uz
Feedback
2025 yil raqamlardasnowflakes fon
card fon
44 978
Obunachilar
Ma'lumot yo'q24 soatlar
Ma'lumot yo'q7 kunlar
+1330 kunlar
Postlar arxiv
■ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးနှင့် မြန်မာနိုင်ငံ၏ ရေနက်ဆိပ်ကမ်းများကို အသုံးပြု၍ Energy Trading ပြုလုပ်နိုင်ရေး မြန်မာ-ရုရှား ဆွေးနွေး ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးနှင့် မြန်မာနိုင်ငံ၏ ရေနက်ဆိပ်ကမ်းများကို အသုံးပြု၍ Energy Trading ပြုလုပ်နိုင်ရေး မြန်မာ-ရုရှား ဆွေးနွေးခဲ့ကြောင်း သိရသည်။ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး Mr. Anton Kobyakov ၏ ဖိတ်ကြားမှုအရ အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ မော်စကိုမြို့၌ ကျင်းပ ပြုလုပ်သည့် ၈ ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် Russia Energy Week International Forum (REW) သို့ တက်ရောက်ခဲ့သည်။ ■ Read More >>>> https://news-eleven.com/article/306972
Hammasini ko'rsatish...
👍 49❤ 19👏 6🥰 1
■ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းတွင် ခုနစ်လွှာမှ တိုက်နှစ်လုံးကြားသို့ ကလေးငယ်တစ်ဦး ပြုတ်ကျခဲ့ပြီး ၁၆ မိနစ်ခန့်အကြာတွင် ကယ်ဆယ်နိုင်ခဲ့ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းတွင် ခုနစ်လွှာမှ တိုက်နှစ်လုံးကြားသို့ ကလေးငယ်တစ်ဦး ပြုတ်ကျခဲ့ပြီး ၁၆ မိနစ်ခန့်အကြာတွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီ ၂၇ မိနစ်ခန့် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ရေကျော် YMBA ရုံးအနီးရှိ တိုက်နှစ်လုံးကြားတွင် ကလေးတစ်ဦး ပြုတ်ကျနေကြောင်း သတင်းရရှိသဖြင့် ပုဇွန်တောင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ကျောက်တံတာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ခဲ့ပြီးနောက် ၁၆ မိနစ်ခန့်အကြာတွင် ညပ်နေသောကလေးငယ်အား ကယ်ထုတ်ပြီး ပီတိမေတ္တာလူမှူကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ ■ Read More >>>> https://news-eleven.com/article/306971
Hammasini ko'rsatish...
👍 45❤ 22👏 5🥰 2
07:58
Video unavailableShow in Telegram
အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းသတင်းအစီအစဉ် - ရာအိမ်မှူးအဟောင်းက ရာအိမ်မှူးအသစ်ဖြစ်သူအား မကျေနပ်သဖြင့် ဓားဖြင့် ထိုးခုတ်သတ်ဖြတ်မှု ကျောက်ဆည်မြို့ ၌ ဖြစ်ပွား - ရွှေဆိုင်များအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပေးသည့် ဘောက်ချာ ဖြင့်သာ ရွှေအရောင်းအဝယ် ပြုလုပ်ရတော့မည် - ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး လာရောက်ပြီး လူနာများအတွက် ပိုမိုသင့်တော်ကောင်းမွန်သည့် ကုထုံးများ ဆွေးနွေး - ပီရူးနိုင်ငံတွင် လူငယ်များဦးဆောင်သောဆန္ဒပြပွဲများတွင် အကြမ်းဖက်မှုများကြောင့်တစ်ဦးသေဆုံးခဲ့ပြီး၁ဝဝဝ ကျော် ဒဏ်ရာရ - ပရီးမီးယားလိဂ်ရဲ့ စံချိန်သစ်ဖြစ်မယ့် စပွန်ဆာစာချုပ် ချုပ်ဆိုဖို့ လီဗာပူးလ် စီစဉ်နေ
Hammasini ko'rsatish...
Packate M tele.mp480.93 MB
👍 40❤ 9🥰 1
■ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံဆွေးနွေး ■ဖွဲ့စည်းပုံအခြခံဥပဒေအားပြင်ဆင်၍ ရသည်များကို ပြင်ဆင်ပေးမည်ဖြစ်ကြောင်းနှင့် တိုင်းပြည်ခွဲထွက်ရေးကို တပ်မတော်အနေဖြင့် လုံးဝလက်မခံဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ယနေ့(အောက်တိုဘာ ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ■ Read More >>>>>>https://news-eleven.com/article/306967
Hammasini ko'rsatish...
👍 39❤ 9👏 6
■ အင်အားပြင်းမန္တလေးငလျင်ကြီး ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး အစီအစဉ်များအတွက် ချေးငွေများ လျှောက်ထားနိုင်ပြီဟုဆို ■ငလျင်ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများပြန်လည်ထူထောင်ရန် နိုင်ငံတော်မှ ထည့်ဝင်ပံ့ပိုးသော ရန်ပုံငွေဖြင့် (၃) နှစ်မှ (၅)နှစ်အထိ သက်တမ်းရှိသည့် ချေးငွေများအား သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးသွားမည် အင်အားပြင်းမန္တလေးငလျင်ကြီး ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး အစီအစဉ်များအတွက် ချေးငွေများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ယနေ့(အောက်တိုဘာ ၁၇ ရက်)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသများမှ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ပြည်သူများ၏ နေအိမ်များ၊ စက်ရုံအလုပ်ရုံများနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ■ Read More >>>>>>https://news-eleven.com/article/306965
Hammasini ko'rsatish...
👍 36❤ 4👏 1
■ NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အလုပ်ရုံဆွေးနွေးပွဲများ၌ နိုင်ငံရေးကဏ္ဍတွင် အကြံပြုချက် ၄၈ ချက်နှင့် စီးပွားရေးကဏ္ဍတွင် အကြံပြုချက် ၅၃ ချက် ရရှိခဲ့ဟုဆို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ၌ နိုင်ငံရေးကဏ္ဍတွင် အကြံပြုချက် ၄၈ ချက်နှင့် စီးပွားရေးကဏ္ဍတွင် အကြံပြုချက် ၅၃ ချက် ရရှိခဲ့ကြောင်း သိရသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲများအား အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန -၁ တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ■ Read More >>>>>> https://news-eleven.com/article/306963
Hammasini ko'rsatish...
👍 30❤ 10👏 3
14:49
Video unavailableShow in Telegram
■ အောက်တိုဘာ ၁၇ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု ) - လက်နက်ကိုင်ပဋိပက္ခကျယ်ပြန့်နေသည့်နိုင်ငံအတွက် ငြိမ်းချမ်းရေးသည် တမဟုတ်ချင်းရရန် အခက်အခဲရှိမည်ဖြစ်ပြီး ဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေးအတွက် အစပြုခြေလှမ်းကောင်းတစ်ခုဖြစ်ဟု KNU/KNLA-PC အထွေထွေအတွင်း ရေးမှူးချုပ် ပြော - ပုသိမ်ကြီးမြို့နယ်တွင် ကားဖြင့်ဆိုင်ကယ်ကိုတိုက်မိပြီး ကားတွင်ငြိပါသွားသည့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး သတိပြန်လည်လာခဲ့ပြီး တိုက်ပြေးသွားသူကို ဖမ်းဆီးရမိရေးဆောင်ရွက်နေ - တရားမဝင် အွန်လိုင်းလောင်းကစားနှင့်လိမ်လည်မှုဆိုင်ရာ Website များ၊ Social Media များကို စုံစမ်းဖော်ထုတ်ကာ ဖျက် သိမ်းခြင်းနှင့်တရားစွဲဆိုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောကြား - ဟားမာ့စ်အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်မည်ဆိုပါက ဂါဇာတွင် စစ်ဆင်ရေးကို ပြန်လည် စတင်သွားမည်ဟု အစ္စရေး သတိပေး - ပစ်ဖို့ဒ်ကို အဲဗာတန်အသင်း ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို
Hammasini ko'rsatish...
17 Night Packate~1.mp4213.02 MB
👍 32❤ 6🥰 1
❤ 26👍 8👏 1😢 1
👍 16❤ 12👏 1
■ ဒီပါဝလီပွဲတော်ဖွင့်ပွဲအခမ်းအနား ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံတွင် ကျင်းပ ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် အောက်တိုဘာ ၁၇ ရက်၊ ညနေ ၆ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံ‌တော်ယာယီသမ္မတ၊ နိုင်ငံ‌တော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ အစိုးရတာဝန်ရှိ လူကြီးမင်းများ၊ အိန္ဒိယသံရုံမှ တာဝန်ရှိသူများ၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဟိန္ဒူဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ■ ဓာတ်ပုံ - ကြည်နိုင် ■ Read More >>>>>> https://news-eleven.com/article/306962 ■ Eleven Website: https://news-eleven.com ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup
Hammasini ko'rsatish...
👍 23❤ 12👏 1
■အားလုံးပါဝင်သည့် တံခါးကျယ်ကျယ်ဖွင့်ထား​သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်ကျင်းပပါက အဖြေကောင်းတစ်ခု ပေါ်လာလိမ့်မည်ဖြစ်​ပြီး ​ဆွေး​နွေးပွဲကျင်းပ​နေချိန်တွင် အပစ်အခတ်ရပ်စဲထားရန် အ​ရေးကြီး​ကြောင်း KSPP ဥက္ကဋ္ဌ ​ဒေါက်တာတူးဂျာပြောကြား အားလုံးပါဝင်သည့် တံခါးကျယ်ကျယ်ဖွင့်ထား​သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်ကျင်းပပါက အဖြေကောင်းတစ်ခု ပေါ်လာလိမ့်မည်ဖြစ်​ပြီး ​ဆွေး​နွေးပွဲကျင်းပ​နေချိန်တွင် အပစ်အခတ်ရပ်စဲထားရန် အ​ရေးကြီး​ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ က ပြောကြားသည်။ ယနေ့(အောက်တိုဘာ ၁၇ ရက်)တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပသည့် (NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ တတိယနေ့ အခမ်းအနားတွင် လက်ရှိကျင်းပနေသည့် အခမ်းအနားမှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မည်မျှအထိ အကောင်အထည် ဖော်သွားနိုင်မလဲဆိုသည့် မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။ ■Read More >>>>>>https://news-eleven.com/article/306957
Hammasini ko'rsatish...
👍 29❤ 14🤬 4😱 2👏 1
■ပျော်ဘွယ်မြို့နယ် ပဲ့ကန်ကျေးရွာတွင် ကျေးရွာလမ်းဖွင့်ပွဲ အထိမ်းအမှတ်အောင်ပွဲကျင်းပနေစဉ် PDF များက သေနတ်ဖြင့်ပစ်ခတ်သဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးအပါအဝင် အရပ်သားရှစ်ဦးသေဆုံး မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ပဲ့ကန်ကျေးရွာတွင် အောက်တိုဘာ ၁၆ ရက် ညပိုင်းက ကျေးရွာလမ်းဖွင့်ပွဲ အထိမ်းအမှတ် အောင်ပွဲကျင်းပနေစဉ် PDF များက သေနတ်ဖြင့်ပစ်ခတ်သဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးအပါအဝင် အရပ်သားရှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပဲ့ကန်ကျေးရွာသည် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နှင့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ကို ဆက်သွယ်ထားသည့် ကားလမ်းတွင်တည်ရှိပြီး ပဲ့ကန်(တောင်)ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားသည့်ကျေးရွာ ကိုယ်ထူကိုယ်ထလမ်းအား လမ်းခင်းပြီးစီးခြင်း အထိမ်းအမှတ်အောင်ပွဲကို အောက်တိုဘာ ၁၆ ရက် ညပိုင်းက ကျင်းပနေစဉ် PDF များက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ■Read More >>>>>>https://news-eleven.com/article/306957
Hammasini ko'rsatish...
🤬 29😢 20👍 9❤ 3😱 1
05:08
Video unavailableShow in Telegram
■ အောက်တိုဘာ ၁၇ ရက်နောက်ဆုံးရညနေခင်း သတင်း (တိုက်ရိုက်ထုတ်လွှင့်မှု) ■ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ တတိယနေ့စကားဝိုင်းဆွေးနွေးမှုများ ဆက်လက်ကျင်းပ ■ ရန်ကုန် - မန္တလေးလမ်းဟောင်း ညောင်လွန့်ကျေးရွာတွင် ယာဉ်နှစ်စီးတိုက်မိခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ ■ လေးဖြူ၏ " အလင်းရောင်" သီချင်းအပါအဝင် နာမည်ကြီးအဆိုတော်များအတွက် သီချင်းများရေးသားခဲ့သူ တေးရေးသော်ဒီဝေ ကွယ်လွန် ■ အီတလီအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ရင် အီတလီနိုင်ငံကနေ ထွက်ခွာသွားမယ်လို့
Hammasini ko'rsatish...
17e ve Packate~1.mp474.30 MB
👍 27❤ 5🥰 1
■ပလောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ TNLA ယာယီထိန်းချုပ်ခဲ့သည့် သီ​ပေါမြို့​ကို တပ်မ​တော်က ပြန်လည်ထိန်းချုပ် ပလောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ TNLA ယာယီထိန်းချုပ်ခဲ့သည့် သီ​ပေါမြို့​ပေါ်သို့ တပ်မတော်စစ်​ကြောင်းများ ယ​နေ့(​အောက်တိုဘာ ၁၇ ရက်)တွင် အလုံးစုံ ထိန်းချုပ်ရရှိပြီဖြစ်ကြောင်းသိရသည်။ ပလောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ TNLA နှင့် DPLA ၊ PDF များ ယာယီစိုးမိုးထားသည့် သီ​ပေါမြို့အနီးဝန်းကျင်အထိ တပ်မ​တော်စစ်​ကြောင်းများသည် ​အောက်တိုဘာ ၁၅ ရက်တွင်​ ​ရောက်ရှိ​နေခြင်းဖြစ်​ကာ သီ​ပေါမြို့အား အလုံးစုံထိန်းချုပ်နိုင်​ရေး တပ်မ​တော်က ဆက်လက်​ဆောင်ရွက်ခဲ့ရာ TNLA ပူး​​​ပေါင်းအဖွဲ့များသည် မြို့တွင်းမှဆုတ်ခွာ​ချိန် ​အောက်တိုဘာ ၁၆ ရက်တွင် ဌာနဆိုင်ရာရုံးအ​ဆောက်အအုံများနှင့် ​နေအိမ်များကို မီးရှို့ခဲ့သည်။ မီးရှို့ခံရသည့် ဌာနဆိုင်ရာ အဆောက်အအုံများမှာ သီ​ပေါ အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ် ရေးမှူးရုံး၊ မြေစာရင်းရုံး၊ သီပေါဟိုတယ် အပါအဝင် အခြားဌာနဆိုင်ရာအဆောက် အအုံများနှင့် ​နေအိမ်များဖြစ်​ကြောင်း သိရသည်။ ■Read More >>>>>> https://news-eleven.com/article/306952
Hammasini ko'rsatish...
👍 63❤ 34👏 1
❤ 25👍 17👏 1
■ NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ တတိယနေ့ စကားဝိုင်းဆွေးနွေးမှုများ ဆက်လက်ကျင်းပ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ တတိယနေ့ အစီအစဉ်များအား ယနေ့(အောက်တိုဘာ ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ဆက်လက်ကျင်းပလျက်ရှိသည်။ အဆိုပါ တတိယနေ့ အစီအစဉ်တွင် NCA ၁ဝ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကို သုံးသပ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပြန်လည်စုံလင်စွာ ပါဝင်လာနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိန်ခေါ်မှုနှင့် ပြဿနာအကြောင်းအရာများအပေါ် ရေတို၊ ရေရှည်ဆောင်ရွက်နိုင်မည့် နည်းဗျူဟာများ ဖော်ထုတ်ခြင်း ခေါင်းစဉ်များ ပါဝင်သည်။ ယင်းအစီအစဉ်တွင် Moderator အဖြစ် ဗိုလ်ချုပ်စိုးနိုင်ဦး(ငြိမ်း) က ဆောင်ရွက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊ ဦးအောင်နိုင်ဦးနှင့် EAO အဖွဲ့များက ဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ Read More >>>>>> https://news-eleven.com/article/306945
Hammasini ko'rsatish...
👍 28❤ 13👏 1
Photo unavailableShow in Telegram
😢 43😱 6❤ 3
■ ပုသိမ်ကြီးမြို့နယ်တွင် ကားဖြင့်ဆိုင်ကယ်ကို တိုက်မိပြီး ကားတွင် ငြိပါသွားသည့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး သတိပြန်လည်ရရှိကာ တိုက်ပြေးသွားသူကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေ ပုသိမ်ကြီးမြို့နယ်တွင် ကားဖြင့်ဆိုင်ကယ်ကို တိုက်မိပြီး ကားတွင် ငြိပါသွားသည့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး သတိပြန်လည်ရရှိကာ တိုက်​ပြေးသွားသူကို ဖမ်းဆီးရမိ​ရေး​ ဆောင်ရွက်​နေကြောင်း သိရသည်။ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်တွင် အောက်တိုဘာ ၁၆ ရက် ည ၇ နာရီခန့်က ကားဖြင့်ဆိုင်ကယ်အားတိုက်ပြီး ထွက်ပြေးရာ ကားတွင်ငြိပါသွားသူ အမျိုးသမီးအား လမ်းဘေးတွင် စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ပုသိမ်ကြီးမြို့နယ်၊ ၁၉လမ်း ပုသိမ်ကြီးဆိုင်းဘုတ်အနီးတွင် မော်တော်ကားသည် ဆိုင်ကယ်အားတိုက်ပြေးရာ ဆိုင်ကယ်စီးသူအမျိုးသမီးသည် ဆိုင်ကယ်ကျန်ခဲ့ပြီး ကားအောက်တွင်ညပ်ပါသွားကြောင်း ဘေးမှမျက်မြင်သူများက ပြောကြားသဖြင့် ၎င်းအမျိုးသမီးလူနာအား မီးစလိုက်များနှင့် လိုက်လံရှာဖွေခဲ့ကြသော်လည်း အနီးအနားတွင် မတွေ့ရှိရဘဲ သွေးစများသာတွေ့ရကြောင်း၊ ၎င်းတိုက်ပြေးကားသည် အဆုတ်ဆေးရုံနားတွင် ​ခေတ္တရပ်ကြည့်ကာ ကားအောက်ပိုင်းတွင် လူပါလာမှန်းသိသဖြင့် အတိုက်ခံရသော အမျိုးသမီးအား ကားပေါ်တင်ပြေး၍ ကံကောက်ရွာ အထည်ချုပ်စက်ရုံနားတွင် ပစ်သွားကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “တိုက်ခံရတဲ့အမျိုးသမီး ခုပဲ သတိရလာပါပြီ။ သူ့ကိုတိုက်ပြေးသွားတာနဲ့ပတ်သက်ပြီး ခုမှမေးရမှာပါ။ အမှုဖွင့်ဖို့ကတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကိုခေါ်ထားပါတယ်။ အမှုဖွင့်ဖို့ ဆောင်ရွက်နေပါတယ်။ ဖြစ်ဖြစ်ချင်းကနေ ခုထိ သက်ဆိုင်ရာစစ်ကြောင်းတွေ၊ တာဝန်ရှိသူတွေရော အကုန်လိုက်လံရှာတွေ စစ်ဆေးပြီး အမြန်ဆုံး ဖမ်းမိဖို့ ဆောင်ရွက်နေပါတယ်” ဟု စခန်းမှုးက ဖြေကြားသည်။ Read More >>>>>> https://news-eleven.com/article/306944
Hammasini ko'rsatish...
😢 37❤ 12👍 8🤬 3😱 2
07:19
Video unavailableShow in Telegram
အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် - ဝန်ထမ်းများကို မော်တော်ယာဉ်ဝယ်ယူခွင့်ပြုမည်ဆိုသည့်စာမှာ အတုဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန ထုတ် ပြန် - နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ဓားထောက်လုယက်မှုကျူးလွန်ခဲ့သူ နှစ်ဦးအား ဖမ်း ဆီးရမိ - အမြန်လမ်းမကြီးတွင် Express ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား - တောင်ကိုရီးယားက ကမ္ဘောဒီးယား၏နေရာအချို့ကို ခရီးသွားလာခွင့် တားမြစ်ပိတ်ပင် - ယမားလ်အတွက် ယူရိုသန်း(၄၀၀)နဲ့ကမ်းလှမ်းမှု ရရှိထားတယ်ဆိုတဲ့သတင်းကို ဘာစီလိုနာ ငြင်းဆန်
Hammasini ko'rsatish...
Packate M tele.mp474.69 MB
👍 34❤ 8😢 1
■တရားမဝင် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုဆိုင်ရာ Website များ၊ Social Media များကို စုံစမ်းဖော်ထုတ်ကာ ဖျက်သိမ်းခြင်းနှင့်တရားစွဲဆိုခြင်းများ ဆောင်ရွက်လျက်ရှိ​ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ​ပြောကြား ■အွန်လိုင်းလောင်းကစားဂိမ်းများသည် ကနဦးတွင် ဆော့ကစားသူများကို ပေးလျော်လေ့ရှိသော်လည်း နောက်ပိုင်းတွင် အနိုင်ရသော ပမာဏနည်းသွားပြီး အရှုံးများစေရန် စီမံထားခြင်းဖြစ်ကာ ဂိမ်းများ၏ ဆာဗာကို ပိုင်ရှင်က ထိန်းချုပ်ထားခြင်းဖြစ် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုဆိုင်ရာ Website များ၊ Social Media များကို စုံစမ်းဖော်ထုတ်ကာ ဖျက်သိမ်းခြင်းနှင့်တရားစွဲဆိုခြင်းများ ဆောင်ရွက်လျက်ရှိ​ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ​ပြောကြားသည်။ ■Read More >>>>https://news-eleven.com/article/306935
Hammasini ko'rsatish...
👍 56❤ 14👏 13😱 3