Movie World MM Sub • MAIN CHANNEL
Відкрити в Telegram
2025 рік у цифрах

32 487
Підписники
+524 години
+4257 днів
-67130 день
Архів дописів
Фото недоступнеДивитись в Telegram
ရေ*စက်*တို့*သည်*လည်း တစ်*ခါတစ်*ရံ မ*ဆုံ*ဆည်း*သာ
နေတိုး+နော်ဖောအယ်ထား+အေးမြတ်သူ
2:28:50
Відео недоступнеДивитись в Telegram
Ch+++ak+++de In+++dia [ 2+0/0+7 ]
Credit to original uploader
Disclaimer: No copyright infringement intended. I do not own the music and video. I give full credit to the rightful owners.
00463_Chak_De!_India_2007_Drama_Shah_Rukh_Khan_INDIA_7_3.mp4959.70 MB
Фото недоступнеДивитись в Telegram
Ch+++ak+++de In+++dia [ 2+0/0+7 ]
-------------------------------------------
ကာဘာရ်ခန် ဟာ အိန္ဒိယအမျိုးသားဟော်ကီအသင်းရဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်သလို နာမည်ကျော်ကစားသမားလည်းတစ်ဦးလည်းဖြစ်ပါတယ်..ပထမဆုံးမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့ ကမ္ဘာ့ ချန်ပီယံ အမျိုးသားဟော်ကီပွဲကိုယှဉ်ပြိုင်နေကြတာပါ..နောက်ဆုံးမိနစ် ပင်နယ်တီမှာ ကာဘာရ်ခန် တစ်ယောက် လွဲချော်သွားလို့ ရှုံးနိမ့်ခဲ့ပေမယ့် ပွဲပြီးတဲ့အခါ ပါကစ္စတန်က ကစားသမားတစ်ဦးကလာရောက်နှုတ်ဆက်လို့ရယ်ပြုံးနှုတ်ဆက်မိတာကို သတင်းထောက် တစ်ယောက်ကဓါတ်ပုံအတိအကျရိုက်ပြီး အမျိုးသားသစ္စာဖောက်ခဲ့တာလားဆိုတဲ့ နာမည်ဆိုးနဲ့ဖွပါတော့တယ်..ဒီလိုနဲ့ ကာဘာရ်ခန် ဟာပြသနာတွေတက် ပြည်သူတွေကလည်း အမျိုးသားသစ္စာဖောက်အနေနဲ့ ဝိုင်းဝန်းစွပ်စွဲလို့ နေထိုင်ရတဲ့အိမ်ကနေတောင်ပြောင်းပြေးခဲ့ရပြီး နေရာခြားမှာသွားရောက်နေထိုင်ခဲ့ရပါတယ်..ဒီလိုနာမည်ပျက်တွေကြား…အရှုံးတွေကြား သူ့ဂုဏ်အပြင် အိန္ဒိယ နိုင်ငံရဲ့ ဂုဏ်သိက္ခာ ပြန်တက်အောင်..ဘယ်လိုလုပ်မလဲ
လူအများထင်ခဲ့တဲ့အမျိုးသားသစ္စာဖောက် ဘ၀ကနေ ဘယ်လိုမျိုးရုန်းထွက်ကြိုးစားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်....
1:54:19
Відео недоступнеДивитись в Telegram
Ke*darn*ath [2/0/1/8]
⚠️Copyright Disclaimer⚠️
No copyright infringement intended. I do not own any of the video or music. Use only for the entertainment purpose only under the principal of Fair Use. All rights reserved goes to its rightful owner✔️
1239.85 MB
Фото недоступнеДивитись в Telegram
Ked*arn*ath (2/0/1/8)
IMDB (5.6/10)
ဇာတ်လမ်းအကျဉ်းကတော့ မန်ဆူးလို့ ခေါ်တဲ့ကောင်လေးနဲ့ မူကူးလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်တို့နဲ့ စတင်ထားတယ်
ကျနော်တို့ မြန်မာနိုင်ငံမှာဆို အထင်ကရ ကျိုက်ထီးရိုးဘုရားကိုဘုရားဖူးတွေက လမ်းလျှောက်တက်ကြတယ်..အသက်ကြီးသူတွေကတော့ ကားတို့ဆိုက်ကယ်တို့နဲ့ အဆင်ပြေသလိုပေါ့
ဒီဇာတ်လမ်းထဲမှာလဲ အရှင်ရှီဗားကို ဝတ်ပြုကိုးကွယ်ဖို့ အတွက်လူတွေဟာ တောင်ပေါ်ကို ခြေလျင် တက်ကြတယ်အရှင်ရှီဗား ရဲ့ ဝတ်ကျောင်းဆောင်ကို ရောက်ဖို့ လမ်းလျှောက်တက်ကြသလိုအသက်ကြီးရွယ်အိုတွေကတော့ အထမ်းသမားနဲ့ တက်ရတယ်
အဲ့ဒီ အထမ်းသမားတွေထဲမှာ မန်ဆူး လို့ ခေါ်တဲ့ကောင်လေး တစ်ယောက်လဲ အပါပေါ့..အထမ်းသမားတွေဟာ မန်ဆူးကိုမြင်ရင် နှာခေါင်းရှုံ့သွားကြတယ်
ဘာလို့လဲဆိုတော့ ဘုရားဖူးဖို့လိုက်ပို့တဲ့ အထမ်းသမားက မွတ်စလာမ်ကောင်လေး ဖြစ်နေလို့ပါ..ဒါပေမယ့် တောင်ပေါ်ရောက်တဲ့ အခါကျရင် မန်ဆူးကို လူတွေကပိုပြီး ချစ်သွားကြတော့တာပဲ
1:49:22
Відео недоступнеДивитись в Telegram
𝙻𝚘𝚟𝚎 𝚊𝚗𝚍 𝙼𝚘𝚗𝚜𝚝𝚎𝚛𝚜 (𝟸𝟶𝟸𝟶)
=====================
ကမ္ဘာကြီးကို ဝင်တိုက်မယ့် ဥက္ကာခဲကြီးတစ်ခု ပျံလာတယ်။ လူတွေက သူတို့ အတော်ဆုံး အလုပ် လုပ်လိုက်ကြတယ်။ ဥက္ကာခဲကြီးကို ဒုံးကျည်ပေါင်းစုံနဲ့ ပစ်တာပေါ့။ ဥက္ကာခဲကြီးကတော့ ကွဲသွားပါတယ်။
ဒုံးကျည်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေက ကမ္ဘာပေါ်ကို ကျလာပါလေရော။ လူတွေက ကံကောင်းကြပါတယ် ဓာတုအဆိပ်မသင့်ကြဘူး။ အင်းဆက်ပိုးတွေ၊ ဖားတွေ၊ ပုတ်သင်တွေကတော့ ကံမကောင်းကြရှာဘူး သန္ဓေပြောင်းပြီး ဧရာမကြီးတွေ ဖြစ်သွားတယ်။ လူတွေကို ပြန်စားကုန်ကြတယ်။
အဲဒီဧရာမအကောင်ကြီးတွေနဲ့ တိုက်ပွဲမှာလူသား ၉၅% လောက် သေသွားလေရဲ့။ နောက်ဆုံးကျန်တဲ့ သူတွေက အဖွဲ့လိုက်လေး မြေအောက်မှာ ကိုယ်စီပုန်းနေရင်း ကျူးကျော်လာတဲ့ အကောင်တွေနဲ့ တိုက်နေရတယ်။
အဲဒီထဲမြာ မင်းသားက အကောင်ကြီးတွေဆို ကြက်သေသေလောက်အောင် အသေကြောက်တဲ့ကောင်၊ ဘာလက်နက်မှလည်း မပါဘူး သူတို့စခန်းမှာလည်းအကုန်လုံးက အတွဲတွေချည်းပဲ။ ဒီတစ်ကောင်ပဲ FA ကောင်ဖြစ်နေတာ…✔️
784.72 MB
1:56:10
Відео недоступнеДивитись в Telegram
𝙵𝚒𝚗𝚌𝚑 (𝟸𝟶𝟸𝟷)
===============
အိုဇုန်းလွှာပျက်စီးပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် နေရောင်ထဲကို လူသားတွေထွက်လို့မရတော့ အချိန်၊ EMP ကြောင့် လျှပ်စစ်ဓာတ်အားလုံး သေဆုံးသွားတဲ့အချိန်၊ ရာသီဥတုဖောက်ပြန်ပြီး မုန်တိုင်းတွေ ဆက်တိုက်တိုက်ခတ်နေတဲ့ အနာဂတ် ကမ္ဘာပျက်ကြီးထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ဖင့်ချ်ဆိုတဲ့ အဘိုးကြီးတစ်ယောက် အဖော်အနေနဲ့ ခွေးလေးတစ်ကောင်နဲ့ စက်ရုပ်လေး တစ်ရုပ်ရှိတယ်သူ မရှိတော့တဲ့အချိန်မှာ ခွေးလေးကို စောင့်ရှောက်ဖို့နောက်ထပ်စက်ရုပ်တစ်ရုပ်တိုးလာပြီး အဲဒီစက်ရုပ်ကို သင်ကြားပေးဖို့ ကြိုးစားနေတဲ့အချိန်မှာ စက်ရုပ်ကလည်း လူလုပ်အသိဉာဏ်ရှိတဲ့အဆင့်ဖြစ်တော့ တဖြည်းဖြည်းသင်ယူလာနိုင်တာပေါ့ဒီလိုနဲ့ ဖင့်ချ် လက်ရှိနေတဲ့နေရာကို ဧရာမမုန်တိုင်းကြီးရောက်လာတော့မယ့်အခါမှာ ဘေးကင်းတဲ့အဝေးတစ်နေရာကိုအခက်အခဲတွေ ကြားထဲကနေ ရောက်အောင်သွားဖို့ စွန့်စားခန်းဖွင့်တာကို တွေ့ရပါလိမ့်မယ်…✔️
Finch.2021.720p.ATVP.WEB-DL[CM].mp41163.37 MB
2:12:13
Відео недоступнеДивитись в Telegram
ဂျပန်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့
အုပ်ချုပ်မှုအောက်က ကိုရီးယားပြည်သူတွေရဲ့အကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးထားတဲ့ကား
======================
ကိုရီးယားရဲ့ စံချိန်တင် ဝင်ငွေချိုးခဲ့သလို အကောင်းဆုံးဇာတ်ကားအနေနဲ့လည်း မှတ်တမ်းတင်ခံထားရတဲ့ဇာတ်ကားလေးပါ။မင်းသားကြီးတွေဖြစ်တဲ့ Hwang Jung Min, So Ji sub တိုနဲ့အတူ Song Joong Ki အဓိကပါဝင်ထားပြီး မင်းသမီး Lee Jung Jyunတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။
မင်းသားတွေကြောင့် နာမည်ကျော်တာမဟုတ်ဘဲ ဇာတ်ဆောင်အားလုံး ဒီဇာတ်ကားကို အနောက်နိုင်ငံ ဈေးကွက်အထိပါ ဖြန့်ချီနိုင်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၃ နိုင်ငံမှာ ရုံတင်ပြသတဲ့အထိကို အောင်မြင်ခဲ့တဲ့ ကိုးရီးယား ဇာတ်ကားကောင်း။ဘတ်ဂျတ် USD ၂၁ သိန်းအထိ အသုံးပြု ရိုက်ကူးခဲ့ပြီး ပထမဆုံးရုံတင်ရက် ၅ ရက်အတွင်းကို အရင်းကျေခဲ့တဲ့ကားလေးပါ။ ဒီဇာတ်လမ်းကို ဟိုး ၁၉၄၅ ကိုလိုနီခေတ် ကိုးရီးယား ဂျပန်လက်အောက်ကို ကျရောက်စဉ်အခါက ဖြစ်ရပ်မှန်လေးတစ်ခုပေါ် အခြေတည်ပြီး ရိုက်ကူးထားပါတယ်…✔️
1117.32 MB
❤ 1
Фото недоступнеДивитись в Telegram
ဒီတစ်ခေါက်တင်ဆက်ပေးမယ့် အိန္ဒိယဇာတ်ကားကောင်းလေးကတော့ "Tamilarasan"ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဒီကားလေးထဲမှာဆိုရင် တမီးလ်လာရာဆန်ဟာ ဇနီးဖြစ်သူ၊ သားဖြစ်သူနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ ရိုးသားတဲ့ရဲအရာရှိတစ်ယောက်ပါ
ဘဝကိုအမြဲတမ်း မှန်မှန်ကန်ကန်ပဲနေခဲ့ပြီးတော့ သူတစ်ပါးကိုအန္တရာယ်ဖြစ်မယ့်အလုပ် ဘယ်လိုအလုပ်မှမလုပ်တဲ့သူပေါ့
ဒါပေမယ့် တစ်နေ့သူချစ်ရတဲ့သားလေး
နှလုံးအစားထိုးရမယ့်အခြေအနေကိုရောက်လာတဲ့အချိန်မှာတော့
တမီးလ်လာရာဆန်တစ်ယောက် ကြံမိကြံရာလုပ်ရပါတော့တယ်
ဆေးရုံကလည်း ပိုက်ဆံသာမပေးရင် လူ့အသက်ဘာပဲဖြစ်ဖြစ် ကြည့်နေမယ့်ဆေးရုံမျိုးဖြစ်တဲ့အတွက် တမီးလ်လာရာဆန်တစ်ယောက် ဆေးရုံကိုဝင်စီးပြီး သူ့သားကိုကုသပေးဖို့
ခြိမ်းခြောက်ရတော့တာပေါ့
တမီးလ်တစ်ယောက် သူ့သားလေးကိုကယ်တင်နိုင်ပါ့မလား၊ အနုနည်းနဲ့မရတာကြောင့် အကြမ်းနည်းကိုသုံးလိုက်ရတဲ့ တမီးလ်လာရာဆန်တစ်ယောက် ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
1:53:28
Відео недоступнеДивитись в Telegram
𝙿𝚄𝙻𝙰𝚄 (𝟸𝟶𝟸𝟹)
================
သရဲကားခပ်ကောင်းကောင်းကြိုက်သူတွေအတွက် လူသူမဲ့ကျွန်းပေါ်ကို အလည်ခေါ်သွားမဲ့ မလေးရှားသရဲကားကောင်းကောင်းလေးတစ်ကားပါ။
ဇာတ်ကြောင်းကတော့ ခက်တို့ သူငယ်ချင်း၇ယောက် အားလပ်ရက်အပန်းဖြေခရီးထွက်ရင်း လူသူမဲ့ကျွန်းကြီးတစ်ခုအနီးမှာရေသွားကူးဖြစ်ကြပါတယ်။
နယ်ခံလှေဆရာကြီးပြောပြတာတော့ အဲ့ဒီကျွန်းဟာ တားမြစ်ထားတဲ့ကျွန်း၊ လူသူမနေတဲ့အပြင် ကျွန်းရဲ့ သမိုင်းကလည်းမကောင်းလှဘူး။
လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက် အဲ့ကျွန်းပေါ်ကနေထိုင်သူတိုင်းဟာ ကျိန်စာမိသွားပြီး သေဆုံးသွားကြတာ အလောင်းတောင်ရှာမရဘူးတဲ့....။
ဖြစ်ချင်တော့ ဒီပုံပြင်ကိုမယုံတဲ့ အခြားလူငယ်အုပ်စုတစ်ခုနဲ့ စကားအချေအတင်ဖြစ်ရင်း အလောင်းအစားတစ်ခုလုပ်မိတယ်...။
လောင်းကြေးကတော့ ရှုံးတဲ့အဖွဲ့ အဲ့ကျွန်းမှာ တစ်ညသွားအိပ်ကြေး....။
ကံဆိုးချင်တော့ ခက်တို့အဖွဲ့ရှုံးသွားပြီး အဲဒီ ကျိန်စာသင့်လူသူမဲ့ကျွန်းမှာ တစ်ညသွားအိပ်ရပါတော့တယ်...။
ခက်တို့ အုပ်စုရော အဲ့ကျွန်းပေါ်ကနေ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါ့မလားဆိုတော့...✔️
850.49 MB
1:32:59
Відео недоступнеДивитись в Telegram
𝚃𝚑𝚎 𝙿𝚘𝚜𝚜𝚎𝚜𝚜𝚒𝚘𝚗 ( 𝟸𝟶𝟷𝟸 )
======================
ဘက်စကတ်ဘောနည်းပြ ကလိုက်ဒ်နဲ့ သူ့ဇနီး စတက်ဖနီတို့ကကွာရှင်းလိုက်ကြပြီး ကလေးနှစ်ယောက်ကို ကလိုက်ဒ်က ခေါ်သွားခဲ့ပါတယ် ။အိမ်ပြောင်းလာတာဖြစ်တဲ့ ကလိုက်ဒ်တို့ သားအဖသုံးယောက်ဟာခြံဝန်းတစ်ခုမှာ ပစ္စည်းအဟောင်းတွေ ရောင်းနေတာနဲ့ လိုတာတွေ ဝင်ဝယ်ကြပါတော့တယ် ။အဲဒီနေရာမှာ ကလိုက်ဒ်ရဲ့ သမီးငယ်လေး အမ်မလီ မျက်စိကျသွားတဲ့ပစ္စည်းကတော့ ရှေးဟောင်းသေတ္တာတစ်လုံးပါပဲ ။ သေတ္တာအဖုံးပေါ်မှာဟီဘရူးဘာသာစကားနဲ့ “သတိပေးချက် : မဖွင့်ရ သေတတ်သည်” လို့ရေးထားတဲ့ သေတ္တာကို အမ်မလီလေး ဖွင့်နိုင်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ ။သေတ္တာထဲမှာရှိနေတာကရော ဘာဖြစ်မလဲ ။ ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့အမ်မလီကို ကလိုက်ဒ်တို့ မိသားစု ကယ်နိုင်ပါ့မလားဆိုတာ…✔️
1579.96 MB
1:17:01
Відео недоступнеДивитись в Telegram
Fa"""n E"""dit, Tri"""bute E"""dit, Rei"""magi"""ned Sce"""ne
Red Land (2025) 720p WEB-DL AAC2.0-CM.mp4559.48 MB
Фото недоступнеДивитись в Telegram
နျူကလီယားစစ်ပွဲကြီးသာတကယ်ဖြစ်သွားခဲ့ရင် ကမ္ဘာကြီးကဘယ်လိုဖြစ်သွားမလဲဆိုတာကို
စိတ်ကူးယဉ်ပုံဖော်ထားတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။
မထင်မှတ်ပဲနျူကလီယားစစ်ပွဲဖြစ်သွားပြီးတဲ့နောက်မှာ ကမ္ဘာကြီးကပျက်စီးသွားပြီးတော့
လူသားတွေကမြေအောက်မှာပဲရှင်သန်ကြရတဲ့ကာလတစ်ခုကို
စိတ်ကူးယဉ်ဖန်တီးပြီး ပုံဖော်ထားတာပဲဖြစ်ပါတယ်။
မြေပြင်ပေါ်ကကမ္ဘာကြီးပျက်စီးသွားပြီးနောက်ပိုင်းမှာ အရင်ကမြေအောက်ရထား
ဘူတာဟောင်းဖြစ်တဲ့ အနီရောင်မြေဆိုတဲ့နေရာမှာ အသက်ရှင်ကျန်သူတွေက
စုဝေးပြီးတော့ မြို့တစ်မြို့တည်ထောင်ပြီး နေကြတယ်။ မြေအောက်မှ
ာအသက်ရှင်နေတာလူသားတွေတင်မကပဲ ခူမျိုးနွယ်စုဆိုတဲ့
လူသားကိုမျိုုးရိုးဗီဇပြောင်းထားတဲ့မျိုးနွယ်စုတစ်စုလဲရှိပါတယ်။
လူသားတွေနဲ့ခူမျိုးနွယ်စုဟာ မြေအောက်အရင်းအမြစ်တွေလုရင်း
အမြဲတိုက်ခိုက်နေကြပါတယ်။ တစ်နေ့မှာတော့ ခူမျိုးနွယ်မိန်းကလေးတစ်ယောက်ဟာ
အနီရောင်မြေထဲကိုဝင်လာပြီးတော့ မြို့ဝန်ကိုလုပ်ကြံဖို့ကြိုးစားပါတယ်။
အဲဒီအချိန်မှာ အနီရောင်မြေရဲ့ကြီးမားတဲ့လျှို့ဝှက်ချက်ဟာတစ်ဖြည်းဖြည်းနဲ့ပေါ်လာခဲ့ပါတယ်......
ကြည့်ရန်နှိပ်ပါ☞ 𝐌𝐨𝐯𝐢𝐞𝐋𝐢𝐧𝐤 🎬
❤ 1
1:34:12
Відео недоступнеДивитись в Telegram
«ဆေးဝါးစမ်းသပ်မှုမှားယွင်းပီး လူတစ်ပိုင်းငါးတစ်ပိုင်းသို့ ပြောင်းလဲသွားသောအခါ»
Collective Invention (2015)
=====================
ဆေး၀ါးစမ်းသပ်မှုတစ်ခုမှာ အစမ်းသပ်အခံအဖြစ် ၀င်ပါခဲ့တဲ့ ဘတ်ဂူဆိုတဲ့ အမျိုးသားတစ်ယောက်ထိုဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ပဲ လူစင်စစ်ကနေ ငါးတစ်ပိုင်းလူတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရာကနေစတင်ထားပါတယ်။ထိုအကြောင်းကို ဘတ်ဂူရဲ့ချစ်သူဖြစ်တဲ့ ဂျူဂျင်ဆိုတဲ့မိန်းကလေးတစ်ယောက်က အွန်လိုင်းပေါ်ဖြန့်လိုက်ရာကနေဆောဆန်း၀မ်ဆိုတဲ့ သတင်းထောက်ဖြစ်ချင်နေတဲ့လူတစ်ယောက်က တွေ့သွားပြီးငါးတစ်ပိုင်းလူတစ်ပိုင်းလည်းတစ်ဖြစ် ဘတ်ဂူရဲ့အကြောင်းကိုစတင်စုံစမ်းပါတော့တယ်။ဒီလိုနဲ့ ငါးလူသားဘတ်ဂူနဲ့ ဆောဆန်း၀မ်တို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ငါးလူသားဘတ်ဂူကရော ပျော်စရာအဆုံးသတ်ကိုရသွားနိုင်ပါ့မလားဆိုတာကိုတော့ Collective Invention ဆိုတဲ့ဇာတ်လမ်းမှာ အဖြေရှာလိုက်ကြတာပေါ့…✔️
1011.87 MB
