uk
Feedback
2025 рік у цифрахsnowflakes fon
card fon
44 978
Підписники
Немає даних24 години
Немає даних7 днів
+1330 день
Архів дописів
11:47
Відео недоступнеДивитись в Telegram
■ အောက်တိုဘာ ၂၀ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု ) - "ဝ" ပြည်နယ်လိုချင်ပါက အခြေခံဥပဒေအရ လွှတ်တော်ထဲသို့ဝင်ပြီး တောင်းဆိုရမည်ဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြောကြား - သန်လျင်မြို့တွင် ယာဉ်တစ်စီးက သုံးဘီးဆိုင်ကယ်နှင့် အမျိုးသားတစ်ဦးအား တိုက်မိမှုကြောင့် တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ - တရုတ်ကွန်မြူနစ်ပါတီက ထိပ်သီးစစ်ဗိုလ်ချုပ်ကြီး ကိုးဦးကို ပါတီမှ ထုတ်ပယ် - ဗြိတိန်မင်းသားကြီး အန်ဒရူးက ၎င်း၏ဂုဏ်ပုဒ်များကို စွန့်လွှတ် - နည်းပြဘဝတစ်လျှောက် ပထမဆုံးအကြိမ် (၄) ပွဲဆက်ရှုံးခဲ့တဲ့ အာနယ်ဆလော့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပြီလို့ ဝန်ခံ
Показати все...
20 Night Packate~1.mp4160.15 MB
👍 38 8🥰 1
26👍 18👏 5🥰 1
အလားတူ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ရယူထားစဉ် ၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ လက်ရှိတွင် ၂၀၂၅ ခုနှစ် ​အောက်တိုဘာ ၁၉ ရက်တွင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Dato' Seri Utama Haji Mohamad Bin Haji Hasan သည် မြန်မာနိုင်ငံသို့လာ​ရောက်ပြီး ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။ ■ Read more >>>>https://news-eleven.com/article/307023
Показати все...
32👍 19👏 5🥰 2
■ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မည်ဟု မလေးရှားသတင်းဌာန အချို့ဖော်ပြ မ​လေးရှားနိုင်ငံတွင် ကျင်းပမည့် ၄၇ ကြိမ်​မြောက် အာဆီယံထိပ်သီးအစည်းအ​ဝေးသို့ ယာယီသမ္မတ နိုင်ငံ​တော်​လုံခြုံ​ရေးနှင့်​အေးချမ်းသာယာ​ရေး​ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် တက်​ရောက်မည်ဖြစ်​ကြောင်း မ​လေးရှားသတင်းဌာန News Straits Times ၏ ​ဖော်ပြမှုအရ သိရသည်။​ ပူးပေါင်းပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး” ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၂၆ ရက်မှ ၂၇ ရက်ထိ ကျင်းပမည့် ၄၇ ကြိမ်​မြောက် အာဆီယံထိပ်သီးအစည်းအ​ဝေးသို့ ​အာဆီယံနိုင်ငံများမှခေါင်း​ဆောင်များနှင့် အာဆီယံ ​ဆွေး​​နွေးဖက်နိုင်ငံများဖြစ်သည့် အ​​မေရိကန်သမ္မတ ​ဒေါ်နယ်ထရန့်အပါအဝင် နိုင်ငံတကာမှ ​ခေါင်း​ဆောင်အချို့ တက်​ရောက်မည်ဖြစ်သည်။ အာဆီယံထိပ်သီးအစည်းအ​ဝေးသည် အာဆီယံ အဖွဲ့၏သမိုင်းတွင် အကြီးမားဆုံး ဆွေးနွေးပွဲတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။ ထို့ပြင် အာဆီယံထိပ်သီးအစည်းအ​ဝေးသို့ အာဆီယံ​ဆွေး​နွေးဖက် နိုင်ငံအသစ်များအဖြစ် ဘရာဇီးနှင့် တောင်အာဖရိကနိုင်ငံ သမ္မတများတက်ရောက်မည်ဖြစ်ပြီး ဆိုက်ပရပ်စ်နှင့် ဖင်လန်နိုင်ငံတို့သည်လည်း အာဆီယံ၏ အပြည့်အဝ တွေ့ဆုံဆွေးနွေးရေးမိတ်ဖက်များ ဖြစ်လာမည်ဖြစ်သည်။ ၄၇ ကြိမ်​မြောက် အာဆီယံထိပ်သီးအစည်းအ​​ဝေးသို့ ကနေဒါဝန်ကြီးချုပ်၊ အိန္ဒိယဝန်ကြီးချုပ်၊ ဆိုက်ပရပ်စ် သမ္မတ၊ ဖင်လန် ဝန်ကြီးချုပ်တို့ တက်​ရောက်မည်ဖြစ်ပြီး တရုတ်သမ္မတရှီကျင်ပင်း တက်ရောက်မှုကို အတည်မပြုနိုင်သေးဟု ဆိုသည်။ ထို့အတူ ၄၇ ကြိမ်​မြောက် အာဆီယံထိပ်သီးအစည်းအ​​ဝေးတွင် တီမောလက်စ်တီနိုင်ငံသည် အာဆီယံအဖွဲ့ဝင်အဖြစ် လက်မှတ်​ရေးထိုးဝင်​ရောက်မည်ဖြစ်ပြီး ယင်းသည် အာဆီယံအစုအဖွဲ့၏ တိုးချဲ့မှုကို ခိုင်မာစေမည်ဖြစ်သည်။ (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများအပြီးတွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။ မြန်မာတပ်မတော်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ဧပြီ ၂၄ ရက်တွင် မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးကျင်းပခဲ့ပြီး အဆိုပါအစည်းအ​ဝေးသို့ ထိုစဉ်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတာဝန်ဖြင့် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်သည် တစ်ကြိမ်တက်​ရောက်ခဲ့ကာ ယင်းအစည်းအ​ဝေးတွင် အာဆီယံက ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက်ငါးချက်ကို ချမှတ်ခဲ့သည်။ ထို့​​နောက် ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဆောင်မှု အားနည်းသည်ဟုဆိုကာ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲတွင် အာဆီယံက မြန်မာခေါင်းဆောင်များကို အာဆီယံထိပ်သီးညီလာခံများနှင့် အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးပွဲများ တက်ရောက်ခြင်းကို ပိတ်ပင်ခဲ့ပြီး ထိုအစား နိုင်ငံရေးနှင့်မသက်ဆိုင်သော ကိုယ်စားလှယ်များ စေလွှတ်ရန် ဖိတ်ကြားခဲ့သည်။ ထိုသို့ ကန့်သတ်မှုအပေါ် မြန်မာဘက်ကလည်း အာဆီယံထိပ်သီးအစည်းအဝေးများသို့ ကိုယ်စားလှယ်စေလွှတ်ရန် ငြင်းဆန်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် လာအိုနိုင်ငံက အလှည့်ကျဥက္ကဌအဖြစ် အာဆီယံ ထိပ်သီ၏းအစည်းအဝေးများတာဝန်ယူကျင်းပချိန်မှသာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ ဒေါ်မာလာသန်းထိုက်အား စေလွှတ်၍ အာဆီယံထိပ်သီးအစည်းအဝေးများတွင် ပြန်လည်ပါဝင်တက်ရောက်ခဲ့သည်။ ထို့နောက် ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ပြင်းထန်သော ငလျင်ဖြစ်ပွားပြီးနောက်၌ ငလျင်ဘေးသင့်ရာ ဒေသများတွင် လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအရေးပေါ်အစည်းအဝေးကို မြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်ခွင့်ပြုခဲ့သည်။ ယင်း​နောက် မြန်မာနိုင်ငံငလျင်​ဘေးအကူအညီ​ပေး​ရေး အပါအဝင် လူသားချင်းစာနာမှုအကူအညီ​ပေး​ရေးကိစ္စရပ်များ​ဆွေး​​နွေးရန်​ခေါင်းစဉ်ဖြင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး H.E. Dato’ Seri Utama Haji Mohamad Haji Hasan နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maris Sangiampongsa တို့သည် ၂၀၂၅ ခုနှစ် ဧပြီ ၅ ရက်တွင် နေပြည်တော်သို့လာ​ရောက်ခဲ့ပြီး ထိုစဉ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ​​တွေ့ဆုံ​​ဆွေး​နွေးခဲ့သည်။
Показати все...
👍 33 18👏 7🥰 1🤬 1
■ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၆၀ ဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၆၀ ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။ အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် ထောင်ဖာဖွန်မြို့နယ်၊ ထာ့ခနွန် (ရပ်ကွက်) အမှတ် (၅) ဘန်ဟင်လမ်ကျေးရွာအနီးရှိ တောအုပ်အတွင်းမှ အဆိုပါအထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ထိုအထောက်အထားမဲ့မြန်မာနိုင်ငံသားများတွင် အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၅၇ ဦး၊ အသက် (၁၅) နှစ်မှ (၁၈) နှစ်ကြား ယောက်ျားလေး ရှစ်ဦးနှင့် မိန်းကလေး သုံးဦး ပါဝင်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ Photo - Thai News ■ Read more >>>>https://news-eleven.com/article/307020
Показати все...
👍 22😢 7 4👏 2😱 2
■ ရန်ကုန်-ပုဂံရထားခရီးစဉ်အား ရန်ကုန်-ပျဉ်းမနား-ပုဂံရထားလမ်းပိုင်းမှ အမှတ်(၆၁)အဆန်၊ (၆၂)အစုန် လူစီးရထားများဖြင့် ပြန်လည်ပြေးဆွဲမည် ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-အောင်လံ-ပုဂံ ရထားလမ်းပိုင်းပေါ်ရှိ ဆတ်သွားနှင့် ကိုးပင်အကြား တံတားအမှတ် ၃၄၃ ရန်ပယ်ချောင်းကူးတံတားသည် ရေတိုက်စားပျက်စီးခဲ့သဖြင့် ရန်ကုန်-အောင်လံ-ပုဂံ ပြေးဆွဲနေသော အမှတ် (၆၁) အဆန် နှင့် (၆၂) အစုန်ရထားများကို စက်တင်ဘာ ၃၀ ရက်မှစ၍ ယာယီရပ်နားထားခဲ့ရကြောင်း သိရသည်။ မြန်မာ့မီးရထားအနေဖြင့် အဆိုပါပျက်စီးမှုများကို ဦးစားပေးပြုပြင်ဆောင်ရွက်လျက်ရှိပြီး ခရီးသွားပြည်သူများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်များ အဆင်ပြေစွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးအတွက် ပုဂံ-အောင်လံ - ရန်ကုန် လမ်းပိုင်းတွင် ပြေးဆွဲပေးခဲ့သော အမှတ် (၆၂) အစုန်ရထားကို အောက်တိုဘာ ၂၁ ရက်မှစတင်ပြီး ပုဂံ-ပျဉ်းမနား- ရန်ကုန်ခရီးစဉ်အဖြစ် ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမှတ်(၆၂)အစုန် လူစီးရထားကို အောက်တိုဘာ ၂၁ ရက် (အင်္ဂါနေ့) ညနေ ၆ နာရီတွင် ပုဂံဘူတာမှ စတင်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အမှတ်(၆၁) အဆန် ရန်ကုန်-ပျဉ်းမနား-ပုဂံ ရထားကို အပတ်စဉ်သောကြာနေ့နှင့် အမှတ်(၆၂)အစုန် ပုဂံ-ပျဉ်းမနား - ရန်ကုန်ရထားကို အပတ်စဉ်အင်္ဂါနေ့တို့တွင် ပုံမှန် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အမှတ် (၆၁) အဆန်ရထားသည် ရန်ကုန်မှ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင်ထွက်ခွာပြီး ပုဂံသို့ နောက်တစ်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ အမှတ် (၆၂) အစုန်ရထားသည် ပုဂံမှ ညနေ ၆ နာရီထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင်လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။ ■ Read more >>>>https://news-eleven.com/article/307015
Показати все...
22👍 15👏 2
👍 21 4👏 2
■ လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် တည်ငြိမ်မှုပျက်ပြားနေမည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား ■ လက်နက်ကိုင်အကြမ်းဖက်မှုများချုပ်ငြိမ်းပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်သွားကြရမည်ဟုဆို လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် တည်ငြိမ်မှုပျက်ပြားနေမည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် တည်ငြိမ်မှုပျက်ပြားနေမည်ဆိုပါက စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်အကြမ်းဖက်မှုများ ချုပ်ငြိမ်းပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေး မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့် တပ်၊ စွမ်းအားရှိသည့် တပ်များဖြစ်အောင်တည်ဆောက်ပြီး နိုင်ငံ့အကျိုး၊ တပ်မတော်အကျိုးနှင့် ဒေသအကျိုးအတွက် ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။ ■ Read more >>>>https://news-eleven.com/article/307017
Показати все...
30👍 15👏 1
■လစ်ဗျားအာဏာရှင်ဟောင်း ဂဒါဖီ၏ သားဖြစ်သူကို အာမခံငွေ ဒေါ်လာ ၁၁ သန်းဖြင့် ပြန်လွှတ်ပေးရန် လက်ဘနွန်တရားရုံးက အမိန့်ချမှတ် ကွယ်လွန်သွားပြီဖြစ်သည့် လစ်ဗျားအာဏာရှင်ဟောင်း မိုအာမာ ဂဒါဖီ၏ သားဖြစ်သူကို အာမခံငွေ ဒေါ်လာ ၁၁ သန်းဖြင့် ပြန်လွှတ်ပေးရန် အောက်တိုဘာ ၁၇ ရက်တွင် လက်ဘနွန်တရားသူကြီးတစ်ဦးက အမိန့်ချ မှတ်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြခဲ့သည်။ ဟန်နီဘယ် ဂဒါဖီသည် လက်ဘနွန်တွင် စွဲချက်တင်မခံရဘဲ ဆယ်စုနှစ်တစ်စုကြာ အကျဉ်းချခံခဲ့ရခြင်း ဖြစ်သည်။ ဟန်နီဘယ်သည် ဘေရွတ်မြို့တော်ရှိ ရဲဌာနချုပ်တစ်ခု၏ အကျဉ်းစခန်းထဲတွင် ဖျားနာနေကြောင်း ၎င်း၏ ရှေ့နေများက ပြောကြားခဲ့ပြီးနောက် ၎င်းအား ပြန်လွှတ်ပေးမည့် သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဟန်နီဘယ်သည် တရားရင်ဆိုင်ရခြင်းမရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရမှုကို ဆန္ဒပြသည့်အနေဖြင့် အစာငတ်ခံဆန္ဒပြခဲ့ပြီးနောက် ၎င်း၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာမှုကို ရည်ညွှန်းပြီး ၎င်းအားပြန်လွှတ်ပေးရန် လစ်ဗျားနိုင်ငံက ၂၀၂၃ ခုနှစ်က တရားဝင် တောင်းဆိုခဲ့သည်။ ■Read More>>>>https://news-eleven.com/article/307008
Показати все...
👍 37👏 9 4
■ဗြိတိန်မင်းသားကြီး အန်ဒရူးက ၎င်း၏ဂုဏ်ပုဒ်များကို စွန့်လွှတ် ဗြိတိန်မင်းသားကြီး အန်ဒရူးသည် ယော့ခ်မြို့စားကြီးဘွဲ့ အပါအဝင် ၎င်း၏ဘွဲ့ထူးဂုဏ်ထူးများကို စွန့်လွှတ်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အန်ဒရူးသည် လိင်ပိုင်းဆိုင်ရာကျူးလွန်သည့် တရားခံ ဂျက်ဖရီ အက်ပ်စတိန်းနှင့်ပတ် သက်ဆက်နွှယ်မှုရှိခဲ့သည့်အတွက် ဖိအားများ နှင့် ရင်ဆိုင်ခဲ့ရကာ ၎င်းအား အရေးယူရန် ဘက်ကင်ဟမ်းနန်းတော်ကိုလည်း တိုက်တွန်းမှုများ ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် အန်ဒရူးသည် ၎င်း၏ဂုဏ်ပုဒ်များကို ကိုယ်ပိုင်သဘောဆန္ဒအလျောက် ပြန်လည်အပ်နှင်းရန် ဆုံးဖြတ်ခဲ့ပုံရပြီး ဗြိတိန်တွင် သက်တမ်းအရင့်ဆုံးနှင့် စီနီယာအကျဆုံး သူကောင်းဘွဲ့ဖြစ်သည့် Order of the Garter ၏ အဖွဲ့ဝင်အဖြစ်ကိုလည်း စွန့်လွှတ်ခဲ့သည်။ အန်ဒရူး၏ ထုတ်ပြန်ချက်တွင် ၎င်းအနေဖြင့် ၎င်းအပေါ် စွပ်စွဲထားသည့် စွပ်စွဲချက်များကို ပြင်းထန်စွာ ငြင်းဆိုရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။ ■Read More>>>>https://news-eleven.com/article/307007
Показати все...
👍 33😱 11 10
06:11
Відео недоступнеДивитись в Telegram
■အောက်တိုဘာ ၂၀ ရက်နေ့ နံနက်ခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု) ■ဂျပန်နိုင်ငံတွင် ကာလတိုနေထိုင်ခွင့်ဗီဇာလျှောက်ထားပြီး အလုပ်လုပ်ကိုင်ပါက ရာဇဝတ်မှုဖြင့် အပြစ်ပေးခံရမည်ဟု ရန်ကုန်မြို့ရှိ ဂျပန်သံရုံး ထုတ်ပြန် ■အကောက်ခွန်ဦးစီးဌာနက ဥပဒေအရအရေးယူထားသော Electronics ပစ္စည်းများ၊ စက်ပစ္စည်းများနှင့် အထွေထွေကုန်ပစ္စည်းများကိုဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည် ■ဘင်္ဂလားဒေ့ရှ်၏ အဓိကလေဆိပ်တွင် မီးလောင်မှုကြောင့် လေကြောင်းခရီးစဉ်များ ဆိုင်းငံ့ခဲ့ရ ■အာဖဂန်နစ္စတန်နှင့် ဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပါကစ္စတန် ပြောကြား ■ကလပ်သွင်းဂိုး ၄၀၀ ပြည့်မြောက်ခဲ့တဲ့ ဟာရီကိန်း
Показати все...
Packate M tele.mp463.78 MB
👍 30 11🥰 1
27👍 23👏 3
31👍 21👏 5
■KNU/KNLA နှင့် PDF များ ယာယီစိုးမိုးထိန်းချုပ်ထားသည့် လေးကေ့ကော်ဒေသရှိ ရှု့ခင်းသာနှင့် စွယ်တော်ကုန်း စခန်းတို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ ■မြန်မာ-ထိုင်းနယ်စပ်အနီးရှိ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် KK Park ကိုလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း တပ်မတော် စစ်ကြောင်းများက ဝင်ရောက်ရှင်းလင်းခဲ့ KNU/KNLA နှင့် PDF များ ယာယီစိုးမိုးထိန်းချုပ်ထားသည့် လေးကေ့ကော်ဒေသရှိ ရှု့ခင်းသာနှင့် စွယ်တော်ကုန်း စခန်းတို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ တပ်မတော်စစ်ကြောင်းများအနေဖြင့် ဆက်လက် တိုက်စစ်အရှိန်အဟုန်ဖြင့် စစ်ဆင်မှုပြုလုပ်ခဲ့ရာ ၂၀၂၄ ခုနှစ်က KNLA နှင့် PDF များ ထိန်းချုပ်ခဲ့သည့် ရှု့ခင်းသာစခန်းအား အောက်တိုဘာ ၁၇ ရက်တွင် လည်းကောင်း၊ ပွိုင့်-၁၀၇၈ စွယ်တော် စခန်းကုန်းအား အောက်တိုဘာ ၁၈ ရက်တွင်လည်းကောင်း အဆင့်ဆင့် သိမ်းပိုက်နိုင်ခဲ့ပြီး နယ်စပ်ဒေသတစ်လျှောက်ရှိ အဓိကအချက်အခြာကျသည့် နေရာများအား ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် နယ်စပ်ဒေသတစ်လျှောက် တပ်မတော်စစ်ကြောင်းများက ဆက်လက်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ■Read More>>>>https://news-eleven.com/article/307004
Показати все...
43👍 30👏 7
■တရုတ်ကွန်မြူနစ်ပါတီက ထိပ်သီးစစ်ဗိုလ်ချုပ်ကြီး ကိုးဦးကို ပါတီမှ ထုတ်ပယ် တရုတ်ကွန်မြူနစ်ပါတီသည် ဆယ်စုနှစ်များအတွင်း စစ်တပ်တွင် အကြီးမားဆုံးအဂတိလိုက်စားမှု တိုက်ဖျက်သည့် လှုပ်ရှားမှုများအနက် တစ်ခုအပါအဝင်အဖြစ် ထိပ်သီးစစ်ဗိုလ်ချုပ်ကြီး ကိုးဦးကို ပါတီမှ ထုတ်ပယ်ခဲ့သည်။ ထုတ်ပယ်ခံရသည့် အမျိုးသားကိုးဦးသည် ကြီးလေးသည့် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများဖြင့် သံသယရှိခံထားရကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထုတ်ပယ်ခံရသူ အများစုသည် ကြယ်သုံးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးများဖြစ်ပြီး ကွန်မြူနစ်ပါတီ၏ ဆုံးဖြတ်ချက်များ ချမှတ်သည့် ဗဟိုကော်မတီဝင်များဖြစ်သည်ဟု ဆိုသည်။ထို့ပြင် ၎င်းတို့ ကိုးဦးသည် စစ်တပ်မှ လည်း ထုတ်ပယ်ခံခဲ့ရသည်။ ထုတ်ပြန်ချက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထိုကဲ့သို့ ထုတ်ပယ်ခြင်းဖြစ်ကြောင်း ဖော်ပြထားကာ လေ့လာသူများကမူ ယင်းသည် နိုင်ငံရေးအရ မလိုလားသူများကို ထုတ်ပယ်ခြင်းဖြစ်ကြောင်း ရှုမြင်ခဲ့ကြသည်။ Ref:AFP ■Read More>>>>https://news-eleven.com/article/307002
Показати все...
👍 63 12😱 7👏 2
07:47
Відео недоступнеДивитись в Telegram
အောက်တိုဘာ ၁၉ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် (တိုက်ရိုက် ထုတ်လွှင့်မှု) • ဆင်မကြီး 'မိုမို'၏ ၇၂ နှစ်ပြည့် မွေးနေ့ကို အောက်တိုဘာ ၂၄ ရက်မှ၂၆ ရက်ထိ တိရစ္ဆာန်ဥယျာဉ် ( ရန်ကုန် )တွင် ပြုလုပ်မည် • မြန်မာနိုင်ငံသို သုံပန်းအဖြစ် ခေါ်ဆောင်ခံခဲ့ရသည့် အယုဒ္ဓယမျိုးဆက်အချို၏ သားသမီးများ နှစ်ပေါင်း ၂၆၀ အကြာတွင် အယုဒ္ဓယမြိုသို လာရောက်လည်ပတ် • သမ္မတဒေါ်နယ်ထရန့်၏အစိုးရက ကုန်သွယ်ခွန်များ ကောက်ခံခဲ့သည့်တိုင် အမေရိကန်ဘတ်ဂျက် အနည်းငယ်လိုငွေပြခဲ့ • လက်ဘနွန်တောင်ပိုင်းကို အစ္စရေး တိုက်ခိုက်မှုကြောင့်တစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိ • ဟာလန်းက လက်ရှိ အဓိကအကျဆုံးကစားသမားလို ဂွါဒီယိုလာ ချီးကျူး
Показати все...
Packate Night tele.mp479.73 MB
22👍 16🥰 1
■ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့က ကာတာဆွေးနွေးပွဲတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူညီချက်ရရှိ အစောပိုင်းယာယီအပစ်အခတ်ရပ်စဲရေး ကျိုးပေါက်မှုကိုဖြစ်စေခဲ့သည့် ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက် မှုများကြောင့် အာဖဂန်နိုင်ငံသား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် ဒိုဟာမြို့တွင် ဆွေးနွေးမှုများအတွင်း ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နှစ်ဘက်လုံးက ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူညီချက်ရရှိခဲ့သည်။ တောင်အာရှအိမ်နီးချင်းနှစ်နိုင်ငံဖြစ်သည့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်သည် သီတင်းပတ်တစ်ပတ်ကျော်ကြာ နယ်စပ်ပဋိ ပက္ခများဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တာလီဘန်အစိုးရ ပြန်တက်လာပြီးနောက်ပိုင်း ၎င်းတို့၏ အဆိုးဆုံးပဋိပက္ခ ဖြစ်လာခဲ့သည်။ အောက်တိုဘာ ၁၇ ရက် လေကြောင်းတိုက်ခိုက်မှုမတိုင်မီ ၄၈ နာရီကြာ အပစ်အခတ်ရပ်စဲရေးသည် ဒါဇင်နှင့်ချီသည့်တပ်ဖွဲ့များ နှင့် အရပ်သားများကို သေဆုံးစေသည့် တိုက်ခိုက်မှုများကို ရပ်တန့်သွားစေခဲ့သည်။ Ref:AFP ■Read More>>>>https://news-eleven.com/article/307000
Показати все...
👍 34 11👏 5🥰 1
👍 15 2🤬 2😢 1
07:06
Відео недоступнеДивитись в Telegram
■ အောက်တိုဘာ ၁၉ ရက်နောက်ဆုံးရညနေခင်း သတင်း (တိုက်ရိုက်ထုတ်လွှင့်မှု) ■ပလောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ TNLA ယာယီစိုးမိုးထားသည့် သီပေါမြို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ဒေသခံများ ပြန်လည်ဝင်ရောက်လျက်ရှိ ■ပြည်ပတွင်နေထိုင်၍ NUG အပါအဝင်အဖွဲ့အချို့ကို ငွေကြေးထောက်ပံ့မှုဖြင့် ၂၀၂၃ ခုနှစ်က အမှုဖွင့်ဖမ်းဝရမ်းထုတ်ထားသည့် မိသားစုတစ်စုအား မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာစဉ် ဖမ်းဆီး ■အကြမ်းဖက်ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက်လီမာ၌အရေးပေါ်အခြေအနေကြေညာမည်ဟုပီရူးအစိုးရအဖွဲ့သစ် ထုတ်ပြန် ■ဟက်ထရစ်သွင်းခဲ့တဲ့ မက်ဆီ မေဂျာလိဂ် ရွှေဖိနပ်ဆွတ်ခူး
Показати все...
Package 19.10 .tele.mp430.62 MB
👍 39 13🥰 1
👍 23🥰 3 2👏 1