uk
Feedback
မြန်မာစာတန်းထိုးရုပ်ရှင်ကားများ

မြန်မာစာတန်းထိုးရုပ်ရှင်ကားများ

Відкрити в Telegram

🚩 Channel was restricted by Telegram

Показати більше
2025 рік у цифрахsnowflakes fon
card fon
459 483
Підписники
-33624 години
-1 7127 днів
-7 68430 день
Архів дописів
Ashfall (2019) မြန်မာစာတန်းထိုး ဇာတ်လမ်းအကျဉ်း အလွန်ပြင်းထန်တဲ့ ငလျှင်ဒဏ်ဟာ တောင်ကိုရီးယားကိုတိုက်ရိုက်သက်ရောက်ခဲ့တာကြောင့် အရေးပေါ်အခြေနေကြေငြာခဲ့ရပါတယ် . ဒီမီးတောင် ကြီးတစ်ခုလုံးပေါက်ကွဲသွားရင် ကိုရီးယားကျွန်းဆွယ် ရဲ့ ရာခိုင်နှုန်း ၈၀ကျော်လောက် သက်ရောက်မှာပါ. မီးတောင်ကြီး အဆုံးထိမပေါက်ကွဲခင် ဒီမီးတောင်ကို ဖျက်စီးပစ်ခြင်းကသာလျှင် အကောင်းဆုံးရွေးချယ်မှု တစ်ခုဖြစ်နေပါတော့တယ် .. ဒါကိုဖျက်ဆီးဖို့ အဓိကလိုအပ်တဲ့အရာ က နျူးကလီးယားလက်နက်တစ်မျိုးပဲ ရှိပါတယ် .. ခက်တာက တောင်ကိုရီးမှာ နျူးကလီးယား မရှိဘူးလေ . အဲ့တော့ မြောက်ကိုရီးယားကနေ သွားခိုးရမှာပေါ့.. အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းဖြစ်သလို တစ်ကားလုံးလဲ စိတ်လှုပ်ရှားစရာတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ လက်မလွတ်တမ်းကြည့်ရူ့လိုက်ကြပါအုံးနော်။ ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/walovemardonesort/35?single https://t.me/walovemardonesort/35?single ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 11
Заборонений контент
Hoon Payon 2023 “ဒွမ်ဆင်ထမ်း” ဆိုတဲ့ကျွန်းမှာ ဘိုးဘိုးကြီဆက်ထမ်းရုပ်တုတော်ကို အရမ်းယုံကြည်ကိုးကွယ်ကြပါတယ် တစ်နေ့မှာ ထမ်ဟာ သူ့အစ်ကိုဖြစ်တဲ့ ဘုန်းကြီးထီကို သူတို့မိဘဆုံးသွားကြောင်းသတင်းပြောဖို့ ဒွမ်ဆင်ထမ်းကျွန်းကိုရောက်လာခဲ့ပါတော့တယ် ဒါပေမဲ့ သူရောက်လာတော့ သူ့အစ်ကိုဖြစ်တဲ့ဘုန်းကြီးထီဟာ ကျောင်းထိုင်ဆရာတော်ကိုသတ်တယ်လို့စွပ်စွဲခံရပြီး ပျောက်ဆုံးနေပါတယ် ထမ်ဟာ သူ့အစ်ကိုအကြောင်းစုံစမ်းဖို့ အဲ့ဒီဘုန်းကြီးကျောင်းမှာတည်းဖို့ ဘုန်းဘုန်းကိုခွင့်တောင်းလိုက်ပါတယ် အဲ့ဒီကျွန်းမှာ တစ်ခုထူးခြားတာက အရိုးပြာကို ရုပ်တုထဲထည့်တဲ့ဓလေ့ပါ သူတည်းတဲ့ပထမညမှာတင် ထူးဆန်းတဲ့အရာတွေဖြစ်ခဲ့တယ် အဲ့ကျွန်းမှာ ဂဝံရုပ်အစီအရင်လုပ်နေတဲ့သူရှိပါတယ် ဂဝံရုပ်လုပ်နည်းတွေမျိုးစုံရှိတဲ့ထဲမှာ လူသေအလောင်းနဲ့ဂဝံရုပ်သရဲတွေလုပ်ပြီး လူတွေကိုလိုက်ခြောက်တာပါ ဆိုတော့ အဲ့ဒီဂဝံရုပ်သရဲလုပ်တဲ့သူကဘယ်သူလဲ ထမ်တို့ဘယ်လိုကိုင်တွယ်မှာလဲ ထမ် သူ့အစ်ကိုကိုရော ရှာတွေ့မလား ဇာတ်ကားထဲကြည့်လိုက်ရအောင်နော် ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/theyekarmyar/44 https://t.me/theyekarmyar/44
Показати все...
👍 9
Заборонений контент
Extraction (2)2023 Extraction (1)ရဲ့ အဆက်(2)လာပါပြီ မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကို အသေခံပြီး လုပ်သွားတဲ့ ကြေးစားကြီးတစ်ယောက်အကြောင်းပေါ့ သေနတ်ဒဏ်ရာ ဗလပွနဲ့ မြစ်ထဲကိုကျသွားတာ မသေစရာတော့မရှိပါဘူး။ ဒါပေမဲ့ မသေပါဘူး မသေတော့ အငြိမ်းစားယူသွားပါတယ်။ အငြိမ်းစားဆိုကတည်းကသေချာပေါက် ပြန်ချရမယ်ဆိုတာ အားလုံးသိပြီးသားပါပဲ အခုလည်း သူ့အငြိမ်းစားဘဝကနေ မငြင်းနိုင်ဘဲ သေချာပေါက်ပြန်လုပ်ခိုင်းနိုင်တဲ့သူ ပေါ်လာပါတယ်။သူ့မိန်းမပါ။ ဖြစ်တတ်ပါတယ်။သူ့မိန်းမရဲ့ ညီမကို ဂျော်ဂျီယာရဲ့ အကြီးဆုံးလူဆိုးဂိုဏ်းကြီးလက်ကနေ သွားကယ်ထုတ်ရတာပါ ဒါပေမဲ့ လူဆိုးဂိုဏ်းက ရိုးရိုး သေနတ်နဲ့ကားအဆင့်မဟုတ်ပါဘူး။ ကျည်ကာကား၊ လက်နက်ကြီး၊ ရဟတ်ယာဉ်တွေအထိပါပြီး မိုးအဆုံးမြေအဆုံးလိုက်သတ်တာကြောင့် ၂ နာရီစာလောက် မနားတမ်း ချရပါတော့တယ် ထုံးစံအတိုင်း ဇာတ်လမ်းရော အက်ရှင်ရော ကြည့်လို့ကောင်းပါတယ် ကြည့်လိုက်ကြပါဦး​ဗျ ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/channelmyanmar678/84 https://t.me/channelmyanmar678/84 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 25 7
Заборонений контент
Extraction (1)2020 သောရ် မင်းသားကြီး ခရစ် ဟမ်းဆွာ့ ရဲ့ အက်ရှင်ကား ရပါပြီ ထင်ထားတာထက် ကောင်းပါတယ် ခရစ်စ်ဟာအနီးကပ် တိုက်ခိုက်ခန်းတွေ သေနတ်ပစ်ခန်းတွေ ဒီလောက်ထိကြမ်းပြနိုင်တာ အားရစရာပါပဲ။ Combat ခန်းတွေ အရမ်းကြမ်းပါတယ်။ ကြည့်ရတာ အားရကြမှာပါ တိုင်လာ ဟာ စစ်ပြန်ကြေးစားစစ်သား ဖြစ်ပြီးအိန္ဒိယက ဘိန်းဘုရင်တစ်ယောက်ရဲ့ ကလေးကိုကယ်ထုတ်ပေးရမယ့် အလုပ်ကို လက်ခံလိုက်ပါတယ်။ အဲဒီကလေးကို ဖမ်းထားတဲ့သူကလည်းပြိုင်ဘက် ဘိန်းဘုရင် ဂန်းစတား ဖြစ်နေပြီး တိုင်လာနဲ့ကလေးကို ရဲတွေအကူအညီနဲ့ တစ်မြို့လုံးပိတ်ဆို့ပြီး ဖမ်းဖို့ကြိုးစားပါတော့တယ်။ ဒီကလေးကို မြို့ကနေ မရမက ကယ်ထုတ်ဖို့တစ်မြို့လုံးနဲ့ တစ်ယောက် တိုက်ခိုက်ပြီး ကြိုးစားရပါတော့တယ် ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/channelmyanmar678/82 https://t.me/channelmyanmar678/82 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 15 3
Southern Mao And Northern Ma 2023 ယခုတစ်ခေါက် ပရိသတ်တွေအတွက် စိတ်ဝင်စားစရာတွေနဲ့ ပြည့်နက်နေတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ မင်ကော်ခေတ်မှာ ထူးဆန်းတဲ့ တောင်နတ်ကျောင်းက လူသတ်မှုက ရှန်းဟိုင်ဂိတ်အပြင်က ကျီဆွေမြို့ရဲ့ ငြိမ်းချမ်းမှုကို ဖျက်ဆီးခဲ့ပါတယ် မြို့စားရဲ့သခင်လေးတို့အဖွဲ့ ခရီးထွက်လာရာမှာ သခင်လေး တစ်ယောက်ထဲရူးသွပ်ပြီး ပြန်လာတာကလွဲရင်ကျန်လူ အားလုံးသေဆုံးခဲ့ရပါတယ် မြို့ပေါ်မှာလည်း ဒီလူသတ်မှုက သရဲမ လုပ်တာလို့ပြောနေကြပြီး အားလုံးက စိုးရိမ်နေကြပါတယ် မြို့ထဲက ဦးလေးရင်းဟာ ဆေးပညာဖြင့် သခင်လေးရဲ့ရောဂါကို ကုသပေးခဲ့ပေမယ့်လဲ အမြစ်ပြတ်မပျောက်နိုင်ပဲ မကြာခဏ ရောဂါပြန်ဖောက်နေပါတယ် ပိုင်လျိုဟွေး ဆိုတဲ့ ဆာ့မန်ပညာရှင်အဖွဲ့က ကျီဆွေမြို့ကိုရောက်လာပြီး သခင်လေးအတွက် တရားပွဲလုပ်ပေးပြီး မိစ္ဆာနှင်ပေးမှပဲ သခင်လေးမှာ ချက်ချင်းသက်သာသွားခဲ့ပါတယ် သူတို့ ၃ ယောက်ကိုလည်း နတ်အဖြစ် ပူဇော်ခဲ့ကြပါတယ်။အဲ့နောက်မှာတော့ မြို့ထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ထွက်ပေါ်လာပါတော့တယ် ရေကန်ထဲမှ သရဲမ၊ မိစ္ဆာတပ် လမ်းဖြတ်ခြင်း စတဲ့ဒီလိုကိစ္စတွေမှာ ပြည်သူတွေကလည်း နတ်သား ၃ ပါးကို အကူအညီတောင်းကြပါတော့တယ် ဦးလေးရင်းက ဖြစ်ရပ်မှန်တွေကို လိုက်လဲစုံစမ်းပြီးဒီအရာအားလုံးက ပိုင်လျိုဟွေးတို့ လုပ်တာမှန်းသေချာသလောက် ဖြစ်နေစဉ် ထို နတ်သား ၃ ပါးထဲက ဟွေးဝူချန်နဲ့ ပိုင်စစ်ရဲတို့ သေဆုံးသွားခဲ့ပါတယ် ဦးလေးရင်းတစ်ယောက် အမှန်တရားကို ဘယ်လို ဖော်ထုတ်မလဲ? နောက်ကွယ်က ကြိုးကိုင်နေတဲ့ တရားခံအစစ်ကရော ဘယ်သူ ဖြစ်နေမလဲ ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ ခံစားကြည့်လိုက်ရအောင်နော် ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/chinathinezatlantwemyar/60?single https://t.me/chinathinezatlantwemyar/60?single ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 5😁 1
Заборонений контент
Valerian And The City Of A Thousand Planets  2017 ၁၉၇၅ ခုနှစ်မှာ အမေရိကန်က အာကာသစခန်းငယ်တစ်ခု ဆောက်လုပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နည်းပညာဗဟုသုတတွေ မျှဝေပူးပေါင်းကြဖို့ပါ။၂၀၂၀ မှာ တရုတ်နိုင်ငံကလည်း ဒီအာကာသစခန်းကို လာရောက်ပူးပေါင်းပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ တခြားနိုင်ငံအများအပြားလည်း တဖြည်းဖြည်း ပူးပေါင်းလာကြသလို တစ်ခြားဂြိုဟ်တွေကလည်း လာရောက်ပူးပေါင်းလာကြပါတယ်။ ဒီလိုနဲ့ အာကာသစခန်းက အချင်းတဖြည်းဖြည်း ကြီးမားလာပြီး ဗဟိုကောင်စီက ဒီအာကာသစခန်းကို ကမ္ဘာ့ဆွဲအားနဲ့ဝေးရာကို တွန်းပို့လိုက်ပို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီအဲလ်ဖာ အာကာသစခန်းငယ်ကတော့ စကြာဝဠာစီးကြောင်းထဲမှာ စီးမျောနေရင်းနဲပဲ တခြားဂြိုဟ်တွေနဲ့ နည်းပညာတွေ ဗဟုသုတတွေ မျှဝေရင်းနဲ့  နှစ်ပေါင်းများစွာအကြာမှာတော့ ဂြိုဟ်ပေါင်းများစွာတို့ရဲ့ မြို့တော်ကြီးဖြစ်လာပါတော့တယ်။ ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/akaungkarmyar/282 https://t.me/akaungkarmyar/282 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 17🤝 3🥰 2👏 2
Заборонений контент
Genghis Khan 2018 ထျယ်မုကျန်း နဲ့ ပေါ်အာထျဲဟာ ငယ်စဉ်ကတည်းက ချစ်ခဲ့ရတဲ့ချစ်သူတွေဖြစ်ပြီး ရုတ်တရက် ထျယ်မုကျန်းရဲ့အဖေသေဆုံးသွားခြင်းက သူတို့ ၂ ယောက်ခွဲခွာဖို့ဖြစ်လာခဲ့ပါတယ်တဖက်မှာလဲ ဦးလေးဖြစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရပြီး လူမျိုးစုတစ်စုလုံးမှာမှ ၁ မိသားစုတည်းကွဲထွက်ပြီးနေထိုင်ခဲ့ရပါတယ် ငယ်စဉ်ကတည်းက စေ့စပ်ပေးထားတာကြောင့် ထျယ်မုကျန်းဟာ အရွယ်ရောက်တော့ သူ့ချစ်သူ ပေါ်အာထျဲရှိရာသို့ရောက်ရှိပြီး လက်ထပ်ထိမ်းမြားခဲ့ကြပါတယ် ပြဿနာကတော့ မင်္ဂလာဦးညမှာပဲ ပေါ်အာထျဲကို တစ္ဆေတိုင်းပြည်က ဖမ်းခေါ်သွားခဲ့တာကနေ စတင်ခဲ့တာပါ တစ္ဆေတိုင်းပြည်က ဘာကြောင့် ပေါ်အာထျဲကိုဖမ်းခေါ်သွားခဲ့တာလဲ? ထာဝရအသက်ရှင်နေထိုင်နိုင်တဲ့ ဘယ်လိုသတ်သတ်မသေတဲ့ တစ္ဆေတိုင်းပြည်ကဘုရင်ဟူးချူးလူ လက်ထဲကနေ ပေါ်အာထျဲကိုဘယ်လိုကယ်တင်မှာလဲဆိုတာ……… ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/akaungkarmyar/280 https://t.me/akaungkarmyar/280 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 9
Заборонений контент
Magadheera (2️⃣0️⃣0️⃣9️⃣) မြန်မာစာတန်းထိုး ဒီဇာတ်ကားလေးဟာ အချစ် အလွမ်း အကြမ်း အရမ်းသာမက သူငယ်ချင်းကောင်းစိတ်ဓာတ် မင်းကောင်း မင်းမြတ်တွေရဲ့ကတိသစ္စာကိုလည်း တစ်စိတ်တစ်ဒေသ ဖော်ပြနိုင်စွမ်းရှိခဲ့တဲ့ ဘိုင်ရာဘာဟုခေါ်တဲ့ဇာတ်ကား‌ဖြစ်ပါသည်။ အညွှန်း 🔽🔽🔽 ဟာရှာ ဆိုတဲ့ လူငယ်လေးဟာ ဆိုင်ကယ်စတန့် သမားတစ်ယောက်ပေါ့ ဆယ်ပေလောက် အမြင့် ဘားတန်းကို ကျော်ဖြတ်ကာ စွန့်စားနိုင်ခဲ့တဲ့ သူပါ တစ်နေ့မှာတော့ ဘန်ကောက်ပြိုင်ပွဲသွားရန်အတွက် လေဆိပ်ကို ကားငှါးစီးသွားခဲ့ပါတယ် အဲဒီ အချိန်မှာ မိုးကလည်းသည်းလို့။ သူဟာ ကားဘေးဆီမှ လက်ဆန့်ထုတ်ပြီး မိုးရေစက်တွေကို ထိတွေ့လို့နေခဲ့ပါတယ် တစ်နေရာအရောက်မှာတာ့ သူ့လက်ကို လျှပ်စီးထိသလို ဖြစ်ခဲ့ပါတယ် ဟာရှာ အတွက်တော့ ဒါဟာ အတိတ်ဘ၀ဆီ ပြန်တွေးစေခဲ့တဲ့ နိမိတ်ပါ သူ့ကို လျှပ်စစ်စီးသလိုဖြစ်စေခဲ့တာကလည်း ကောင်မလေးတစ်ယာက်ရဲ့လက်နဲ့ ထိတွေ့မိမှုကြောင့်ပါ ဒါကို ဟာရှာ သိခဲ့တာကြောင့် အဲဒီကောင်မလေး ကို ကားမှတ်တိုင်မှာပြန်ရှာဖို့ ကြိုးပမ်းခဲ့တယ် အဲဒီကောင်မလေးနာမည်က အင်ဒီရာ တဲ့ သူမရဲ့အဖေနဲ့ ဦးလေး ကတော့ အမွေ ကိစ္စနဲ့ အမှု ရင်ဆိုင်နေကြရတယ် သူ့ဦးလေးမှာ သားတစ်ယောက်ရှိ၍ နာမည် ကတော့ ဒါရာဂူးဗား ဒါရာဂူးဗား ဟာ ရက်စက်ကြမ်းတမ်းသူတစ်ဦးဖြစ်ပြီး မိမိလိုချင်သည့်အရာအား မည့်သည့်နည်းနဲ့မဆို ရယူလေ့ရှိသည် တစ်နေ့မှာတော့ ဒါရာဂူးဗား ဟာ အင်ဒီရာ ကိုတွေ့ပြီး ချစ်ကြိုက်မိသွားတော့တယ် အဲဒီချိန်မှာတော့ ဒါရာဂူးဗားဟာ အင်ဒီရာကို ရရှိဖို့ ကြိုးပမ်းပါတော့တယ် ဒါပေမဲ့ ဒါရာဂူးဗားဟာ အင်ဒီရာကို အသားတောင် ထိမရပါဘူး လူတစ်ဦးက ဓားနဲ့ ဟန့်သလိုလို ခံစားခဲ့ရတယ် အဲဒီနောက် ဒါရာဟာ မကောင်းဆိုးဝါးဘုရင် ဂိုရာဆီ သွား၍ သူရဲ့အဖြစ်အပျက်ကို ဖြေရှင်းခိုင်းရာမှ သူ၏ အတိတ် နှစ် ၄၀၀ ဘ၀ကို မှတ်မိသွားခဲ့ပါတယ် အဲဒီနောက်မှာတော့ သူဟာ စုံစမ်းရင်း သူ၏ အတိတ်ရန်သူကား ဟာရှာ ဖြစ်ကြောင်း သိရှိခဲ့သည်။ ထို့နောက်မှာတော့ ???? ဒီဇာတ်ကားလေးဟာ အချစ် အလွမ်း အကြမ်း အရမ်းသာမက သူငယ်ချင်းကောင်းစိတ်ဓာတ် မင်းကောင်း မင်းမြတ်တွေရဲ့ကတိသစ္စာကိုလည်း တစ်စိတ်တစ်ဒေသ ဖော်ပြနိုင်စွမ်းရှိခဲ့ပါတယ် ဟာရှာဟာ အင်ဒီရာကို ရှာဖွေတွေ့ရှိမည်လော အင်ဒီရာ ဟာရှာ ဒါရာဂူးဗား တို့ရဲ့ အတိတ်ကလဲ့စားတို့ကရော ပစ္စုပ္ပန် ရဲ့ ကစားလဲ့ချေခြင်းတို့ကရော မည်သို့ အဆုံးသတ်မည်နည်း ဟာရှာ ကို သတ်ဖို့ကြိုးစားသော ဒါရာရဲ့ အကြံအစည်တို့ကရော အောင်မြင်ခဲ့မည်လော ဟာရှာ ကရော အတိတ်ရဲ့ ကလဲ့စားကို မည့်သို့ အဆုံးသတ်မည်နည်း အင်ဒီရာ ကရော အတိတ်ကို သိမြင်နိုင်စွမ်းရှိခဲ့မည်လော စသော မေးခွန်းများစွာနှင့် ရင်ခုန်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/bollywoodmovie789/422 https://t.me/bollywoodmovie789/422 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 16 2
Заборонений контент
12:12:  THE DAY (2023) သမိုင်းနောက်ခံ စစ်ကားကောင်းများကြည့်ရှုချင်သူများအတွက်တကယ့် 1979ခုနှစ်ကဖြစ်ပွားခဲ့သော ကိုရီးယားစစ်တပ်အတွင်းမှလူတစ်စု၏ အာဏာလုယူကာ နိုင်ငံအတွင်းအမျိုးမျိုးခြယ်လှယ်ချုပ်ကိုင်ခဲ့သောဖြစ်စဉ်အားဇာတ်အိမ်ခိုင်ခိုင်နှင့် နှစ်နာရီကြာသေချာကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ် သမိုင်းဖြစ်ရပ်မှန်ကိုအခြေတည်ထားပြီးတော့ စိတ်၀င်စားဖို့ကောင်းစွာနှင့် အာဏာအပေါ်တပ်မက်မှု ရူးသွပ်မှုတွေကိုရုပ်လုံးပေါ်အောင်ရိုက်ကူးထားခဲ့တဲ့ဇာတ်လမ်းတစ်ခုဖြစ်ပြီးတကယ်ကိုကြိတ်မနိုင်ခဲမရဖြစ်စွာကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းတစ်ခုဆိုလည်းမမှားလို့ နှစ်နာရီအတွင်းကိုရင်သပ်ရှုမောဖွယ်ကြည့်ရှူရမှဖြစ်ပါတယ် အညွှန်းတွေအရမ်းများရင်ကြည့်ရတဲ့အခါပေါ့သွားနိုင်လို့ဇာတ်လမ်းကိုကြည့်ဖြစ်အောင်ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ် ဇာတ်ကားကြည့်ရန် 🔽🔽 https://t.me/actionkabar/26 https://t.me/actionkabar/26 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 30
Заборонений контент
Snowpiercer (2013) ✅Action, Sci-Fi, Drama ဒီတစ်ခါ Parasite ဇာတ်ကားနဲ့ ဆုပေါင်းများစွာကိုသိမ်းပိုက်ခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ရဲ့ Snowpiercer (နှင်းခွဲရထား) ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ  CW7 ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုးကိုအသုံးပြုပြီး ကမ္ဘာကြီးပူနွေးမှုကိုကာကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အကျိုးဆက်အနေနဲ့ ကမ္ဘာဟာမပူနွေးတော့ရုံမက အေးခဲလွန်းတဲ့ရေခဲခေတ်ကိုရောက်ရှိသွားပါတော့တယ်။ ဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုမြင်နေတဲ့ ဝဲလ်ဖို့ဒ်ဆိုတဲ့လူကြီးက ကမ္ဘာကြီးကို တစ်နှစ်တစ်ခါလည်ပတ်နေတဲ့ နှင်းခွဲရထားကြီးကိုတီထွင်ခဲ့ပါတယ်။ နှင်းတွေကနေစွမ်းအင်ကိုယူပြီး အလုံပိတ်​ဂေဟစနစ်နဲ့ မရပ်မနားခုတ်မောင်းနေတဲ့ဧရာမရထားကြီးရဲ့ခေါင်းတွဲပိုင်းတွေဟာ လူချမ်းသာတွေအတွက် ဇိမ်ခံအဆင့်အတန်းမြင့်အခန်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ ပြည့်နေပေမယ့် အသက်မသေဖို့အရေး ရထားပေါ်မရမကဖက်တွယ်လိုက်ပါလာတဲ့ လူဆင်းရဲတွေအတွက်ကတော့ ညစ်ပတ်ပေရေနေပြီး ကျောတစ်ချစာသာနေရာရှိတဲ့ ရထားနောက်တွဲအမှောင်ခန်းတွေထဲ လက်နက်ကိုင်စစ်သားတွေရဲ့စောင့်ကြည့်မှုအောက်မှာ နေကြရပါတယ်။ ဒီလိုနဲ့ ၁၇နှစ်အကြာမှာ တိရစ္ဆာန်သာသာနေနေရတဲ့ လူ့အခွင့်အရေးဆိုတာကိုတစ်စက်မှမရကြရှာတဲ့ ရထားနောက်တွဲကလူတွေရဲ့ တော်လှန်​တဲ့ပုံရိပ်တွေကိုကြည့်ကြရမှာပါ။ ဒီဇာတ်ကားမှာတော့ ကိုရီးယားဇာတ်ဆောင်နှစ်ဦးနဲ့ အင်္ဂလိပ်သရုပ်ဆောင်တွေ အဓိကသုံးထားပြီး အင်္ဂလိပ်ဘာသာနဲ့ပဲ အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာကြီး Bong Joon Ho ရဲ့လက်ရာဆိုတော့ အထူးတလည်ညွှန်းစရာလိုတော့မယ် မထင်ပါဘူး။ လုံးဝရိုးအီမသွားဘဲအတော်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ ကြည့်ရှူခံစားလိုက်ကြပါဦး။ ဇာတ်ကားကြည့်ရန် 🔽🔽 https://t.me/actionkabar/24 https://t.me/actionkabar/24 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 14 1
Заборонений контент
The Flu 2013 ဇာတ်လမ်းကတော့ တရုတ် ဖိလစ်ပိုင်စတဲ့မတူတဲ့နိုင်ငံတွေကနေ ကိုရီးယားကိုတရားမဝင်လူကုန်ကူးတဲ့ကွန်တိန်နာပေါ်ကပါလာတဲ့ နိုင်ငံခြားသားလူမျိုးတွေဆီမှာ H5N1ဆိုတဲ့ဗိုင်းရပ်စ်အဖျားပိုးပါလာခဲ့တယ် တောင်ကိုရီးယားဆိပ်ကမ်းကို ကွန်တိန်နာရောက်ရှိလာတဲ့အချိန်မှာ ကိုးရက်တာကြာခဲ့ပြီး ကိုးရက်တာအတွင်း အလုံပိတ်ကွန်တိန်နာထဲမှာရှိတဲ့ အဖျားပိုးက ရောဂါအညစ်အကြေးဘာညာစတာတွေကြောင့်Avian Virus ဆိုတဲ့တုတ်ကွေးဗိုင်းရပ်စ်အဖြစ်သန္ဓေပြောင်းခဲ့တယ် နိုင်ငံတကာမှာ H5N1 ဝက်တုတ်ကွေးစတဲ့ဗိုင်းရပ်စ်တွေဖြစ်ပြီး လူအသေပျောက်ရှိခဲ့ပေမယ့် ရာသီတုတ်ကွေးလောက်သာဖြစ်ပြီးကြီးကြီးမားမားဖြစ်ဖူးတာမျိုးမရှိတဲ့တောင်ကိုရီးယားနိုင်ငံ ဘူဒန်မြို့ကို ထိုဗိုင်းရပ်စ်ရောက်ရှိလာတဲ့အချိန်မှာတော့ ကန်ဂျီဂူးဆိုတဲ့ ကယ်ဆယ်ရေးအဖွဲ့ကဝန်ထမ်းလေးနဲ့ ရောဂါရှာဖွေရေးက ဆရာမကင်အင်ဟေးနဲ့သမီးဖြစ်သူ ကင်မီရီဆိုတဲ့ဇာတ်ကောင်တွေနဲ့ ဒီဇာတ်လမ်းကိုပိုအသက်ဝင်အောင်ပုံဖော်ထားပါတယ် တစ်ကယ်ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးမို့ လက်ရှိ Corona ဒဏ်ကိုအံတုနေရတဲ့ နိုင်ငံများ ဘေးကင်းပါစေလို့ဆုတောင်းရင်း တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားကြည့်ရန် 🔽🔽 https://t.me/mmsubworld00/22 https://t.me/mmsubworld00/22 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 16
Заборонений контент
Deep Sea Escape 2022 အဏ္ဏဝါဇီဝဗေဒဖြစ်တဲ့ ဇီရွှမ်းဟာစမ်းသပ်မှုလုပ်နေစဥ်အတွင်းမှာပဲ သူစမ်းသပ်မှု ပြုလုပ်နေတဲ့ ရေပုတ်သင်ကြီးဟာ ပြောင်းလဲမှုတွေ ဖြစ်ပွားလာခဲ့ပြီးလူတွေကို တိုက်ခိုက်လာခဲ့ပါတော့တယ် သူမဟာရေပုတ်သင်ကြီးရဲ့ လက်အောက်ကနေ လွတ်မြောက်လာခဲ့ပြီးတစ်ချိန်ထဲမှာပဲ သူမရဲ့ အဖေဟာ လူသူကင်းမဲ့တဲ့ကျွန်းတစ်ကျွန်းပေါ်မှာ ထူးဆန်းစွာပျောက်ကွယ်သွားခဲ့ပါတော့တယ် အဲဒီ နောက်မှာတော့ သူမအဖေနဲ့ သူမကို တိုက်ခိုက်ခဲ့တဲ့ရေပုတ်သင်ကြီးရဲ့ တည်နေရာကို စုံစမ်းစစ်ဆေးဖို့ သင်္ဘောတစ်စင်းနဲ့အတူ ကျွန်းပေါ်ကို ထွက်ခွာလာခဲ့ပါတယ် သူမစီးနင်းလိုက်ပါလာခဲ့တဲ့ သင်္ဘောပေါ်မှာ လူများကကိုယ်စီ စိုးရိမ်ပူပန်မှုများနဲ့အတူ ကိုယ်စီအကျင့်စရိုက်များက ရှိလို့နေပါတယ် သင်္ဘောထွက်ခွာရာလမ်းကြောင်းမှာတော့ လုံးဝကိုပုံစံပြောင်းသွားပြီဖြစ်တဲ့ ရေပုတ်သင် မကောင်းဆိုးဝါးကြီးနဲ့ ထပ်မံဆုံတွေ့ခဲ့တဲ့ အချိန်မှာတော့ လိုက်ပါလာသူ လူတစ်ချို့ဟာ ကျွန်းပေါ်ကို ထွက်ပြေးကြပါတော့တယ် အဲဒီနောက်မှာတော့ အဏ္ဏဝါဇီဝဗေဒ သုတေသီတစ်ဦးဖြစ်တဲ့ ဇီရွှမ်းတစ်ယောက်အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ပြီးသူတို့တွေ လွတ်မြောက် နိုင်မလားဆိုတာ ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/akaungkarmyar/278 https://t.me/akaungkarmyar/278 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 18 4
Заборонений контент
Awakened Demon 2021 အနောက်သို့ ခရီးသွားခြင်းဇာတ်လမ်းရဲ့ Spin off လို့ ပြောလို့ ရပါတယ်..ဝူခုန်းကားကတော့ အမျိုးမျိုးအဖုံဖုံနဲ့ ရိုက်နေကြတာပါပဲ ဒီကားကတော့ ဝူခုန်းကားမှာတုန်းက ဝူခုန်းအတော်လေး နှိမ်နင်းခဲ့ရတဲ့ လူနီလေးရဲ့အကြောင်းပါ..လူနီလေးကို ကွမ်ရင်မယ်တော်က ခေါ်ဆောင်သွားပြီး နောင် နှစ်ပေါင်း ၅၀၀ ကြာတဲ့အခါမှာတော့ လူနီလေးတစ်ယောက် သူ့အစွမ်းတွေ ပြန်လည်ရဖို့အတွက် ကြိုးပမ်းပါတော့တယ် ဒီတစ်ခါတော့ ကောင်းကင်ဘုံက ပြိုင်ပွဲကို ပြိုင်ပြီး အနိုင်ရခဲ့ရင် လိုရာဆုတစ်ဆုပြည့်နိုင်မှာဖြစ်တဲ့အတွက် သူ့အစွမ်းတွေကို ပြန်ပြီး ရလိုဇောနဲ့ လူနီလေးတစ်ယောက် ကောင်းကင်ဘုံက ပြိုင်ပွဲကို ပြိုင်ပါတော့တယ် ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကတော့ ဇာတ်လမ်ထဲမှာ ဆက်ကြည့်ကြရအောင်ပါ..ဖန်တီးပြုလုပ်မှုတွေ အရမ်းကောင်းပြီးတော့ ဇာတ်လမ်းဇာတ်အိမ် ခိုင်မာတာမို့ တရုတ်ကားပရိသတ်တွေ အကြိုက်တွေ့ကြဦးမှာပါ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/276 https://t.me/akaungkarmyar/276 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 7🔥 2 1😁 1
777_Charlie_2022 မျက်ရည် လွယ်သူများ မကြည့်ပါနဲ့ 🙅 Review 👇 လူတစ်ယောက်ကို ပြောင်းလဲစေတာက အချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ... ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး တစ်ယောက်တည်းကျန်ခဲ့တဲ့ "ဒါမာ" ကြီးပြင်းတဲ့အထိ တစ်ယောက်တည်းနေဖို့ကိုပဲ ရွေးချယ်ခဲ့ပြီး လူ့ပတ်ဝန်းကျင်နဲ့ဝင်ဆံ့ဖို့ မကြိုးစားတဲ့ လူ့ဂွစာတစ်ယောက် အဲဒီ့သူ့ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာတာကတော့ခွေးလေးတစ်ကောင် အဲဒီခွေးလေးကို သူမမွေးချင်လို့မွေးစားမယ့်သူကို ရှာနေတုန်းမှာပဲခွေးလေးနဲ့ သံယောဇဉ်တွယ်သွားပြီး ခွေးလေးက သူ့ရဲ့ဘဝဖြစ်လာခဲ့တော့တယ် သူ့ရဲ့ မာကြောနေတဲ့ ဘဝကြီးကို နူးညံ့ပျော့ပျောင်းလာစေပြီး ဂျစ်ကန်ကန်နဲ့ လောကကြီးကို အရွဲ့တိုက်နေထိုင်ခဲ့တဲ့ သူ့ကိုအမြင်ကျယ်လာစေခဲ့တာက အဲဒီခွေးလေးပေါ့ လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရား‌အဲဒီမေတ္တာဆိုတဲ့အရာဟာ စစ်မှန်ရင် ဘယ်လောက်တောင် စွမ်း အားကြီးတယ်ဆိုတဲ့အကြောင်း ရိုက်ကူးပြသထားတဲ့မျက်ရည်မခိုင်သူတွေ မျက်ရည်ကျစေမယ့်ဒရမ်မာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ဇာတ်ကားကြည့်ရန် 👇👇 https://t.me/bollywoodmovie789/418?single https://t.me/bollywoodmovie789/418?single ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 13🔥 1
Заборонений контент
The Witch :The Other One (2)2022 ထူးခြားဆန်းသစ်တဲ့ လူသားမျိုးစိတ်တစ်ခု ဖန်တီးဖို့ ကြိုးစားကြရင်းဖြစ်ပေါ်လာတဲ့ ပြဿနာတွေ အစမ်းသပ်ခံလူသားတွေ အားလုံးကို ရှင်းလိုက်ပေမဲ့ အဲဒီထဲကတစ်ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ် သွေးသံရဲရဲနဲ့ လျှောက်သွားနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ KyungHee တို့ အမှတ်မထင် တွေ့ဆုံပြီးတဲ့နောက် ဒီမိန်းကလေးကို ကာကွယ်ဖို့အတွက် Kyung Hee တစ်ယောက် ကြိုးစားပုံကို သဲထိတ်ရင်ဖို ကြည့်ရှုခံစားရမယ့်အပြင် လူသားမျိုးစိတ်အသစ်တစ်ခုလိုဖြစ်နေတဲ့ ဒီမိန်းကလေးရဲ့ စွမ်းအားတွေက ဘာတွေဖြစ်မလဲ ဘယ်သူတွေကများ ဘာရည်ရွယ်ချက်နဲ့ ဒီစမ်းသပ်မှုကြီးကို လုပ်ခဲ့ကြတာလဲ Part 1 ထက်မလျော့တဲ့ သွေးသံတရဲရဲနဲ့ Horror Scenes တွေ ၊ သဘာဝလွန်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ လုံးဝ လန်းပါတယ် ဇာတ်ကားကြည့်ရန် 👇👇 The Witch :The Subversion (1) 2️⃣0️⃣1️⃣8️⃣ https://t.me/channelmyanmar678/77 The Witch :The Other One (2) 2️⃣0️⃣2️⃣2️⃣ https://t.me/channelmyanmar678/79 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 29 3
Заборонений контент
Rampant ( 2018 ) တောင်းထားတဲ့ကားလေးပါ🔥🌟 လီချွမ်ဟာ ဂျိုဆွန်းမင်းသား တစ်ပါးဖြစ်ပြီး စစ်ရှုံးခဲ့တဲ့အတွက် ချင်မင်းဆက်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပါ တယ်။လီချွမ်ဟာ အရမ်းတော်တဲ့ ဓားသမားတစ်ယောက်ပါ။တစ်ရက်မှာတော့ လီချွမ်ရဲ့ အစ်ကို အိမ်ရှေ့မင်းသား လီ ယောင်ဟာ ဂျိုဆွန်းထီးနန်းပြန်ရခဲ့ တဲ့အတွက် လီချွမ်ကို ဂျိုဆွန်းကို ပြန်ခေါ်ခဲ့ပါတယ်။လီချွမ်အဖို့ တော့ ဆယ်နှစ်ကျော်ကြာမှ ဂျိုဆွန်းမြေပေါ် ပြန်ခြေချခွင့်ရတာ ဖြစ်ပါတယ်။လီချွမ်ဂျိုဆွန်းကို ပြန်ရောက် တာနဲ့ ဂျိုဆွန်းမှာ ထိတ်လန့်ဖွယ် ရာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လို့နေပါတယ်။ အဲဒါကတော့ ကြောက်စရာ မကောင်းဆိုးဝါး တွေ ညအချိန်ထကြွသောင်းကျန်း တာမို့ လူတွေအစုလိုက်၊ အပြုံ လိုက် သေဆုံးခဲ့ရလို့ပါ။လူအချင်းချင်း တစ်ယောက် နဲ့ တစ်ယောက် ကိုက်ဖြတ်သတ် ဖြတ်ရင်း ရောဂါတွေကူးကုန်တာ ဘယ်လိုမှ ထိန်းမနိုင်တဲ့ အနေ အထားအထိအောင် ဖြစ်ခဲ့တာ နန်းတော်ထဲအထိပါ ရောက်လာ ပါတော့တယ်။အဲဒီအခါမှာတော့ မင်းကြီး လီယောင်၊ လီချွမ်နဲ့ မင်းကြီးလူယုံ တော် ကင်ဂျာဂျွန်တို့ဟာ တစ်တိုင်း ပြည်လုံးနီးပါး ကူးစက်ခံနေရတဲ့ ရောဂါဆိုးကိုဘယ်လိုတွေ နှိမ် နင်းမှာလဲဆိုတာ ဆက်ကြည့်ရ အောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/channelmyanmar678/73 https://t.me/channelmyanmar678/73 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 12 2🥰 2
Заборонений контент
Ouija Seance: The Final Game 2018 သရဲကားကောင်းကောင်းလေးကြည့်ဖို့စောင့်မျှော်နေတဲ့ပရိတ်သတ်ကြီးအတွက်July ၃ရက်နေ့ကမှ ထွက်ရှိထားတဲ့သရဲကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီနှစ်မှာထွက်လာတဲ့ Ouija ကားလေးက အရင်ကထွက်ထားတဲ့ကားတွေနဲ့ ဆက်စပ်မှုတော့မရှိပါဘူးဆာရာနဲ့ သူ့သူငယ်ချင်းတစ်စုတို့ ကျောင်းပိတ်ရက်မှာ ဆာရာအမွေရထားတဲ့ သူ့အဖွားဆီမှာသွားနေဖို့ အကြောင်းဖန်လာပါတယ် အဲ့အိမ်ရဲ့ထပ်ခိုးမှာ Ouija ဘုတ်ပြား တစ်ခုကို သွားယူခဲ့ပါတယ်။ ဂီရွန်းတွန်းအားပေးလို့ ဆာရာ့အဖွားဖန်တီးခဲ့တဲ့ ကျိန်စာကို မထင်မှတ်ဘဲ နှိုးထလိုက်မိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ Ouijaကားတွေ ကြည့်ဖူးတဲ့သူတွေအတွက်တော့ Ouija Boardဆိုတာ ဘာလဲလို့ သိကြပါတယ် ထင်မထားတဲ့လှည့်ကွက်တွေနဲ့ ကျောချမ်းစရာကောင်းတဲ့ ဇာတ်ကားဖြစ်လို့ ဘေလ်ကုန်ခံရကျိုးနပ်မှာသေချာပါတယ် ဇာတ်ကားကြည့်ရန် 👇👇 https://t.me/theyekarmyar/38 https://t.me/theyekarmyar/38 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 7 1
Заборонений контент
Folk Strange Talka 2022 ထူးဆန်းထွေလာဇာတ်အိမ်နဲ့ပုံဖော်ထားပြီးသည်းထိပ်ရင်ဖိုဇာတ်လမ်းအသစ်လေးနဲ့မိတ်ဆက်ပေးပါမယ် ထျန်းဆွေရွာမှာ နေထိုင်ကြတဲ့ရွာသူရွာသားတွေဟာ ဘာအကြောင်းအရင်းမှမရှိ ပျောက်ဆုံးခဲ့ကြပြီး အဲလိုပျောက်ဆုံးရတဲ့အဓိကအကြောင်းအရင်းကတော့ ထျန်းဆွေမြစ်မှာရှိနေတဲ့ ရေမိစ္ဆာကြီးတစ်ကောင်ကြောင့် ဖြစ်နေပါသတဲ့.. ဒီလိုနဲ့ထျန်းဆွေရွာရဲ့ရွာသူရွာသားတွေဖြစ်ကြတဲ့ ပိုင်ကျစ်အန်း၊ချန်ရွှယ်ချင်း၊အော့နျန် တိုဟာ ကျန်ရှိနေတဲ့ ရွာသူရွာသားတွေနဲ့အတူပူးပေါင်းပြီး အမှန်တရားနောက်လိုက်ဖိုကြိုးပမ်း ကျပါတော့တယ် ဆန်းပြားလှတဲ့ ဒီရေမိစ္ဆာကြီးရဲ့နောက်ကွယ်မှာဘယ်လိုမျိုးရာဇဝင်တွေရှိနေမှာလဲ..? ပိုင်ကျစ်အန်းတိုကရော ဒီမိစ္ဆာကြီးကို အောင်မြင်စွာနှိမ်နင်းနိုင်ပါ့မလား ဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့အသစ်ထွက်ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်... ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/274 https://t.me/akaungkarmyar/274 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 14
Заборонений контент
In Its Wake 2023 ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/272 https://t.me/akaungkarmyar/272 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 5
Sarkar  [ 2018 ] မြန်မာစာတန်းထိုး ======================= "မင်္ဂလာပါ ကိုယ့်လူတို မစ္စတာ ဆွန်ဒါ ရာမဆွာမီရဲ့ အကြောင်း သိတဲ့သူ ဘယ်နှယောက် ရှိလဲ ""သူက ထိပ်သီကုမ္ပဏီ GL ရဲ့ CEO ပါ""သူက အမေရိကမှာနေတဲ့ တမေးလ်လူမျိုးပါ""သူက ဒေါ်လာသန်းပေါင်းများစွာ လစာရသူပါ""ဒီအပြင် သူဟာ ပြိုင်ဘက်ကုမ္ပဏီတိုင်းကို ဖြိုခွင်းတတ်တယ် သူကို ကုမ္ပဏီတော်တော်များများ ဖိမ့်ဖိမ့်တုန် ကြောက်ကြရတယ်"ခု သူ အိန္ဒိယကို ပြန်လာတာ ဘာအတွက်လဲ?အရင်လို ကုမ္ပဏီတချိုကို ဖြိုခွင်းခဲ့ဦးမှာလား?"ယုံတောင်မယုံနိုင်ပါဘူးဗျာ သူ အိန္ဒိယကိုလေယာဉ်စင်းလုံးငှားပြီး ဘော်ဒီဂတ်တွေနဲ့ ပြန်လာတာ သူပြည်နယ်ရွေးကောက်ပွဲမှာမဲပေးဖို အတွက် သီးသန့်ပဲတဲ့။ သူမဲပေးပြီး ညနေ မိသားစုနဲ့ ထမင်းလက်ဆုံစား၊ပြီးရင် အမေရိကကို ပြန်မှာပါတဲ့"ဒီလိုနဲ့ အမေရိကမှာနေတဲ့ တမေလ်နာဒူပြည်နယ်ဂုဏ်ဆောင်မစ္စတာ ဆွန်ဒါရာမဆွာမီဟာ မဲရုံဆီ သွားပြီး မဲပေးခဲ့ရမှာတော့ သူ့အမည်နဲ့ မဲက ပေးပြီးသား ဖြစ်နေခဲ့တာပါ။သူတပါးကြောတာကို မခံချင်တဲ့ ဆွန်ဒါရာမဆွာမီဟာငွေကုန်ကြေးကျ ခံပြီး မဲပေးဖို အဝေးကြီးက လာခဲ့ရတော့ သူ့မဲပေးခွင့်ကို ပြန်လည်တောင်းခံပါတော့မယ်။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/bollywoodmovie789/406?single https://t.me/bollywoodmovie789/406?single ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показати все...
👍 16