uk
Feedback
STAR MOVIES Channel

STAR MOVIES Channel

Відкрити в Telegram

⭐️ 𝗦𝗧𝗔𝗥 𝗠𝗢𝗩𝗜𝗘𝗦 🎬 ━━━━━━━━━━━━━━━ 📽 Hollywood | Korean | Action | Romance | Drama ✨ ကြယ်တွေလို ပျော်ရွှင်ဖွယ် ဇာတ်ကားတွေကို တစ်နေ့တစ်ပိုင်း တင်ပေးနေပါတယ်! Admin- @Microz8 ━━━━━━━━━━━━━━━

Показати більше
2025 рік у цифрахsnowflakes fon
card fon
35 523
Підписники
Немає даних24 години
Немає даних7 днів
Немає даних30 день

Триває завантаження даних...

Схожі канали
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
грудень '25
грудень '25
+35 523
в 0 каналах
Дата
Залучення підписників
Згадування
Канали
28 грудня+10 902
Дописи каналу
Anel Meley Pani Thuli [2022] Anel Meley Panithuli 2023 IMDb-6.9/10 အဓိကဇာတ်လိုက်ကျော်မာသီဆိုတဲ့မိန်းက‌လေးဟာ အားကစားပစ္စည်းဆို
Anel Meley Pani Thuli [2022] Anel Meley Panithuli 2023 IMDb-6.9/10 အဓိကဇာတ်လိုက်ကျော်မာသီဆိုတဲ့မိန်းက‌လေးဟာ အားကစားပစ္စည်းဆိုင်ကြီးတစ်ခုရဲ့ လက်ထောက်မန်‌‌နေဂျာရာထူးနဲ့ အလုပ်လုပ်နေတဲ့ ရိုးသား ဖြောင့်မှန်တဲ့ဝန်ထမ်းတစ်‌ယောက်ပါသူ(မ)ဟာ အတူတူအလုပ်လုပ်နေတဲ့ စီနီယာဝန်ထမ်းတွေအပေါ် လေးစားရိုသေသလို အောက်လက်ငယ်သား ဂျူနီယာဝန်ထမ်းတွေအပေါ်မှာလည်း ဖေးမကူညီပေးတတ်တဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်‌ယောက်ဆိုလည်း မမှားပါဘူး ။တစ်ရက် သူ့လက်အောက်က ဝန်ထမ်းကောင်မလေးရဲ့ချစ်သူဟောင်းက လိုက်နှောင့်ယှက်နေလို့ သူ(မ)ကကြားဝင်‌ဖြေရှင်းပေးလိုက်တဲ့အခါအဲဒီကောင်လေးက မာသီ့ကို အခဲမကျေဖြစ်သွားခဲ့တယ် ။တစ်ခါ ဆိုင်ကဝန်ထမ်းကောကျေးရွ သူငယ်ချင်းဖြစ်သူနဲ့ပူးပေါင်းပြီး ပစ္စည်းခိုးတာကိုမာသီသိသွား‌တော့ အလုပ်ထွက်ခိုင်းလိုက်ပါတယ်။ အဲဒီလိုနဲ့ မာသီဟာ မရည်ရွယ်ဘဲနဲ့ လူနှစ်ယောက်ဆီက မကျေနပ်ချက်ရန်ငြိုးတွေ ရရှိခဲ့ရပါတယ်။ တစ်ရက် အဲဒီဝန်ထမ်းကောင်မလေးရဲ့မင်္ဂလာဆောင်ပွဲလုပ်တဲ့ ကျေးရွာလေးကိုသွားရင်းမာသီတစ်ယောက်မသမာတဲ့လူယုတ်မာသုံးယောက်ဆီက မတော်မတရားပြုကျင့်ခြင်း ခံလိုက်ရပါတယ်။ ဖြစ်သမျှကုန်စင်ကို ရဲစခန်းသွားတိုင်ပြီး သူထင်ကြေးပေးတဲ့သူတွေကို ရဲကဖမ်းဆီးစစ်ဆေးကြည့်တဲ့အခါ….

4 77900

2
Phone Bhoot (2022) Comedy, Horror IMDb 6.9/10 (7.4K)အခုတစ်ခါစပယ်ရှယ်တင်ဆက်ပေးမယ့်ကား​လေးကတော့ သရဲဟာသကားလေးပဲဖြစ်ပါတယ်ပြောစရာမ+1
Phone Bhoot (2022) Comedy, Horror IMDb 6.9/10 (7.4K)အခုတစ်ခါစပယ်ရှယ်တင်ဆက်ပေးမယ့်ကား​လေးကတော့ သရဲဟာသကားလေးပဲဖြစ်ပါတယ်ပြောစရာမလိုအောင် သိနေကြတဲ့ မင်းသမီးချောလေး ကက်ထရီနာ…Dhadak (2018) & Khaali Peeli (2020) ထဲက မင်းသား အီရှန်းခသရ်…ဒီပီကားနဲ့တွဲရိုက်ထားတဲ့ Gehraiyaan (2022) ထဲက မင်းသား ဆစ်ဒန့်သ်ချတူးဗေဒီးတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်နော်ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင် မေဂျာနဲ့ ဂူလူးတို့နှစ်ယောက်က ၁၀၉ – ၁၁၀ အလုပ်မရှိအကိုင်မရှိတဲ့လူငယ်နှစ်ယောက်.. ငယ်ငယ်ကတည်းက သည်းထိတ်ရင်ဖို သရဲဇာတ်လမ်းတွေကြည့်ပြီး မကောင်းဆိုးဝါးနှင်တဲ့သူဖြစ်ချင်နေကြတဲ့သူတွေပေါ့..တစ်နေ့သူတို့နှစ်ယောက် တောင်ကုန်းတစ်ခုကိုတူးရင်း ရာကာဆိုတဲ့အရုပ်ကိုရသွားပြီး သူတို့အိမ်ငှားခတွေပေးနိုင်အောင် အဲ့ဒီအရုပ်ကြီးကိုဆုတောင်းကြတယ်. ဟော်လိုးဝင်းပါတီလုပ်ကြတဲ့အခါ အရုပ်ကြီးရဲ့မျက်လုံးကိုထိခိုက်မိပြီး မီးတွေနဲ့ပြန်ပြင်ဖို့လုပ်ကြရင်း ဓာတ်လိုက်ခံရပြီးသတိမေ့သွားကြပါတော့တယ် အဲ့ဒီမှာ သရဲမလေး ရာဂီနီနဲ့တွေ့ကာ ရာဂီနီက အပေးအယူတစ်ခုလုပ်ပြီး မေဂျာနဲ့ဂူလူတို့နှစ်ယောက်ကို သူတို့ဖြစ်ချင်တဲ့ မကောင်းဆိုးဝါးနှိမ်နင်းသူဖြစ်အောင် သူကူညီနိုင်ကြောင်း ပြောလာပါတယ်…
2 584
3
Pippa(2023) ဒီကားလေးကတော့ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ သမိုင်းနဲ့ရောစပ်ထားတဲ့ အိန္ဒိယစစ်ကားလေးပါ။ ပါကစ္စတန်အရှေ့+1
Pippa(2023) ဒီကားလေးကတော့ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ သမိုင်းနဲ့ရောစပ်ထားတဲ့ အိန္ဒိယစစ်ကားလေးပါ။ ပါကစ္စတန်အရှေ့နဲ့အနောက် နှစ်ခြမ်းကွဲချိန်မှာ အနောက်ပိုင်းရဲ့ဖိနှိပ်မှူကိုမခံနိုင်တဲ့အရှေ့ပိုင်းက ပုန်ကန်ဖိုကြိုးစားကြရာက အရှေ့ပိုင်းကပြေးလာရတဲ့ ဒုက္ခသည်တွေကို အိန္ဒိယကစာနာမှုနဲ့ လက်ခံထားခဲ့ပါတယ်။ ပါကစ္စတန်အရှေ့နဲ့အနောက်ကြားမှာတည်ရှိနေရတဲ့ အိန္ဒိယနိုင်ငံအဖို အိမ်နီးချင်းနိုင်ငံရဲ့ ပဋိပက္ခကြားမှာ မလွှမရှောင်သာ၀င်ပါရရင်း ဖြစ်လာခဲ့တဲ့စစ်ပွဲတွေ .. အခြေအနေအနေတွေကို ၀န်ကြီးချုပ်အင်ဒီယာ ဂန္ဒီပညာသားပါပါဖြေရှင်းပုံတွေ...တင့်ကားတပ်ရဲ့ သမိုင်းသစ်ရေးထိုးပုံတွေကို တွေ့မြင်ရမှာပါ။
2 448
4
Hamari Adhuri Kahani(2015) မျက်ရည်ခိုင်မှကြည့်ပါ ငိုချင်ရင် ဒီအချစ်ကားကြည့်ပါ 💔သုံးလေးရက်လောက်ကရင်ထဲဟာတာတာနဲ့ ထမင်းတောင်မစား+3
Hamari Adhuri Kahani(2015) မျက်ရည်ခိုင်မှကြည့်ပါ ငိုချင်ရင် ဒီအချစ်ကားကြည့်ပါ 💔သုံးလေးရက်လောက်ကရင်ထဲဟာတာတာနဲ့ ထမင်းတောင်မစားနိုင်ဘူး🤦‍♀️ သုံးခါကြည့်လဲ သုံးခါလုံးပြန်ငိုရတဲ့ကား 😭 မျက်ရည်လွယ်သူတွေကတော့ တစ်ရှူးလေးဆောင်ပြီးမှကြည့်သင့်ပါတယ်‼️ ဗာဆူဒါဆိုတဲ့ အမျိုးသမီးက အိမ်ထောင်ကျ ကလေးရပြီးတဲ့ နောက်မှာ သူ့ယောက်ျားဖြစ်သူ က အလုပ်ကိစ္စခရီးထွက်ရင်းနဲ့ပျောက်ခြင်းမလှပျောက်နေခဲ့ပါ တယ်။ ကလေးတစ်ယောက်နဲ့ ရုန်းကန်ရင်း တစ်ရက်တော့ သူ့ ဆီကို ရဲတွေ ရောက်လာတယ်။ သူ့ယောက်ျားက သာမန်အလုပ် သမားတစ်ယောက်မဟုတ်ဘဲ အကြမ်းဖက် တစ်ယောက်အဖြစ် ထွက်ပြေးနေတာ ဖြစ်ကြောင်း၊ သူဆက်သွယ်လာတာနဲ့ ရဲတပ်ဖွဲ့ကို အသိပေးဖို့ အကြောင်းပြော သွားခဲ့ကြတယ်။ ဗာဆူဒါက သူ့ ယောက်ျားအကြောင်းကို သိပြီး သူ့ကို နှစ်အတန်ကြာပစ်ထားခဲ့ တဲ့ ယောက်ျားကို စိတ်အနာကြီး နာသွားခဲ့တယ်။ ဒီကြားထဲမှာပဲ ဗာဆူဒါက ဟိုတယ်ကြီးတစ်ခုမှာ အလုပ်လုပ် ရင်း အဲဒီဟိုတယ်ပိုင်ရှင်လူငယ် သူဌေးက မြင်မြင်ချင်းကြိုက်ပြီး သူ့ကိုရဖို့ ကြိုးစားတယ်။
3 417
5
X-Men မင်းသားကြီးရဲ့ဘယ်ချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ကားလေးပါ Real steel (2011) ၂၀၂၀ ခုနှစ်မှာ စက်ရုပ်တွေကို လူတွေအစား boxing က+1
X-Men မင်းသားကြီးရဲ့ဘယ်ချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ကားလေးပါ Real steel (2011) ၂၀၂၀ ခုနှစ်မှာ စက်ရုပ်တွေကို လူတွေအစား boxing ကစားခိုင်းပြီး လောင်းကစားလုပ်ကြတာ ခေတ်စားလာခဲ့ပါတယ် ချားလီး(စ်) ဟာ ယခင်က လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ခုအခါမှာတော့ တရားမ၀င် စက်ရုပ်လက်ဝှေ့ပွဲမှာ ယှဉ်ပြိုင်ရင်း အရှုံးတွေများကာ အကြွေးတွေဝိုင်းဝိုင်းလည်နေသူ တစ်ဦးဖြစ်ပါတယ် သူပိုင်တဲ့ Ambush ဆိုတဲ့ စက်ရုပ်ကြီးဟာ Ricky ဆိုတဲ့လူပိုင်တဲ့ Black Thunder ကျွဲနဲ့ ပြိုင်တိုက်ခိုက်ရင် ရှုံးခဲ့လို့ အကြွေးတွေတင်တဲ့ အချိန်အတွင်းမှာပဲ သူ့ဆီကို သူ့ အရင် ရည်းစား ဆုံးပါးသွားကြောင်း အကြောင်းကြားခြင်းခံရတဲ့အပြင် သူ့မှာ သူမထားခဲ့တဲ့ ၁၁နှစ်အရွယ် သားတစ်ယောက်အတွက် အုပ်ထိန်းခွင့်ရှိနေတယ်လို့ သိရပါတယ် ထိုကေလးငယ္ကို သူ့အရင်ရည်းစားရဲ့ အစ္မျဖစ်သူ (ကလေးရဲ့ အဒေါ်ဖြစ်သူ)က မွေးစားချင်သဖြင့် အုပ်ထိန်းခွင့်ကို စွန့်လွှတ်ဖို့ လာရောက် အကြောင်းကြားတာဖြစ်ပါတယ်
3 367
6
Sisu: Road to Revenge (2025) ဂျွန်ဝစ်ရဲ့အဘိုးလောက်ကြမ်းတဲ့ Sisu ဒုတိယမြောက်ရုပ်ရှင်ထွက်လာပါပြီ။ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန်+1
Sisu: Road to Revenge (2025) ဂျွန်ဝစ်ရဲ့အဘိုးလောက်ကြမ်းတဲ့ Sisu ဒုတိယမြောက်ရုပ်ရှင်ထွက်လာပါပြီ။ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန် စကားလုံးပါ။ တိုက်ရိုက်တစ်ခွန်းတည်းဘာသာပြန်လို့မရတဲ့စာလုံးလည်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မဆုတ်မနစ်ဇွဲနပဲကြီးကြီး လုံးဝလက်မလျှော့ဘဲ သဲကြီးမဲကြီးလုပ်တတ်တဲ့သူပါတဲ့။ဒီရုပ်ရှင်မှာတော့ မသေမျိုးဆိုပြီး နာမည်ကြီးလာတဲ့ လူတိုင်းကြောက်နေရတဲ့ ဂန္ဓဝင်ကြီးကို အဆုံးသတ်ဖို့ကြိုးစားမဲ့ ရန်သူတောင်ဟောင်းကြီးနဲ့ တပ်တွေကို ဘယ်လိုရင်ဆိုင်မလဲ တွေ့ရမှာပါ။ ထုံးစံအတိုင်း စကားတစ်ခွန်းမှမပြောဘဲ အကုန်သိပ်တာတွေ ကြည့်ရပါလိမ့်မယ်။
3 398
7
SiSu (2022) ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန် စကားလုံးပါ။ တိုက်ရိုက်တစ်ခွန်းတည်းဘာသာပြန်လို့မရတဲ့ စာလုံးလည်းဖြစ်ပါတယ်။ အဓိပ္ပါယ်+1
SiSu (2022) ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန် စကားလုံးပါ။ တိုက်ရိုက်တစ်ခွန်းတည်းဘာသာပြန်လို့မရတဲ့ စာလုံးလည်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မဆုတ်မနစ်ဇွဲနပဲကြီးကြီး လုံးဝလက်မလျှော့ဘဲ သဲကြီးမဲကြီးလုပ်တတ်တဲ့သူပါတဲ့။သမိုင်းနောက်ခံကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ဂျာမန်တွေ ဖင်လန်ကနေ ပြန်ဆုတ်နေချိန်ပါ။မြေလှန်နည်းကိုသုံးပြီး နာဇီတွေဟာ လမ်းတလျှောက် အရာရာတိုင်းကို ဖျက်ဆီးပြီး ဆုတ်ခွာနေပါပြီ။ဒါပေမဲ့ နာဇီတပ်ခွဲတစ်ခုကတော့ လမ်းမှာ ကံကောင်းပြီး ရွှေတွေအများကြီးသယ်လာတော့ ဘိုးတော်တစ်ယောက်နဲ့တွေ့သွားပါတယ်။ သူ့ဆီက ရွှေတွေကို လုယူလာပြီး သူ့ကိုသတ်ဖို့ကြိုးစားခဲ့ပေမဲ့။သူတို့တွေ့တဲ့ဘိုးတော်က ဂျွန်ဝစ်ရဲ့အဘိုးအဆင့်လောက်ဖြစ်နေတဲ့အခါ တပ်ခွဲတစ်ခွဲလုံးကို လိုက်သတ်တာကြောင့်ခွေးပြေးဝက်ပြေးပြေးရပါတော့တယ်။ ကျန်တာကတော့ အက်ရှင်အကြမ်းသီးသန့်မို့ အများကြီးပြောစရာမရှိပါဘူး ကြည့်လိုက်ပါဦး။
3 382
8
Man Vs Baby (2025) ep(4)
Man Vs Baby (2025) ep(4)
2 361
9
Man Vs Baby (2025) ep(3)
Man Vs Baby (2025) ep(3)
2 344
10
Man Vs Baby (2025) ep(2)
Man Vs Baby (2025) ep(2)
2 355
11
Man Vs Baby (2025) ep(1)
Man Vs Baby (2025) ep(1)
4 386
12
Man Vs Baby (2025) စဆုံး Mr Bean မင်းသားကြီးရဲ့ ခရစ္စမတ် မီနီစီးရီးလေး အလွဲလွဲအချော်အချော် ဟာသတွေကို မြင်ရမှာပဲ ဖြစ်ပါတယ်။ ဘင
Man Vs Baby (2025) စဆုံး Mr Bean မင်းသားကြီးရဲ့ ခရစ္စမတ် မီနီစီးရီးလေး အလွဲလွဲအချော်အချော် ဟာသတွေကို မြင်ရမှာပဲ ဖြစ်ပါတယ်။ ဘင်ဂလေဟာ ကျောင်းစောင့်အလုပ်ကနေ ပြုတ်သွားအပြီးမှာပဲ လန်ဒန်မြို့ကနေ အိမ်စောင့်အထူးအလုပ်ကို ပေါင် ၁၀၀၀၀ နဲ့ လုပ်ဖို့ အခွင့်အရေးတစ်ခု ရလာပါတယ်။ အဲဒီအလုပ်အတွက် အချိန်မီ အင်တာဗြူးသွားဖို့လိုနေပါပြီ။ အင်တာဗြူးသွားခါနီးမှာပဲ ကလေးလေးတစ်ယောကကို ပိုင်ရှင်မဲ့အဖြစ် တွေ့လိုက်ရပြီး မိဘ၊ ရဲစခန်း၊လူမှုဝန်ထမ်းတွေကို ဆက်သွယ်ပြီး အပ်ဖို့ကြိုးစားပေမဲ့ အဆင်မပြေခဲ့ပါဘူး။ လန်ဒန် အင်တာဗြူးကလည်း ဘယ်လိုမှ ပျက်လို့မရတဲ့အချိန်မှာ ဘင်ဂလေတစ်ယောက် ကလေးကိုပိုက်ပြီး အရေးကြီးတဲ့အလုပ်ကြီးဆီကို အင်တာဗြူးသွားဖို့ ကြိုးစားရပါတော့တယ်
3 396
13
Anaconda ( 2024 ) IMDB: 5.7/10 ဒီကားလေးကတော့ ထိုင်ဝမ်မင်းသမီးနဲ့ ဟောင်ကောင်မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ဧရာမမြွေဆိုးကြ+1
Anaconda ( 2024 ) IMDB: 5.7/10 ဒီကားလေးကတော့ ထိုင်ဝမ်မင်းသမီးနဲ့ ဟောင်ကောင်မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ဧရာမမြွေဆိုးကြီးကိုရင်ဆိုင်တဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။သွေးအေးပြီးရက်စက်တဲ့တရားမဝင်မုဆိုးကြီးတစ်ယောက်ဟာ ထိုင်းမိုးရေတောမှာနေတဲ့ အန်ဒါကွန်ဒါဧရာမမြွေကြီးကိုဖမ်းဖို့ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာ ဖျော်ဖြေဖို့အတွက်ရောက်လာတဲ့ ဆက်ကပ်အဖွဲ့လေးဟာ လမ်းတစ်ဝက်မှာမြစ်ကြောင်းပိတ်နေတာနဲ့ကြုံပြီး ဖြေရှင်းဖို့ကြိုးစားရင် မုဆိုးကြီးနဲ့ဆုံတွေ့တဲ့အခါ ကယ်တင်ရှင်လို့ထင်ထားခဲ့ပေမယ့် တကယ်တော့ ဂြိုလ်ဆိုးဒုက္ခတွေကိုသယ်လာပေးတဲ့သူဖြစ်နေပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ဖမ်းရပါစေ ဧရာမမြွေကြီးကိုရအောင်ဖမ်းဖို့ ကြိုးစားတဲ့မုဆိုးကြီးကြောင့် ဆက်ကပ်အဖွဲ့လေးဟာ အန္တရာယ်ထဲရောက်သွားခဲ့ပါတော့တယ်။ သားရဲတိရိစ္ဆာန်တို့ကြီးစိုးတဲ့တောထဲမှာ သူတို့ဟာအသက်ရှင်လွတ်မြောက်ဖို့ဖြစ်နိင်ပါဦးမလား။
2 325
14
Ramaiya Vastavaiya (20/13) 📱IMDb—6.3/10 အေးချမ်းလှတဲ့ ရွာလေးမှာ ရာဂူးဗိနဲ့ ဆိုနာဆိုတဲ့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ မော+1
Ramaiya Vastavaiya (20/13) 📱IMDb—6.3/10 အေးချမ်းလှတဲ့ ရွာလေးမှာ ရာဂူးဗိနဲ့ ဆိုနာဆိုတဲ့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ ရိုးရိုးသားသား နဲ့ လယ်ယာမြေမှာ လယ်သမာတောသူတောင်သားဘဝနဲ့ ဘဝကို မောင်နှမနှစ်ယောက် အေးချမ်းစွာ ဖြတ်သန်း နေထိုင်လာရင်းနဲ့ပေါ့.... တစ်နေ့ ညီမလုပ်သူရဲ့ သူငယ်ချင်း မင်္ဂလာဆောင်မှာ ညီမလုပ်သူကို မရမက မင်္ဂလာပွဲတက်ဖို ဖိတ်တာကြောင့် အကိုလုပ်သူမှာ ညီမငယ်ကို စိတ်မချလက်မချ ထည့်လိုက်ရတာပေါ့...အဲဒီတုန်းက သူ ထည့်ပေးလိုက်တာ ခဏ.. လို သူထင်ခဲ့ပေမယ့် ညီမငယ်ရဲ့ နှလုံးသားကို ခွဲဝေပေးရမယ့်သူနဲ့ တွေ့ခဲ့မယ်ဆိုတာ ...သူလည်း မသိနိုင်ခဲ့ဘူးလေ... မင်္ဂလာပွဲမှာ သူငယ်ချင်းရဲ့ အမျိုးတော်စပ်သူ ကိုလူချောရွှေမင်းသားလေး ရမ် ဟာ ချောမောလှပပြီး ရိုးသားအေးဆေးတဲ့ လယ်တောသူမလေး ဆိုနာကို အရူးအမူး စွဲလမ်းပါရောလား....
2 359
15
Spy (2023) IMDb 8.3/10 Action/Thriller ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ အက်ရှင်အလန်းစားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက+1
Spy (2023) IMDb 8.3/10 Action/Thriller ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ အက်ရှင်အလန်းစားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် တေလဂူမင်းသားချော Nikhil Siddharth ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ RAWအဖွဲ့အစည်းလက်အောက်မှာ လုပ်ကိုင်နေတဲ့ လျှို့ဝှက်အေးဂျင့်ဆူဘာ့ရှ်ဟာ စစ်ဆင်ရေးတစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ဆူဘာ့ရှ်ရဲ့သေဆုံးမှုကို သေချာသိရဖို့အတွက် ညီဖြစ်သူဂျေးဟာ လျှို့ဝှက်အေးဂျင့်လုပ်နေရင်း စုံစမ်းနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဂျေး တာဝန်ပေးခံခဲ့ရတဲ့ စစ်ဆင်ရေးတစ်ခုဟာ အစ်ကိုဖြစ်သူဆူဘာ့ရှ် လုပ်ကိုင်ခဲ့တဲ့စစ်ဆင်ရေးဖြစ်နေခဲ့ပါတယ်။ စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာ ဒီကိစ္စဟာ အိန္ဒိယနိုင်ငံရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံသားတွေရဲ့ဘေးကင်းမှုနဲ့လည်း သက်ဆိုင်နေပါတယ်။ ဂျေးတစ်ယောက် ဒီလိုကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ရင်း အစ်ကိုဖြစ်သူရဲ့သေဆုံးမှုကိုပါ စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီစစ်ဆင်ရေးအောင်မြင်သွားမလား။ ဂျေးရဲ့အစ်ကိုကရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။
3 448
16
Game Over (2019) အိန္ဒိယနိုင်ငံ ဂူရ်ဂေါင်းမြို့မှာ မိန်းမငယ်များကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ကာ အလောင်းမီးရှို့ဖျက်စီးပစ်တဲ့+1
Game Over (2019) အိန္ဒိယနိုင်ငံ ဂူရ်ဂေါင်းမြို့မှာ မိန်းမငယ်များကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ကာ အလောင်းမီးရှို့ဖျက်စီးပစ်တဲ့ စိတ္တဇလူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ် အဲ့ဒိလိုဖြစ်တာကလည်း နှစ်သစ်ကူးရက် ဒီဇင်ဘာ ၃၁ မှပါ။အဲ့ဒိလူသတ်သမားကို ရဲတပ်ဖွဲ့ဘက်က ဘာသဲလွန်စမှမရသေးလို ရှာဖွေလို့လည်း မရသေးပါဘူးတစ်ရက်မှာတော့ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညတစ်ညမှာပဲ အကြောင်းအမျိုးမျိုးကြောင့် ဝှီးချဲပေါ်ရောက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီလူသတ်ကောင်ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ် ဒီအချိန်မှာ ဝှီးချဲပေါ်ကမိန်းမငယ်လေးကပဲ Game Over ဖြစ်မလား လူသတ်ကောင်ကပဲ Gmae Over ဖြစ်မလားဆိုတာကိုတော့ ….India, Thriller လူသတ်ကားကောင်းကောင်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကို လက်အလွတ်မခံပါနဲ့ခင်ဗျ အဓိက သရုပ်ဆောင်နေရာမှာလည်း အချစ်ဆုံး Taapsee Pannu ဖြစ်နေတော့ ပြောစရာကိုမလိုလောက်အောင်ပါပဲ….
2 389
17
Cursed Friends [2022] မကြာခင် ဟောလိုးဝင်းအခါသမယကို ရောက်ရှိလာတော့မှာ ဖြစ်တာမို့ဟောလိုးဝင်းကာလမှာ Horror ရုပ်ရှင်များနဲ့ Chill+1
Cursed Friends [2022] မကြာခင် ဟောလိုးဝင်းအခါသမယကို ရောက်ရှိလာတော့မှာ ဖြစ်တာမို့ဟောလိုးဝင်းကာလမှာ Horror ရုပ်ရှင်များနဲ့ Chill ကြမယ့် ရုပ်ရှင်ချစ်သူ များအတွက် အခုတလောမှ ထွက်ရှိလာတဲ့ Horror, Comedy ဇာတ်ကားကောင်းလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။ ၂၀၀၂ ခုနှစ် ဟောလိုးဝင်းကာလမှာ အဲရစ်ကာတို့ သူငယ်ချင်း လေးယောက်ဟာသကြားလုံး လိုက်တောင်းရင်း M.A.S.H ဆိုတဲ့ ကစားနည်း စာအုပ်ကို ရလာခဲ့ပါတယ်။ အဆိုပါ ကစားနည်းစာအုပ်ဟာ အနာဂတ်ကို ကြိုတင်ခန့်မှန်းပြီး ကစားရတာဖြစ်ပါတယ်။ အဲရစ်ကာတို့လည်း ထိုကစားနည်းကို ကစားခဲ့ပြီးတော့ မေ့မေ့ပျောက်ပျောက်ပဲ ဖြစ်သွားခဲ့ပါတယ်။ သူတို့မသိလိုက်တာက အဆိုပါစာအုပ်ဟာ ကစားသူတွေကို ကျိန်စာတိုက်တယ်ဆိုတာပါပဲ။ ၂၀၂၂ ခုနှစ် ဟောလိုးဝင်းကာလမှာတော့ အဲရစ်ကာလည်း သူ့မွေးရပ်မြို့ကို အလုပ် အင်တာဗျူးအတွက် ပြန်လည်ရောက်ရှိလာပြီး သူငယ်ချင်းလေးယောက် ဆုံတွေ့ ဖြစ်ကြပါတယ်။ ထိုနေ့မှာပဲ ငယ်စဉ်က ကစားခဲ့ဖူးတဲ့ စာအုပ်ကိုပြန်လည်ရှာတွေ့ပြီးကျိန်စာအသက်ဝင်လာပါတော့တယ်။ စာအုပ်က ကျိန်စာတွေကို လွန်ဆန်ဖို့ ကြိုးစား ကြရင်း အဲရစ်ကာတို့ သူငယ်ချင်းတစ်သိုက် တလွဲဖြစ်ကြပုံတွေကို ဟာသများနဲ့ကြည့်ရှု့ရမှာဖြစ်ပါတယ်။
2 382
18
Chak De India (20/07) ဒီနေ့တော့ IMDb 8.4 အထိရရှိထားတဲ့ ဘောလိဝုဒ်ဇာတ်ကားကောင်းတစ်ကား မင်းသားလည်းပရိတ်သတ်တေတွကြိုက်တဲ့ မင်းသားက+1
Chak De India (20/07) ဒီနေ့တော့ IMDb 8.4 အထိရရှိထားတဲ့ ဘောလိဝုဒ်ဇာတ်ကားကောင်းတစ်ကား မင်းသားလည်းပရိတ်သတ်တေတွကြိုက်တဲ့ မင်းသားကြီး ရှာရှတ်ခန်ပဲဖြစ်ပါတယ် ဘယ်အချိန်ပြန်ကြည့်ကြည်ရိုးမသွားတဲ့ဇာတ်ကားလေးလဲ့ဖြစ်ပါတယ်...
4 388
19
ဒီဇာတ်ကားကို "ဝန်ကြီးချုပ်မင်းသား"လို့ အများခေါ်တဲ့မင်းသားကြီး Mahesh Babu အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ခေတ်အခြေအနေ တစ်ခုကို အ+1
ဒီဇာတ်ကားကို "ဝန်ကြီးချုပ်မင်းသား"လို့ အများခေါ်တဲ့မင်းသားကြီး Mahesh Babu အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ခေတ်အခြေအနေ တစ်ခုကို အခြေခံ၊လူတွေရဲ့ အယူမှားတဲ့ စိတ်ကိုကွက်ကွက်ကွင်းကွင်းရိုက်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ <ဇာတ်လမ်းအညွှန်း> ရှီဗာဟာ NGO ထောက်လှမ်းရေးအရာရှိတစ်ယောက်ပါ။ သူအလုပ်က အွန်လိုင်းပေါ်မှာ ပြောဆိုနေကြတဲ့ Conversationတွေကို ကင်းထောက်ပြီး၊ဖုန်းခေါ်ဆိုမှုတွေမှာ အကူအညီလိုအပ်ကြောင်းသတိပေးချက်မြည်ရင် ဝင်နားထောင်ပြီး လိုအပ်သလို ကူညီဖို့ပါ။ တနေ့မှာ သူဟာ ဖုန်းခေါ်ဆိုမှု တစ်ခု နားထောင်ခဲ့ရပါတယ်။ မိန်းကလေးတစ်ယောက် အိမ်မှာတစ်ယောက်တည်းဖြစ်နေချိန်သူ့သူငယ်ချင်းမလေးကို အတူလာအိပ်ပေးဖို့ ခေါ်တဲ့ဖုန်းခေါ်ဆိုမှု တစ်ခုပါ။ ရှီဗာဟာ အကူအညီလိုအပ်နေတဲ့ မိန်းကလေးဆီသူငယ်ချင်းဖြစ်သူ ရဲမေကို သွားစောင့်ရှောက်ပေးဖို့ အကူအညီတောင်းခံလိုက်ပါတယ်။ မနက်မိုးလင်းတော့ ထင်မှတ်မထားတဲ့ လူသတ်မှုကြီး တစ်ခုကိုကြားခဲ့ရပါတော့တယ်။
3 333
20
ဒီတစ်ခါတော့ ရင်တထိတ်ထိတ်ကြည့်ရမဲ့ အမိုက်စား ပန်ချာပီအက်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ယိုဒယာဟာ အဘိုးနဲ့အဖေက ဓားပြ+1
ဒီတစ်ခါတော့ ရင်တထိတ်ထိတ်ကြည့်ရမဲ့ အမိုက်စား ပန်ချာပီအက်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ယိုဒယာဟာ အဘိုးနဲ့အဖေက ဓားပြကြီးတွေဖြစ်ပြီး ဒုစရိုက်သားမိသားစုက ဆင်းသက်ပေါက်ဖွားလာသူပါ။ ဒါပေမဲ့ ငယ်စဉ်ကတည်းက မိဘမဲ့အဖြစ်ကြီးပြင်းလာပြီး အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့မိဘတွေအတွက် ကလဲ့စားချေဖို့ ကြံစည်ပါတော့တယ်။ တစ်ဖက်မှာလည်း သူရင်ဆိုင်ရမဲ့သူက ဗစ်ကရမ်ဆိုတဲ့ အရမ်းတော်တယ်လို့နာမည်ကြီးတဲ့ ရဲအရာရှိတစ်ဦးပါ။ တစ်နေ့မှာတော့ ယိုဒယာဟာ ကျားမြီးဆွဲတဲ့လုပ်ရပ်မျိုး ကျူးလွန်လိုက်ပါတယ်။ အဲဒါကတော့ ‌ဗစ်ကရမ်ရဲ့ညီမဖြစ်သူကို ပြန်ပေးဆွဲပြီး ဗစ်ကရမ်ကိုရန်စလိုက်တာပါပဲ။ အဲဒီအခါ ဗစ်ကရမ်နဲ့ ယိုဒယာတို့ ထိပ်တိုက်တွေ့ရဖို့ ဖြစ်လာပါတယ်။ ‌အဲဒီနောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လိုဇာတ်အလှည့်အပြောင်းတွေကို ရင်တထိတ်ထိတ် ကြည့်ရှုကြရမလဲဆိုတာ ဆက်လက်ခံစားကြည့်လိုက်ကြပါဦး။
3 329