uk
Feedback
2025 рік у цифрахsnowflakes fon
card fon
123 123
Підписники
-3524 години
-3017 днів
-1 17530 день
Архів дописів
Repost from TgId: 1935904760
မအူပင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကံမြင့်သန်းသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း များဖြစ်သော ဦးအောင်ကျော်မင်း (FPTP)၊ ဦးဝင်းကျော်ကျော်(PR)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများဖြစ်သော ဦးစောသောင်းဒန်(FPTP)၊ ဒေါ်သူဇာသန်းမြင့်(PR) တို့နှင့်အတူ မအူပင်မြို့ အမှတ် (၁) ရပ်ကွက်တွင် ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်ပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ ၎င်းတွေ့ဆုံပွဲသို့ မအူပင်ခရိုင်အတွင်းရေးမှုး ဦးနိုင်ကိုကို၊ မအူပင်မြို့နယ်ပါတီ ဥက္ကဋ္ဌဦးသန်းစိုးနှင့် ကော်မတီဝင်များ၊ မအူပင်မြို့ပေါ်ရှိ ပါတီဝန်းရံသူမဲဆန္ဒရှင်များ၊ ပါတီဝင်များစုစုပေါင်းအင်အား ၂၅၀ ခန့်တက်ရောက်ခဲ့ပါသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးကံမြင့်သန်းမှ မိတ်ဆက် စကားပြောကြားခြင်း၊ ရွေးကောက်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မိမိတို့ပါတီ၏ သမိုင်းကြောင်းအစဥ်အလာနှင့် အနာဂတ်ရည်မှန်းချက်များ၊ ရွေးကောက်ပွဲဝင်ရောက် ယှဥ်ပြိုင်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မင်းမှ လက်ရှိပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့်အခက်အခဲများ၊ တောင်သူလယ်သမား များ၏ အခက်အခဲများနှင့် ပါတီ၏ တောင်သူလယ်သမားများအတွက် အနာဂတ် ရည်မှန်းချက်များ၊ ဦးစားပေးလုပ်ဆောင်မည့်အချက်များအား ရှင်းလင်းပြောကြား ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောသောင်းဒန်မှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် ပါတီ၏ ရွေးကောက်ပွဲကြေငြာစာတမ်းအား အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သူဇာသန်းမြင့်မှ မဲပေးရမည့်ပုံစံများအား အကျယ်တဝင့် ရှင်းလင်းပြသပြီး ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက် အောင်မြင်စေရေးအတွက် ကိုယ်စားလှယ်လောင်းများကို ဆန်းစစ်ရွေးချယ်ကြရန် အရေးကြီးပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းကျော်ကျော်မှ ရွေးကောက်ပွဲတွင် လူတိုင်းမဲပေးကြရန် တိုက်တွန်းပါကြောင်းနှင့် မဲပေးရွေးချယ်ရာတွင် လုပ်ဆောင်နိုင်စွမ်းရှိသည့် ပါတီနှင့် လူပုဂ္ဂိုလ် နှစ်မျိုးစလုံးကြည့်ပြီး ဆန္ဒမဲပေးကြရန် ပြောကြားခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာသောသူများက မိမိတို့မဲဆန္ဒနယ်မြေအတွင်း ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသောအခက်အခဲများ၊ ဒေသလိုအပ်ချက်များအား ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါသည်။ မဲဆန္ဒရှင်ပြည်သူများ၏ ဆွေးနွေးတင်ပြချက် များအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကံမြင့်သန်းက ပြန်လည် ဖြည့်စွက်ဆွေးနွေးပေးခဲ့ပါသည်။ ဦးကံမြင့်သန်း မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
Показати все...
👍 150 49💯 4🤬 2👌 2
Repost from TgId: 2061754947
11:07
Відео недоступнеДивитись в Telegram
💎"တပ်မတော်နည်းပညာတက္ကသိုလ်ကြီးက မွေးထုတ်ပေးလိုက်တဲ့ အဖိုးတန်ရတနာများ...။ 💎 💎အခက်အခဲတွေကို အောင်ပွဲအဖြစ် ပြောင်းလဲခဲ့ပြီးနောက်မှာတော့ .. နိုင်ငံတော်ရဲ့ အနာဂတ်ကို ပုံဖော်ဖို့ တာဝန်ကိုယ်စီနဲ့ အောင်မြေနင်းကြတော့မယ့်ကျင့်ဝတ်တီထွင် စွမ်းအားရှင်များ ။ 💎နည်းပညာရှင်ပီသတဲ့ ကျွမ်းကျင်မှု၊ စစ်သည်တော်ပီသတဲ့ ရဲစွမ်းသတ္တိတွေနဲ့အတူ... အမိမြေရဲ့ အားကိုးထိုက်တဲ့ စစ်သားကောင်းတွေ၊နည်းပညာရှင်ကောင်းတွေ ဖြစ်ကြပါစေလို့ ပျိုမေတို့ကဆုတောင်းပေးလိုက်ပါတယ်။ #DSTA #PassingOutCeremony #MilitaryEngineer #ProudGraduates #DefendersOfFuture" #ပျိုမေVlog
Показати все...
58.67 MB
👍 178 46💯 2😁 1
“မိဘပြည်သူများနဲ့အတူတူ လက်တွဲပြီး အနာဂတ်နိုင်ငံတော်ကြီး၊ အနာဂတ်ပြင်ဦးလွင်ကြီးကို တည်ဆောက်သွားချင်ပါတယ်” “မိဘပြည်သူတွေ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်တွေသည် အနာဂတ်ပြင်ဦးလွင် ငါးနှစ်အတွက်ကို အကောင်အထည်ဖော်နိုင်တဲ့သူ ဖြစ်ရမယ်၊ နိုင်ငံရဲ့ အနာဂတ်ငါးနှစ်အတွက် အကောင်အထည်ဖော်နိုင်တဲ့သူ ဖြစ်ရမယ်၊  နောင်လာနောက်သားတွေအတွက် အကောင်းဆုံးအမွေတွေ ချန်ပေးနိုင်တဲ့သူတွေ ဖြစ်ရမယ်” ဦးမြထွန်းဦး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပြင်ဦးလွင်မြို့နယ် https://t.me/kyawswar49111/40879
Показати все...
👍 155 36👌 1
ဂုတ်ကြီး မှသည် အစချီ၍ အရမ်းကိုခြေစွာနေတဲ့ ရခိုင် သောင်းကျန်းသူ တွေ ထိုးစစ် ထပ်ချိုးဖျက်နိုင်တဲ့နေရာပေါ်လာပြီ။ အဲ့နေရာက ဂုတ်ကြီး။ နတ်ရေကန် စခန်း ရဲ့ ရှေ့ကာ ရွာလို့ခေါ်ရမဲ့နေရာ။ ============== အရင်တုန်းက အကြိမ်ကြိမ်ပြောခဲ့တယ်။ တပ် ဟာ နှစ် ၇၀ ကျော် သမိုင်းစဥ်တစ်လျှောက် ဘယ်တုန်းကမှ ဗုံးဗုံးမလဲခဲ့ဘူးဘူး။ ============== ၁၉၄၈ လို တစ်နိုင်ငံလုံးမှာရှိတဲ့ KNDO တွေ တောခို။ တပ်ရဲ့ ကရင်တပ်ရင်းအချို့ ပုန်ကန်။ ဒီကြားထဲ အရေးကြီးတဲ့ ဆက်သွယ်ရေးစက်တွေကလဲ ပျက်နဲ့ ဘယ်လောက်များ ဒုက္ခရောက်ခဲ့သလဲ။ အဲ့လိုအခြေအနေမျိုးမှာတောင် တပ် အနေနဲ့ ကြံ့ကြံ့ခံနိုင်ခဲ့တာလေ။ =============== ၂၀၂၁ ဖေ ၁ နဲ့ ၁၀၂၇ သည် အဲ့လောက် မဆိုးဝါး ပါဘူး။ တစ်ခုပဲ... အလကားပဲတင်းရလိုက်တဲ့ အင်အားတွေနဲ့ PDF တွေကို လက်နက်ကိုင်တွေက ခေါ်သုံးခဲ့တဲ့အတွက် စစ်မီးဝိုင်းခဲ့တယ်။ Drone Attack ကြောင့် တပ်တွေ Shock ရခဲ့တယ်။ =============== ဒီအခြေအနေကို အခွင့်ကောင်းယူတဲ့ AA က ကျောက်တော် မှာ တပ်မိသားစုဝင်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး အောင်ပွဲခံတယ်။ တကယ်တော့ AA ဟာ လူမျိုးရေးကို အခြေခံပြီး တိုက်ပွဲဆင်နွှဲတာ။ =============== အဲ့တော့ မကောင်းတဲ့အတိတ်သမိုင်းထဲက ဆိုးမွေတွေ လက်ဆင့်ကမ်းခံရတဲ့ ရခိုင် အချို့ကလဲ တော်လှန်ရေးထဲပါဝင်တာမို့ ရခိုင် ဒေသတော်တော် များများ မှာ တပ် က ခေတ္တ ဆုတ်ခွာခဲ့ရတယ်။ =============== ထွန်းမြတ်နိုင် ဟာ တချိန် တပ် က ရခိုင် ကို ပြန်လည်ထိုးစစ်ဆင်နိုင်တယ်ဆိုတာ ခန့်မှန်းမိပြီး ရခိုင်နယ်မြေအစပ်နားထိကို စစ်ဘောင်ကိုချဲဲ့ ခဲ့တယ်။ ================ ဆန် ၃ ဆန် အတွက် မူးယစ်ဆေးဝါးနဲ့ နိုင်ငံတစ်ခုရဲ့ အထောက်အပံ့ နဲ့ရပြီလို့ ယူဆတာလား ဒါမှမဟုတ် တပ် က ဗုံးဗုံးလဲပြီလို့ယူဆတာလားတော့မသိဘူး။ စစ်ဘောင်ကို ဆက်ချဲ့လိုက်တာတော့ မှားတယ်လို့ပြောလို့ရတယ်။ =============== အဲ... ဒါမဲ့ တစ်မျိုးစဥ်းစားရင် သူ့အနေနဲ့ ဒီလိုမှမလုပ်ရင်လဲမရဘူးလေ။ လက်လွန်ခြေလွန် တွေ ဖြစ်ကုန်ပြီလေ။ ================ ဆက်ရမယ်ဆိုရင် နတ်ရေကန် ဟာ AA အတွက် မကွေးနယ်စပ် အရေးပါတဲ့နေရာ။ ဒါကို AA အနေနဲ့ အလွယ်တကူရမယ်လို့ ယူဆပြီး တိုက်တယ်။ အဲ့အချိန်မှာ ထင်သလိုမဖြစ်တော့ တိုက်စစ်ဦး မကျိုးဖို့အတွက် အင်နဲ့အားနဲ့ဖိတိုက်တယ်။ =============== စစ်ဆိုတာ အလှည့်အပြောင်းကို ကောင်းစွာ ကစားရတဲ့ ကစားပွဲမို့ တပ် အနေနဲ့ နတ်ရေကန် အလှည့်အပြောင်းကို စနစ်တကျ အင်အားစုဖွဲ့ပြီး လုပ်ရည် ကိုင်ရည်ရှိတဲ့ စစ်သည်တွေနဲ့ တုံ့ပြန်တယ်။ =============== နတ်ရေကန် အပြင် ခု ဂုတ်ကြီးကိုပါရလိုက်တော့ AA ရဲ့ မကွေးနယ်စပ် တိုက်ပွဲဖော်ဆောင်မှု မြားဦး ဟာ အမေရိကန် ရုပ်ရှင် We Were Soldier ထဲက ကစားကိုယူသုံးရမယ်ဆိုရင်တော့ Broken Arrow ဖြစ်ပြီလို့ပြောရမယ်။ =============== အဲ... မနေ့က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အနေနဲ့ စစ်တွေ ထိပေါက်ချသွားတာလဲ သတင်းတွေတွေ့ရတယ်ဆိုတော့ တပ် အနေနဲ့ AA ကို ထိုးစစ်စပြီလို့ယူဆရတယ်။ =============== တပ်မတော်ဆိုတာ စနစ်ကျတဲ့အဖွဲ့အစည်းမို့ ပိုင်ပိုင် နိုင်နိုင်ရှိပြီဆိုတဲ့ အချိန်မှ ဆော်မယ်ဆိုတာ တွေးစရာမလိုဘူးရယ်။ သားစစ် တစ်ခါပြောဖူး ပါတယ် "ဟိုမယ် သောက်လုပ်ရှုပ်နေလို့၊ ပြီးရင် မင်းတို့ဘက်လာလိမ့်မယ်" ဆိုသလိုပဲပေါ့။ =============== ရမခ က ပလောင် နဲ့ MNDAA လဲ သောက်သံတိတ်ပြီဆိုတော့ အသည်းထဲမှာ ဆူးနစ်နေတဲ့ AA ဘက်ကို လှည့်ဖို့ပဲရှိတော့တယ်။ ================ ဂုတ်ကြီး စခန်း ရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး တောင်းဆု တစ်ခုပြုလိုက်ပါတယ်။ ================ "ဂုတ်ကြီးမှသည်အစချီ၍ နယ်စပ်မျဥ်းထိ တိုက်စစ်ဆင်မည် တပ်မတော် အောင်ပါစေ" မင်းထက်ကျော်ဇော Telegram Link : https://t.me/minhtetkyawzaw Tik Tok Link : https://www.tiktok.com/@minhtetkyawzaw?_r=1&_t=ZS-92LQjOdGtng
Показати все...
👍 321 104🙏 10👌 8💯 4
01:22
Відео недоступнеДивитись в Telegram
လူတွေကို လိုက်သတ်၊ ဘုရားရွှေပါမကျန် ခိုးကြတဲ့ PDF တွေက နူကုန်ကြပြီ - တစ်စခန်းလုံး ကူးတော့မည် -
Показати все...
509.mp45.40 MB
👍 260💯 16 12👌 9😁 7
Фото недоступнеДивитись в Telegram
ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိလိုက်နာဆောင်ရွက်နိုင်ရန် သတင်းထုတ်ပြန်ကြေညာချက် -
Показати все...
👍 151 16😁 1
Фото недоступнеДивитись в Telegram
မိမိတို့၏ မိသားစုများကို ခေတ်အခြေအနေနှင့် ပတ်သက်၍သိသင့် သိထိုက်သည်များကို ဆွေးနွေး သင်ကြားပေးခြင်းဖြင့် ကာကွယ်ကြပါခင်ဗျာ #photocrd_to_owner #myanmarlocalnews #LocalNewsMatters
Показати все...
👍 196 23
Фото недоступнеДивитись в Telegram
ကိုယ့်နိုင်ငံမှာဖြစ်နေတာတွေပဲ အရင်ဆွေးနွေးလိုက်ပါဦး UK နယ်ချဲ့ကောင် -
Показати все...
👍 227😁 50💯 31 13
Repost from TgId: 1907154014
ပဒါန်း၊ ညောင်ပင်ကုန်းစခန်း သိမ်းပိုက်ရရှိမှု မှတ်တမ်းများဖြစ်ပါတယ် - အလောင်းပုံများ ထပ်မံဖော်ပြပေးပါမယ် - တိုက်ပွဲသတင်းစုံ
Показати все...
178👍 144💯 6👌 1
Repost from TgId: 1907154014
Фото недоступнеДивитись в Telegram
လက်နက်/ခဲယမ်းများ သိမ်းဆည်းရရှိ (ဂုတ်ကြီး) ဒီ ၂၂ ရက် မနက်ပိုင်းက ပဒါန်းဒေသ၊ ဂုတ်ကြီးရွာအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့်စစ်ကြောင်းသည် အဆောက်အဦဟောင်းတစ်ခုအတွင်းမှ လက်နက်မျိုးစုံ ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည် - (၁) BA-63 သေနတ် ၃ လက် (၂) M-79 လောင်ချာ ၁ လက် (၃) MA-4 သေနတ် ၁ လက် (၄) ကျည်အိမ် ၄ ခု (၅) ကျည် ၃၀၀ ခန့် တို့အား သိမ်းဆည်းရရှိခဲ့သည်။ - အဆိုပါစစ်ကြောင်းအား အကြီးအကဲမှ ဂုဏ်ပြုချီးမြှင့်ငွေ ၅ သိန်းကျပ်အား ပေးအပ်ခဲ့ပါသည်။ - တိုက်ပွဲသတင်းစုံ
Показати все...
👍 270 64💯 6
ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်ဖို့ မိဘပြည်သူတွေရဲ့ အင်အားလိုတာကြောင့် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးကြဖို့ ဦးမြထွန်းဦး တိုက်တွန်း ============ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်ဖို့ မိဘပြည်သူတွေရဲ့ အင်အားလိုတာကြောင့် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးကြဖို့ ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦးက တိုက်တွန်းပြောကြားလိုက်ပါတယ်။ ယနေ့ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၉)မှာ ကျင်းပပြုလုပ်တဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ ဒေသခံ မဲဆန္ဒရှင်တွေ တွေ့ဆုံတဲ့ပွဲမှာ ဦးမြထွန်းဦးက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
Показати все...
👍 148 44💯 3
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၉) ၊ နန္ဒဝန်ရပ်ကွက်ရှိ မဲဆန္ဒရှင် ပြည်သူများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦး နှင့် အဖွဲ့ တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
Показати все...
👍 132 50💯 4
Фото недоступнеДивитись в Telegram
🙏🙏🙏
Показати все...
🙏 416 20👍 12😢 1
Фото недоступнеДивитись в Telegram
မဲစာရင်းကပ်ထား ကြေညာခြင်းနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက် -
Показати все...
👍 223 41😁 3🤬 1🙏 1
Фото недоступнеДивитись в Telegram
နိုင်ငံရေးဆက်စပ်မှုဆိုတာ -------------------------- (၂၂-၁၂-၂၀၂၅) ဒီနေ့မှာ ရေးစရာလေး သုံးခု ရှိတယ်။ ပထမတစ်ခုက ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဂျပန်နိုင်ငံသတင်းဌာနနဲ့ လုပ်တဲ့အင်တာဗျူးမှာ မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် စောင့်ကြည့်ရေးအဖွဲ့လွှတ်မယ်လို့ တရားဝင်ကြေငြာသွားတဲ့အချက်ပါ။ ဒါဟာ ဒီဇင်ဘာ ရွေးကောက်ပွဲကိုထောက်ခံကြောင်းကို ကမ္ဘာကို ပြသလိုက်တာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကနေ အေးချမ်းတဲ့ အရွေ့ရှိမယ်လို့လည်း ယုံကြည်ကြောင်း ပြောသွားတယ်ဆိုတော့ လက်ရှိအစိုးရနဲ့ ထိုင်းနိုင်ငံဆက်ဆံရေးဘယ်လိုရှိမလဲ သုံးသပ်နိုင်ပါတယ်။ ဒုတိယတစ်ခုကတော့ ထိုင်းက ရွေးကောက်ပွဲကို ထောက်ခံတဲ့ သတင်းကို ဖုံးဖို့အတွက် ဒုချုပ်ရဲ့ မြစ်ဆုံစီမံကိန်းစကားကို တက်ညီလက်ညီ ဖွနေကြတယ်။ မြန်မာတွေမိတဲ့ မှိုင်းတွေထဲမှာ မြစ်ဆုံမှိုင်းလည်းပါတယ်။ မြစ်ဆုံစီမံကိန်းဟာ နျူဓာတ်အားပေးရုံစက်ရုံ ၃ လုံးထုတ်လုပ်ထက်ပိုတဲ့ လျှပ်စစ်အား ထွက်ရှိနိုင်ပြီး ကနဦးကာလတွေမှာ မြန်မာတွေရမယ့် ၁၀ ရာခိုင်နှုန်းဆိုတာတင် တော်တော်များတဲ့ ပမာဏရှိပါတယ်။ ငပေါက်တို့ဖွသလို သယံဇာတတွေ၊ မြေရှားတွေ၊ သစ်တောတွေ ကုန်မယ်ဆိုတော့ အခုရော ရှိသေးလို့လားလို့ မေးချင်မိရဲ့။ အင်တာနက်ကြည့်တတ်ရင် မြေရှားဆိုက်တွေကို အချိန်နဲ့တပြေးညီ ပြထားတဲ့ ဆိုက်တွေ ရှာကြည့်ကြပါ။ ကချင်မှာ မြေရှား ထုတ်နေတာ ဆိုက်ပေါင်း သုံးထောင်နီးပါးရှိပြီး တောင်ကတုန်းတွေ ချည်းပဲ ကျန်တော့တာကို အခုမှ သွေးရူးသွေးတန်း ထအော်နေကြသလိုပဲ။ သစ်တောတွေကုန်မှာပဲလို့ တွေးကြတဲ့လူတွေက ပဲခူးရိုးမ၊ ရှမ်းရိုးမ၊ ရခိုင်ရိုးမတွေမှာ သစ်ခိုးထုတ်နေတဲ့ အဖွဲ့တွေကို မမြင်ဘူးလို့ပါ။ သစ်ပင်စိုက်သူမရှိပဲ သစ်ခိုးထုတ်တဲ့လူပဲရှိခဲ့တာ ဆယ်စုနှစ် ၂ ခုစာလောက်ဆိုတော့ ဘယ်သစ်တောကမှ မခံနိုင်တော့ပါဘူး။ ဘယ်သူကမှ သစ်ပင်နဲ့ပတ်သက်ပြီး တာဝန်မကျေခဲ့ကြဘဲနဲ့ ဒီဆည်ကျမှ သစ်တောချစ်သူတွေဖြစ်သွားကြတာနည်းနည်းတော့ ရယ်ဖို့ ကောင်းပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဒေါ်စုကို သေစေချင်နေတဲ့အဖွဲ့တွေ ဆန္ဒမပြည့်မြောက်သေးပါဘူး။ အရင်ကရေးခဲ့သလိုပဲ အနီအဖွဲ့တွေဟာ‌ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအစိုးရ ထိန်းသိမ်းထားတဲ့ ကာလမှာ အလွန်မာလကီးယားသွားစေချင်နေကြတယ်။ သားလုပ်တဲ့လူကအစ အမေသေပြီထင်တယ်လို့ မီဒီယာပေါ် တက်ဖွတာ ရှာမှရှားပါပဲ။ တကယ်တွေ့ချင်ရင် တရားဝင်ထောင်ဝင်စာတွေ့ခွင့်ရအောင် ရိုးရိုးသားသား ကြိုးစားလို့ရပေမယ့် ဘယ်သူက တစိုက်မတ်မတ်ကြိုးစားကြလို့လဲ။ တစ်ခါ ဒေါ်စန္ဒာမင်းတို့သွားတွေ့လိုက်တာ NUG ကိုမသိပါဘူးလို့အငြင်းခံရပြီးကတည်းက အနီအဖွဲ့တွေ ဘယ်သူမှ ဒေါ်စုကိုတွေ့ဖို့ အင်တိုက်အားတိုက် ဆက်မလုပ်ကြတော့တာပါ။ ဒါကိုပဲ အဘွားကြီးပုံကို အေအိုင်တွေနဲ့ ဆေးရုံမှာ သေခါနီးပုံတွေထုတ်ပြီး ခေါင်းစဉ်အမျိုးမျိုးတပ် ဖွနေကြတာမြင်တော့ တော်တော်ကို သွားစေချင်နေတာပဲလို့ နားလည်လိုက်တယ်။ ဒီသုံးခုလုံးမှာ ဆက်စပ်နေတာကတော့ နိုင်ငံရေးပါပဲ။ ထိုင်းနိုင်ငံရဲ့ အသိအမှတ်ပြုမှုကြောင့် ကျန်တဲ့ အာဆီယံနိုင်ငံတွေ၊ အာရှနိုင်ငံတွေလည်း နောက်က လိုက်လာနိုင်ချေရှိတော့ ဒီသတင်းကို ပြည်သူဆီမပေးချင်လို့ အချိန်ကိုက် မြစ်ဆုံဘက်လှည့်ပြီး လူထုသွေးဆူအောင် လုပ်ရတာပေါ့။ အဓိကက ရွေးကောက်ပွဲနီးလာလို့ မရရတဲ့ သတင်းတွေ အတင်းလုပ်ပြီး လူထုကို အာရုံလွှဲဖို့ကြိုးစားနေတယ်ဆိုတာ နားလည်ထားဖို့ပါ။ ဘယ်လိုလုပ်လုပ်ပါ။ အချိန်တန်တော့လည်း ပြီးသွားမှာပါပဲ။ အမျိုးမျိုးပြောခဲ့ကြတဲ့ ဒလတံတားကြီးတောင် ပြီးစီးလို့ ပြည်သူတွေ စိတ်ချမ်းချမ်းသာသာသုံးနိုင်နေပြီမဟုတ်လား။ မြစ်ဆုံပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲပဲဖြစ်ဖြစ် ပြီးစီးသွားရင် ဒီပြည်သူတွေပဲ အကျိုးခံစားရမှာပါ။ (ပိုင်စိုး)
Показати все...
👍 274 70💯 13🤬 1
Repost from TgId: 2049814454
00:58
Відео недоступнеДивитись в Telegram
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ဦးမောင်မြင့် Emerald Palace hoteIနှင့် Jasmine hotel မှ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံခြင်း ၂၂-၁၂-၂၀၂၅ https://t.me/kyawswar49111
Показати все...
IMG_8112.MP421.14 MB
👍 163 27😁 3🤬 1
Repost from TgId: 1935904760
00:41
Відео недоступнеДивитись в Telegram
အလန်းကြီးကျေးရွာအုပ်စု၊ သခွပ်ပင်စုကျေးရွာကို သွားရောက်ပြီး မဲဆန္ဒရှင် မိဘပြည်သူများနဲ့ တွေ့ဆုံခဲ့ပါတယ် ခင်ဗျာ။ ဦးကံမြင့်သန်း မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
Показати все...
သခွပ်ပင်စု final.mp435.31 MB
👍 161 31😁 4
Repost from TgId: 1349473545
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲ NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၅ ဒီဇင်ဘာလ၂၁ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး (အနောက်) ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ အထက်ပန်းဆိုးတန်းလမ်းအမှတ် ၈၄ လမ်းနှင့် ၈၆ လမ်းကြားတွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ PVC ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်းအား အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲခဲ့မှုကြောင့် လမ်းဘေးတွင် ရပ်တန့်ထားသော YGN-18 1E/7972 NISSAN TIIDA LATIO မော်တော်ယာဉ်တွင် ဝဲ/ယာဘက်မှန်တံခါး ၄ ချပ်နှင့် ယာဘက်ရှေ့/နောက်တံခါးများ၏ သံပြားအကာတို့တွင် မိုင်းပေါက်ကွဲစထိမှန်ပျက်စီးခဲ့ပြီး ဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။ News Of Myanmar NOM
Показати все...
👍 166🤬 96 26😡 10😢 5
အွန်လိုင်းလိမ်လည်မှု (Telecom  Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား ၁၅ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၅ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ်နိုင်ငံသား ၁၅ ဦး ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးနိုင်ရေးအတွက်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးကောင်းစံလင်း နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၁၃၅ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၁၇၄၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၃၉၀ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။ News Of Myanmar NOM
Показати все...
👍 201 27🤬 2
Repost from TgId: 2208842464
၂၂-၁၂-၂၀၂၅ မန္တလေး အောင်မြေသာစံမြိုနယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များနှင့် လူထုတွေ့ဆုံပွဲအား ယနေ့တွင် အောင်မြေမန္တလာ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
Показати все...
👍 171 26🤬 2