uz
Feedback
အေအန်န်အမ်မ်တီ

အေအန်န်အမ်မ်တီ

Kanalga Telegram’da o‘tish

အကူအညီပေးသောလက်များဟာ ဘုရားစာရွတ်ဆိုသောပါးစပ်များထက် ပို၍မြင့်မြတ်တယ်။

Ko'proq ko'rsatish
2025 yil raqamlardasnowflakes fon
card fon
14 308
Obunachilar
-1024 soatlar
-527 kunlar
-20030 kunlar
Postlar arxiv
Photo unavailableShow in Telegram
ကျွန်တော့်အကောင့် ဘလူးမတ်ရသွားပြီနော်၊ ဘလူးမတ် လျှောက်ရတဲ့ရည်ရွယ်ချက်က တော်လှ-န်ရေးဘက်အခြမ်းမှာ စောက်တလွဲလုပ်ရပ်တွေ၊ အရေးအသားတွေ၊ ငွေကြေးလိ-မ်မှုတွေ၊ ကြီးနိုင်င-ယ်ညှင်း ပြ-စ်မှုတွေတွေ၊ ဝိတ်နဲ့ဖိပြီး အမှန်တရားပျောက်အောင်လုပ်တဲ့ကေ့စ်တွေကို ရေးသားဖော်ထုတ်တဲ့အခါ၊ ဒီခိုဖော်ထုတ်တဲ့သူကို အကောင့်အတု ဘာညာဆိုပြီး အာချောင်တဲ့သူတွေကို အပြာရောင်အမှန်ခြစ်ပါတဲ့ ဘလူးမတ်အကောင့်နဲ့ ဒဲ့တက်ဖြု-တ်တဲ့အခါ ဘာစော-က်သံထွက်မလဲ သိချင်လို့။ ဒါကိုမှ "မျက်နှာမပြရဲတဲ့ကောင်၊ အကောင့်အတု" ဘာညာဆိုပြီး အာလာချောင်ရင် စော-က်ခွ-က်ကို သက်စေ့ရို-က်မယ်...😩 ဘလူးမတ်အကောင့်...👇 https://www.facebook.com/share/1D4aTQRN5o/ မိန်းအကောင့်....👇 https://www.facebook.com/share/19VSfmChX1/ #အေအန်န်အမ်မ်တီ Telegram Channel https://t.me/ANMTarnoldmyotint/8983
Hammasini ko'rsatish...
👍 120 28🤣 4🥰 2
03:04
Video unavailableShow in Telegram
အမေစု ပုဝါခြုံရတဲ့ရည်ရွယ်ချက်ကို ဒီ video file ကြည့်ပြီးမှ နားလည်တော့တယ်။ Video ထဲက အန်ကယ်ကြီးရှင်းပြတဲ့အထဲမှာ မယ်တော်ကြီးရှင်စောပု ပုဝါချတဲ့ပုံစံကို သရုပ်ပြရင်း.... "ဒီလိုခြုံတဲ့ပုံစံက တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးမယ်၊ လင်taytay သားtaytay ဘာမှဂရုမစိုက်ဘူး၊ အားတို့ မာန်တို့အပြည့်ရှိတဲ့မိန်းမသားတွေက ဒီလိုပုံစံ ပုဝါ ခြုံလေ့ခြုံထရှိတယ်၊ ဒီလိုပုံစံမျိုး မြန်မာနိုင်ငံမှာ နောက်တစ်ယောက်ခြုံတယ်၊ ဒါက နိုင်ငံရေးမပါဘူးနော်၊ မြန်မာ့စာပေ ရိုးရာယဥ်ကျေးမှုကျမ်းကို ဖတ်ပြီးပြောတာနော်၊ နိုင်ငံရေး လုံးဝမပါဘူးနော်"တဲ့။ Facebook Video Link... https://www.facebook.com/share/r/1CRf2MZ2zJ/ #အေအန်န်အမ်မ်တီ Telegram Channel
Hammasini ko'rsatish...
26.08 MB
99👍 15🤣 4🥰 3
သပိတ်ကျင်းကို စခတွေ လုပ်တဲ့ပုံက ရယ်ရတယ်။ တကယ်ဆိုရင် သပိတ်ကျင်းက ဧရာဝတီ မြစ်ကမ်းကို မေးတင်ထားတဲ့ မြို့လေး။ မန္တလေး-မြစ်ကြီးနား လမ်းမကြီး ကနေမှ လမ်းသွယ်လေး ခွဲထွက်ပြီး သွားရတဲ့ နေရာ။ အရင်က အဲဒီမှာ အမှတ် ( ၂ ) စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ အမှတ် (၁၃) တန်းမြင့် လေ့ကျင့်ရေးကျောင်း စတဲ့ စစ်တပ် သင်တန်းကျောင်းတွေ ရှိလို့ စခတွေ မြို့ထဲမှာ အခိုင်အမာ တပ်စွဲခဲ့တဲ့ နေရာ။ https://t.me/ANMTarnoldmyotint/8980 လမ်းမကြီးနေ သပိတ်ကျင်းကို ရောက်ဖို့ဆိုရင် ၇ မိုင်၊ ၅ မိုင်၊ ၄ မိုင် စတဲ့ စခန်းတွေကို ဖြတ်ရတယ်။ တော်လှန်ရေး တပ်တွေ က သပိတ်ကျင်းကို သိမ်းထားပေမယ့် မြို့ထဲမှာ အုပ်ချုပ်ရေး အဖွဲ့လောက်ပဲ ထားပုံရတယ်။ စစ်တပ် ရှိတုန်းကလို မြို့ထဲမှာ တပ်မစွဲထားဘူး။ တိုက်ပွဲဖြစ်ရင် မြို့ကို မထိခိုက်အောင်လို့။ တကယ် တပ်ချထားတာက အဲဒီ လမ်းစခန်းတွေမှာပဲ ရှိတာ။ အခုချိန်ထိ အဲ့စခန်းတွေမှာ တိုက်ပွဲက ဖြစ်နေတုန်း။ မကျသေးဘူး။ အဲဒီမှာ စခတပ်က ဘာလုပ်သလဲ ဆိုတော့ ဘာမှ လောက်လောက်လားလား တပ်မရှိတဲ့ မြို့ထဲကို ကဘဲ့ ဘက်ကနေ ခိုးကြောင်ခိုးဝှက် ပတ်ဝင်လာပြီး ဓာတ်ပုံတွေ ရိုက်တယ်။ ဒီမြို့ကို သူတို့ သိမ်းထား ပါတယ်ပေါ့။ ပြီးရင် ဆက်နေရဲလား ဆိုတော့လည်း မနေရဲဘူး။ ရိုက်ပြီး ပြေးကြတာပဲ။ သူတို့ လုပ်ချင်တာ ဝါဒဖြန့်ဖို့ သက်သက်ပဲ။ တော်လှန်ရေး ဘက်က လူတွေ စိတ်ဓာတ် ကျအောင် လုပ်ချင်တာ။ အချင်းချင်း အပြစ်တွေ တင်ပြီး ကွဲကြပြဲကြအောင် လုပ်ချင်တာ။ ကိုယ့်လူတွေကလည်း ကိုယ့်လူတွေပဲ။ အချိန်တိုနဲ့ မြို့တွေ အများကြီး ဆက်တိုက် ရဖူးတဲ့ ဖြစ်ရပ်ကို ကြုံဖူးထားတော့ တော်ရုံ စခန်း သိမ်းတာလောက်၊ နယ်မြေ သိမ်းတာလောက်ကို ကြီးကြီးမားမား အောင်မြင်မှုလို့ မမြင်တော့တာ။ ဒီကြားထဲ စစ်ဗျူဟာ သဘောအရ ကိုယ့်ဘက်က အဆုတ်အတက် လုပ်ရတာတွေ သတင်းကြားတဲ့အခါ ခုချက်ချင်းပဲ တော်လှန်ရေးကြီး ကျရှုံးတော့ မယောင် ဆောက်တည်ရာ မရတွေ ဖြစ်ကြတော့ တာပဲ။ အမှန်တော့ ခုနောက်ပိုင်း ကိုယ်တွေဘက်က ခြေသံ လုံသင့်သလောက် လုံလာလို့ သတင်း ဖောင်းပွမှုတွေ လျော့လာတဲ့အပြင် တစ်ဘက်က အသည်း အသန် ဝါဒဖြန့်တာတွေ လုပ်လာလို့ တချို့တွေ ဆိုက်ဝါး မိနေကြတာ။ မြို့ကျလည်း ဘာဖြစ်လဲ။ မြို့တမြို့ ပေးလိုက်ရလို့ ရှုံးရကြေးဆို မြို့ ၉၀ ကျော် ပေးထားရတဲ့ စစ်ရှုံး ကောင်စီ အခုလောက်ဆို အစအနတောင် ရှာရမှာ မဟုတ်ဘူး။ ဘောလုံးစကားနဲ့ ပြောရရင် ကိုယ်တွေက ဂိုး ၉၀ ကျော် သွင်းထားပြီး ၃-၄ ဂိုးပဲ ပြန်ပေးထားရတာ။ ခုချိန်က နှစ်ဘက် အင်အား ချိန်ခွင်လျှာ မျှခြေ အနေအထား တစ်ခု ဖြစ်နေတာ။ သူ့ဘက်က ဦးရင် သူ့ဘက်ကစား၊ ကိုယ့်ဘက်က ဦးရင် ကိုယ့်ဘက်က စားပဲ။ ဒီအချိန်မှာ အမှားသိပ်လုပ်လို့ မရဘူး။ အရေးကြီးတာ ကိုယ့်လူတွေက အချင်းချင်း အပြစ်တင်တာတွေ လျှော့ပြီး ကျောချင်း ကပ်ထားရမယ့် အချိန်။ စခတပ်ရဲ့ ဝါဒဖြန့် ဆောင်ပုဒ်လို PDF တွေ အင်အား ရှိဖို့ အရာရာ ကူညီရမယ့် အချိန်။ ကိုယ့်ဘက်က မြို့သိမ်း သတင်းတချို့လည်း မကြာခင် ကြားရလိမ့်မယ်။ အရေးကြီးတာ ဘယ်သူ ဘာပြောပြော ကိုယ်လုပ်နေတာတွေ တစိုက်မတ်မတ် ဆက်လုပ် နေဖို့ပဲ။ ဆက်ဆွဲကြမယ်။ Zin Thaw Naing မုရင်းပို့စ်... https://www.facebook.com/share/p/163Npc2FCe/ #အေအန်န်အမ်မ်တီ Telegram Channel
Hammasini ko'rsatish...
95👍 21🤣 5🥰 1
Photo unavailableShow in Telegram
သပိတ်ကျင်းတွင် တော်လှန်ရေးတပ်များ ပြန်လည်တပ်စွဲထား 24 JULY 2025 မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်ကို ဇူလိုင်လ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်ကအလုံးစုံပြန်လည်ထိန်းချုပ်နိုင်ကြောင်း ဓာတ်ပုံများချပြလာခဲ့ပြီး ၂၄ နာရီမပြည့်ခင်အချိန်တွင်ပင် စစ်ကောင်စီတပ်ပြန်လည်ဆုတ်ခွါသွားခဲ့ပြီး တော်လှန်ရေးတပ်များပြန်လည်တပ်စွဲထားနိုင်ကြောင်း သပိတ်ကျင်းမြို့နယ်မြေပြင်ရှိ တော်လှန်ရေးတပ်များကပြောသည်။ ဇူလိုင်လ ၂၂ ရက် ညဦးပိုင်း ၇ နာရီခန့်မှာ သပိတ်ကျင်းမြို့၏ ကာကင်းနေရာများအထိစစ်ကောင်စီကဝင်ရောက်လာခဲ့သည့်အတွက် တော်လှန်ရေးတပ်များဆုတ်ခွာပေးခဲ့ကြပြီး ဇူလိုင်လ ၂၃ ရက် မွန်းတည့် ၁ နာရီခန့်မှာတော့ စစ်ကောင်စီတပ်မှ မြို့ဆိုင်းဘုတ်များနှင့်ဓာတ်ပုံတွဲရိုက်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ ၂၄ ရက် ယနေ့ မနက်အစောပိုင်းအထိ သပိတ်ကျင်းမြို့၏တိုက်ပွဲဖြစ်ပွားရာနေရာများတွင် မိုးကုတ်ဗျူဟာ တပ်ရင်း ၁ (၁၂၂၁) ၊ သပိတ်ကျင်းမြို့နယ် ပကဖ၊စဥ့်ကူးမြို့နယ် ပကဖ၊မိုးကုတ်ပကဖနှင့် PDF ခရိုင်တပ်ရင်းများ (တပ်ရင်း ၅၀၉/၅၁၀/၅၁၂) က တပ်စွဲထားကြောင်း မြေပြင်တပ်ရင်းများကပြောသည်။ GNIAP/J
Hammasini ko'rsatish...
78👍 13🤣 3🥰 1
Photo unavailableShow in Telegram
ယင်းမာပင်ခရိုင် တပ်ရင်း ၆ က ကျ-ည်တစ်ထောင်ကမ်ပိန်းလုပ်နေတာ တားဂတ်အမောက်ကို သိန်း ၁၂၀ မျှော်မှန်းထားပေမယ့် အခုအချိန်အထိ သိန်း ၂၀ သာရရှိပါသေးတယ်။ ဒီအဖွဲ့ကတော့ ရှယ်ဖြုတ်တဲ့အဖွဲ့တွေထဲက တစ်ခုဖြစ်တာမို့ ပါဝင်အားဖြည့်ချင်တယ်ဆိုရင် အောက်မှာ လင့်ခ်ချပေးထားပါ့မယ်ခင်ဗျာ။ တိုက်ရိုက် သွားရောက်ထောက်ပံ့ပေးနော်။ လင့်ခ်ထဲဝင်ပြီး RCS လည်း လုပ်ပေးပါ။ ဆက်သွယ်ရန် Facebook link...👇 https://www.facebook.com/share/p/12LhXFu7D9S/ #အေအန်န်အမ်မ်တီ Telegram Channel
Hammasini ko'rsatish...
74👍 11🥰 1🤔 1🤣 1
လူတစ်ယောက်သေမှပဲ ဘာဖြစ်လို့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ စာရွက်ကြီးကိုင်ပြီး လာဖတ်ပြတာလဲ။ https://t.me/ANMTarnoldmyotint/8977 တကယ်တော့ သေဆုံးသူ နိုင်ကျဥ်းတိုင်းကို စကစဘက်ကနေ အခုလိုပဲ လုပ်လေ့ရှိပါတယ်။ လွတ်ငြိမ်းချမ်းသာဆိုတာ အလွှာ ၄ လွှာပါတဲ့မျက်နှာဖုံး တစ်ခုပါပဲ။ #ပထမတစ်လွှာ အကျဥ်းထောင်ထဲသေဆုံးသူတွေကို စာရင်းတင်ကြတဲ့အခါ သေဆုံးသွားတာတောင် စကစဘက်က "လွတ်သွားပြီ" ဆိုတဲ့စာရင်းနဲ့ တင်လေ့ရှိပါတယ်။ သေဆုံးမှုကိုလည်း "ပင်ကိုယ်ရောဂါအခံရှိပြီး ဆေးရုံကိုအချိန်မီ တင်ပြီးကုသခဲ့သော်လည်း"ဆိုတာနဲ့ ခုခံထားပါတယ်။ အကြောင်းရင်းကတော့ နောင်တချိန် တရားရေးဆိုင်ရာ စစ်ဆေးကြားနာမှု၊ စီရင်မှုတွေလုပ်လာတဲ့အခါ မိမိတို့လွန်ကျူးတဲ့အပြစ်တွေကို ဆေးမှတ်တမ်း၊ လွတ်ငြိမ်းမှတ်တမ်း စတာတွေနဲ့မျက်နှာဖုံးစွပ်ပြီး ကာကွယ်ချင်လို့ ဖြစ်ပါတယ်။ #ဒုတိယအလွှာ သေဆုံးသူအတွက် ကာယကံရှင်မိသားစုများမှ နိုင်ငံတကာတရားရုံး စသောနေရာများဆီ တရားမဝင်သေဆုံးခဲ့ကြောင်းတိုင်ကြားမှုများ မလုပ်နိုင်အောင်၊ လုပ်သော်လည်း ထိရောက်မှုအားနည်းအောင် လုပ်ထားခြင်းဖြစ်ပါတယ်။ #တတိယအလွှာ နိုင်ကျဥ်းတွေ အကျဉ်းထောင်ထဲသေဆုံးတဲ့အခါ ရုပ်အလောင်းကိုပြန်ရဖို့ အတော်ကြိုးစားရပါတယ်။ သေဆုံးတဲ့အခါမှာလည်း အခုလို "လွတ်ငြိမ်းခွင့်ပေးသည်" ဆိုတဲ့ခေါင်းစဥ်အောက်ကနေ သူတို့တွေရဲ့အုပ်ချုပ်မှုသာလျှင် တရားဝင်ဖြစ်ကြောင်း ပြချင်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ #စတုထ္တအလွှာ ခေတ်အဆက်ဆက် အကျဥ်းထောင်တွေထဲ အခုလို အပြစ်မဲ့ပြည်သူတွေသေဆုံးတာကို နိုင်ငံတကာအဖွဲ့အစည်းတွေက မသိဘူးဆိုတာ မဟုတ်ပါဘူး။ သိပါတယ်၊ အဲ့ဒီလို ကမ္ဘာ့နားမျက်စိကနေသိလို့ ပေးလာတဲ့ဖိအားတွေကိုလည်း အာဏာရှင်များ ဘက်ကနေ အထက်မှာပြောခဲ့သလို... ၁။ သူတို့အုပ်ချုပ်မှုသည် တရားဝင်သည်၊ ၂။ ပင်ကိုယ်ရောဂါအခံရှိ၊ ၃။ အချိန်မီဆေးရုံသို့ လွှဲပြောင်းကုသခဲ့သော်လည်း၊ ၄။ မိသားစုဆီ တရားဝင် အကြောင်းကြား လွှဲပြောင်းပေးပြီး၊ ၅။ လွတ်ငြိမ်းချမ်းသာခွင့်အား မိသားစုနဲ့သက်သေများရှေ့တွင် ပေးခဲ့ပြီး၊ စတာတွေနဲ့ ဖုံးဖိပြီး နိုင်ငံတကာဖိအားများလျော့ကျဖို့ လုပ်ဆောင်တတ်ပါတယ်။ ဟုတ်ကဲ့..., ဒါတွေဟာ ခင်ဗျားတို့ရော ကျွန်တော်တို့ရော အချိန်မရွေး ရင်ဆိုင်ကြရမယ့် အရှိတရားတွေပါပဲ။ ဘာလို့များ သေမှ လွတ်ငြိမ်းချမ်းသာပေးရတာလဲဆိုတဲ့ မေးခွန်းကို ကျွန်တော်တို့တွေအားလုံး သိရမယ်၊ မြင်အောင်လည်း ကြည့်ရပါမယ်။ အမှန်တရားတိုင်းဟာ နာကြည်းမှုတွေနဲ့ပြည့်နေပါတယ်။ ဒါတွေကို မကြားချင်ဟန်ဆောင်လေ၊ မသိချင်ဟန်ဆောင်လေ၊ မမြင်ချင်ဟန်ဆောင်လေ ပိုပိုပြီး အင်အားကြီးထွားလာလေပါပဲ။ စေ့စေ့ကြည့်ရင်တော့ သေးသိမ်အားနည်းသွားပါလိမ့်မယ်။ ခါးသီးဖွယ်အမှန်တရားဟာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ အရှေ့တည့်တည့်မှာ ရှိနေပါတယ်။ နောက်မျိုးဆက်ကို ဒီခါးသီးမှုတွေပေးမလား၊ ခင်ဗျားတို့ကျွန်တော်တို့တွေ စေ့စေ့ကြည့်ပြီး အတူတူရရုန်းကြမလား။ အဖြေဟာ ပြည်သူတစ်ဦးတစ်ယောက်စီတိုင်းရဲ့ လက်ထဲမှာ ရှိပါတယ်။ KOZAYKOKO မူရင်းပို့စ်.... https://www.facebook.com/share/p/1ESSUZyMe6/ #အေအန်န်အမ်မ်တီ Telegram Channel
Hammasini ko'rsatish...
👍 73😢 35 5🤣 2🥰 1😁 1
Photo unavailableShow in Telegram
လူတစ်ယောက်သေမှပဲ ဘာဖြစ်လို့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ စာရွက်ကြီးကိုင်ပြီး လာဖတ်ပြတာလဲ။ တကယ်တော့ သေဆုံးသူ နိုင်ကျဥ်းတိုင်းကို စကစဘက်ကနေ အခုလိုပဲ လုပ်လေ့ရှိပါတယ်။ လွတ်ငြိမ်းချမ်းသာဆိုတာ အလွှာ ၄ လွှာပါတဲ့မျက်နှာဖုံး တစ်ခုပါပဲ။ အပြည့်အစုံဖတ်ရှုရန် ... #အေအန်န်အမ်မ်တီ
Hammasini ko'rsatish...
👍 55🤬 16🤣 3😁 2🥰 1
Photo unavailableShow in Telegram
Lose and Hope - Revolution Film တော်လှ-န်ရေးရုပ်ရှင်လက်မှတ်တော့ ဝယ်ပြီးပြီ။ ဒီညကြည့်မယ်၊ ရို-က်ချက်တွေကောင်းတယ်လို့ Recommend ပေးထားတာတွေတွေ့ရတယ်။ စစ်Khwayနေရာက သရုပ်ဆောင်တဲ့သူတွေရဲ့ သရုပ်ဆောင်ချက်တွေက ရေလည်လန်းတယ်လို့ ကြားရတယ်။ ဇာတ်ကားကြာချိန်က ၃ နာရီကြာတယ်ဆိုပေမယ့် ဇာတ်လမ်းဇာတ်အိမ် အကုန်ကောင်းလွန်းလို့ ကြာလို့ကြာမှန်းတောင် မသိလိုက်ဘူးဆိုတဲ့ တုံ့ပြန်မှုလေးတွေလည်း တွေ့ရတယ်။ မိတ်ဆွေတို့လည်း ကြည့်ရှုအားပေးချင်တယ်ဆိုရင် အောက်က Link ကိုနှိပ်ပြီး လက်မှတ်ကို တိုက်ရိုက်ဝယ်ယူအားပေးနိုင်ပါတယ်။ လက်မှတ်တစ်စောင် မြန်မာငွေ ၃၀,၀၀၀ ကျပ်သာကျသင့်မှာဖြစ်ပြီး လက်မှတ်တစ်စောင်ကို ၃ ကြိမ်တိတိ ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ လက်မှတ်ဝယ်ယူရန်.... https://www.facebook.com/share/1C2Gg1meNy/ #အေအန်န်အမ်မ်တီ Telegram Channel
Hammasini ko'rsatish...
👍 63 6🥰 4🤣 1
Photo unavailableShow in Telegram
အိုင်ပြောပြမယ်ကွာ၊ ဒီနေ့ အသက် ၃၃ နှစ်ပြည့်အတွက် ကမ်ပိန်းလုပ်တာ ၃၃ သိန်း ရတယ်။ ညနေပိုင်း 2D တောင်မှ ၃၃ ထွက်သွားတယ်။ ယူတို့တတွေ မထိုးကြဘူးမဟုတ်လား။ အမေစုနဲ့တော့ နှိုင်းတာမဟုတ်ပါဘူး၊ တော်လှ-န်ရေးကာလမွေးနေ့တွေမှာ မွေးနေ့ကဏန်းထွက်တာဆိုလို့ အမေစုနဲ့ အိုင်ပဲရှိမယ်ထင်တယ်...😩 တင်ထားတဲ့ပုံက သူများ လာမန့်သွားလို့ သိရတာ၊ အိုင်က 2D 3D ဝါသနာမပါပါဘူး။ အမေစုမွေးနေ့တုန်းကကျ ပေါက်ကြပြီး အိုင့်မွေးနေ့ကျတော့ မထိုးတော့မပေါက်ကြဘူးမဟုတ်လား... ဟားဟားဟား....🤪 #အေအန်န်အမ်မ်တီ Telegram Channel
Hammasini ko'rsatish...
👍 80 21🤣 18🥰 3😁 2🤯 1
မွေးနေ့ကမ်ပိန်း ငွေရှင်းတမ်း၊ ၃၃ သိန်းစွန်းစွန်း ရရှိခဲ့။ ကျွန်တော့်မွေးနေ့အတွက်ရည်ရွယ်ပြီး ကမ်ပိန်းတစ်ခုအား ၂၉ နာရီ (တစ်ရက်ကျော်)အကြာ ပြုလုပ်ခဲ့ရာမှာ မိတ်ဆွေ ၅၈ ဦး လာရောက်ပါဝင်ထောက်ပံ့ပြီး မြန်မာငွေကျပ် ၃,၃၂၇,၃၀၀ (သုံးဆယ့်သုံးသိန်း နှစ်သောင်း ခုနှစ်ထောင့် သုံးရာကျပ်) တိတိ လက်ခံရရှိခဲ့ပါတယ်။ ထို ၅၈ ဦးထဲမှာ ကျွန်တော်ကိုယ်တိုင်လည်း အပါအဝင်ဖြစ်ပါတယ်။ ကမ်ပိန်းအတွင်း ပါဝင်သူအမည်စာရင်းနှင့် ငွေအမောက်အတိအကျများကို နေ့စွဲအမှတ်စဥ်များနဲ့တကွ ယခုပို့စ်ရဲ့ကွန်မန့်ထဲမှာ ပူးတွဲဖော်ပြထားပေးပါတယ်။ ထိုစာရင်းတွင် မိမိနာမည်မပါရှိတာမျိုး၊ ငွေအမောက်မှားယွင်းနေတာမျိုး ရှိခဲ့ပါက အားမနာတမ်း ထောက်ပြအကြံပြုနိုင်ပါတယ်။ ဇူလိုင်လ ၂၀ ရက်နေ့ (၄၈ ဦး) _ ၂,၆၅၄,၃၀၀ ကျပ် ဇူလိုင်လ ၂၁ ရက်နေ့ (၁၀ ဦး) _ ၆၇၃,၀၀၀ ကျပ် . ---------------------------- Total. (၅၈ ဦး) ၃,၃၂၇,၃၀၀ ကျပ် ရရှိငွေများအား ဆေးနားရဲဘော်များအတွက် အာဟာရကျွေးမွေးဖို့စီမံထားပေမယ့် လက်ရှိအချိန်အထိ တဆင့်လုပ်ဆောင်ပေးမယ့်လူက လိုင်းအခက်အခဲဖြစ်နေကြောင့် လိုင်းပေါ်တက်မလာသေးပါဘူး။ ထိုနည်းအတူ စ-စ်ရှောင်စခန်းတစ်ခုအတွက် တဆင့်သွားရောက် ထောက်ပံ့ပေးမယ့် တာဝန်ရှိသူကို ဆက်သွယ်ထားပေမယ့် သူလည်း လိုင်းအခက်အခဲရှိတာကြောင့် အခုထိ လိုင်းတက်မလာသေးပါဘူး။ ဒါကတော့ ယနေ့အချိန်အခါမှာ အချိန်ကိုက်ကျွေးမွေးဖို့ အဆင်မပြေတော့တဲ့ အနေအထားကို မိတ်ဆွေတို့သိအောင် ပြောပြပေးတာပါ။ အဆက်အသွယ်ရတာနဲ့ ချက်ချင်းချိတ်ဆက် လုပ်ဆောင်သွားပါမယ်။ ဒါက အာဟာရအပိုင်းပါ။ တပ်ရင်းတပ်ဖွဲ့ အထောက်အပံ့အပိုင်းကိုတော့ အခုစီမံနေပါပြီ။ မှတ်တမ်းလွှာများ ရရှိလာတာနဲ့ အခုပို့စ်မှာပဲ Edit Post နဲ့ ဖြည့်​စွက် ဖော်ပြပေးထားပါမယ်ခင်ဗျာ။ အာဟာရအကျွေးအမွေးကတော့ အခုကျွန်တော်ပြောတဲ့ဟာရယ်၊ ကျွန်တော့်ကောင်မလေး မယ်ခန့်ကလည်း ကဝတပ်ဖွဲ့အတွက် သူ့ပိုက်ဆံသီးသန့်နဲ့ လုပ်ဆောင်ပေးထားတာရှိပါတယ်။ (ကျေးဇူးပါ မယ်ရေ) ကျွန်တော့်မွေးနေ့ကမ်ပိန်းနဲ့ပတ်သက်ပြီး ငွေကြေးဖြင့်ပါဝင်ပေးကြသူတွေအပြင်၊ ကမ်ပိန်းပို့အား ရိချ်တက်စေအောင် R,C,S လုပ်ဆောင်ပေးသူ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုလည်း အကူအညီလိုအပ်နေသော တော်လှ-န်ပြည်သူ/ ရဲဘော်များကိုယ်စား ကျွန်တော် အေအန်န်အမ်မ်တီ (အာနိုးမျိုးတင့်)မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။ ။ Facebook Post... https://www.facebook.com/share/p/19Km3CdMc7/ #အေအန်န်အမ်မ်တီ Telegram Channel
Hammasini ko'rsatish...
80👍 3🥰 3🤣 1
ဒီနေ့မှာ ကျွန်တော့် အသက် ၃၃ နှစ်တိတိ ပြည့်ခဲ့ပါပြီ။ သာမန်အချိန်မှာဆို အခုမှ ဘဝက စတာဆိုပေမယ့် ဒီ ၄ နှစ်ကျော်ကာလအတွင်း ကိုယ့်အသက်အရွယ်လောက်တောင် မရှင်သန်လိုက်ရပဲ အသက်စတေးသွားကြတဲ့ လူငယ်တွေ ဒီနိုင်ငံမှာ ဒုနဲ့ဒေးရှိတယ်။ ကျွန်တော်ဆိုရင် လူငယ်ဘဝကို လွတ်လွတ်လပ်လပ် အပြည့်အဝခံစားဖူးပေမယ့်၊ အခုခေတ်လူငယ်တွေခမျာ လူငယ်ဘဝဆိုတာ ပုံပြင်ဆန်ဆန်ဖြစ်နေကြလိမ့်မယ်။ ဒီစကားက တော်လှ-န်ရေးထဲမှာပါဝင်နေကြတဲ့ လူငယ်လူရွယ် လူတန်းစားပေါင်းစုံကို ရည်ရွယ်ထားတာဆိုပေမယ့် တော်လှန်ရေးထဲမပါဝင်တဲ့ လူငယ်တွေနဲ့လည်း ဆိုင်တယ်။ တချို့လူငယ်တွေ လွတ်လွတ်လပ်လပ် လူငယ်ဘဝကို ဖြတ်သန်းရမယ့်အချိန်မှာ တောထဲတောင်ထဲ (မြို့ပြအခန်းကဏ္ဍအပါအဝင်) မှာ တာဝန်ကိုယ်စီနဲ့ လူထုအတွက်အသက်ပေးဖို့တောင် ရယ်ဒီဖြစ်နေကြပြီ။ တချို့လူငယ်တွေကတော့ အာဏာရှင်ရဲ့ ခြံထဲကကြက်ကလေးတွေလို မြို့ပြပေါ်မှာ ဘယ်အချိန်ရို-က်သ-တ်သ-တ် လူငယ်ဘဝမလွတ်မလပ် ခပ်ပေါ့ပေါ့အတွေးတွေနဲ့။ ဘယ်လူငယ်ရဲ့ဘဝကိုပဲကြည့်ကြည့် လွတ်လပ်မှုဆိုတာ လက်ရှိအချိန်မှာ ရှိမနေဘူး။ ဆက်တွေးလေလေ..., ဆက်ပြီးတော်လှ-န်ချင်လေပါပဲ။ မှတ်ချက် ။ ။ မွေးနေ့ဆုမွန်ကောင်း တောင်းဆုခြွေပေးကြတဲ့ ကျွန်တော့်မိတ်ဆွေတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ Facebook Post... https://m.facebook.com/story.php?story_fbid=pfbid0ToSYzYmJcU46MpLgK1LDbEVRuRUGB7kVajZAPvuPHdxAVJCsNmgdZaobszQoFD1Rl&id=100074054164741&mibextid=Nif5oz #အေအန်န်အမ်တီ Telegram Channel
Hammasini ko'rsatish...
👍 63 37🥰 8🤣 1
မနက်ဖြန်ကျရောက်မယ့် ကျွန်တော့်မွေးနေ့အတွက် တစ်ရက်တာကမ်ပိန်းတစ်ခု ပြုလုပ်ချင်ပါတယ်။ မွေးနေ့လက်ဆောင်အဖြစ် ပေးချင်တာပဲဖြစ်ဖြစ်၊ ဘယ်ကမ်ပိန်းမှာ ပါဝင်ရမလဲမသိတာပဲဖြစ်ဖြစ်၊ အတွေးတစ်ခုခုရှိခဲ့ပါက အကျိုးရှိတာလေး ဖြစ်စေချင်လို့ပါ။ အကြောင်းအရာကတော့ စ-စ်ဘေးရှောင်တွေကိုရော တပ်ရင်းရဲဘော်တွေကိုရော အာဟာရအကျွေးအမွေး ပြုလုပ်ချင်တဲ့အပြင်၊ လတ်တလော လိုအပ်ချက်တွေများစွာရှိနေတဲ့ တပ်ရင်းတချို့ရဲ့ ရိက္ခာပိုင်းဖြစ်ဖြစ်၊ အကာအကွယ်ပိုင်းဖြစ်ဖြစ်၊ လ-က်န-က်ခဲယ-မ်း အထောက်အပံ့ပိုင်းဖြစ်ဖြစ် မျှကူချင်လို့ပါ။ အထောက်အပံ့၊ အကျွေးအမွေး လုပ်ချင်တာတွေများနေပေမယ့် တကယ်တမ်းကျွန်တော့်လက်ထဲမှာက ငွေအင်အားနည်းပါးလွန်းတာကြောင့် ဒီနေ့ည ၁၂ အထိ မိတ်ဆွေတွေနဲ့အတူ တစ်ရက်တာကမ်ပိန်းလေး ပြုလုပ်ချင်တာဖြစ်ပါတယ်။ အစကတော့ စစ်ရှောင်တွေကိုပဲ အာဟာရကျွေးမယ် စီမံထားပေမယ့် တကယ့်တကယ်တမ်းတော့ တပ်ရင်းတပ်ဖွဲ့တွေမှာလည်း လိုအပ်ချက်များစွာရှိနေတာကို တွေ့မြင်နေရလို့ စိတ်အနည်းငယ်ပြောင်းသွားတယ်လို့ ဆိုရပါမယ်။ ဆိုတော့ မွေးနေ့ကမ်ပိန်းမှာပါဝင်မယ့် တော်လှ-န်မိတ်ဆွေတိုင်းကို ကျွန်တော့်ရဲ့မှတ်တမ်းလွှာလေး ပြန်လည်ပေးအပ်သွားမယ့်အပြင် ယခုပို့စ်ရဲ့ ကွန့်မန့်မှာလည်း ပါဝင်သူတိုင်းရဲ့ လုံခြုံရေးမထိခိုက်စေသော အမည်နှင့် ငွေအမောက်အတိအကျများကို အမှတ်စဥ်များနှင့်တကွ ပူးတွဲဖော်ပြပေးထားပါ့မယ်။ ပြန်လည်ရရှိလာမယ့် မှတ်တမ်းလွှာများ၊ အကျွေးအမွေးဓါတ်ပုံများကိုလည်း ငွေရှင်းတမ်းပို့စ်မှာ တခါတည်းထည့်သွင်း ဖော်ပြပေးထားပါ့မယ်။ ယခုကစပြီး မိမိတတ်နိုင်သလောက်ပါဝင်ပြီး ကျွန်တော့်နဲ့အတူ ပီတိများ စားသုံးနိုင်ပါပြီခင်ဗျာ...❤️ ပါဝင်ထောက်ပံ့ချင်ပါက ဆက်သွယ်ရန် Facebook အကောင့်... https://www.facebook.com/share/p/1K6EKeNLi6/ #အေအန်န်အမ်မ်တီ Telegram Channel
Hammasini ko'rsatish...
76👍 8🔥 2🥰 1
လူလိ-မ်ပေ့ချ်တစ်ခုက သူ့ရဲ့ပို့စ်တစ်ခုကို Facebook ထံ အခကြေးငွေပေးပြီး ကြော်ငြာထားပါတယ်။ ပေ့ချ် နာမည်က "ထောက်ပို့ ရဲဘော် Y N M" အမည်နဲ့ပါ။ ပေ့ချ်ကိုတော့ ဒီနေ့မှ စတည်ထောင်ထားတာဖြစ်ပြီး သူကြော်ငြာထားတဲ့ပို့စ်မှာတော့ ၎င်းတို့တပ်ရင်းရဲ့ တစ်လစာရိက္ခာအတွက် သိန်း ၂၀၀ ကျော် ကုန်ကျမှာဖြစ်ကြောင်း၊ ဒါ့အပြင် ဆေးဝါးနဲ့ အခြားသော မိုးကာ၊ ဖိနပ်၊ ယူနီဖောင်းတွေ လိုအပ်နေတဲ့အပြင်၊ စခန်းသိ-မ်း မြို့သိ-မ်းတွေ ရှိသေးတာမို့ ထောက်ပံ့ပေးကြဖို့ Facebook ထံသို့ အခပေးပြီး ကြော်ငြာထားပါတယ်။ သူ့ပို့စ်ထဲမှာ တပ်ရင်းတပ်ဖွဲ့နာမည်မပါလို့ ဘယ်တပ်ရင်းက ဘယ်ရဲဘော်လဲခင်ဗျာ့ဆိုပြီး ယဥ်ကျေးစွာနဲ့ ကျွန်တော်ဝင်မေးထားပေမယ့်၊ ကျွန်တော့်မန့်ကို အခုလေးတင် ဖျက်ထချထားတာကို တွေ့ရပါတယ်။ ထိုပို့စ်မှာ ကျွန်တော့်မိတ်ဆွေတချို့ Like လုပ်ထားတာကိုလည်း တွေ့ရပါတယ်။ ကျွန်တော် စမြင်မြင်ချင်းမှာတော့ Like ဆယ်ကဏန်းမှာ ကျွန်တော့်ဖရန့် တစ်ယောက်သာတွေ့ရပြီး အခုပြန်ဝင်ကြည့်တော့ စုစုပေါင်း Like ၄၀၀ မှာ ဖရန့် ၁၂ ယောက်တွေ့ရပါတယ်။ ကျွန်တော့်မန့်ကို ဖျ-က်ချပစ်ကတည်းက အခြားအရာတွေ စစ်ဆေးစရာတောင် လိုမယ်မထင်တော့ပါ။ ကွန့်မန့်မှာ လင့်ခ်ချပေးထားပါတယ်။ လူလိမ်က အခပေးကြော်ငြာထားတာဖြစ်လို့ မိတ်ဆွေတို့ရဲ့ နယူးဖိတွေမှာလည်း မြင်တွေ့လာနိုင်ပါတယ်။ ဆိုတော့ အောက်မှာ လူလိ-မ်ပေ့ချ်နဲ့ အခပေးကြော်ငြာပို့စ်ကို လင့်ခ်ဖော်ပြပေးထားပါမယ်။ Like လုပ်ထားရင် ပြန်ဖြုတ်ပြီး Report လုပ်ပါ၊ ပေ့ချ်မှာ မထောက်ခံကြောင်း Review ဝင်ရေးပါ။ ပြီးမှ Block လုပ်ဆောင်ပါ။ Facebook အသုံးပြုသူအများစုရဲ့ စိတ်နေသဘောထားက ပေ့ချ်တစ်ခုကနေ ပို့စ်တစ်ခုတက်လာရင် ပရိုင်ဖိုင်အချက်အလက်တွေကို အရင်ဝင်မကြည့်ပဲ Like များနေရင်ကို အစစ်အမှန်လို့ထင်တတ်ကြတာမို့ ကျွန်တော်တို့အားလုံးက ဒါကို သတိပြုရပါမယ်။ မိမိရဲ့ Like တစ်ချက်၊ ကွန့်မန့်တစ်ကြောင်းက အစစ်အမှန်ပေ့ချ်တွေအတွက် ထိရောက်တဲ့ထောက်ပံ့မှုကို ဖြစ်စေသော်လည်း၊ လူလိ-မ်ပေ့ချ်အတုကို Like တစ်ချက် Comment တစ်ခုပေးမိရင် တော်လှ-န်ရေးအတွက် များစွာသောဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။ အတုအစစ်မခွဲတတ်ရင် လာမေးပါ၊ အချိန်ပေးပြီး စစ်ဆေးပေးပါ့မယ်ခင်ဗျာ့။ အခပေးကြော်ငြာထားတဲ့ လူလိ-မ်ပို့စ်... https://www.facebook.com/share/p/16hbnGHuJr/ လူလိမ် (ထောက်ပို့ ရဲဘော် Y N M) Page Link.. https://www.facebook.com/share/1ByxiKy8ii/ #အေအန်န်အမ်မ်တီ Telegram Channel https://t.me/ANMTarnoldmyotint/8968?single
Hammasini ko'rsatish...
👍 51 1🤣 1
လူလိ-မ်ပေ့ချ်တစ်ခုက သူ့ရဲ့ပို့စ်တစ်ခုကို Facebook ထံ အခကြေးငွေပေးပြီး ကြော်ငြာထားပါတယ်။ ပေ့ချ် နာမည်က "ထောက်ပို့ ရဲဘော် Y N M" အမည်နဲ့ပါ။ ကျွန်တော့်မန့်ကို ဖျက်ချသွားပါတယ်။ အပြည့်အစုံဖတ်ရှုရန်... https://www.facebook.com/share/p/14FWEoeP5F5/ #အေအန်န်အမ်မ်တီ Telegram Channel
Hammasini ko'rsatish...
👍 44🤣 1
Facebook အသုံးပြုသူအများစု စိတ်နေသဘောထားက ပေ့ချ်တစ်ခုကနေ ပို့စ်တစ်ခုတက်လာရင် ပရိုင်ဖိုင်အချက်အလက်တွေကို အရင်ဝင်မကြည့်ပဲ Like များနေရင်ကို အစစ်အမှန်လို့ထင်တတ်ကြတာမို့ ကျွန်တော်တို့အားလုံးက ဒါကို သတိချပ်စေချင်ပါတယ်။ ကိုဇွဲတို့ကို တုပထားတဲ့ ပေ့ချ်အတုဆိုရင် သိန်းပေါင်းသောင်းထောင်ကျော် သောင်းဂဏန်းနီးပါးလောက် လိ-မ်ယူပြီးနေလောက်ပါပြီ၊ ထပ်လည်း လိ-မ်ယူလို့ရလောက်တဲ့အထိ တင်သမျှပို့စ်တွေတိုင်းက ရိချ်ရောက်နေပါတယ်။ မိမိရဲ့ Like တစ်ချက်၊ ကွန့်မန့်တစ်ကြောင်းက အစစ်အမှန်ပေ့ချ်တွေအတွက် ထိရောက်တဲ့ထောက်ပံ့မှုကို ဖြစ်စေသော်လည်း၊ လူလိ-မ်ပေ့ချ်အတုကို Like တစ်ချက် Comment တစ်ခုပေးမိရင် တော်လှ-န်ရေးအတွက် များစွာသောဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။ အခုပြောနေတာက ကိုဇွဲတို့ရဲ့ Justice Soldier PDF Official ပေ့ချ် အတုအစစ်ကိစ္စတစ်ခုတည်းကို ပြောဆိုအကြံပေးတာမျိုးမဟုတ်ပဲ အခြားအခြားသော အတုအစစ်ကိစ္စတွေ ကြုံတွေ့လာနိုင်တာမို့ အမြဲသတိပြုစေချင်လို့ပဲဖြစ်ပါတယ်။ အဲဒါလေး လာပြောပြတာပါ၊ တော်လှ-န်ပြည်သူအားလုံး အလိ-မ်အညာ အတုအယောင်တွေကို သတိပြုကြပါခင်ဗျာ...❤️ အသေးစိတ်ကို ကွန့်မန့်မှာဖတ်ပါ...👇 https://www.facebook.com/share/p/19bnr3QBK5/ #အေအန်န်အမ်မ်တီ Telegram Channel
Hammasini ko'rsatish...
👍 56🤣 1
ကြံ့ဖွတ်ပါတီ ဝင်ရောက်ထားလျှင် စစ်မှုထမ်းအဖြစ်​ ပေါ်တာဆွဲဖမ်းဆီးမှုများကို ချက်ချင်းအရေးယူ ဖြေရှင်းပေးမည်ဆိုသော ကတိကဝတ်ဖြင့် ပါတီဝင်လူငယ် ထောင်ချီ စုဆောင်း ရန်ကုန်၊ ဇူလိုင် ၂၀ https://t.me/ANMTarnoldmyotint/8965 စစ်တပ်လက်အောက်ခံ နိုင်ငံရေးပါတီဖြစ်သော ကြံ့ဖွတ်ပါတီသို့ ဝင်ရောက်ထားလျှင် စစ်မှု ထမ်းအဖြစ် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုများ ကင်းဝေးမည်ဆိုသော ကတိကဝတ်ဖြင့် ပါတီဝင်လူငယ် ထောင်ချီ စုဆောင်းရရှိထားကြောင်း မကြာသေးမီက ကြံ့ဖွတ်ပါတီအတွင်းသို့ ဝင်ရောက်ခဲ့ကြသော လူငယ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်တိုင်းအတွင်း ဧပြီလမှစတင်၍ ကြံ့ဖွတ်ပါတီအတွင်းသို့ ဝင်ရောက်ကြရန် မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ စည်းရုံးရေးများ လုပ်ဆောင်ခဲ့ရာတွင် လူငယ်အများစုကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှု မခံလိုပါက လူငယ်များအနေဖြင့် ကြံ့ဖွတ်ပါတီအတွင်းသို့ ဝင်ရောက်ကြရန်၊ အခန့်မသင့်၍ စစ်တပ်၏ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီး ခံရပါကလည်း ကြံ့ဖွတ်ပါတီ၏မြို့နယ်၊ တိုင်းနှင့် ဗဟိုအဆင့်ဆင့်က စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရခြင်းမှ ချက်ချင်း လွတ်မြောက်လာစေရေး အရေးပေါ် ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ဆိုသော ကတိကဝတ်ပေးခဲ့ကြောင်း သိရှိရသည်။ "လှိုင်သာယာအနောက်ပိုင်းမြို့နယ် အမှတ် ၁၈ ရပ်ကွက် အုပ်ကြီး ဦးမောင်က ပြည်ခိုင်ဖြိုးပါတီ ဝင်ထားရင် စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးတာမျိုး မဖြစ်စေရဘူး။ အခြားမြို့နယ်၊ ရပ်ကွက်တွေမှာဖြစ်ရင်လည်း ပါတီရဲ့ မြို့နယ်၊ တိုင်းအဆင့်ကနေ ချက်ချင်းလိုက်ဖြေရှင်းပေးမယ်ဆိုပြီး ပြောတယ်။ လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီကလည်း စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲအဖမ်းခံရရင် ဒါက ဥပဒေနဲ့မညီလို့ ချက်ချင်းဖြေရှင်းပေးနိုင်တယ်ဆိုပြီး ကတိပေးတယ်။ လှိုင်သာယာမှာ လူငယ် ၃၀၀ လောက် ပြည်ခိုင်ဖြိုးပါတီဝင် အဖြစ် ဝင်ကြတယ်။ အဓိက စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ အဖမ်းခံရရင် ရှင်းပေးမယ်ဆိုတဲ့ ကတိကဝတ်ကြောင့်" ဟု လှိုင်သာယာမြို့နယ် ၊ အမှတ် ၁၈ ရပ်ကွက်မှ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက ရှင်းပြသည်။ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ အဖမ်းမခံရရေး ကတိကဝတ်ဖြင့် ရန်ကုန်တိုင်းတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်ထောင်ချီ၍ ကြံ့ဖွတ်ပါတီက ပါတီဝင် အဖြစ် စုဆောင်းရရှိခဲ့သည်ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်တချို့က ရှင်းပြသည်။ ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တွင် ပါတီဝင်အသစ် ၃၈၇၅ ဦး ခန့်အပ်လွှာ ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ တက်ရောက်ခဲ့ကာ လူငယ်များအပါအဝင် ပြည်သူများ၏ ဒုက္ခသည် ပါတီ၏ ဒုက္ခဖြစ်ကြောင်း၊ ထို့ကြောင့် ပါတီက ဒုက္ခမှန်သမျှကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ မရမ်းကုန်းမြို့နယ်မှ ကြံ့ဖွတ်ပါတီသို့ ဝင်ရောက်ခဲ့သော အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးကမူ လတ်တလော စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုများ အလွန်များပြားလာနေ၍ မိဘများ၏ တိုက်တွန်းမှုဖြင့် ကြံ့ဖွတ်ပါတီသို့ ဝင်ရောက်ခဲ့ကြောင်း၊ နိုင်ငံရေးအရ မနှစ်သက်သော်လည်း မိဘများ၏ တိုက်တွန်းမှုနှင့် စစ်မှုထမ်း အတင်းအကျပ် အဖမ်းခံရမည်ကို စိုးရိမ်၍ ပါတီဝင်ထားခြင်းဖြစ်သည်ဟု ပြောဆိုသည်။ "ဂျပန်သွားဖို့ ဂျပန်စာ စာမေးပွဲ ဖြေနေပါတယ်။ ဂျပန်မထွက်ခင် ပေါ်တာအဆွဲခံရမှာလည်း ကြောက်တယ်။ အဖေနဲ့ အမေကလည်း စိုးရိမ်လို့ ပါတီဝင်ထားတာပါ" ဟု အဆိုပါ မရမ်းကုန်းမြို့နယ်မှ ကြံ့ဖွတ်ပါတီဝင်လူငယ်အမျိုးသားက ဆိုသည်။ စစ်ကောင်စီက စစ်မှုထမ်းရန် မိန်းကလေးများကို ခေါ်ယူမည်ဆိုပါကလည်း ကြံ့ဖွတ်ပါတီဝင်ထားသော အမျိုးသမီးငယ်များကို မခေါ်ယူရေး ပါတီက ဆောင်ရွက်ပေးနိုင်သည်ဟုဆိုကာ လူငယ် အမျိုးသမီးများကိုလည်း ပါတီဝင်အဖြစ် ကြံ့ဖွတ်ပါတီက စုဆောင်းခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ရန်ကုန်တိုင်းအတွင်းတွင် ဆိုင်ကယ်စီးနင်းလိုသူများ၊ ဆိုင်ကယ်ကယ်ရီ ဘေးတွဲ မောင်းသူများအားလုံးကိုလည်း ကြံ့ဖွတ်ပါတီ ဝင်ရောက်ထားပါက မည်သည့် ယာဉ်ထိန်းရဲကမှ မဖမ်းဆီးရန် အာမခံကြောင်း၊ လိုင်စင်မရှိလျှင် ကြံ့ဖွတ်ပါတီဝင်ကတ်ပြား ပြ၍ ဆိုင်ကယ်နှင့်ဘေးတွဲများ မောင်းနှင်နိုင်ကြောင်း၊ ကြံ့ဖွတ်ပါတီ အာဏာရရှိလာပါက ဘေးတွဲများအားလုံး လိုင်စင်များ ချက်ချင်း ထုတ်ပေးမည်ဟု စည်းရုံးထားကြောင်း သိရှိရသည်။ အလားတူ ရွှေပြည်သာ၊ ဒဂုံမြို့သစ်မြို့နယ်များတွင်လည်း ပြည်သူများအနေဖြင့် ကြံ့ဖွတ်ပါတီ ဝင်ထားပါက စစ်တပ်၊ ရဲနှင့် မည်သည့်အဖွဲ့အစည်းကမှ အနိုင်မကျင့်နိုင်ကြောင်း​ ပြောဆိုစည်းရုံးခဲ့ကြောင်း သိရှိရသည်။ Khit Thit Media မူရင်းပို့စ်... https://www.facebook.com/share/p/1AmppkLFef/
Hammasini ko'rsatish...
😁 40🤣 13🤬 5 4
Photo unavailableShow in Telegram
ကြံ့ဖွတ်ပါတီ ဝင်ရောက်ထားလျှင် စစ်မှုထမ်းအဖြစ်​ ပေါ်တာဆွဲဖမ်းဆီးမှုများကို ချက်ချင်းအရေးယူ ဖြေရှင်းပေးမည်ဆိုသော ကတိကဝတ်ဖြင့် ပါတီဝင်လူငယ် ထောင်ချီ စုဆောင်း ရန်ကုန်၊ ဇူလိုင် ၂၀ မူရင်းပို့စ်တွင် အပြည့်အစုံဖတ်ရှုရန်... https://www.facebook.com/share/p/1AmppkLFef/ #အေအန်န်အမ်မ်တီ Telegram Channel
Hammasini ko'rsatish...
🤬 37🤣 21 3🤯 2🤔 1
Photo unavailableShow in Telegram
ရောင်နီရဲ့ လက်ရှိချိန်ထိ မြေပြင်စီးဆင်း ထောက်ပို့ပြီးသော မြန်မာကျပ်​ငွေ Estimate - 1,145,465,500 (သိန်းပေါင်း သောင်းတစ်ထောင့်လေးရာကျော်) ✊🏽 #YaungNiUSATour2025
Hammasini ko'rsatish...
89👏 3🥰 2🔥 1
ကိုဇွဲတို့တပ်ရင်းကို လိုက်တုပထားတဲ့ ပေ့ချ်အတုကိစ္စက တော်တော်လေးအခြေအနေဆိုးနေတာကို တွေ့ရလို့ ထပ်မံအသိပေးပါရစေ။ https://t.me/ANMTarnoldmyotint/8961?single ဒီနေ့ ပေ့ချ်အတုထဲဝင်ကြည့်လိုက်တဲ့အချိန် အတုပေ့ချ်က Video File တစ်ခုရဲ့ like အရေအတွက်က ၇၂,၀၀၀ (72k) အထိ ရှိနေတာပါတယ်။ Video File တိုင်းရဲ့ ပျမ်းမျှ Like အရေအတွက်က ၁သောင်း(10k) အထက်မှာ ရှိနေတဲ့အနေအထားက ထော-က်ပို့အပိုင်းအတွက် တကယ့်ကို ထိ-တ်လန့်စရာကောင်းပါတယ်။ ပေ့ချ်အတုမှာ ကိုယ့်မိတ်ဆွေတွေရော လူသိများသူတချို့ကိုရော တွေ့ရလို့ messenger မှာ ကျွန်တော် လိုက်လံအသိပေးထားပါတယ်။ ဒါကတော့ မြင်တွေ့တိုင်း ကျွန်တော်လုပ်နေကျ အမူအကျင့်တစ်ခုဖြစ်ပါတယ်။ သတိပေးချင်တာကတော့ ... ၁။ အောက်ဖော်ပြထားတဲ့ Justice Soldier PDF Official ပေ့ချ်အစစ် Link ထဲအရင်ဝင်ပြီး Like & Follow လုပ်ပါ။ ဒါက ပေ့ချ်အစစ်ပါခင်ဗျာ...✅️ https://www.facebook.com/share/18BSrG8LSY/ ၂။ ပြီးနောက် အောက်ဖော်ပြထားတဲ့ ပေ့ချ်အတု Link ထဲဝင်ပြီး ထိုပေ့ချ်အတုကို Like သို့မဟုတ် Follow လုပ်ထားသလားဝင်စစ်ပါ။ လုပ်ထားမိရင် ချက်ချင်း Block မလုပ်လိုက်ပါနဲ့၊ Like & Following ကို အကုန်ပြန်ဖြုတ်ပစ်ပါ။ ဒါက ပေ့ချ်အတုပါခင်ဗျာ...❌️ https://www.facebook.com/share/1Dr9EiTWer/ ၃။ ပေ့ချ်အတုထဲက ပို့စ်တွေတစ်ခုချင်းဆီမှာ မိမိက Like ပေးထားသလား၊ ချီးကျူးတဲ့ Comment တွေ ပေးထားသလား အရင်ဝင်စစ်ပါ။ ပေးထားတာရှိရင် အကုန်ပြန်ဖြုတ်ပါ။ ၄။ အားလုံးဖြုတ်ပြီးသွားတော့မှ ပေ့ချ်အတုကို Report လုပ်ဆောင်ပါ။ ၅။ like တွေ Comment တွေ ဖြုတ်ချပြီးပြီ၊ Report လည်း လုပ်ဆောင်ပြီးပြီဆိုမှ ပေ့ချ်အတုကို Block လုပ်ပါ။ ၆။ ဒါကတော့ အဓိကအချက်ပါ။ ကိုဇွဲတို့ရဲ့ Justice Soldier PDF Official တပ်ရင်းအတွက် အထောက်အပံ့ပေးချင်တယ်ဆိုရင် ပေ့ချ် messenger မှာ Videocall သာ ခေါ်လိုက်ပါ။ ဒီအချက် ၆ ချက်ကို ဘာဖြစ်လို့ တဆင့်ချင်းလုပ်ဆောင်ခိုင်းသလဲဆိုတော့ တချို့တွေက ပေ့ချ်အတုမှန်း တစ်ဦးတစ်ယောက်ထံမှ တဆင့်သိရတဲ့အခါ ထိုပေ့ချ်အတုကို တန်းပြီးဘလော့လုပ်ဆောင်တတ်ကြပါတယ်။ တကယ်က အဲ့လိုလုပ်တာက မှားယွင်းတဲ့လုပ်ရပ်တစ်ခုပါ။ ချက်ချင်း ဘလော့လုပ်လိုက်တဲ့အခါ အရင်က ရှေ့ပိုင်းကာလတလျှောက် မိမိပေးခဲ့တဲ့ like တွေက ထင်ထင်ပေါ်ပေါ်ကျန်ရှိနေမှာဖြစ်လို့ မိမိကိုယုံကြည်တဲ့ အခြားတော်လှ-န်ပြည်သူ တစ်ဦးတစ်ယောက်က ထို like ကို မြင်မိတဲ့အခါ "သြော်... သူတောင် like ပေးထားတာပဲ၊ ဒါအစစ်ဆိုတာ သေချာတယ်"ဆိုပြီး ထိုပေ့ချ်ကို ထပ်ဆင့်ထပ်ဆင့် Like လုပ်ကြပါတယ်။ အဲ့ဒီမှာတင် ပေ့ချ်အတုက ရိချ်တွေ အင်မတန်များပြီး ငွေတွေလိ-မ်ယူလို့လွယ်ကူစေပါတယ်။ Facebook အသုံးပြုသူအများစုက Like များတဲ့ အစစ်အမှန်လို့ထင်တတ်ကြတာကို ကျွန်တော်တို့အားလုံး သတိချပ်စေချင်ပါတယ်။ အဲဒါလေး လာပြောပြတာပါ၊ တော်လှ-န်ပြည်သူအားလုံး အလိ-မ်အညာ အတုအယောင်တွေကို သတိပြုကြပါခင်ဗျာ။❤️ #အေအန်န်အမ်မ်တီ Telegram Channel
Hammasini ko'rsatish...
👍 63🔥 3🥰 1
ကိုဇွဲတို့တပ်ရင်းကို လိုက်တုပထားတဲ့ ပေ့ချ်အတုကိစ္စက တော်တော်လေးအခြေအနေဆိုးနေတာကို တွေ့ရလို့ ထပ်မံအသိပေးပါရစေ။ အပြည့်အစုံဖတ်ရှုရန်... https://www.facebook.com/share/p/1EXhXYfCMK/ ✅️ ဒါက ပေ့ချ်အစစ်ပါခင်ဗျာ... https://www.facebook.com/share/18BSrG8LSY/ ❌️ ဒါက ပေ့ချ်အတုပါခင်ဗျာ.... https://www.facebook.com/share/1Dr9EiTWer/ #အေအန်န်အမ်မ်တီ
Hammasini ko'rsatish...
👍 48🔥 4 1🥰 1