Movie World MM Sub • MAIN CHANNEL
Відкрити в Telegram
2025 рік у цифрах

32 529
Підписники
+524 години
+4257 днів
-67130 день
Архів дописів
2:33:08
Відео недоступнеДивитись в Telegram
ဂန်ဂူးဘိုင်
(2/0/2/2)
Credit to original uploader
Disclaimer: No copyright infringement intended. I do not own the music and video. I give full credit to the rightful owners.1130.64 MB
Фото недоступнеДивитись в Telegram
ဂန်ဂူးဘိုင် (2022)
IMDb Rating 7.0 နဲ့ Rotten Tomatoes (91%) ထိ ရရှိထားပြီး မင်းသမီး Alia Bhatt အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသားကြီး Ajay လဲ အားဖြည့်ပါဝင်ထားပါတယ်။
Bajirao Mastani,Padmaavat,Devdas တို့လို ရုပ်ရှင်ကားကြီးတွေရဲ့ ဒါရိုက်တာ Sanjay Leela Bhansali ရဲ့လက်ရာဖြစ်တာမို့ ပိုလို့လူကြိုက်များခဲ့ပါတယ်။
ဇာတ်လမ်းကလဲ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။
1960ခုနှစ်များဆီက မွန်ဘိုင်းရဲ့ မာဖီးယားဘုရင်မတစ်ယောက်ဖြစ်တဲ့ Ganga Harjivandas ရဲ့ ဘဝဇာတ်ကြောင်းဖြစ်ပါတယ်။
သူမဟာ ငယ်စဉ်ကဘောလီးဝုဒ်ရုပ်ရှင်စတားတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမဲ့ ချစ်သူရဲ့ လှည့်စားမှုကို ခံရပြီး
ပြည့်တန်ဆာအဖြစ် ရောင်းစားခံလိုက်ရပါတော့တယ်။
ထက်မြက်တဲ့မိန်းမတစ်ယောက်ဟာခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်ပြီး ပြည့်တန်ဆာခေါင်းအဖြစ်ရှင်သန်ရပ်တည်လာတဲ့နောက်မှာ ယဉ်ကျေးမှုအစဉ်အလာအားကြီးတဲ့အိန္ဒိယနိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက နှစ်တစ်ရာလောက်ရပ်တည်လာတဲ့ သူမတို့ ပြည့်တန်ဆာအိမ်က အမျိုးသမီး ၄၀၀၀ရဲ့ ဘဝတွေကို တိုက်ခိုက်ရန်စလာတဲ့အခါ...
အနာဂတ်ကိုဆက်လျှောက်ရမယ့် ကလေးတွေနဲ့ ပြည့်တန်ဆာတစ်ယောက်မှာလည်း ရသင့်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပညာသင်ခွင့်နဲ့ အခွင့်အရေးအတွက် သူမဘယ်လိုရင်ဆိုင်သွားမလဲ။
"ယောကျာ်းတွေက လူသေကောင်နဲ့ဆိုရင်တောင် ယုံရတာမဟုတ်ဘူး"ဆိုတဲ့ နာကျင်နေတဲ့သူမစကားရဲ့နောက်မှာ ရှုံ့ချမှုတွေ၊ ဒဏ်ရာတွေကို သူမဘယ်လိုကြံ့ကြံ့ခံမလဲ။
တစ်ခုခုဆိုတာနဲ့ အပြစ်တင်ရှုံ့ချတတ်တဲ့ လူထုဆိုတဲ့အရာကရော သူမတို့ကို နောက်ဆုံးထိ တိုက်ခိုက်သွားနိုင်မှာလားဆိုတာ ဒီ Gangubai Kathiawadi ဆိုတဲ့ကားလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။
မိန်းမတစ်ယောက်ရဲ့ အတိတ်ရဲ့ဒဏ်ရာနဲ့ ဒဏ်ရာကို ရင်ဆိုင်တိုက်ခိုက်ရဲတဲ့ သတ္တိတွေဆီကနေ ဘာသင်ခန်းစာတွေများ ရနိုင်မလဲဆိုတာ..
❤ 1
1:48:49
Відео недоступнеДивитись в Telegram
The Haunted Ship [2020 channelzk 😍😬
Bhoot Part One – The Haunted Ship (2020) 00_02_00-.mp4889.47 MB
❤ 1
Фото недоступнеДивитись в Telegram
ဂျူဟူဆိပ်ကမ်းကို ပျောက်ဆုံးနေတဲ့ သင်္ဘောကြီးတစ်စင်း ဆိုက်ကပ်လာတယ်....
ဒီသင်္ဘောကြီးက ပင်လယ်ထဲမှာ ပျောက်ဆုံးသွားပြီး ဂျူဟူဆိပ်ကမ်းကို ရောက်လာတာ...
သင်္ဘောကြီးက ရာဇဝင်တွေရှိတယ်
တစ်ချိန်တုန်းက ဒီသင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သင်္ဘောသားအကုန်လုံး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာ...
သင်္ဘောဋ္ဌာနက စစ်ဆေးရေးအရာရှိ ပရိသ်ဗီးက စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့....
စစ်ဆေးနေရင်းနဲ့ သင်္ဘောပေါ်မှာ ထူးခြားတာတွေ တွေ့လာရတယ်...
ယိုပေါက်မရှိပဲ ဒီဇယ်တွေ စီးကျနေတာမျိုး ...
အရိပ်တွေဖြတ်ပြေးသွားတာမြင်နေရတာမျိုး...
အထူးဆန်းဆုံးကတော့ သင်္ဘောပေါ်မှာ ကလေးတစ်ယောက်ကို မျက်ဝါးထင်ထင်တွေ့လိုက်ရတာမျိုးတွေပေါ့ ...
ဒီတော့ ...သင်္ဘောကြီး နဲ့ သူနဲ့ဘယ်လိုများဆက်စပ်နေသလဲ
ကလေးကရော ဘယ်သူများလဲ...တစ္ဆေများလား..
တစ္ဆေဆိုရင်ရော ဘာကြောင့် ဒီသင်္ဘောပေါ်ရောက်နေရတာလဲ...
သင်္ဘောသားတွေ ဘာကြောင့်ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ကြသလဲဆိုတာကတော့....
2:25:23
Відео недоступнеДивитись в Telegram
Creation of the Gods II: Demon Force (2/0/2/5) channelzk 🤩🤩
Creation_of_the_Gods_II:_Demon_Force_2025_720p_WEB_DL_AAC2_0_CM.mp41525.10 MB
Фото недоступнеДивитись в Telegram
Creation of the Gods II: Demon Force (2/0/2/5)
IMDB. 6.4/10
ကျီးဖားကရှန်းတိုင်းပြည်ဘုရင်ကြီးယင်းရှို့ကို လုပ်ကြံပြီးသွားတဲ့နောက်မှာ ရှန်းတိုင်းပြည်နဲ့ရှီးချီစစ်ပွဲကြီးစတင်သွားပါတယ်။ ဘုရင်မင်းမြတ်အမိန့်နဲ့ စစ်သူကြီးတန့်ချန်ယွိကို မိစ္ဆာစစ်သူကြီး(၄)ယောက်ကိုဦးဆောင်စေပြီး ရှီးချီကိုစစ်တိုက်စေခဲ့တယ်။ ရှီးချီဖက်မှာတော့ယင်းကျောင်း၊ ယန်ကျန်၊ လေကျန့်ကျီ၊ နီကျားတို့ကပါဝင်ကူညီရခဲ့ပါတယ်။ သူတို့ရဲ့အကူအညီနဲ့ ကျီးဖားက ရှီးချီစစ်တပ်ကိုဦးဆောင်ပြီး ပြည်သူတွေကိုကာကွယ်ပေးဖို့အပြင်းအထန်ကြိုးစားရပါတယ်။ နတ်ဘုရားတွေရဲ့တိုက်ပွဲဟာ ဘယ်လိုကြမ်းမလဲဆိုတာတော့
ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါ
2:24:02
Відео недоступнеДивитись в Telegram
နီကျား - ၂ ကြည်တောက်ရှင်း
Channelzk 🤩🤩
(CM) Ne.Zha.2.2025.HQ.720p.WEB-DL.h264-Naung.mp42012.67 MB
နီကျား -၂ (၂၀၂၅)
=====================
ကြည်တောက်ရှင်း ထွက်ပါပြီ 😍
IMDb Rating (8.1) / Rotten Tomatoes (96%)
ဝင်ငွေအများဆုံး နံပတ်တစ် Animation ရုပ်ရှင်ဖြစ်တဲ့ Nezha 2 ရုပ်ရှင်ဟာ ဒီနေ့ Digital ထွက်ရှိလာပြီ ဖြစ်ပါတယ်။
Fengshen Cinematic Universe ထဲက နီကျား 2 ရုပ်ရှင်ဟာ ရုံတင်ရက် ( ၅၂ )ရက်မှာ စုစုပေါင်း $2.2 billion အထိ ရရှိခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိထားပါတယ်။
Fengshen Cinematic Universe (FCU) ဆိုတာကတော့ တရုတ်ဒဏ္ဍာရီလာ “Fengshen Yanyi” (封神演义) ဇာတ်လမ်းအပေါ်အခြေခံထားပြီး၊ ဒဏ္ဍာရီဇာတ်ကောင်များနှင့်ဇာတ်လမ်းများကို Animation အဖြစ်ရိုက်ကူးထားသော ရုပ်ရှင်တွေဖြစ်ပါတယ်။
ဒါ့အပြင် ” Chinese Mythology Universe ” (သို့) နီကျား ရဲ့အောင်မြင်မှုကြောင့် “နီကျား Universe” လို့လည်း တစ်ချို့က ခေါ်ဆိုကြပါသေးတယ်။အရင်ကတည်းက ကျုံးကော်မြေက Donghua နီကျား တွေဟာ တစ်မူထူးခြားပြီး လှပတဲ့ဇာတ်ကောင်ရေးဆွဲမှုတွေကြောင့် ကြည့်ရတာမျက်စိပသာဒဖြစ်ပြီး လူကြိုက်များရေပန်းစားပါတယ်။
ဒါကိုမှ ကြီးမားကျယ်ပြန့်လှတဲ့ တရုတ်ဒဏ္ဍာရီရဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေကို ဆွဲထုတ်ပြီး ပြန်လည်ပုံဖော်လိုက်တဲ့အခါမှာတော့ လက်ရှိ Hot ဖြစ်နေတဲ့ နီကျားတို့လို ရုပ်ရှင်တွေ ဖြစ်ပေါ်လာပါတော့တယ်။ဒါဆို FCU မှာ ဘယ်ရုပ်ရှင်တွေ ပါတာလဲဆိုရင်တော့ အောက်ကရုပ်ရှင်တွေပါ။
#Credit
2:32:21
Відео недоступнеДивитись в Telegram
W*a*r [2/0/1/9] မြန်မာစာတန်းထိုး
Credit to original uploader
Disclaimer: No copyright infringement intended. I do not own the music and video. I give full credit to the rightful owners.
1332.12 MB
Фото недоступнеДивитись в Telegram
နာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်....
ဘတ်ဂျက်ငွေရဲ့ ၃ ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။
တိုက်ဂါးနဲ့ ရီသိတ်ဟာ တပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ် မြင်ရပါမယ်။
ရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။
သူ ဘာကြောင့် ပစ်ခဲ့တာလဲ ဘာကြောင့်သစ္စာ ဖောက်သွားခဲ့တာလဲ...
သူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့... တိုက်ဂါးပါ။
ကဲ ဆရာနဲ့ တပည့် ရန်သူနှင့် ပြည်သူ့ဘက်တော် သား.... ဘယ်လို ဆက်ဖြစ်ကြမလဲ..... အမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ.... ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျ။
Фото недоступнеДивитись в Telegram
IMDB 7.9/10
အခုတင်ဆက်ပေးမယ့် ရုံတင်ငွေကုဋေခုနစ်တယ်ထိ ရရှိအောင်မြင်ခဲ့တဲ့
ဇာတ်လမ်းလေးက တလေဂူးစကားပြော အိန္ဒိယအချစ်ဇာတ်လမ်းတစ်ပုဒ်…
"တကယ်တော့ အချစ်ဆိုတာ သိစိတ်ရဲ့ခဏတာရူးသွပ်မှုနဲ့မသိစိတ်ရဲ့စိတ်လိုလက်ရနိုင်တဲ့ထင်မြင်ချက်နှစ်ခုအေးစက်စွာခပ်မြူးမြူးတွေ့ဆုံတဲ့ တဒင်္ဂလေးပါပဲ။
ချစ်သူနဲ့အတူ ချစ်ခဲ့တယ်ဆိုတဲ့ သက်တမ်းကလည်း အသေအချာစစ်ကြည့်ရင် အဲဒီတဒင်္ဂရဲ့ပြတ်တောက်မှုကို…
သတိမပြုမိဘဲ ဆက်ပြီးထင်ခဲ့မိတဲ့ မသိစိတ်ရဲ့လှည့်စားမှုတရပ်ပါ။ဒီတဒင်္ဂတွေက တခုနဲ့တခုပတ်သက်နေပေမဲ့လည်း
#Credit
❤ 1
N-e-t (2021)
=========
ဒီဇာတ်ကားလေးကတော့...
Zee5 က ရိုက်ကူးတဲ့ Unrated ဇာတ်ကားလေးပေါ့ဗျာ။
ဒီ ဇာတ်လမ်းကတော့ လူကြီးတွေပဲ သဘောကျမယ့် ဇာတ်လမ်းမျိုးပဲ
ဖုန်းဆိုင်ပိုင်ရှင် လက်ချမန်... ဒီလူက အပြာကားစွဲနေတာ၂၄ နာရီလုံး အပြာကားထိုင်ကြည့်နေတဲ့လူ ( Ewwww )သူ့ဇနီးကတော့ ဆူချစ်တရာ....
သူတို့က တိုက်ခန်းတွဲတစ်ခုငှားတယ်အဲ့ဒီတိုက်ခန်းတွဲမှာ ရန်ဂျစ် နဲ့ ပရီယာဆိုတဲ့ လင်မယားနှစ်ယောက်က လာငှားနေတယ်သူတို့နှစ်ယောက် မသိခဲ့တာက...
အဲ့ဒီတိုက်ခန်းရဲ့ ထောင့်တိုင်းမှာ လက်ချမန်က လျို့ဝှက်ကင်မရာတွေ တပ်ဆင်ထားတဲ့အချက်ပဲ
( ဒါ သတိထားသင့်တဲ့အချက်ပဲ )
အပြာကားတွေပဲတစ်နေကုန်ထိုင်ကြည့်နေတဲ့လက်ချမန်က...ကင်မရာတွေကတစ်ဆင့် မြင်နေရတဲ့ ပရီယာကို မြင်ရင်းနဲ့ စွဲမက်လာတယ်...
(ဘာလဲဆိုတာ ဖြည့်တွေးလိုက် )
ဒါပေမယ့် တစ်နေ့တော့ ဖုန်းဆိုင်ပိုင်ရှင်ရဲ့ဘဝကြီး ပြောင်းပြန်လှန်မယ့်အချိန်တစ်ခုကိုရောက်လာပါတော့တယ်..
အဆက်ကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်တော့...
#Credit
Фото недоступнеДивитись в Telegram
Rockstar [2011]
မင်းသား Ranbir Kapoor နှင့် အရမ်းလှတဲ့မင်းသမီးချော Nargis Fakhri တို့ရဲ့ Rockstar ဆိုတဲ့ဇာတ်ကားက သင့်ကို ခံစားမှုကြီးကြီးမားမားပေးနိုင်လိမ့်မယ်ဆိုတာ အသေအချာပါပဲ။
Bollywood ရဲ့ လူငယ်မင်းသားတွေအကြောင်း ပြော ကြကြေးဆိုရင် Ranbir Kapoor မပါရင်ပြီးပြည့်စုံမှုရှိမှာ မဟုတ်ပါဘူး။
သူ့ဇာတ်ကား အများစုဟာ အလွမ်းအဆွေးဆောင်ပြီး မျက်ရည်ချူဖို့ များခဲ့ပါတယ်။
ဒီတစ်ချက်က ကျွန်တော်မနှစ်သက်တဲ့ အချက်ဖြစ်ပြီး သူ့ သရုပ်ဆောင်စရိုက် ပိုင်နိုင်မှုကိုတော့ Roctstar (2011) နဲ့ Sanju (2018) ဇာတ်ကားတွေမှာ ကြွေခဲ့ရပြန်ပါတယ်။
အစကတော့ Rock သီချင်းတွေနဲ့ မနီးစပ်တာ တကြောင်း Drama ဆန်တဲ့ ဇာတ်လမ်းဖြစ်သည်က တကြောင်းကြောင့် မရေးချင်ခဲ့ပါဘူး ။ ကိုယ့်အရေးအသားမပြည့်စုံမှုက ဒီဇာတ်ကားကို စိတ်ဝင်စားမှု နည်းလာမှာလည်း မဖြစ်စေချင်ခဲ့ဘူး။
ဒီဇာတ်ကားဟာ အသွင်အပြင် ခမ်းနားစွာနဲ့ Rock စရိုက်ပီပြင်တယ်။ အဝတ်အစား ၀တ်ဆင်မှုက Ranbir နဲ့ စောက်ရမ်းလန်းနေတယ်။
2:13:16
Відео недоступнеДивитись в Telegram
An*gan*aga O Dh*ee*rud*u (2/0/1/1)
Credit to original uploader
Disclaimer: No copyright infringement intended. I do not own the music and video. I give full credit to the rightful owners.
504.37 MB
Фото недоступнеДивитись в Telegram
Ana/gan*aga O Dh*ee*ru*du (20/11) မြန်မာစာတန်းထိုး
=========================================
အိန္ဒိယဇာတ်ကားကောင်း ကြည့်ချင်ကြတဲ့ သူငယ်ချင်းတွေအတွက် အိန္ဒိယဇာတ်ကား ကို တင်ပေးလိုက်ပါတယ်။
လူငယ်တစ်ဦးကမိန်းကလေးတစ်ဦးမျက်စိကန်းသော swashbuckler နှင့်မိသားစုတစ်ခုလုံးအတူကျ ဤစွန့်စားမှုအတွက် အာဏာရှင်ဆန်တဲ့ရည်မှန်းချက်ကို အစိုးရသော မိဖုရားကနေ သူ့ရွာကိုကယ်တင်မယ့် လေလံ၌သူ၏ထူးခြားတဲ့ Gypsy ရည်းစားနှင့်အတူတပ်ဖွဲ့များကပူးပေါင်းမည်။
ကိုးခုနှစ်အရွယ်အဘိဓါန် Moksha Sangarashtra ပြည်မှတစ်ဦးမှော်ရောဂါကိုငြိမ်းစေသောဖြစ်ပါတယ်။ Sangarashtra တောင်မြောက် တိုက်ခိုက်မှုကြောင့် အောက်ရှိလာတဲ့အခါ။ ဘယ်လို့ ရင်ဆိုင်သွားမလည်း ကြည့်ရှုခံစားနိုင်ပါစေ
2:35:41
Відео недоступнеДивитись в Telegram
Cha*ndram*ukhi 2 (2023) (သို့) နှစ်ဘဝကလဲ့စား
1709.98 MB
Фото недоступнеДивитись в Telegram
#သရဲမလေးရဲ့ကလဲ့စား_သို့_နှစ်ဘဝကလဲ့စားအပိုင်း_၂
ဘောလိဝုဒ်သရုပ်ဆောင်တွေကြား တမူထူးတဲ့ရုပ်ရည်လေးနဲ့ မင်းသမီးချောလေး ကန်ဂနားကို တစ္ဆေမလေးအဖြစ်မြင်တွေ့ရမဲ့ကားဖြစ်ပါတယ်
ဂမ္ဘီရဆန်ဆန် လျှို့ဝှက်ဆန်းကြယ်ပုံတွေက ဂျန်ဂျမားတို့ Plot နဲ့ သွားဆင်နေတာဖြစ်လို့ ကြည့်ရင်းနဲ့ ဂျန်ဂျမား vibe မျိုးရစေမှာပဲဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်း
*
အရမ်းကို ချမ်းသာတဲ့မိသားစုတစ်စုက ပြဿနာပေါင်းသောင်းခြောက်ထောင်တတ်ပြီးတော့ မိသားစုပိုင် စက်ရုံလည်း မီးလောင်၊
လုပ်သမျှ အလုပ်တိုင်းကလည်း မဖြစ်၊ စေ့စပ်ခါနီး သမီးဖြစ်သူမှာလည်း ကားအက်စီးဒန့်ကြောင့်နဲ့ အောက်ပိုင်းသေသွားခဲ့ပြီး
သမီးကြီးကလည်း ဘာသာမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးလို့ အဆက်အသွယ်ဖြတ်ထားရာကနေ
ကလေးနှစ်ယောက်ရပြီးကာမှ လေယာဥ်ပျက်ကျပြီး ဆုံးသွားခဲ့ရပါတယ်။
ဒီလို ပြဿနာတွေ တောက်လျှောက်ဖြစ်နေတဲ့အတွက်ကြောင့် ဘာများဖြစ်တာလဲဆိုပြီးတော့ သူတို့ကိုးကွယ်နေတဲ့ ဂုရုကြီးကို ပင့်ပြီး မေးမြန်းတဲ့အခါမှာတော့
သူတို့က ဘုရားရှင်ကို နေ့စဥ်မပြတ် ပူဇော်ကိုးကွယ်နေပေမဲ့ ဘိုးဘေးတွေကိုတော့ ပစ်ထားခဲ့တဲ့အတွက် ဘိုးဘေးတွေကနေ
အမျက်ထွက်ပြီးတော့ အခုလိုဒုက္ခတွေ ကြုံတွေနေရတာဖြစ်ကြောင်း၊ ဒီဒုက္ခတွေကနေ လွတ်မြောက်အောင် ဘိုးဘေးတွေကို
ပြန်ပြီးတော့ ပူဇော်ပေးရမှာဖြစ်ကြောင်း၊ ဘိုးဘေးတွေကို ပူဇော်တဲ့နေရာမှာလည်း သွေးသားတော်စပ်တဲ့ မိသားစုတိုင်းက
ဘိုးဘေးတွေကိုးကွယ်ခဲ့တဲ့ ဘုရားကျောင်းကို သွားပြီးတော့ ၄၈ရက်ကြာအောင် သွားရောက် ပူဇော်ရမယ်ဆိုတဲ့
ဂုရုကြီးရဲ့ပြောကြားချက်ကြောင့်နဲ့ ဒီမိသားစုဟာ ဘိုးဘေးတွေကိုးကွယ်တဲ့ ဘုရားကျောင်းရှိရာမြို့လေးဆီကို လာရဖို့ ဖြစ်လာတဲ့အခါမှာ
သူတို့ တစ်မိသားစုလုံး နေထိုင်နိုင်ဖို့အတွက် ဘုရားကျောင်းနဲ့လည်း နီးတဲ့ စံအိမ်ကြီးတစ်ခုကို
ငှားလိုက်ရာကနေ အဲဒီစံအိမ်ကြီးထဲကို သူတို့တွေ ရောက်လို့လာခဲ့ကြတဲ့နောက်ပိုင်းမှာတော့ ……..
စံအိမ်ကြီးထဲမှာ ဘယ်လို ဆန်းကြယ်မှုတွေ ရှိနေမလဲ....
သူတို့မိသားစုနဲ့ စံအိမ်ကြီးကရော ဘယ်လိုဆက်စပ်မှုတွေ ရှိနေမလဲ....
၄၈ရက်ကြာ ပူဇော်ပြီးတဲ့ နောက်မှာရော သူတို့မိသားစုတွေရဲ့ ဆိုးနေတဲ့ကံတွေ
ပြန်ကောင်းလာနိုင်မလား ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ အထိတ်တလန့် ကြည့်ရှုရမယ့်
ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်)
#credit
