uk
Feedback
Movie Time

Movie Time

Відкрити в Telegram

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @phyoesithu12 Ck Lottery/Big Win လက်မခံပါ

Показати більше
2025 рік у цифрахsnowflakes fon
card fon
45 859
Підписники
-9024 години
-9757 днів
-2 62230 день
Архів дописів
Repost from N/a
Фото недоступнеДивитись в Telegram
တရုတ်ရဲ့ အကြီးဆုံး တံတိုင်း ခံတပ်ကြီး ကို လူသားစား အကောင်ကြီး တွေက ဝင်တိုက်တဲ့ ကား -------------------------------------------------------------------------------- တရုတ်နိုင်ငံတွင် တည်ရှိသော မဟာတံခွန်တစ်ခုကို စောင့်ရှောက်နေသော တပ်ဖွဲ့အကြောင်းကို ပြသသော ဇာတ်လမ်းဖြစ်သည်။ ငွေရှာရာအတွက် ခရီးထွက်လာသော နောက်တွဲသူများသည် မျှော်လင့်ခြင်းမရှိဘဲ တရုတ်မဟာတံခွန်အနီး၌ တောင်သူများနှင့် စစ်တပ်တစ်ဖွဲ့အကြား အန္တရာယ်ရှိသော တစ်ခုခုကို တွေ့ကြရသည်။ တကယ်တော့ မဟာတံခွန်သည် ပြည်သူများကို ဂန္တဝင် မကောင်းဆိုးဝါးများထံမှ ကာကွယ်ရန် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ထိုမကောင်းဆိုးဝါးများသည် လူသားအမျိုးအစားကို တိုက်ခိုက်ရုန်းကန်လာကြရာ စစ်သားများနှင့် နိုင်ငံခြားသားများကလည်း ပူးပေါင်းကာ တိုက်ဖျက်ရန် ကြိုးပမ်းကြသည်
Показати все...
Repost from N/a
2:10:40
Відео недоступнеДивитись в Telegram
571.82 MB
Repost from N/a
Фото недоступнеДивитись в Telegram
မြေကြီးထဲ ခန္ဓာကိုယ်မြှုပ်ထားခံရပြီး ခေါင်းတစ်ခုတည်းပေါ်နေတဲ့ အလောင်းတစ်လောင်း -- တစ်ခေါင်းလုံး သကာရည်တွေအလောင်းခံထားရပြီး ပုရွက်နီအပြုံလိုက်တက်နေတဲ့ လူသတ်မှုတစ်ခု အစကပြန်ကောက်ရရင် ရွာတစ်ရွာမှာ မိဘမဲ့ သူငယ်ချင်းသုံးယောက်ရှိတယ် ရှီဗာ၊ ကိုတီနဲ့ ဘာဒရာရယ်...ပေါ့ပေါ့နေ ပေါ့ပေါ့စား တွယ်တာစရာဆိုလို့ ဘာမှမရှိတဲ့ မိဘမဲ့တွေသူတို့အလုပ်က အသေးစားဒုစရိုက်လေးတွေ အရောင်းအဝယ်လေးတွေ လိုက်လုပ်မယ် ပြီးရင် အရက်သောက်မယ် ဒါပဲ... သူများတကာလို မိသားစုဘဝကို လိုချင်ပေမယ့် သူတို့အချင်းချင်းပဲ ညီအစ်ကိုလို မိသားစုဝင်လို သဘောထားကြတယ် ဒီလိုကနေ ဒုစရိုက်လောကထဲက ရုန်းထွက်ဖို့လုပ်ပေမယ့် ရုန်းမထွက်နိုင်ပဲ ရှုပ်ထွေးတဲ့ အမှုတစ်ခုထဲ တွန်းပို့ခံလိုက်ရချိန်မှာတော့ ... ဘာတွေဆက်ဖြစ်မှာလဲ ပုရွက်ဆိတ်လို သူတို့ဘဝတွေကို တန်ဖိုးမရှိသလို သဘောထားခဲ့တဲ့ လူကိုပုရွက်တွေကိုက်ပြီး အသက်ဆုံးရအောင်ရက်ရက်စက်စက် လက်စားချေတဲ့ ဇာတ်လမ်းတစ်ပုဒ်ဘယ်လိုဖြစ်လာလဲဆိုတာ ပရိသတ်ကြီးကပဲ ရှုစားအားပေးကြပါဦး....
Показати все...
Repost from N/a
1:45:12
Відео недоступнеДивитись в Telegram
Troll 2 ( 2025)
Показати все...
627.76 MB
Repost from N/a
Фото недоступнеДивитись в Telegram
Troll 2 (2025) 2022 က နာမည်ကြီးခဲ့တဲ့ နော်ဝေး ဒဏ္ဍာရီလာ သတ္တဝါကားဖြစ်တဲ့ Troll ရဲ့ အဆက်ပဲဖြစ်ပါတယ်။ နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ။ နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။ အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်။ ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ။ စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ။ ဒဏ္ဍာရီအရ နော်ဝေးကို ခရစ်ယာန်အဖြစ် ပြောင်းလဲချိန်မှာ ဘုရားကျောင်းကနေ ဘီလူးတွေကို ရှင်းလင်းပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘီလူးဘုရင်က မသေဘဲ ကျန်နေခဲ့ပြီး နော်ဝေးတစ်နိုင်ငံလုံးကို လက်စားချေဖို့ ကြိုးစားလာတဲ့အခါ ဘယ်လို ရင်ဆိုင်ကြရမလဲဆိုတာ ကြည့်ရမှာပဲ...
Показати все...
Repost from N/a
1:36:40
Відео недоступнеДивитись в Telegram
J-i-n-g-l-e B-e-l-l H-e-i-s-t (2025)
Показати все...
Jingle Bell Heist 2025 720p NF WEB-DL.mp4788.33 MB
Repost from N/a
Фото недоступнеДивитись в Telegram
J-i-n-g-l-e B-e-l-l H-e-i-s-t (2025) ++++++++++++++++ IMDb Rating ( 5.8 ) / Rotten Tomatoes (60%) ခရစ်စမတ်အရသာအပြည့်ရမယ့် ဟာသအက်ရှင်စုံထောက် Netlflix ကားလေး ထွက်လာပါတယ်။ မင်းသားကလည်း Sex Education ထဲက Connor Swindells ပါ။ ခရစ်စမတ်ပစ္စည်းတွေရောင်းပြီး သန်းကြွယ်သူဌေးဖြစ်နေတဲ့ မက်စ်ဝဲစတာလင်ဆိုတဲ့ သူဌေးကြီးရဲ့ မီးခံသေတ္တာအခန်းကို သူ့လုံခြုံရေး ဝန်ထမ်းနဲ့ အရောင်းစာရေးမလေး နစ်ခ်နဲ့ ဆိုဖီယာတို့ပေါင်းပြီး ရတနာတွေခိုးဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ စတာလင်ဆိုတာ အများထင်သလို မြို့မျက်နှာဖုံးသူဌေးကြီးမဟုတ်ဘဲ နောက်ကွယ်မှာ မကောင်းမှုလျှို့ဝှက်ချက်တွေရှိနေတဲ့ အရေခြုံတစ်ယောက်ဖြစ်ကြောင်းကို နစ်ခ်နဲ့ ဆိုဖီယာတို့သိရှိသွားတဲ့အချိန်မှာတော့ စတာလင်ရဲ့ ရတနာတွေကိုခိုးယူပြီး သူ့အကြောင်းကိုပါ ဖော်ထုတ်ဖို့ ကြိုးစားကြပါတော့တယ်။
Показати все...
Repost from N/a
2:09:56
Відео недоступнеДивитись в Telegram
No More Bet(2023)
Показати все...
1821.60 MB
Repost from N/a
Фото недоступнеДивитись в Telegram
တရုတ်-မြန်မာနယ်စပ်ကကြောက်စရာ ဖြစ်ရပ်မှန် မှုခင်းဇာတ်လမ်းတွေကို အခြေခံရိုက်ကူးထားတာပါ။ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း မူဆယ်၊လောက်ကိုင်တိုလို တရုတ်-မြန်မာနယ်စပ်မြိုတွေကနေ တာချီလိတ်၊မြဝတီတိုလို ထိုင်း-မြန်မာနယ်စပ်မြိုတွေအထိ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေကြတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း ("ကျာ့ဖြန့်"လို အလွယ်ခေါ်ကြတဲ့လုပ်ငန်း)မှာ ခိုင်းစေခံရတဲ့ လူတွေရဲ့ဘဝဇာတ်ကြောင်းပါ။ ဇာတ်လမ်းမှာတော့ ဇာတ်လိုက်မင်းသားက ပရိုဂရမ်မာ၊မင်းသမီးက မော်ဒယ်တစ်ယောက်ပါ။ သူတိုနှစ်ဦးဟာ လောဘကြောင့် လူကုန်ကူးခံရပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်တဲ့ အဖွဲအစည်းအောက်ကို ရောက်သွားခဲ့တယ်။ ကျွန်စခန်းထဲမှာပဲ ပိတ်မိနေပြီး လိမ်လည်သူတွေအဖြစ်ခိုင်းစားခံခဲ့ရတယ်။ အဲဒီငရဲတွင်းထဲက သူတိုရဲ့ဘဝနဲ့ ငါးမြားချိတ်က လောင်းကစားသမားတွေရဲ့ ဘဝပျက်ခြင်းအကြောင်းတရားတွေကို  ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်...
Показати все...
Repost from N/a
2:10:57
Відео недоступнеДивитись в Telegram
The Medium
Показати все...
487.18 MB
Repost from N/a
Фото недоступнеДивитись в Telegram
မကြည့်ရဲ့တော့ ပါဘူး လို့ အော်ကြလွန်းလို့ရုပ်ရှင်ရုံတိုင်း မီး ဖွင့်ပြီး ပြသခဲ့ရ တဲ့ သရဲကား .... The Medium ( 2021 ) မမြင်ရတဲ့ ပရလောကနဲ့ လူ့လောကကို ဆက်သွယ်ပေးနိုင်တဲ့ ကြားခံနယ်မြေကနေ ရုပ်ရှင်ချစ်ပရိသတ်များကို ကြိုဆိုလိုက်ပါတယ်။ သာသနာမထွန်းကားမီခေတ်က နတ်ကိုးကွယ်မှုတွေရှိခဲ့ဖူးတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ နတ်ကိုးကွယ်မှုတွေ ဆက်လက်တည်တံ့နေသေးတဲ့ ထိုင်းနိုင်ငံ အိစံနယ်ဘက်ပိုင်းက ရွာလေးတစ်ရွာမှာ နေထိုင်ကြတဲ့ နတ်ဝင်သည်မျိုးရိုး မိသားစုတစ်စုမိသားစုရဲ့ သမီးကြီးက ဓလေ့ထုံးထမ်းအရ နတ်ဝင်သည်အဖြစ် ဆက်ခံရမှာကို မဆက်ခံဘဲ ငြင်းဆန်လိုက်တဲ့အခါ အစ်မကြီးနွိင်းအစား ညီမဖြစ်သူ နှင်းက ဆက်ခံဖို ဖြစ်လာပါတယ်။ သိုပေသိ နှင်းက အိမ်ထောင်မရှိတဲ့ အပျိုကြီးဖြစ်နေတော့ သူလွန်ရင်…. နောက်ထပ်ဆက်ခံရမယ့်သူဟာ ဘယ်သူဖြစ်လာမှာလဲ။ မျိုးဆက်ရဲ့ တစ်ဦးတည်းသောမိန်းကလေးဖြစ်သူ နွိင်းရဲ့ သမီး မင်ကလည်း ဆက်ခံဖိုကို ခါးခါးသီးသီးဖြစ်နေတဲ့အခါ….ဓလေ့ထုံးတမ်းကို ငြင်းဆန်တဲ့သူတွေအဖို ကြုံတွေ့ရမယ့်အရာတွေက ဘာတွေများလဲ။
Показати все...
Repost from N/a
1:37:09
Відео недоступнеДивитись в Telegram
ziam ( 2025 )
Показати все...
Ziam 2025 WEB-DL 720p [CM].mp4839.55 MB
Repost from N/a
Фото недоступнеДивитись в Telegram
ကိုကို Mark Prinတို့ အမှန်အကန်ကြမ်းမယ့် နောက်ဆုံးထွက် ထိုင်းဇွန်ဘီးကားလေးကို ခုပဲ စီအမ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ... မင်းသမီးကလည်း ပြည်သူ့အချစ်တော်လေးNychaaဆိုတော့ castတစ်ပေါက်နဲ့တင် ကြည့်ရတန်စေမှာပါ...😉 ဒီကားလေးကတော့ ကမ္ဘာကြီးပူနွေးလာပြီး ကပ်ဘေးဆိုက်နေတဲ့ကာလကြီးထဲက ‌ဒေါက်တာမလေးနဲ့ မွေထိုင်းလက်ဝှေ့ကျော်လေးတို့ရဲ့ ဇာတ်လမ်းလေးပါ... Ziam ( 2025 ) မြန်မာစာတန်းထိုး ရပါပြီ မွေထိုင်းလက်ဝှေ့ကျော် ဆင်းတစ်ယောက် အလုပ်ကနေ ထွက်ပြီး... ချစ်သူလေးရင်ရဲ့ ဆန္ဒအတိုင်း ထိုင်းနိုင်ငံမြောက်ပိုင်းချင်းဒေါင်မှာ အခြေချနိုင်ဖို့အရေး သင်္ဘောလိုက်ပြီး ငွေစုဖို့လုပ်ပါတယ်... သူ့ချစ်သူ 'ရင်'ကတော့ အန္တရာယ်များတဲ့အလုပ်ဖြစ်လို့ ဒါကို သဘောမကျလှပါဘူး... အသားဆိုတာ ရွှေပေးဝယ်လို့မရလောက်တဲ့ ရှားပါးကာလဖြစ်လို့ ငါးဟင်းနဲ့ သူဌေးတစ်သိုက် အောင်ပွဲခံနေတုန်း... ငါးဟင်းစားမိတဲ့သူတစ်ယောက် ရုတ်တရက်လဲကျပြီး 'ရင်'တို့ဆေးရုံကို ရောက်လာပါတော့တယ်...
Показати все...
Repost from N/a
1:58:30
Відео недоступнеДивитись в Telegram
The Elixir (2025)
Показати все...
846.52 MB
Repost from N/a
Фото недоступнеДивитись в Telegram
ရှယ်ကိုကြမ်းတဲ့ အင်ဒိုဇွန်ဘီကားသစ် The Elixir (2025) ဝါနီဝါရတ်စ်ဆိုတဲ့ ဆေးဝါးကုမ္ပဏီဟာ လည်ပတ်မှုမရှိတော့ဘဲ ရောင်းချဖိုလုပ်နေပါတယ်။ ဝါနီဝါရတ်စ်ရဲ့ ပိုင်ရှင်ဆာဒီမင်ဟာ ကာရီနာဆိုတဲ့ မိန်းမငယ်ငယ်လေးရထားပြီး ကာရီနာဟာ ဆာဒီမင်ရဲ့ သမီးဖြစ်သူကာနက်စ်နဲ့ မတည့်ပါဘူး။ သမီးဖြစ်သူကာနက်စ်နဲ့ သူ့ခင်ပွန်းဟာလည်း ကွာရှင်းဖိုလုပ်နေကြပါသေးတယ်။ ဒီလိုပြဿနာအရှုပ်တွေကြားထဲမှာ ဝါနီဝါရတ်စ်ကုမ္ပဏီကိုရောင်းလိုရတဲ့ငွေကို မိသားစုဝင်တွေအကုန် မျှော်လင့်နေပါတော့တယ်။ သိုပေမဲ့ ဆာဒီမင်ဟာ ကုမ္ပဏီကိုရောင်းဖိုလုပ်နေစဉ်အတွင်းမှာပဲ နုပျိုဆေးကို ဖော်စပ်လို ရလာခဲ့ပါတော့တယ်။ အဲဒီဆေးကို သုံးပြီးတဲ့နောက်မှာ ဆာဒီမင်တစ်ယောက် ပြန်လည်နုပျိုသန်စွမ်းမှုတွေ ရရှိလာခဲ့ပါတော့တယ်။ ဒါပေမဲ့ ဒီဆေးရဲ့ နောက်ကွယ်မှာ သူတိုမသိတဲ့အကြောင်းအရင်းကတော့ ဒီဆေးဟာ နုပျိုဆေးမဟုတ်ဘဲ ဗိုင်းရပ်စ်တစ်မျိုးပါလာပြီး ဇွန်ဘီတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။ နုပျိုဆေးကို သုံးလိုက်တဲ့ ဖခင်ဖြစ်သူ ဆာဒီမင်တစ်ယောက်တည်းမဟုတ်ဘဲ တစ်ရွာလုံး ဒီဗိုင်းရပ်စ်တွေ ကူးစပ်သွားတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦး။
Показати все...
1
Repost from N/a
1:31:56
Відео недоступнеДивитись в Telegram
Don't Cry Mommy!💔
Показати все...
647.01 MB
Repost from N/a
Фото недоступнеДивитись в Telegram
အဓ္ဓမဝိုင်းကျင့်ခံရပေမဲ့ တရားမျှတမှုမရတဲ့အပြင် ထပ်ကျူးလွန်ခံရပီး အဆုံးစီရင်သွားတဲ့သမီးဖြစ်သူအတွက် အမေတယောက်ရဲ့ ကလဲ့စားချေမှု ဖြစ်ရပ်မှန်ကား အပြင်မှာတကယ်ဖြစ်ခဲ့သည့်ဖြစ်ရပ်သည် ဒီထက်မက ကြမ်းတမ်းပါသည် Don't Cry, Mommy ( 2012 ) ပေတေ ဆိုးသွမ်းနေတဲ့ ကောင်လေးတစ်ယောက်ကို ကြိတ်ချစ်မိနေတဲ့ကောင်မလေးတစ်ယောက် အဲကောင်မလေးကို ကောင်လေးက တိတ်တခိုး ချိန်းပြီး သူငယ်ချင်းတွေနဲ.အတူ အုပ်စုဖွဲမု​ဒိန်းကျင့် ခံခဲ့ရပါတယ်။ အဲ မုဒိန်းကျင့်တဲ့ဗီဒီယိုဖိုင်ကို ပြပြပြီး ကောင်မလေးကို အမျိုးမျိုး အကြပ်ကိုင် ခဲ့ကြတယ်။ ကောင်မလေးကသည်းမခံနိုင်တဲ့နောက်ဆုံးမှာတော့ ကိုယ့်ကိုကိုယ်သေ ကြောင်းကြံစည်ခဲ့တယ်။ မသေခင်လေးမှာ ကောင်မလေးက Don’t Cry Mommy ! ဆိုတဲ့စာသားပုံဖော်ထားတဲ့ကိတ်မုန့်လေးကို သူမအမေတွက်ဝယ်ပေးထားခဲ့ပါတယ်။ ကောင်မလေးရဲ့အမေက သူ့သမီးလေးရဲ့ဖုန်းကိုဖွင့်ကြည့်မိတော့ vedio ဖိုင်နဲ့ခြိမ်းခြောက်ထားတာကိုတွေပြီးလက်စားချေပါတော့တယ်။ ဒီကားက ကိုရီးယားနိူင်ငံမှာရှိတဲ့ကျောင်းသူလေးတွေရဲ့လုံခြုံမူ့ကင်းမဲ့မူကို မီးမောင်းထိုးပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ။
Показати все...
Repost from N/a
1:17:10
Відео недоступнеДивитись в Telegram
Moon River (2025) E08 WEB-DL 720p
Показати все...
Moon River (2025) E08 WEB-DL 720p.mp4459.87 MB
Repost from N/a
1:16:42
Відео недоступнеДивитись в Telegram
Moon River (2025) E07 WEB-DL 720p
Показати все...
Moon River (2025) E07 WEB-DL 720p.mp4451.40 MB
Repost from N/a
1:47:39
Відео недоступнеДивитись в Telegram
P-r-e-d-a-t-o-r: B-a-d-l-a-n-d-s (2025)
Показати все...
Predator Badlands (2025) HDRip,720p (MW).mp4623.43 MB
1