက်သွားပါ့မယ်။ ရှေ့ပိုင်းကာလတွေမှာ ကျွန်မအနေနဲ့ တော်လှန်ရေးကိစ္စ၊ စီးပွါးရေးကိစ္စတွေကြား နားချိန်မရှိ လုံးပန်းခဲ့ရပြီး ကျွန်မကိုယ်ကျွန်မ ကာကွယ်ဖို့ ပျက်ကွက်ခံခဲ့ပါတယ်။ ကျွန်မကိုယ်ကျွန်မ ကာကွယ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ကျွန်မရဲ့ မိသားစု၊ ကျွန်မရဲ့ အရွယ်မရောက်သေးတဲ့ သမီးလေးထိ ထိပါးခံလာရတာ ဖြစ်တဲ့အတွက် တရားဥပဒေအရ ကာကွယ်နိုင်ရန် အပြင်းအထန် လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ပင်ပန်းမခံနိုင်လို့ဆိုပြီး လက်လျှော့မိသွားမှာစိုးလို့ အများပြည်သူရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ချည်နှောင်တဲ့အနေနဲ့ ဒီပိုစ့်ကို ရေးတာပါ။ အခက်အခဲတွေ အများကြီး ကျွန်မကြုံရမှာပါ။ ဒါပေမယ့် ရအောင် ကြိုးစားပါ့မယ်။ ကျွန်မကိုယ်ကျွန်မ ကာကွယ်ချင်လောက်တဲ့အထိ မချစ်ပေမယ့် ကျွန်မချစ်ရသူတွေကို ကာကွယ်ဖို့အတွက်ဆို လိုအပ်လာရင် အသက်ပါ ပေးနိုင်ပါတယ်။ ဒါက ဖေ့စ်ဘုတ်ပေါ် အာချောင်တဲ့ပိုစ့်မဟုတ်ဘူး။ သစ္စာ ဆိုတာလို့ ခေါ်တယ်။ ဖေ့စ်ဘုတ်ပေါ် ဒီကိစ္စကို ကျွန်မ နေ့တိုင်းရေးနေမှာ မဟုတ်တာမို့ ကျွန်မ ဘာမှ မပြောခဲ့ရင်တောင် ကျွန်မ ဆက်လက်လုပ်ဆောင်နေတယ်ဆိုတာ ယုံကြည်ထားလိုက်ပါ။ အားလုံးကို ကျေးဇူးအထူးပါ။
Показати все...
2 321👏 418😁 115🔥 7😱 4💔 3
တရားရုံးရောက်ရင် တရားရုံးက ပန်ဆယ်လို့ကို ပြန်စစ်မှာပေါ့ဆိုတဲ့ စောက်ပေါစကားတွေအတွက် ပြောပြရဦးမယ်။ US မှာ Case by Case သွားတယ်။ တရားရုံးမပြောနဲ့ Speed Limit ကြောင့် ရဲဖမ်းရင်တောင် ငါ့ထက် မိုင်ပိုမောင်းတဲ့ကားတွေကျ ဘာလို့ မဖမ်းတာလဲလို့ သွားမေးလို့ မရဘူး။ နင့်ကားကို ဖမ်းတာ၊ နင့်ကားအကြောင်းအပြင် အခြားကားတွေအကြောင်း ပြောလို့မရဘူးလို့ပဲ ပြန်ဖြေလိမ့်မယ်။ ကိုယ်က Lawsuit လုပ်ပြီဆိုရင် တရားရုံးက Defendant တွေကို ကိုယ်တိုင်ကြားတဲ့အမှုတွေကို ကျူးလွန်လား၊ ပြစ်မှုထင်ရှားလားဆိုတာကိုပဲ စစ်မှာ။ သူက ဘာကောင်မကြီးမို့ ငါက ဒီလိုပြောတာပါလို့ ချေပရင် တရားရုံးက တိုင်ကြားသူက ဘာကောင်မကြီးဆိုတာ တကယ်လားဆိုတာကို စစ်မှာမဟုတ်ဘူး၊ တရားရုံးရှေ့မှာ ဘာကောင်မကြီးလို့ ထပ်တိုက်ခိုက်လိုက်တာက အဓိကပဲ။ တရားရုံးက တိုင်ကြားသူဟာ ဘာကောင်မကြီးပါဆိုတာ မှန်မမှန်စစ်စေချင်ရင် သီးသန့်တိုင်ရတယ်။ အဲ့ဒါမှ စစ်မှာ။ အဲ့လို တိုင်တယ်ဆိုတာကလည်း နှစ်ပိုင်းရှိသေးတယ်။ ဒီကောင်မကြီးက ငါ့ကို ဒီလိုလုပ်လို့ ငါကနစ်နာပါတယ်ဆိုတာမျိုးဆို တိုင်လို့ရတယ်။ ငါ့ကို လုပ်တာတော့ မဟုတ်ဘူး၊ ငါ့မှာ နစ်နာမှုတော့ မရှိပေမယ့် ငါက တိုင်ချင်လို့ တိုင်ပါတယ်ဆိုရင် မရဘူး။ ဥပမာကွာ၊ ဒီလူက လူလိမ်ပါ၊ သူလိမ်တာ ငါခံရပါတယ်၊ ငါက နစ်နာသူပါဆိုရင် နစ်နာတဲ့သက်သေအစုံအလင်နဲ့ တိုင်လို့ရတယ်။ ဒါပေမယ့် သူက လူလိမ်ပါ၊ ငါတော့ အလိမ်မခံရဘူး၊ ဟိုဘက်အိမ်ကကောင်က အလိမ်ခံရတာ၊ ဒါပေမယ့် သူကမတိုင်လို့ ငါကတိုင်တာပါဆို မရဘူး။ ရှင်းလား မသိဘူး။ မယုံရင် အိုင့်ကို တိုင်နေကျ ပန်ဆယ်လို့ကို တရားစွဲထားပါပြီလို့ အမြဲအော်နေကျကောင်ကို သွားမေးကြည့်ကြ။ သူတိုင်တာမှန်သမျှ တရားရုံးက အကုန်ပယ်ချနေတာ ဘာကြောင့်လဲဆိုတာ အဲ့ဒါပဲ။ ပန်ဆယ်လိုက အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ပါတယ်၊ ငွေကြေးခဝါချပါတယ်၊ လက်နက်ရောင်းဝယ်ပါတယ်ဆိုတဲ့ မဟုတ်တမ်းတရား စွပ်စွဲချက်တွေနဲ့ လိုက်တိုင်တာတွေ အများကြီး လုပ်နေကြတာပဲ။ အဲ့ကိစ္စမျိုးတွေက လူပုဂ္ဂိုလ်က တရားစွဲလို့ရတဲ့ Case မဟုတ်ဘူး။ တရားစွဲလို့ရတာ နိုင်ငံတော်ပဲ။ လူပုဂ္ဂိုလ်တွေအနေနဲ့ ပစ်စာပို့တဲ့အဆင့်အပြင် ဘာမှလုပ်လို့မရဘူး။ ပစ်စာပို့တိုင်း တစ်ဖက်လူက စစ်ဆေးခံရမယ်၊ ဒုက္ခရောက်မယ်ထင်ရင် ရူးနေလို့ပဲ။ US မှာ လူဦးရေ သန်းရာချီရှိတယ်။ အဆင့်မြင့်စုံစမ်းရေးတွေ ရှိတယ်။ တကယ်ကျူးလွန်နေတဲ့သူတွေအတွက်ဆိုရင် ပစ်စာမလိုဘူး၊ သူတို့စနစ်ထဲမှာ အကုန်ရှိပြီးသား။ လွတ်စရာကို မရှိတာ။ ပစ်စာရမှ သတိထားမိ၊ ပြေးစစ်ရအောင် ဒီကအဖွဲ့အစည်းတွေက စောက်ပေါတွေလည်း မဟုတ်။ ကိုယ်က အခုတိုင်ကြားမယ့်Case တွေက ပစ်စာပို့တဲ့ Case မျိုး မဟုတ်ဘူး။ နစ်နာသူက ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့မိသားစု၊ အရွယ်မရောက်သေးတဲ့ ကလေး။ ဒါ့ကြောင့် ခိုင်ခိုင်မာမာကြီး တရားစွဲဆိုနိုင်တဲ့ Case တွေ။ တရားရုံးမပြောနဲ့၊ သာမန်လူတောင် ကြည့်လိုက်တာနဲ့ ဒါဟာ ဥပဒေနဲ့ ငြိစွန်းတဲ့ တိုက်ခိုက်မှုတွေ၊ Privacy ချိုးဖောက်မှုတွေ၊ ကလေးသူငယ်ခြိမ်းခြောက်မှုတွေဆိုတာ အသိသာကြီးပဲ။ ဘာမှ မလုပ်လို့ ဘာမှမဖြစ်တာ။ လုပ်ပြီဆိုရင်တော့ တကယ်ထိရောက်နိုင်တဲ့ကိစ္စတွေချည်းပဲ။ ပစ်စာလောက်ကို ကြောက်နေရင် ပန်ဆယ်လို လုပ်မနေဘူး။ တတ်နိုင်သမျှ လုပ်ကြည့်ကြပေါ့။ မိန်းမတစ်ယောက်က Fair Play ကစားနေတဲ့ပွဲမှာ လက်သီးပုန်းမှ ပြချင်သပဆိုလည်း ရင်ဆိုင်နေကျ ကျင့်သားရပြီးသားကိစ္စတွေမို့ အိုကေပါတယ်လို့ သိစေချင်တာ။ ရေးကြည့်ကြလေ ဇကွဲရေ “ဇ” လို့။
Показати все...
1 519👏 373😁 56🔥 8😱 4💔 2
တကယ်တမ်းတော့ တရားစွဲတာ ငြိမ်မခံသင့်ဘူးလေနော်။ အိုင့်ကို ပြန်တရားစွဲသင့်တာပေါ့။ မြှောက်ပေးဦးမယ်။ ဒါမှာ တရားစွဲခံရတာအတွက်ရော၊ တရားပြန်စွဲတာ အတွက်ပါ ရှေ့နေခ နှစ်ခါပြန်ကုန်ပြီး ပိုမွဲကုန်မှာ။ ဟိုး…. မစတော့ မရပ်ပါနဲ့… မရပ်နဲ့ 😌
Показати все...
1 620😁 399👏 201😱 9🔥 8💔 1
နာမည်တပ်မရေးရင် လွတ်တယ်ထင်ပြီး အခုထိ နာမည်ရှောင်ရေးနေတာလေး သနားလို့ ထပ်လင်းမိပြန်ပြီ။ Chat GPT ကို မေးရင်တောင် အလွယ်လေး သိရတဲ့ကိစ္စကို ဒါမျိုးကျ ဘဝနဲ့ချီ ဇွတ်တုံးနေပြန်ရော။ US ဥပဒေကို မြန်မာပြည်က သရေကွင်းဥပဒေလို့ ထင်နေရှာတာ။ ဪ… ကဲ
Показати все...
😁 1 070 506👏 195💔 12🔥 5😱 3
Фото недоступнеДивитись в Telegram
မကြောက်ဘူးဆိုဘေမက် စာလုံးတွေတောင် တုန်နေသလိုပဲ။ Photoshop နဲ့ တရားပဲစွဲစွဲလို့ ရေးထားလို့ အလင်းပြတာနော်။ဒါကလေ Law Firm ကို ရှေ့နေခပိုက်ဆံကြိုသွင်းရတဲ့ Receipt လေးပါ ချစ်တို့ရေ။ နည်းနည်းလေး စဉ်းစားကြည့်လေနော်။ Law Firm နာမည်ကြီးတောင် မဖျက်ဘဲ၊ ကိုယ်စားလှယ်နာမည်တောင် မဖျက်ဘဲ တင်ပေးထားတာ။ အကယ်၍မှ သူတို့ Law Firm မှာ တို့က အမှုမအပ်ဘဲ သူတို့Law Firm နာမည်ကြီးကို ယူသုံးရင် Law Firm က အိုင့်ကို တရားစွဲမှာပေါ့ကွဲ့။ မဟုတ်က ဟုတ်က။ မလုပ်ရဲပေါင်။ တကယ်ပါ။ တကယ်တရားစွဲတာပါ။ မမပန် တကယ်ကတိပေးတယ်။ ထပ်ကတိပေးတယ်နော်။ လုံးဝမဖြစ်မနေကို တရားစွဲတာနော်။ Promise အိမ်နံပါတ် ၃အစ ၅အဆုံး၊ Zip Code- NY ——01 နဲ့ဆုံးတဲ့ အိမ်လိပ်စာ စာတိုက်ပုံးလေး မကြာခဏ ဖွင့်ကြည့်ပေးနော်။ တရားရုံးစာတွေ ရောက်လာရင် မလွတ်သွားအောင်။ နော်လို့… 🙂
Показати все...
1 514👏 408😁 73🔥 7😱 6💔 1
ရပ်မသွားဘူး၊ ရပ်မသွားဘူးနဲ့ ကြောက်ကန်ကန်မနေပါနဲ့။ ဘယ်သူကမှလည်း မရပ်ခိုင်းသလို ရပ်လည်း မရပ်စေချင်ပါဘူး။ ရပ်သွားမှာကိုပဲ စိုးရိမ်နေတဲ့ဟာ။ ဒီ့ထက် မိုက်ရိုင်းစရာ လုပ်ရပ်ရော၊ စကားလုံးရော ထပ်မရှိတော့တာမို့ ရပ်ရပ်မရပ်ရပ် ဘာမှမထူးပဲဟာ။ ရပ်သွားမှာသာ စိတ်ပူနေမိတာကို။ ကိုယ်ငြိမ်နေတာကို အားမလို အားမရဖြစ်နေကြတဲ့ မိတ်ဆွေတွေအတွက် ဒါတွေ လုပ်ပါပြီဆိုတာ သက်သေနဲ့တကွ ပြသတာပါ။ ဖြည်းဖြည်းပေါ့။ တရားရေးကိစ္စဆိုတာ Long Journey မို့ အေးအေးဆေးဆေး သွားကြတာ​ပေါ့။ ရပ်သွားရင် သက်သေတွေ ထပ်မရမှာ စိတ်ပူနေတာမို့ နည်းနည်းလေးမှ မရပ်စေချင်ပါဘူးနော်။ ရှင်တို့ “ဇ” ဆိုတာကို မရေးတတ်ခင်ကတည်းက တို့က ကကြီးကနေ အ,ထိ ဗျည်းသရအစုံကို “ဇ” တစ်လုံးတည်းနဲ့ ချရေးလာတာ။ “ဇ” ရှိမှ ကြိုက်တာမို့ ရပ်မသွားနဲ့နော်။ ရပ်လိုက်ရင် တကယ်စိတ်ဆိုးမှာ။ 😉
Показати все...
1 571👏 423😁 61🔥 3😱 2💔 1
အခုအချိန်မှာ တွေးနေလောက်မယ်ထင်တယ်။ Defamation Lawsuit ကျရင် ငါရေးတာ သူ့နာမည်မှ မပါတာလို့ ဖြေရှင်းမယ်ဆိုပြီး။ Defamation Lawsuit မှာ နာမည်တပ်မရေးတာနဲ့ ပြစ်မှုမမြောက်ဘူးဆိုတာ လုံးဝ (လုံးဝ) မရှိပါဘူး။ တတ်နိုင်သလောက် စျေးပေါတဲ့ ရှေ့နေလေးဘာလေးငှါးပြီး မေးမြန်းကြည့်ထားပေါ့လေ။ Defamation Lawsuit က Civil Case ဖြစ်တဲ့အတွက် အချိန်ယူတတ်ပေမယ့် တကယ်ပြစ်မှုထင်ရှားပြီဆိုရင် အိမ်ရှိ အိမ်ကုန်၊ ကားရှိ ကားကုန်၊ ဘဏ်ထဲငွေရှိရင် ငွေကုန်။ နစ်နာမှုအရ ဒေါ်လာသန်းချီ လျော်ကြေးတောင်းခံရမှာပါ။ အိမ်လည်း မရှိဘူး၊ ကားလည်းမရှိဘူး၊ ဘာပိုင်ဆိုင်မှုမှ မရှိဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ ဒီအတိုင်းကြီး မရပါဘူး။ မိမိရဲ့ လုပ်အားခငွေဟာ မိမိဘဏ်အကောင့်ထဲတောင် မဝင်လိုက်ရဘဲ လျော်ကြေးပေးရမယ့်သူ ဘဏ်အကောင့်ထဲ တန်းဝင်တဲ့အထိ အစိုးရက စီစဉ်ပေးထားပါတယ်။ ဂုဏ်သိက္ခာတန်ဖိုးကို ခဏထားလိုက်ဦး။ စိတ်ပိုင်းဆိုင်ရာထိခိုက်စေမှုအတွက် ဆရာဝန်ဆေးစာဘာညာနဲ့ဆိုရင် ကြေးက ပိုကြီးပြန်ပါတယ်။ အဲ့ဒါလည်း ထားလိုက်ဦး။ တစ်ပိုစ့်ကို ဒေါ်လာတစ်ထောင်နဲ့ တွက်ရင်တောင် နှစ်နှစ်အတွင်း ရေးခဲ့တဲ့ တိုက်ခိုက်ပိုစ့်ပေါင်း သောင်းချီ။ အဲ့လောက်တော့ ပြန်ရမှ ဖြစ်မှာပေါ့လေ။ ကိုယ်လည်း Invest လုပ်ထားရတာပဲကို။ ဘဝရဲ့ ကျန်ရှိတဲ့သက်တမ်းက လုပ်အားခလေးကို မေမေပန့်ကျေးဇူးဆပ်ဖို့လို့ အတိတ်ရေးထားလိုက်တော့နော်။ အဟင်း
Показати все...
1 593👏 408😁 69😱 7🔥 2💔 1
အတည်ပြောတာ။ နောက်တစ်ချက် ရှိသေးတယ်။ US ရဲ့ Policy က မြန်မာအရေးကို ထဲထဲဝင်ဝင်သာ မကူညီရင်နေမယ်။ ဘယ်အစိုးရတက်တက် အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုသလို အာဏာရှင်ဘက်ကလည်း ဘယ်တော့မှ မရပ်ဘူး။ အမိနိုင်ငံမှာ စစ်အာဏာရှင်ကြောင့် အသက်အန္တရာယ်ရှိပါတယ်လို့ စာစီစာကုံးရေးပြီး US ကို ဒုက္ခသည်အနေနဲ့ ရောက်လာသူဖြစ်စေ၊ ခိုလှုံခွင့်လျှောက်ထားနေထိုင်သူဖြစ်စေ၊ အဲ့လိုတွေ အကြောင်းပြချက်ပေး နေထိုင်ခွင့် ရယူပြီး စစ်အာဏာရှင်အတွက် အလုပ်လုပ်ပေးတာ၊ အဆက်အသွယ်ရှိတာ။ ဒါဟာ Immigration Fraud ပါပဲ။ ဥပမာ- ကျွန်မရဲ့ ကျွန်မလက်ထဲမှာတောင် မရှိတော့တဲ့ ကျွန်မရဲ့ Passport တို့၊ ကျွန်မတောင် မမြင်ဖူးတဲ့ ကျွန်မရဲ့ မြန်မာပြည်က ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်တဲ့ တရားရုံးစာရွက်စာတမ်းတို့၊ ဘဏ်ရုံးစာတို့။ ဒါတွေဟာ စစ်ကောင်စီနဲ့ ပတ်သက်မှု မရှိဘဲ ဒီလူ့လက်ထဲ ရောက်စရာ အကြောင်းကို မရှိပါဘူး။ စစ်ကောင်စီက မပေးဘဲ ဒီလူ့ဆီရောက်စရာ မရှိပါဘူး။ ဒီအချက်အလက်တွေကို စုစည်းပြီး သက်သေပြပြီး စစ်အာဏာရှင်ရဲ့ လက်ပါးစေဖြစ်ပါလျက်နဲ့ US Government ကို လိမ်လည်ပြီး ဒုက္ခသည်ခံယူခဲ့တယ်ဆိုတဲ့ Immigration Fraud ကိုလည်း သက်ဆိုင်ရာဌာနဆီ ပေးပို့ပြီး သက်သေပြသွားမှာ ဖြစ်ပါတယ်။ Passport ကဲ့သို့သော Identity ကို လူမှုကွန်ယက်ပေါ်တင်တဲ့ Privacy ချိုးဖောက်မှုပုဒ်မက မသေးပေမယ့် Immigration Fraud ကတော့ အစိုးရကို တိုက်ရိုက်လိမ်လည်တာဖြစ်တာမို့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ FYI ပါ။
Показати все...
1 670👏 485😁 57😱 9💔 6🔥 3
ဒါဟာ တရားစွဲဆိုမည်ဖြစ်ကြောင်း တရားဝင်ကြေညာချက်ဖြစ်ပြီး လေဖြင့်ခြိမ်းခြောက်ခြင်းမဟုတ်ကြောင်း သိရှိစေရန် Law Firm ထံ အမှုအပ်နှံခြင်း Agreement Letter ရဲ့ ရှေ့ဆုံးစာမျက်နှာနဲ့ နောက်ဆုံးလက်မှတ်ထိုးထားတဲ့ စာမျက်နှာကို ပြသပေးလိုက်ပါတယ်။ မည်သည့် ညှိနှိုင်းမှုများကိုမှ လက်ခံမှာ မဟုတ်ကြောင်းနှင့် အစွမ်းအစရှိသလောက် တန်ပြန်နိုင်ကြောင်း တပါတည်း အသိပေးအပ်ပါတယ်။ ဘယ်တော့မဆို ပန်ဆယ်လို ပီသစေရပါမယ်။
Показати все...
2 016👏 524😁 62😱 5💔 1
ဒီပိုစ့်က ကျွန်မရဲ့ တုံ့ပြန်မှုအတွက် တရားဝင်ကြေညာချက် ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်(ခ) ရဲဝင်းထူးနဲ့ သက္ကမိုးညို (ခ) ဝင်းကိုကိုသိန်းတို့ရဲ့ နေ့စဉ်ရက်ဆက် မဟုတ်မမှန် တိုက်ခိုက်အသရေဖျက်မှုများအတွက် အမေရိကန်တရားရုံးတွင် တရားစွဲဆိုနိုင်ရန်အတွက် Greenberg Traurig LLP Law Firm ထံ အမှုအပ်နှံလိုက်ပြီ ဖြစ်ပါတယ်။ Greenberg Traurig LLP ဆိုတာက အမေရိကားရဲ့ Ranking အဆင့်(၈) ရှိတဲ့ ဂုဏ်သရေရှိ Law Firm တစ်ခုဖြစ်သလို မြို့ပေါင်းများစွာမှာ ရုံးခွဲတွေ ရှိသလို ကျွန်မတို့မြို့မှာလည်း ရှိပါတယ်။ ပုံမှန်အားဖြင့် အင်မတန် Professional Fees မြင့်မားတဲ့ Law Firm ဖြစ်ပေမယ့် ကျွန်မဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူ၊ ဒီမိုကရေစီဆုရဖူးသူ အမျိုးသမီးတစ်ဦးဖြစ်ပြီး အသက်အန္တရာယ်၊ ဂုဏ်သိက္ခာ၊ လိင်ပိုင်းဆိုင်ရာနှင့် အချက်အလက်ပေါက်ကြားမှုဆိုင်ရာ ချိုးဖောက်ခံရများ အကြိမ်များစွာ ကျူးလွန်ခံနေရသည့်အပေါ်မှာ စာနာဖေးမသည့်အနေဖြင့် သက်သာသော နှုန်းထားဖြင့် ဆောင်ရွက်ပေးဖို့ လက်ခံခဲ့ပါတယ်။ US မှာ အင်မတန်ထိရှလွယ်တဲ့ ကိုယ်ရေးအချက်အလက်များ၊ Passport ကဲ့သို့သော Identity များ၊ မိသားစုဝင်များနှင့် USAမှာ အထူးကာကွယ်ပေးသော ကလေးသူငယ် Minor ဖြစ်တဲ့ ကျွန်မရဲ့ အရွယ်မရောက်သေးသော သမီးလေးကိုပါမချန် ပုတ်ခတ်တိုက်ခိုက် ခြိမ်းခြောက်ခြင်း။ ဒီကျူးလွန်မှုပေါင်းများစွာကြောင့် သက်သေအခိုင်အမာဖြစ်ပြီ ဖြစ်တဲ့အတွက် Law Firm အနေနဲ့ ကျွန်မရဲ့ နစ်နာမှုများအတွက် တရားဥပဒေရဲ့ ပြစ်ဒဏ် (သို့မဟုတ်) လျော်ကြေး ရရှိစေရန် ဆောင်ရွက်ပေးဖို့အတွက်ပါ။ ကနဦးအနေနဲ့ တရားဥပဒေဆိုင်ရာ အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း Law Firm ဘက်မှ အသိပေးစာပေးပို့မှာဖြစ်ပြီး Defamation Lawsuit အထိ အဆင့်ဆင့်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အမှုရင်ဆိုင်နေစဉ်ကာလအတွင်း ထပ်မံတိုက်ခိုက်မှု၊ ရန်ပြုမှုများထံမှ အကာအကွယ်ရရှိရန် ကနဦး တားမြစ်မိန့်မျိုး ရရှိရန်ကိုပါ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ကို ဂုဏ်သရေပျက်ပြားရန် တိုက်ခိုက်ခြင်းမှတဆင့် (Facebook နှင့် Youtube ကဲ့သို့သော Monetization Tool များမှဖြစ်စေ၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းတစ်စုံတစ်ခုထံမှဖြစ်စေ) အခကြေးငွေ ရယူကြောင်း ထင်ရှားလျှင်လည်း California State Law အရ တရားစွဲဆိုနိုင်တဲ့ ပုဒ်မနဲ့ အခွင့်အရေးများ ရှိတာမို့ CA မှာ တရားစွဲလျှင် Defendant (သို့မဟုတ်) Defendant ရဲ့ ကိုယ်စားလှယ်ရှေ့နေက ဆင့်ခေါ်ရာ တရားရုံးကို ရောက်ရှိရာပြည်နယ်မှ ရုံးချိန်းတိုင်း တက်ရောက်ရမယ့် တာဝန်ရှိမှုမျိုးတွေကိုလည်း တာဝန်ယူရစေရန် လုပ်ဆောင်သွားပါ့မယ်။ (ပုဒ်မတွေကတော့ ကိုယ့်ဖာသာ လေ့လာကြည့်ကြပေါ့လေ) “ငါက နာမည်တပ်ရေးတာမှ မဟုတ်တာ” ဆိုတဲ့အကွက်မျိုးက မြန်မာပြည်လိုနေရာမှာ ရနိုင်ပေမယ့် USA ရဲ့ အသရေဖျက်မှုဥပဒေနဲ့ Cyber Bullying နဲ့ ပတ်သက်သော ဥပဒေများမှာ အဲ့လိုမျိုး ရှောင်လွှဲလို့ မရပါဘူး။ ဒါကိုတော့ အလေးအနက် သိရှိထားဖို့ လိုပါတယ်။ ကျွန်မဟာ မြန်မာပြည်မှာ ရှိခဲ့စဉ်ကာလက စစ်တပ်နဲ့ မဘသများရဲ့ တရားစွဲဆိုမှုကို သုံးနှစ်ကျော်ရင်ဆိုင်ပြီး အမှုအနိုင်ရခဲ့ဖူးသူ ဖြစ်တဲ့ အတွေ့အကြုံအရ တန်ပြန်လာနိုင်တဲ့ ဥပဒေတန်ပြန်မှုများထံမှ အပြည့်အဝကာကွယ်နိုင်ရန် ပြင်ဆင်နေရခြင်းများကြောင့် ဒီကိစ္စကို အခုမှ ကြေညာနိုင်ခြင်း ဖြစ်ပါတယ်။ တရားတဘောင်ကိစ္စရပ်များဟာ အထူးသဖြင့် မိခင်နိုင်ငံမဟုတ်တဲ့မြေမှာ ပိုမိုရှည်လျားရှုပ်ထွေးတာကြောင့် ခွင့်လွှတ်ရန်ကြိုးစားခဲ့ပေမယ့် ခွင့်လွှတ်သင့်သည် အတိုင်းအတာထက် အဆပေါင်းများစွာ၊ များစွာ ကျော်လွန်ပြီဖြစ်တဲ့အတွက် ဒါဟာ ကျွန်မရဲ့ Own Battle အဖြစ် ရွေးချယ်လိုက်ပါပြီ။ သက်သေအထောက်အထားတွေဆိုတာ ပိုစ့်ဖျက်လိုက်ရုံနဲ့ ပျက်ဆီးမသွားအောင် Legal Way များဖြင့် ဆောင်ရွက်ပြီးစီးထားပြီဖြစ်ကြောင်း အသိပေးပါရစေ။ ကျွန်မအနေနဲ့ ဂုဏ်သိက္ခာဖျက်ဆီးမှုများအပြင် ဒုက္ခပေးမှုများ၊ တိုင်ကြားမှုများ၊ အန္တရာယ်နဲ့ စိတ်ဒုက္ခကြုံစေရန် ရည်ရွယ်ကြိုးပန်းမှုများကို ဒီနှစ်ကာလတောက်လျှောက် တွေ့ကြုံရင်ဆိုင်ခဲ့ရပြီးပြီဖြစ်တဲ့အတွက် မည်သည့်တန်ပြန်မှုမျိုးကိုမဆို ကာကွယ်မှုများ ပြင်ဆင်ထားပြီး ရင်ဆိုင်ဖို့လည်း စိတ်ပိုင်းဖြတ်ထားတာမို့ အစွမ်းအစရှိရင် ဥပဒေကြောင်းအရ တုံ့ပြန်ရန်လည်း တရားဝင် စိန်ခေါ်အပ်ပါတယ်။ ထပ်မံတိုက်ခိုက်မှုများဟာလည်း ကျွန်မအတွက် အနိုင်ရရှိနိုင်ရန် Supportive ဖြစ်စေတဲ့ အရာတွေချည်းပဲ ဖြစ်တာမို့ မျှော်လင့်နေလျက်ပါ။ ကျွန်မဟာ မတရားရင် ကိုယ်တိုင်မပြောနဲ့၊ သူများကိစ္စ၊ နိုင်ငံကိစ္စအထိပါ ခေါင်းငုံ့မခံခဲ့ဘဲ ရရာနေရာ ရောက်ရာဘဝက ဖီဆန်တုံ့ပြန်တတ်သူဆိုတာ အားလုံးမျက်မြင်ပါပဲ။ သူတပါးကိစ္စတောင် မတရားရင် ထိုင်ကြည့်မနေသူမို့ ကိုယ့်အတွက်လည်းကိုယ် တရားမျှတမှု ပြန်ယူကို ယူမှာပါ။ ကျွန်မအတွက် ဒေါသထွက် စိတ်မကောင်းဖြစ်ကြတဲ့ မိတ်ဆွေတွေ၊ မိသားစုတွေကိုရော ကျွန်မကိုယ်ကျွန်မကိုပါ ကတိပေးပါတယ်။ ဘယ်လောက်ပဲ ရှည်ကြာ၊ ရှည်ကြာ၊ ဘယ်လောက်ပဲ ပင်ပန်း၊ပင်ပန်း၊ ယူခဲ့ကြသမျှတွေ ပြန်ပေးကို ပေးရစေတဲ့အထိ လုပ်ဆောင်သွားပါ့မယ်။
Показати все...
1 923👏 493😁 71🔥 5😱 2😢 1💔 1
👏 528 184😁 25💔 2🔥 1😱 1
တစ်တိုကင် 0.5 ဒေါ်လာ ဖြစ်တဲ့နေ့ကျ ရှိနေတဲ့ လုပ်ငန်းတွေ သူများပေးပစ်ပြီး နားပြီ သိလား။ အမ​လေး စိတ်ကူးနဲ့တင် မုဒ်​တွေ ကောင်း​နေလိုက်တာ။ 😎
Показати все...
1 724👏 269😁 72🔥 7😢 4💔 1
SDB ရှယ်ယာတွေက To the Moon တင်မက သိကြားမင်းဖျင် ဆောင့်နေပြီ။ ICO 1 တုန်းက ဝယ်ထားမိတဲ့ မိမိ အခုဆို သုံးဆခွဲတက်သွားလို့ ပြုံးပြုံးကြီး။ ဝယ်လိုက်တာ နည်းသွားသကွာ။ 😉
Показати все...
1 621👏 253😁 58🔥 13😱 9😢 5💔 1
အခုအချိန်များ စိတ်ရှိလက်ရှိ တရားအားထုတ်လိုက်ရင် တရားများ ပေါက်သွားမလား မသိဘူး။ လူက ဘာကိုမှ မလှုပ်ခတ်တော့သလို အခြေအနေမျိုး။ ကောင်းတာတွေ ကြုံလည်း ထူးထွေ မပျော်သလို ဆိုးတာတွေကြုံလည်း ဘာခံစားချက်မှ ဖြစ်မနေတော့ဘူး။ ထုံပေပေပဲ။ အကောင်းတွေ ဖြစ်လာလည်း ဪ.. အေးအေး ဟုတ်လား။ ဒီလောက်ပဲ။ ဆိုးတာတွေ ကြုံလည်း ဪ… ပြီးသွားမယ့် အရာတွေပဲ။ ဒီလောက်လေးပဲ။ အရင်တုန်းက အမြဲတဝုန်းဝုန်း လောင်မြိုက်ခဲ့သလောက် အခုဆို ဒေါသထွက်ရမယ့်အရာတွေတောင် ဒေါသမထွက်လို့ ဟဲ့… ဒေါသထွက်လိုက်တော့လေလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေရတယ်။ လူက တအားကို ခံစားချက်တွေ ဘရိတ်မိနေတာ။ လောကဓံကို ကျင့်သားရလွန်းအားကြီးသွားလို့ပဲလား မပြောတတ်။ ဒေါသကို လောင်စာနဲ့ တွန်းကန်အားအဖြစ် သုံးပြီး ဘဝကို လည်ပတ်ခဲ့တဲ့ကောင်ဆိုတော့ အခုလိုစိတ်ကြီးဖြစ်နေတာ အတော်ပျင်းဖို့ကောင်းတယ်။ ရင့်ကျက်လာတာလား ညည်းငွေ့နေတာလား မသိတော့ဘူး။
Показати все...
1 702👏 172😁 92🔥 11😱 11💔 1
နောက်ဆို အဲ့ဂျိမ်းးးးးးးလို့ မြည်တဲ့ ကင်မရာကြီးနဲ့ပဲ ရိုက်ကြ။ တအားပျော်စရာကောင်း။ 😁
Показати все...
👏 1 426 499😁 254🔥 19😱 5
ပြေးလာတဲ့နှစ်ကောင် နေရာကို မရောက်ခင် ဝွန်းသွားမှာ စိတ်ပူနေမိသေးတာ။ ငါလေးရဲ့ စေတနာထားချက်တာ မတျား အသေးစိတ်တာ ကြည့်စမ်း။ လက်လန်ရောပဲ။ 😌
Показати все...
😁 1 381 446👏 110🔥 15😱 9💔 1
ပေ့ချ်ကျသွားလို့ စိတ်မကောင်းဖြစ်နေတာဟယ်။ ခေတ်သစ်က တင်ထားတဲ့ Video File လေး ကြည့်လိုက်တာ တအားစိတ်ကောင်းသွားပြီ။ အေးချမ်းစွာ ဓါတ်ပုံရိုက်ရင်း ရောက်ရှိမှု ဖြစ်ပွါး။ အဟိ 😁
Показати все...
1 497😁 362👏 112🔥 10💔 1
ဒီနေ့ပဲ SDB token တွေက နိုင်ငံတကာ Exchange ပေါ် တရားဝင် Listing စဖြစ်တော့မယ်။ 1 Token- $1 ဖြစ်လာခဲ့ရင်တောင် ငါလေး ဒေါ်လာငါးသန်းပိုင်ပြီ။ အမ်မျေး စိတ်ကူးယဉ်ရတာနဲ့တင် တန်လိုက်တာ။ 😁
Показати все...
2 135👏 327😁 87🔥 20😢 3💔 3
ကိုယ်က တကယ်တော့ အကြောတင်းတာ မဟုတ်ဘူး။ Self Esteem အားကောင်းတာ။ လူပဲ…. ကိုယ့်လာဘလိန်းရင် ဘယ်ကြိုက်မလဲ။ ဘယ်လောက်အကြောမာမာ၊ တစ်ရာမှာ တစ်ရာလုံး တစ်ခုမှ မခံစားမိဘူးဆိုတာမျိုးတော့ ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် ဒီလောက် အုံလိုက်ကျင်းလိုက်ကြီး တိုက်ခိုက်ဆွဲချနေတာ ဘာလို့ အလှမပျက် ချွေးမထွက်ဘဲ တောက်လျှောက် ပြန်ဗျင်းနိုင်၊ ပြန်ကြိတ်နိုင်နေလဲဆိုတော့ စိတ်ဓါတ်အင်အား ရှိလို့လေ။ Self Esteem အားကောင်းတဲ့အတွက်၊ ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်တဲ့အတွက်၊ ကိုယ့်ကိုယ်ကိုယ် ချစ်နိုင်တဲ့အတွက်၊ ကိုယ်သည် စိတ်လုံခြုံရတဲ့ အဝန်းအဝိုင်းမှာ ရှင်သန်နေတဲ့အတွက်၊ ကိုယ်မဟုတ်တာ ဘာမှလုပ်မထားတဲ့အတွက် ဘယ်သူဘာပြောပြော ကိုယ့်အပေါ်ထားတဲ့ ကိုယ့်တန်ဖိုး ကိုယ့်ယုံကြည်မှုက ဘယ်တော့မှ လျော့နည်းမသွားလို့ပဲ။ ကိုယ့်အကြောင်းကို ဘယ်သူက ကိုယ့်ထက် သိမှာမို့ ကိုယ့်ရဲ့ တန်ဖိုး၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ဘယ်သူ့ပါးစပ်ပေါက်က စကားနဲ့ မှီတည်ဆုံးဖြတ်နေရမှာလဲ။ ကိုယ့်အတွက် အရေးပါတဲ့လူတိုင်းရဲ့ ဘဝထဲမှာ ကိုယ်ကလည်း ဇာတ်လိုက်ပဲမို့၊ အဲ့လို စိတ်လုံခြုံမှုပေးတဲ့ အသိုက်အဝန်းလေးမှာ နေထိုင်ရှင်သန်နေတာမို့ ကိုယ့်ဘဝအတွက် ဘာစောက်ရေးမှ မပါတဲ့ကောင်တွေရဲ့ စကားတွေက ကိုယ့်အတွက် အပျင်းပြေ ဟာသလုပ်စရာ အနေအထားပဲ ရှိတာ။ ဘဝမှာ ဖြတ်လျှောက်အဆင့်တောင် မရှိတဲ့ကောင်တွေရဲ့ လေထဲရောက်သွားတဲ့ စကားတွေလောက်နဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးဖြတ် တန်ဖိုးလျှော့တွက်မိရအောင် ကိုယ့်ဦးနှောက်က အဲ့လောက်ကြီး နိမ့်မနေတာ။ နင်တို့သာ ဘလိန်းရလွန်းလို့ အာပေါက်ပြီး ပြောရလွန်းလို့ ရင်နှစ်ခြမ်းသာ ဗြန်းဗြန်းကွဲမယ်။ တို့ရဲ့ Confidence Level So Height ကြီးကို ဘယ်တော့မှ ကျော်ဖြတ်မရ။ ခစ်ခစ်
Показати все...
1 759👏 340😁 49🔥 9💔 1