uz
Feedback
Myanmar National Post

Myanmar National Post

Kanalga Telegram’da o‘tish

သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com

Ko'proq ko'rsatish
2025 yil raqamlardasnowflakes fon
card fon
30 975
Obunachilar
-824 soatlar
-937 kunlar
-34030 kunlar
Postlar arxiv
ပြင်ဦးလွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များ လူထုတွေ့ဆုံပွဲ အင်အား ၂၀၀၀၀ ဝန်းကျင် တက်ရောက် ပြင်ဦးလွင်၊ ဒီဇင်ဘာ ၂၄ ပြင်ဦးလွင်မြို့၊ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦးနှင့် ကိုယ်စားလှယ်များ ပြင်ဦးလွင်ဘောလုံးကွင်းတွင် လူထုတွေ့ဆုံပွဲ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ဒေသခံပြည်သူ ၂၀၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြသည်။ ပါတီဗဟို ဒုဥက္ကဋ္ဌ ဦးလှထွန်း တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားပေးသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦး က တက်ရောက်လာသော ပြည်သူများ၏ အင်အားကို အံ့သြမိကြောင်း၊ ၅စက္ကန့် အသက်ရှူခွင့်ပေးရန် ပြောသည်။ ပြင်ဦးလွင်​ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် ဒေသခံများက တခဲနက်ထောက်ခံအားပေးကြသည်။ #MNP #News
Hammasini ko'rsatish...
16👍 12
Photo unavailableShow in Telegram
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ ဒဂုံတောင် ၊ ဒီဇင်ဘာ ၂၄ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်ဆန္ဒမဲပေးနိုင်ရန်နှင့် မိမိတို့ပါဝင်ဆောင်ရွက်ရမည့် အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို ဖြန့်ဝေလျက်ရှိရာ ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် (၁၀) နာရီ၌ အမှတ် (၂၆) ရပ်ကွက်ရှိပြည်သူများနှင့် ပြည်သူများ စည်ကားရာနေရာများတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။ ဖတ်ရူရန် >>>>>>> https://www.mmnationalpost.com/2025/12/blog-post_256.html
Hammasini ko'rsatish...
👍 22 4
Photo unavailableShow in Telegram
ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှု (Campaign) များ အရှိန်အဟုန်မြှင့်ဆောင်ရွက် ဗိုလ်တထောင် ၊ ဒီဇင်ဘာ ၂၄ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လူစည်ကားရာ‌နေရာများသို့ လှုံ့ဆော်မှု (Campaign) များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဘိုကလေးဈေးကားမှတ်တိုင်၊ အမှတ် (၇) ရပ်ကွက် (၄၂) လမ်း၊ ဘိုကလေးဈေး (လဟာပြင်)၊ အမှတ် (၆) ရပ်ကွက် (၄၃) လမ်း စသည့် လူစည်ကားသည့် နေရာများရှိ လမ်းဘေးဈေးဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။ ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/campaign_24.html
Hammasini ko'rsatish...
👍 25 6
Photo unavailableShow in Telegram
ဒလမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ ဒလ ၊ ဒီဇင်ဘာ ၂၄ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် သမတကမ်းခြေ၊ သမ္ဗာန်ဆိပ်တွင် ဖြန့်ဝေပေးခဲ့သည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_370.html
Hammasini ko'rsatish...
👍 24 4
Photo unavailableShow in Telegram
ဟားခါးမြို့၌‌ ဒေသဘာသာဖြင့်ထုတ်ဝေသော ၂၀၂၅ ခုနှစ်‌ ပါတီစုံရွေးကောက်ပွဲ မဲဆန္ဒရှင် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်က ကြည့်ရှုအားပေး ဟားခါး ၊ ဒီဇင်ဘာ ၂၄ ချင်းပြည်နယ်၊ ဟားခါးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ဒေသဘာသာစကားဖြင့် ပြန်ဆိုထားသည့် မဲဆန္ဒရှင်အသိပညာပေးလက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်း ကိမ်ပိန်းကို ဒီဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းက ဗိုလ်ချုပ်လမ်း၊ ခရိုင်စုပေါင်းရုံးရှေ့နှင့် တလန်ဟရောန်းလမ်း ချင်းပြည်နယ် လွှတ်တော်ရုံးရှေ့များတွင် ဆောင်ရွက်ကြသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_791.html
Hammasini ko'rsatish...
👍 28 5
01:15
Video unavailableShow in Telegram
ပြည်သူများကွင်းလုံးပြည့်လျံ ပြင်ဦးလွင် ဘောလုံးကွင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ လူထုတွေ့ဆုံပွဲ ပရိတ်သတ် ၁၅၀၀၀ ကျော် တက်ရောက်မယ်လို့ သိရပါတယ်။ 24-12-2025 #News #MNP
Hammasini ko'rsatish...
30.70 MB
21👍 12
00:28
Video unavailableShow in Telegram
ပြည်သူများကွင်းလုံးပြည့်လျံ ပြင်ဦးလွင် ဘောလုံးကွင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ လူထုတွေ့ဆုံပွဲ ပရိတ်သတ် ၁၅၀၀၀ ကျော် တက်ရောက်မယ်လို့ သိရပါတယ်။ 24-12-2025 #News #MNP
Hammasini ko'rsatish...
10.30 MB
👍 31 8
00:56
Video unavailableShow in Telegram
ပြည်သူများတဖွဲဖွဲ ရောက်ရှိလာ ပြင်ဦးလွင် ဘောလုံးကွင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ လူထုတွေ့ဆုံပွဲ ပရိတ်သတ် ၁၅၀၀၀ ကျော် တက်ရောက်မယ်လို့ သိရပါတယ်။ 24-12-2025 #News #MNP
Hammasini ko'rsatish...
23.28 MB
18👍 17
01:01
Video unavailableShow in Telegram
ပြည်သူများတဖွဲဖွဲ ရောက်ရှိလာ ပြင်ဦးလွင် ဘောလုံးကွင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ လူထုတွေ့ဆုံပွဲ ပရိတ်သတ် ၁၅၀၀၀ ကျော် တက်ရောက်မယ်လို့ သိရပါတယ်။ 24-12-2025 #News #MNP
Hammasini ko'rsatish...
23.16 MB
20👍 13
Repost from TgId: 2376519482
ပြည်သူများတဖွဲဖွဲ ရောက်ရှိလာ ပြင်ဦးလွင် ဘောလုံးကွင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ လူထုတွေ့ဆုံပွဲ ပရိတ်သတ် ၁၅၀၀၀ ကျော် တက်ရောက်မယ်လို့ သိရပါတယ်။ 24-12-2025 #News #MNP
Hammasini ko'rsatish...
9.02 MB
2.02 MB
8.26 MB
👍 34 7👏 4
Repost from TgId: 2376519482
ပြင်ဦးလွင် ဘောလုံးကွင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ လူထုတွေ့ဆုံပွဲ ပရိတ်သတ် ၁၅၀၀၀ ကျော် တက်ရောက်မယ်လို့ သိရပါတယ်။ 24-12-2025 #News #MNP
Hammasini ko'rsatish...
4.07 MB
24👍 17
Photo unavailableShow in Telegram
မြန်မာ - တရုတ်သံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့်အထိမ်းအမှတ် ကဗျာနှလုံးသားတူယှဉ်သွား တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများ ရွတ်ဆိုပွဲ ပြုလုပ်မည် နေပြည်တော်၊ ဒီဇင်ဘာ ၂၄ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကွမ်ရှီးအသံနှင့် ရုပ်မြင်သံကြားဌာနတို့ ပူးပေါင်းပြီး မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅)နှစ် ပြည့်အထိမ်းအမှတ် ကဗျာနှလုံးသား တူယှဉ်သွား တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများရွတ်ဆိုပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရန်ကုန် Studio –ယနေ့ ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ တရုတ်နိုင်ငံ ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Zhengkui ဦးဆောင်သည့် အဖွဲ့ဝင်ခုနစ်ဦးတို့သည် ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ အသီးသီးရောက်ရှိကြသည်။ တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများ ရွတ်ဆိုပွဲတွင် မြန်မာကဗျာနှစ်ပုဒ်၊ တရုတ်ကဗျာ နှစ်ပုဒ်၊ တရုတ်-မြန်မာနှစ်ဘာသာဖြင့် ရေးစပ်ထားသည့် ရွတ်ဆိုမည့် ဂန္ထဝင်ကဗျာတစ်ပုဒ်တို့ ပါဝင်မည်ဖြစ်ပြီး ကဗျာရွတ်ဆိုပွဲမှတစ်ဆင့် တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူများ၏ ယဉ်ကျေးမှုများ အပြန်အလှန် ဖလှယ်နိုင်မည်ဖြစ်သည်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာန(GXRTV) တို့သည် ၂၀၁၇ ခုနှစ်မှ စတင်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တရုတ်ရုပ်သံစီးရီးနှင့် တရုတ်ကာတွန်းကားများအား မြန်မာဘာသာ ပြန်ဆိုပြသလျက်ရှိသကဲ့သို့ နှစ်ဖက်ပူးပေါင်းထုတ်လုပ်မှုများ ဆောင်ရွက်လျက်ရှိရာ (GXRTV)မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်လည်း မုတ္တမပင်လယ်ကွေ့တွင် ကျက်စားသည့် ငှက်မျိုးရင်း လေ့လာရေးအစီအစဉ်အား ပူးတွဲရိုက်ကူး ထုတ်လုပ်သွားမည်ဖြစ်ရာ အဆိုပါရုပ်သံမှတ်တမ်း အစီအစဉ်နှစ်ခုအား နှစ်ဖက်ရုပ်သံများတွင် ထုတ်လွှင့်ပြသရေး သဘောတူညီချက် မူဘောင်ကိုလည်း လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။ ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာန(GXRTV)မှ ရိုက်ကူးရေးအဖွဲ့ဝင် ကိုးဦးတို့သည် “မဲခေါင်-လန်ချန်း” ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နောက်ဆုံးအောင်မြင်မှုအခြေအနေများ မှတ်တမ်းရုပ်သံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၁ ရက်မှ ၂၁ ရက်အထိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ရိုက်ကူးရေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ #MNP #News
Hammasini ko'rsatish...
👍 27 9
27:56
Video unavailableShow in Telegram
စစ်ကိုင်းမြို့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများ တွေ့ဆုံပွဲ #MNP #News
Hammasini ko'rsatish...
1224.mp41318.87 MB
👍 35 3
KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၄၉၁ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးစီး၊ မြဝတီမြို့နှင့် အနီးတစ်ဝိုက်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများအား ချိပ်ပိတ်သိမ်းဆည်း နေပြည်တော်၊ ဒီဇင်ဘာ ၂၃ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေ အတွင်းရှိ တရားမဝင် ၄ ထပ်အဆောက်အအုံ ၃ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၄၉၁ လုံး ကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/kk-park_23.html
Hammasini ko'rsatish...
👍 42 9👏 4
အိန္ဒိယအတွက် တရုတ်ဗီဇာကို အွန်လိုင်းက လျှောက်ခွင့်ပြုပြီ ဒီဇင်ဘာ - ၂၃ ( အင်္ဂါနေ့ ) တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ ခရီးသွားများအတွက် ဗီဇာလုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန်အတွက် အွန်လိုင်းမှ လျှောက်လွှာတင်လို့ရတဲ့စနစ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ လှုပ်ရှားမှုသည် အိန္ဒိယနှင့် တရုတ်နိုင်ငံ တို့ သဘောတူညီထားတဲ့ “လူကိုဗဟိုပြု” ယုံကြည်မှု တည်ဆောက်ရေး အစီအမံများရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဟင်ဒူစတန် တိုင်းမ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လုပ်ငန်းစဉ်အသစ်ဖြင့် လျှောက်ထားသူများသည် စာရွက်စာတမ်းအများစုကို ဒစ်ဂျစ်တယ်စနစ်ဖြင့် တင်သွင်းနိုင်သောကြောင့် ဗီဇာလုပ်ဆောင်ခြင်း၏ ကနဦးအဆင့်များအတွင်း အချိန်ကုန်သက်သာမယ်လို့ မျှော်လင့်ရပါတယ်။ အိန္ဒိယဘက်ကတော့ တရုတ်ပညာရှင်များအတွက် စီးပွားရေးဗီဇာများကို အမြန်ရနိုင်ရန် ဗျူရိုကရေစီ စိစစ်မှုအလွှာကို လျှော့ချကာ ဗီဇာခွင့်ပြုချက်အချိန်ကို တစ်လထက်နည်းအောင် လျှော့ချခဲ့ကြောင်း သိရပါတယ်။ ၂၀၂၀ ခုနှစ် ဇွန်လအတွင်းက နယ်နိမိတ်ချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာလာကာ တရုတ် နိုင်ငံသားများအတွက် စီးပွားရေးဗီဇာများကို တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယသည် ငါးနှစ်ကြာ ရပ်နားထားတဲ့ တရုတ်နိုင်ငံသားများအား ခရီးသွားဗီဇာများ ပြန်လည်ထုတ်ပေးခဲ့ပါတယ်။ တစ်လအကြာတွင် အိန္ဒိယ၀န်ကြီးချုပ် မိုဒီက ၂၀၁၈ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခဲ့ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ တွေ့ဆုံခဲ့ပါတယ်။ အောက်တိုဘာလတွင် အိန္ဒိယနှင့် တရုတ်တို့သည် ငါးနှစ်ကြာ ရပ်နားထားတဲ့ ၂ နိုင်ငံ လေကြောင်း တိုက်ရိုက်ပျံသန်းမှုများ ပြန်လည်စတင်ခဲ့ပါတယ်။ “နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာကျကျနဲ့ ရေရှည်ရှုထောင့်ကနေ ကြည့်ရှုကိုင်တွယ်ဖို့ အိန္ဒိယနဲ့ လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ပါပဲ” ဟု ဘေဂျင်းအစိုးရ က ပြောကြားခဲ့ပါတယ်။ REF: RT #MNP #News
Hammasini ko'rsatish...
👍 26 6
Photo unavailableShow in Telegram
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ ညောင်တုန်း ၊ ဒီဇင်ဘာ ၂၃ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတွက် မဲရုံနေရာအဖြစ် သတ်မှတ်ထားရှိသည် အဆောက်အဦဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ မှာကြားခဲ့သည်။ ဖတ်ရူရန် >>>>>>>>>>> https://www.mmnationalpost.com/2025/12/blog-post_277.html
Hammasini ko'rsatish...
👍 20 3
Photo unavailableShow in Telegram
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၌ မဲရုံများအား လှည့်လည်ကြည့်ရှုစစ်ဆေး စစ်တွေ ၊ ဒီဇင်ဘာ ၂၃ စစ်တွေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_585.html
Hammasini ko'rsatish...
👍 26 3
Photo unavailableShow in Telegram
ချောင်းဦးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ တတိယအကြိမ် ကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းမှန်ကန်စေရေး ပူးပေါင်းဆောင်ရွက် ချောင်းဦး ၊ ဒီဇင်ဘာ ၂၃ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ တတိယအကြိမ် မဲဆန္ဒရှင်စာရင်း ထပ်မံကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းများမှန်ကန်စေရေးအတွက် စစ်ဆေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/blog-post_261.html
Hammasini ko'rsatish...
👍 23 3
08:07
Video unavailableShow in Telegram
အကြမ်းဖက်ဘေးကြောင့် တိမ်းရှောင်နေရသူများ နေရပ်ပြန်အခြေချနေထိုင်နိုင်ပြီး ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးသွားရမည် စစ်ကိုင်းမြို့ လူထုတွေ့ဆုံပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသတ်ပုံ က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ #MNP #News
Hammasini ko'rsatish...
1223 (2).mp4373.60 MB
👍 35 17
17👍 8