uz
Feedback
မြန်မာစာတန်းထိုးရုပ်ရှင်ကားများ

မြန်မာစာတန်းထိုးရုပ်ရှင်ကားများ

Kanalga Telegram’da o‘tish

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
2025 yil raqamlardasnowflakes fon
card fon
459 470
Obunachilar
-33624 soatlar
-1 7127 kunlar
-7 68430 kunlar
Postlar arxiv
Ashfall (2019) မြန်မာစာတန်းထိုး ဇာတ်လမ်းအကျဉ်း အလွန်ပြင်းထန်တဲ့ ငလျှင်ဒဏ်ဟာ တောင်ကိုရီးယားကိုတိုက်ရိုက်သက်ရောက်ခဲ့တာကြောင့် အရေးပေါ်အခြေနေကြေငြာခဲ့ရပါတယ် . ဒီမီးတောင် ကြီးတစ်ခုလုံးပေါက်ကွဲသွားရင် ကိုရီးယားကျွန်းဆွယ် ရဲ့ ရာခိုင်နှုန်း ၈၀ကျော်လောက် သက်ရောက်မှာပါ. မီးတောင်ကြီး အဆုံးထိမပေါက်ကွဲခင် ဒီမီးတောင်ကို ဖျက်စီးပစ်ခြင်းကသာလျှင် အကောင်းဆုံးရွေးချယ်မှု တစ်ခုဖြစ်နေပါတော့တယ် .. ဒါကိုဖျက်ဆီးဖို့ အဓိကလိုအပ်တဲ့အရာ က နျူးကလီးယားလက်နက်တစ်မျိုးပဲ ရှိပါတယ် .. ခက်တာက တောင်ကိုရီးမှာ နျူးကလီးယား မရှိဘူးလေ . အဲ့တော့ မြောက်ကိုရီးယားကနေ သွားခိုးရမှာပေါ့.. အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းဖြစ်သလို တစ်ကားလုံးလဲ စိတ်လှုပ်ရှားစရာတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ လက်မလွတ်တမ်းကြည့်ရူ့လိုက်ကြပါအုံးနော်။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/walovemardonesort/35?single https://t.me/walovemardonesort/35?single ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 16 6
Prohibited content
Champion - 2018 MMSB ကိုရီးယား ဒရာမာဆန်ဆန် ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြသူတွေအတွက် ဝတုတ်မင်းသားလို့ခေါ်ကြတဲ့ ကိုရီယားမင်းသား Ma Dong-Seok ရဲ့ ၂၀၁၈ ထွက်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်… မာ့ခ် လို့ခေါ်တဲ့ ကိုရီယားလူမျိုး တစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အမေရိကန်လူမျိုးမိသားတစ်စုရဲ့ မွေးစားခြင်းကိုခံရပြီး အမေရိကန် နိုင်ငံမှာပဲ ကြီးပြင်းခဲ့ပါတယ်.. သူဟာငယ်စဉ်ကတည်းက လက်မောင်းလှဲအားကစားကို ရူးသွပ်ပြီး ချန်ပီယံတစ်ယောက် ဖြစ်ချင်ခဲ့တာပါ… ဒီလိုနဲ့အရွယ်ရောက်လာချိန်မှာ အမေရိကန် လက်မောင်းလှဲ အားကစားအသင်းတစ်ခုမှာ ဝင်ရောက်ကစားကာ အောင်ပွဲတွေဆက်တိုက်ယူနေရင်း အကြောင်းတစ်ခုကြောင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ သူဟာ ကလပ်တွေ ဘားတွေ ဈေးဆိုင်တွေမှာ လုံခြုံရေးအဖြစ် ကြုံရာ လုပ်ကိုင်နေထိုင်ခဲ့ရပါတယ် တစ်ရက်တော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရီးယားမှာ လက်မောင်းလှဲပြိုင်ပွဲကြီးရှိတဲ့အတွက် သူ့ကို ကိုရီးယားကိုခေါ်ပါတော့တယ်…. မာ့ခ်တစ်ယောက် ပြိုင်ပွဲဝင်ဖို့ကိုရီးယားရောက်လာပြီး သူ့ရဲ့ပျောက်ဆုံးနေတဲ့မိသားစုကို ပြန်လည်ရှာဖွေရင်း ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ပါမလား….။ အရမ်းကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပြီး အသည်းနုသူတွေအတွက် မျက်ရည်ဝဲစေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်လို့ အာမခံပေးပါရစေ။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/walovemardonesort/8 https://t.me/walovemardonesort/8 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 10
Prohibited content
" ဧည့်သည် " ဇာတ်ကားကြည့်ရန် 👇👇 https://t.me/myanmaryoteshin10/47 https://t.me/myanmaryoteshin10/47 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 12
Prohibited content
Revealed: The Cape 2023 ၂၀၀၃ခုနှစ်မှာအမှန်တကယ် ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို Documentary တစ်ခုအနေနဲ့ ပြန်လည်ရိုက်ကူးထားပါတယ် ၂၀၀၃ခုနှစ်၊ဇွန်လ သြစတေးလျ ပင်လယ်ကွေ့တစ်နေရာမှာပျောက်သွားတဲ့သားအဖနှစ် ယောက်အကြောင်းပါပဲ၊ နှစ်၂၀ အကြာမှာတော့ Documentary တစ်ခုအနေနဲ့ ဖန်သားပြင် ပေါ် တင်ဆက်ချပြလာပါတယ်။ လူပျောက်တဲ့နေရာကCape York ကျွန်းဆွယ်မှာဖြစ်ခဲ့တာပါ။ လူသူအရောက်အပေါက်နည်းတဲ့ပင်လယ်ကွေ့လို နေရာမျိုးကသားရဲ ကောင်တွေကြီးစိုးတဲ့ နေရာပါပဲ။ အဲဒီဒေသမှာ နေထိုင်ကြတဲ့သူတွေကလည်း တံငါအလုပ်ကို မျိုးရိုးစဥ်ဆက်လုပ်ကြပြီးတော့ တော်ရုံလူမလာရဲတဲ့ကျွန်းဆွယ်တစ်ခုပါပဲ။ ပြောရရင် အဲဒီမှာနေတဲ့သူတွေထဲ ရာဇဝတ်မှု မကျူးလွန်ဘူးတဲ့လူရယ်လို့မရှိဘူး။အကုန်လုံးက ဇိုးတွေ ပေါ့ဗျာ ၂၀၀၃ခုနှစ်၊ဇွန်လမှာ ဘေဗင် ဆေမွန်နဲ့ဘရက် ဆေမွန်တို သားအဖ နှစ်ယောက်ဟာ ပင်လယ်ထဲမှာ ပိုက်ဆယ်ဖိုထွက်သွားခဲ့ကြပေမဲ့ ပြန်မရောက်လာခဲ့ကြဘူး။ ဒီတော့ ဇာတ်လမ်းက ဒီကစပြီး တွေးစရာ တွေ ပေါ်လာပြီ။ ဒီလို ဒေသ မျိုးမှာ လူပျောက်သွားတယ်ဆိုရင် မိတ်ဆွေတို့ဘယ်လို တွေးကြမလဲ။ ငါးမန်းတွေပဲစားသွားတာလား၊ မုန်တိုင်းမိလို လှေနစ်သွားတာလား၊ ဒေဝေါကြီးများဖမ်းစားသွားတာလား၊ လူ ရော၊ လှေ ရော ပျောက်သွားရခြင်းရဲ့နောက်ကွယ်မှာ အဆိုးတကာ့အဆိုးဆုံးသားရဲကောင်က ဘယ်ကောင်ဖြစ် နေမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/270 https://t.me/akaungkarmyar/270 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 27 4
Prohibited content
The First Myth: Clash Of Gods 2021 OC ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ Three Kingdom တို့လို ဂန္တဝင်စာပေဝတ္ထုဖြစ်တဲ့ Investiture of the Gods ကိုမှီငြမ်းထားတဲ့ကားလေးတစ်ကားကို ချပြပေးလိုက်ချင်ပါတယ်။ ဒီထဲမှာ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ဆိုတဲ့အတိုင်းထီးနန်းစည်းစိမ်အာဏာမှာယစ်မူးနေတဲ့ ရှန်းခေတ်ရဲ့နောက်ဆုံးဘုရင်ရှန်းကျုတ်ဘုရင်က သူ့ထီးနန်းတည်တံ့ဖို့ရာ အပြစ်မဲ့ပြည်သူကို နှိပ်စက်ပြီးသစ္စာရှိတဲ့မူးမင်းမတ်ရာတွေကိုပြည်နှင်ဒဏ်စေလွှတ်ခဲ့တယ်။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/268 https://t.me/akaungkarmyar/268 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 7
Sanak (2021) Sanak [2021] IMDb Rating .8.1 ဒီဇာတ်ကားကတော့ သိပ်ပြီး ညွှန်းစရာတောင် မလိုတော့ဘူး ထင်ပါရဲ့ဗျာ။ ဇာတ်ကားတိုင်းကို ရိုးရိုးရှင်းရှင်းနဲ့ ဖိုက်တင်လှလှတွေ သုံးပြီး ရိုက်တတ်တဲ့ ကွန်မန်ဒိုမင်းသားလို့ အများခေါ်တဲ့ Vidyut Jammwalရဲ့ ဒီနေ့ထွက် ကားသစ်တစ်ကားပါပဲ။ ဇာတ်လမ်းအစမှာတော့ ဇနီးမောင်နှံဘဝနဲ့ စမြင်ရပါတယ် ဇနီးချောလေးဟာ နှလုံးနဲ့ ပတ်သက်ပြီး ခွဲစိတ်မှု လုပ်ဖို့ လိုလာခဲ့တယ်။ အားလုံးကို ရင်းရမယ့် ခွဲစိတ်မှုမို့ ဒီခွဲစိတ်မှုဟာ အောင်မြင်ဖို့ သူတို့ဇနီးမောင်နှံအတွက် တော်တော် အရေးကြီးပါတယ်။ မမျှော်လင့်ဘဲ ဆေးရုံကို လက်နက်ကိုင်တွေရောက်လာခဲ့ပါတော့တယ်။ အဲ့ဒီအချိန်မှာတော့ သူတို့ဇနီးမောင်နှံဟာ ဆေးရုံမှာပဲ ရှိနေချိန်ပါပဲ။ လက်နက်ကိုင်တွေနဲ့ သူတို့ ဇနီးမောင်နှံ ဘယ်လို ပတ်သက်နေလဲ၊ ဘယ်လိုဆက်ဖြစ်ကြမလဲ၊ လက်နက်ကိုင်အဖွဲ့တွေက ဘယ်လို အကြောင်းကြောင့် ဒီဆေးရုံအတွင်းကို ရောက်လာခဲ့လဲ မင်းသားကြီးကရော ဘယ်လိုမျိုး ခုခံတိုက်ခိုက် ကာကွယ်သွားမလဲဆိုတာကို အက်ရှင်အလန်းစားတွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/bollywoodmovie789/392?single https://t.me/bollywoodmovie789/392?single ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 13🥰 1
Black Site (2022)MM SUB ထိပ်တန်းလျှိဝှက် CIA ဆိုဒ်တစ်ခုရဲ့ အခြေစိုက်စခန်းက အရာရှိအုပ်စုတစ်စုက ထက်မြက်ပြီး နာမည်ဆိုးရှိတဲ့ အကျဉ်းသား ဟက်ချက်နဲ့ တိုက်ခိုက်ရမှာဖြစ်ပါတယ်။ ဟက်ချက် လွတ်မြောက်လာတဲ့အခါမှာ သူ့ရဲ့ လျှိဝှက်ဆန်းကြယ်ပြီး သေစေနိုင်မဲ့ အစီအစဉ်က ကြီးမားကျယ်ပြန့်ပြီး ဆိုးရွားတဲ့အကျိုးဆက်တွေရှိလာခဲ့ပါတယ်။ CIA အေးဂျင့် အယ်ဘီထရန့်ဟာ အန္တရာယ်များတဲ့ အကျဉ်းသားတွေကို ထောင်သွင်းအကျဉ်းချတဲ့ မြေအောက်အနက်ရောင်ထောင်ကို စီမံခန့်ခွဲသူပါ။ သူ့ယောက်ျားနဲ့ သူ့သမီးသေဆုံးရတဲ့ အကြောင်းရင်းဖြစ်စဥ်မှာ ဟက်ချက်ပါဝင်နေတာကို သိရတဲ့ အချိန်မှာတော့ သူမက ဟက်ချက်ကို လိုက်ရှာပြီး လက်စားချေဖို လုပ်တဲ့ ဇာတ်လမ်း‌တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/warmovieonly/52?single https://t.me/warmovieonly/52?single ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 33🤔 2
Prohibited content
Mine (2016) ၂ဝ၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ Mine ဆိုတဲ့ ဇာတ်ကားလေးဟာ IMDB 5.9 ရရှိထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံကတော့ မစ်ရှင်တစ်ခု ဆောင်ရွက်ဖို့ စနိုက်ပါ၂ဦး မစ်ရှင်မအောင်မြင်ဘဲ အပြန်ခရီးလမ်းမှာ နှစ်ပေါင်းများစွာက မိုင်းတွေ မြုပ်နှံထားခဲ့ဖူးတဲ့ သဲကန္တာရတစ်ခုကို ကျော်အဖြတ်မှာ စနိုက်ပါတစ်ဦးကတော့ မိုင်းကြောင့်သေဆုံးခဲ့ပြီး ကျန်ရှိတဲ့စနိုက်ပါတစ်ဦးဖြစ်သူ ဆာဂျင်မိုက်ကယ် သားစစ်ကတော့ မိုင်းနင်းထားမိပြီး ၎င်းနေရာမှခွာလို့မရနိုင်ဘဲ သဲမုန်တိုင်းများ၊ ရန်သူများကို တစ်ဦးတည်းတိုက်ခိုက်နေရပုံများကိုရင်သပ်ရှုမောဖွယ် ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ နောက်ဆုံးမှာ ဆာဂျင်မိုက်ကယ်သားစစ် တစ်ယောက် တပ်ဖွဲ့ရဲ့ကယ်ဆင်ခြင်းကိုခံရမလား၊ သဲကန္တာရထဲ ရေငတ်ပြီး သေဆုံးသွားမလား၊သဲမုန်တိုင်းကြောင့်သေသွားမလား၊ရန်သူလက်ချက်နဲ့သေသွားမလားဆိုတာကို ဒီ Mine ဆိုတဲ့ဇာတ်ကားလေးမှာ ဆက်လက်ရှုစားလိုက်ကြပါ .... ဇာတ်ကားကြည့်ရန် 👇👇 https://t.me/warmovieonly/49 https://t.me/warmovieonly/49 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 18😁 1
Prohibited content
Mountain King (2020) -------------------------------- IMDB (6.5/10) ဇာတ်ကားနာမည်လိုပဲ တောထဲမှာနေတဲ့ တာဇံကောင်လေးနဲ့ မျောက်ဝံကြီးအကြောင်းရိုက်ထားတာပေါ့နော် သူငယ်ငယ်ကတောင်ပေါ်မှာနေတဲ့ သူတို့တမျိုးနွယ်လုံး လူဆိုးတွေ သတ်တာခံလိုက်ရကတည်းက သူဟာ တောထဲကိုလာတဲ့ ဘယ်သူ့မဆို သတ်စားတဲ့ တောဘုရင်တကောင် ဖြစ်သွားခဲ့ပါတယ် ဒီလိုနဲ့ တနေ့မှာ သူတို့ဆီကို ကလေးမလေးတယောက် အကြောင်းတခုနဲ့ ရောက်လာခဲ့တဲ့နောက်ပိုင်း ဘာတွေ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/chinathinezatlantwemyar/55 https://t.me/chinathinezatlantwemyar/55 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 9 1
Prohibited content
Aquamarine 2006 ဒီနေ့မှာတော့ ပရိသတ်ကြီးတို့ အကျွမ်းတဝင်ဖြစ်နေမဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဆံပင်အပြာလေးနဲ့ Aquamarine ဆိုတဲ့ ရေသူမလေးကို တော်တော်များများ မှတ်မိကြမှာပါ ရေသူမကားတွေအကြောင်း ပြောကြရင် Aquamarine က မပါမဖြစ်ပေါ့ ငယ်ငယ်ကဆို Highlight အပြာတွေ အရောင်ပြောင်းတဲ့လက်သည်းတွေ လိုချင်လိုက်ရတာ တီရှပ်ကို ဂါဝန်ပြောင်းဝတ်တာကလည်း ကိုယ်တွေအတွက် မျက်လှည့်ပြလိုက်သလို အထူးအဆန်းကြီးကိုဖြစ်လို့ပါပဲ ဒါ့အပြင် ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက်ရဲ့Crush လိုက်နည်းအဖြာဖြာနဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ခင်မင်မှုတွေကလည်း ရင်ထဲကျန်နေရစ်ခဲ့တာပေါ့ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/266 https://t.me/akaungkarmyar/266 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 23 2
Prohibited content
Colossal 2016 ဇာတ်လမ်းအကျဉ်းလေးကတော့ ဂလော်ရီယာ ဆိုတဲ့မိန်းမချောလေး အရက်စွဲနေပြီး အလည်အပတ်များတာကြောင့် သူရဲ့အတူနေရည်စားက သည်းမခံနိုင်တော့အတွက် ခွဲနေဖို့ဆုံးဖြတ်လိုက်ကြတာမို့ သူ့ရဲ့ဇာတိမြို့လေးကိုပြန်လာခဲ့တယ်..ဇာတိမြို့မှာ ငယ်သူငယ်ချင်း အော်စကာနဲ့ ပြန်ဆုံခဲ့ပါတယ် အော်စကာကတော့ ငယ်ငယ်ကတည်းက ခုချိန်ထိ ဂလော်ရီယာပေါ် တစ်ဖက်သတ် စွဲစွဲလမ်းလမ်းချစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ပါ ဂလော်ရီယာမှာ ထူးခြားတဲ့အကျင့်လေးတစ်ခုက ခေါင်းထိပ်နားလေးကို ကုပ်နေတတ်တဲ့အကျင့်လေးပါ..ဂလော်ရီယာ နယ်မြို့လေးကို ပြန်ရောက်တဲ့ နောက်တစ်နေ့မှာပဲ ကိုးရီးယားနိုင်ငံဆိုးလ်မြို့မှာ ဂေါ်ဇီလာလိုလို မကောင်းဆိုးဝါး အကောင်ကြီးတစ်ကောင်ဟာ ၈နာရီ ၅ မိနစ်အချိန်လောက်မှာ ပေါ်လာပါတယ် မြို့ထဲလျောက်သွားရာက သူသွားရာလမ်းတစ်လျောက်ပျက်ဆီးကုန်ပြီး သိပ်မကြာခင်မှာဘဲ မကောင်းဆိုးဝါးကြီးဟာ လေထုအတွင်းမှာ ပြန်လည်ပျောက်ကွယ်သွားတယ် ဒီသတင်းကြောင့် တစ်ကမ္ဘာလုံး ထိတ်လန့်တုန်လုပ်နေပြီး ထူးဆန်းအံ့သြနေကြရတယ်..ဒီလိုနဲ့ နောက်ရက်မှာလည်း အဲဒီလို ၈း၀၅ မိနစ်အချိန်မှာပဲမကောင်းဆိုးဝါးကြီး ပေါ်လာပြန်ပါတယ် ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/264 https://t.me/akaungkarmyar/264 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 21🔥 1
Prohibited content
အိမ်ထောင်သက် နှစ်ပတ်လည်နေ့တို့ ဘာတို့ဆိုတာ လူတိုင်းအတွက် အမှတ်တရဖြစ်လို့ နှစ်ပတ်လည် နေ့တွေဆိုရင် အိမ်ထောင်သည်တွေတစ်ဦးနဲ့တစ်ဦး လက်ဆောင်ပေးတာတို့ surprise တိုက်တာတို့ မူစကူဒူးတို့ စသဖြင့် အမှတ်တရလုပ်ကြပါတယ်။ ဒီနေ့မှ အသစ်စက်စက်ထွက်လာတဲ့ The Trial ဇာတ်ကားကတော့ မိဘတွေပေးစားလို့ ယူထားတဲ့ လင်မယား၂ယောက် အိမ်ထောင်သက်တစ်နှစ်ပြည့် မဂ်လာ နှစ်ပတ်လည်ကျင်းပရင်း ခင်ပွန်းဖြစ်သူက surprise ပေးချင်လို့ မျက်လုံးမှိတ်ထားခိုင်းတာ မျက်လုံးလည်း ပြန်ဖွင့်လိုက်ကော ခင်ပွန်းဖြစ်သူရဲ့ အလောင်းကိုသာ စပရိုက်ပြန်ရလိုက်တဲ့ Crime thriller ဇာတ်လမ်းကောင်းမို့ B-Town က မြန်မာစာတန်းထိုး တင်ဆက်လိုက်ပါတယ်။ အဂျေးနဲ့ ရူပါက မိဘတွေသဘောတူလို့ လက်ထပ် ထားကြတဲ့ စုံတွဲဖြစ်ပြီး မဂ်လာဆောင်တာ တနှစ် ပြည့်တဲ့ထိ ဘာပြသနာမှ ကြီးကြီးမားမားမရှိပဲနဲ့ ဖြတ်သန်းနိုင်ခဲ့ကြပါတယ်။ ဒီလိုနဲ မဂ်လာဆောင် တစ်နှစ်ပြည့်တဲ့ညမှာ လင်မယား၂ယောက်တည်း ကျင်းပတဲ့ anniversary မှာ မျက်မြင်သက်သေ မရှိပဲ ခင်ပွန်းက ရုတ်တရက်သေဆုံးသွားခဲ့တာကြောင့် ကျန်ရှိနေတဲ့ဇနီးဖြစ်သူ ရူပါကိုပဲ သံသယတွေက စုပြုံ ဝင်လာပါတော့တယ်။ အဂျေးမိသားစုကလည်း ရူပါဟာ ဒုရဲမှူးဖြစ်တာမို့ ဉပဒေရဲ့အားနည်းချက်ကိုသိထားပြီး အပြစ် သူ့ဘက်မကျအောင် ကြိုတင်ပလန်ချပြီးတော့ ယောက်ျားကိုသတ်၊ ပြီးမှ မတော်တဆဖြစ်သလို စီစဉ် ထားပါတယ်လို့ သက်သေထွက်ဆိုကြတဲ့အခါမှာတော့ ရူပါဟာ သူအပြစ်ကင်းကြောင်းသက်သေပြနိုင်ပါ့မလား။ အဂျေးကို တကယ်ပဲ ရူပါသတ်တာလား ကိုယ့်ကိုယ်ကို သတ်သေတာလား ဆိုတာတွေကို စိတ်လှုပ်ရှားစရာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရမွဲကားသစ်လေးဖြစ်လို အမြန်ဆုံးကြည့်ရှုလိုက်ကြဖို့ ညွှန်းဆိုလိုက်ပါတယ်။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/bollywoodmovie789/386 https://t.me/bollywoodmovie789/386 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 15
Prohibited content
The Man from Nowhere (2010) မင်းသား ထယ်စောက်လို့ လူသိများတဲ့ မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ် မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက် သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုးသူခိုးမလေး..သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ် ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ် ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီး ကလေးမလေးကို ရေဆုံးမြေဆုံးအထိ လိုက်ကယ်ပါတော့တယ် ထယ်စောက် ဝင်ရှင်းခဲ့ရတဲ့ ဇာတ်ရှုပ်က ဘာတွေများဖြစ်မလဲ၊ ကိုယ်​တွေရဲ့ အရိုမင်းသားကြီး ဘယ်လိုတွေ ဂေါ်နေမလဲဆိုတာကိုတော့ ကိုရီးယား အကယ်ဒမီပေးပွဲမှာလဲ ဆုတွေတစ်သီကြီးရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် ဇာတ်ကားကြည့်ရန် 👇👇 https://t.me/channelmyanmar678/71 https://t.me/channelmyanmar678/71 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 21
Prohibited content
Sanam Teri Kasam (2016) ===================== မငိုကြေးနော် 😔😔 အရမ်းကို ဘာသာရေး လုပ်ပြီး ရှေးရိုးစွဲကြီးတဲ့ အိမ်မှာ ဆာရူး ဆိုတဲ့ သမီးတစ်ယောက် ရှိတယ် သူက ပုံတုံးတယ် ရိုးတယ် အ တယ် သူ့ကို လူတိုင်းက အသုံးချလဲ သူခံတယ် အမြဲတမ်း မျက်နှာလေးကို ပြုံးပြုံးထားတယ် သူက ဥာဏ်ကောင်းပြီး တော်ပေမဲ့ အိမ်က ပေးစားတဲ့ ယောင်္ကျားကို ယူရဖို့ပဲ စောင့်နေရတဲ့ သမီးကြီးပေါ့ သူ့အောက်က ညီမဖြစ်သူကတော့ ခေတ်ဆန်ပြီး ရည်းစားရှိတယ် India တွေ ထုံးစံ အတိုင်း အကြီး မင်္ဂလာဆောင်မှ အငယ်က မင်္ဂလာဆောင်ရတယ် ဒီတော့ ညီမ ဖြစ်သူကလဲ ယောင်္ကျားမရသေးတဲ့ ဆာရူး ကို အမြဲလိုလို နှိမ်နေခဲ့တယ် ဆာရူး အိမ်က သက်မှတ်ထားတာကလဲ နိုင်ငံခြား ဘွဲ့ ၂ ခုလောက် အနည်းဆုံးရထားပြီး မျိုးရိုးမြင့်တဲ့ မိသားစု ကို သားမက်တော်ချင်တာ ဒါပေမဲ့ အတော်များများက ဆာရူးကို လာကြည့်ပြီး ပုံတုံးလွန်းလို့ခေါင်းခါထွက်သွားတာ ၁၀ ယောက်ထက် မနည်းတော့ဘူး ဒီလိုကံဆိုးနေတာ ဆာရူး တစ်ယောက်ပဲ ရှိမယ် ထင်ရတယ် ဆာရူး တို့ ကွန်ဒိုတိုက်မှာ အခန်းငှားနေတဲ့ ဂျလေဘီ ဆန်ဆန်ကောင်လေး တစ်ယောက် ရှိတယ် တစ်ကိုယ်လုံး တက်တူးတွေနဲ့အမြဲတမ်း ဘီယာလေး တမြမြ နဲ့ မူးနေတဲ့သူ သူ့အခန်းဆိုရင်လဲ ညတိုင်း မိန်းမပျက်တွေ ၀ငျထှကျနတေဲ့နရောနာမညျလေးကလဲ ဆိုးသေး လူသတ်မှုနဲ့ ထောင်က လွတ်လာသူ သူ့နာမည်က အင်ဒါ တဲ့ ရုပ်ချောပြီး ဗလ ခပ်တောင့်တောင့် နဲ့ ကောင်လေးပေါ့ တစ်ရက် ဆာရူး ရဲ့ အဖြစ်ကို အင်ဒါ မြင်သွားတယ် သနားသွားမိတယ်ဆာရူး အလုပ်လုပ်တဲ့ စာကြည့်တိုက်မယ် စာအုပ်တွေ သွားငှားပေါ့ အင်ဒါ ရဲ့ လက်ရှိရည်းစားကလဲ နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဆိုတာ ဆာရူး သိတဲ့နောက်မှာ လူခြေတိတ်ချိန်လေး အင်ဒါ အခန်းကိုသွားအင်ဒါ ရည်းစားဆီမယ် သူမ ပုံစံကို ပြောင်းလဲပေးဖို့ အကူအညီတောင်းခဲ့တယ်အဲ့ဒီအချိန်မှာပဲ မူးနေတဲ့ အင်ဒါ ရည်းစားရောက်လာ ရန်တွေဖြစ်ကြအင်ဒါ ဒဏ်ရာ ရသွားလို့ ဆာရူးက ဆေးခန်းလိုက်ပို့ နဲ့ တိုက်ခန်းက လူတွေကတော့ ဒီကောင်လေး နဲ့ ကောင်မလေးညားနေပြီဆိုပြီး ဆာရူးအဖေကြီးကို ချွန်တွန်းလုပ် ဟိုရှေးရိုးစွဲအဖေကြီးက ဆာရူး ကို အိမ်က နှင်ထုတ်လိုက်တယ် ဘ၀ မှာ မိသားစုကလွဲပြီး ဘယ်သူမှ မရှိဖူးတဲ့ ဆာရူး တစ်ယောက်လေလွင့်ရတော့မယ့် အခြေအနေမှာ အင်ဒါက ဘေးနားကကိုယ်ရံတော်လို မားမားမတ်မတ် ရပ်တည်ပေးပြီး အစွဲကြီးတဲ့ ဆာရူး တို့ အဖေ ဘယ်လို ပြန်ခွင့်လွှတ်လာအောင် ကူညီမလဲ ဆာရူး ရဲ့ နဖူးစာ မှာပါတဲ့ ချစ်သူကရော အင်ဒါဖြစ်လာမှာလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/channelmyanmar678/70?single https://t.me/channelmyanmar678/70?single ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 14 1
Prohibited content
Road Kill 2019 IMDb မှာ Rating 6/10 ရရှိထားပြီး Movie Typeကတော့ Horror ဇာတ်ကားလေး ဖြစ်ပါတယ် လောကမှာ မကောင်းမှုကိုကျူးလွန်ရင် မကောင်းတာပြန်ဖြစ်တတ်တဲ့ဆိုတဲ့ သဘာဝကို ဖော်ပြထားပြီး Horror ကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့ စေမဲ့ ဇာတ်ကားလေးဖြစ်ပါတယ် တစ်ချို့🔞+ဇာတ်ဝင်ခန်းကြောင့် မိသားစုဝင်တွေနဲ့ အတူကြည့်ဖို့ မသင့်တော်ပါဘူး ဇာတ်ညွှန်းလေးကတော့ အိမ်ခြံမြေအကျိုးဆောင် အလုပ်ကို လုပ်ကိုင်ရင်း လူတွေအပေါ်မှာ မတရားအနိုင်ကျင့်ခဲ့သော ချွဲဝူဂွမ် တစ်နေ့တော့ မတော်တဆမှုကြောင့် တောနက်ကြီးထဲကမိသားစုတစ်စုရဲ့ ကယ်တင်မှုကိုခံခဲ့ရပြီး ပြင်ပလောကနဲ့အဆက်အသွယ် ပြတ်ထောက်သွားခဲ့ရပါတယ် တောနက်ကြီးကနေ အန္တာရာယ်ကင်းစွာနဲ့ လွှတ်မြောက်ထွက်ပြေးနိုင်မလား ထူးဆန်းသော မိသားစုရဲ့ သရုပ်မှန်‌ကရော ဘာဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုလိုရမဲ့ ဇာတ်လမ်းကောင်းလေး တစ်ခုဖြစ်ပါတယ် ဇာတ်ကားကြည့်ရန် 👇👇 https://t.me/theyekarmyar/32 https://t.me/theyekarmyar/32 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 10 1🌚 1
Prohibited content
Quicksand 2023 ဒီဇာတ်ကားလေးကတော့ ကိုလံဘီယာတောတွင်းက အန္တရာယ်များတဲ့သဲနွံနဲ့ မြွေအကြောင်းကို တင်ဆက်ရိုက်ကူးတာဖြစ်ပါတယ် ဇာတ်ကားမှာတော့ Josh နဲ့ Sofia ဆိုတဲ့ အိမ်ထောင်ရေးအဆင်မပြေတဲ့ လင်မယားနှစ်ယောက် ကိုလံဘီယာနိုင်ငံကို ကျန်းမာရေးဝန်ထမ်းတွေအဖြစ် လာရောက်လုပ်ကိုင်ပေးကြတာကနေ စတင်ထားပါတယ် သူတို့အတွက် အလုပ်စလုပ်ရမယ့်နေ့မတိုင်ခင်မှာ ရက်အားရသေးတဲ့အတွက်ကြောင့် သူတို့နှစ်ယောက်အနေနဲ့ hiking ထွက်ဖို့ စီစဥ်ကြပါတော့တယ် ဒေသခံတွေက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Las Arenas ဆိုတဲ့နေရာကို မသွားဖို့ တားခဲ့ပေမယ့်လည်း Josh နဲ့ Sofia တို့ အဲနေရာကို မဖြတ်ရင်မရတော့တဲ့အခြေအနေမို့ ဖြတ်ကြရပါတော့တယ် အဲလိုဖြတ်တဲ့အချိန်မှာပဲ သူတို့တွေဟာ သဲနွံထဲကို ရောက်ခဲ့ရပြီး မြွေနဲ့ပါ ရင်ဆိုင်ရပါတော့တယ် သူတို့နှစ်ယောက် ဒီလိုအန္တရာယ်များ လှတဲ့အခြေအနေကနေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာ... ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/262 https://t.me/akaungkarmyar/262 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 23
Prohibited content
Solomon Kane 2009 မိစ္ဆာတွေ စွန့်စားခန်းတွေ တိုက်ပွဲတွေ မှော်ပညာပါတဲ့ ဇာတ်လမ်းတွေကိုမှ အားပေးချင်ပါတယ်ဆိုတဲ့ပုရိတ်သတ်ကြီးအတွက်ဆော်လမွန်ကိန်း လာပါပြီ ဇာတ်လမ်းကျောရိုးလေးကို နားလည်ထားမှ ဇာတ်ကားလေးက ကြည့်ရတာအရသာရှိနေတာကြောင့် တင်ပြလိုပါတယ် တစ်ချိန်တုန်းက ကမ္ဘာကြီး မိစ္ဆာအမှောင်ထုရဲ့ ကြီးစိုးမှု့အောက်ရောက်ရှိခဲ့ပါတယ် မှော်ဆရာတွေ မိစ္ဆာတွေ မကောင်းဆိုးရွားတွေ သူတစ်လူ ငါတစ်မင်းသောင်းကျန်းချင်တိုင်းသောင်းကျန်း နေတဲ့ခေတ်တစ်ခေတ်ပါပဲ။ အားလုံးက အတည်တကျမဖြစ် ကျီးလန့်စာစားနေနေကြရပါတယ်။ကိုယ့်ကိုယ်ကိုမပြောနဲ့ ကိုယ့်ဝိဉာဉ်ကိုယ်တောင်မပိုင်တဲ့ ခေတ်ကြီးပါပဲ ဝိဉာဉ်ကို မိစ္ဆာတွေနဲ့ အလဲထပ်အလောင်းစားလုပ်လို့ရနေပြီး ကတိဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ဖခင်ရဲ့စေတနာကို နားလည်မှု့လွဲပြီးဆန့်ကျင်ဘက်တွေလုပ်ရာမှသူ့ဝိဉာဉ်ကို မိစ္ဆာနဲ့အလောင်းစားလုပ်ပြီး ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေခဲ့ပါတယ် မိစ္ဆာကလည်း အချိန်စေ့တာကတစ်ကြောင်း မနိုင်တော့တာလဲတစ်ကြောင်းမို့ ဝိဉာဉ်ပြန်လာနှုတ်ပါတယ်။ ဒါပေမဲ့ ဆော်လမွန်ကိန်းကပြန်မပေးပဲ အပြန်လှန်တိုက်ခိုက်ရာမှထွက်ပြေးလွတ်မြောက်ခဲ့ပါတယ် ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/260 https://t.me/akaungkarmyar/260 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 16
Godse (2022)MM SUB GODSEဇာတ်ကားမှာတော့ ညှိနှိင်းရေးအဖွဲက ရဲအရာရှိVaishaliဟာ ဓားပြတိုက်မှုတစ်ခုမှာ ဓားပြတွေနဲ့ ညှိနှိင်းဖိုကြိုးစားခဲ့ပေမဲ့ မထင်မှတ်ထားတဲ့မတော်မဆမှုကြောင့် ကိုယ်ဝန်၉လနဲ့ဓားစာခံအမျိုးသမီးဟာ သူမမျက်စိရှေ့မှာတင် အသတ်ခံလိုက်ရခဲ့တယ်။နစ်နာသူအသတ်ခံရမှုကြောင့် စိတ်ထိခိုက်သွားတဲ့ Vaishaliဟာ နှုတ်ထွက်စာတင်ခဲ့ပေမဲ့ သူမရဲ့အထက်လူကြီးအပါအဝင် နိုင်ငံအကြီးအကဲအချိုပြန်ပေးဆွဲခံလိုက်ရတာကြောင့် ပြည်ထဲရေးအတွင်းဝန်အမိန့်အရ ပြန်ပေးသမားGodseနဲ့ညှိနှိင်းရမဲ့ တာဝန်ကိုထမ်းဆောင်ရပါတော့တယ်။တာဝန်ပေးအပ်ခံလိုက်ရပေမဲ့လဲ အထက်လူကြီးတွေက တစ်ခုခုဖုံးကွယ်ထားတာကို Vaishaliတစ်ယောက်ရိပ်မိခဲ့တဲ့အပြင်ပြန်ပေးသမားGodseကလဲ ညှိနှိင်းဖိုမလွယ်တဲ့လူဖြစ်နေတာကြောင့် သူမအဖွဲရဲ့အကူအညီနဲ့ Godseအကြောင်းစုံစမ်းခဲ့ချိန်မှာတော့Godseရဲ့နောက်ကြောင်းနဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အကျင့်ပျက်ခြစားထားတဲ့လုပ်ရပ်တွေကိုပါ Vaishaliတစ်ယောက်သိလိုက်ရတော့တယ်။ပြန်ပေးသမား Godseရဲ့နောက်ကြောင်းနဲ့ သူ့ရည်ရွယ်ချက်ကဘာလဲ။ ဒီအမှုကိုရော Vaishaliတစ်ယောက်ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရှုကြပါအုံး။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/bollywoodmovie789/382?single https://t.me/bollywoodmovie789/382?single ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 4
Prohibited content
Unstoppable (2018) MMSB ================= ဒုန်ချွဲ နဲ့ ဂျီဆူး တို့ဟာ သာယာပျော်ရွှင်နေတဲ့ ဇနီးမောင်နှံဖြစ်ပြီးအေးအတူ ပူအမျှ နေတက်ကြသူတွေပါဒုန်ချွဲ က အရမ်းရိုးသားလွန်းတော့ အမြဲတမ်းလူလိမ်ခံရပါတယ်ချစ်ဇနီးလေး ဂျီဆူး အချိန်ပြည့်အလုပ်လုပ်နေရတာ မကြည့်ရက်တဲ့အတွက်သူကိုယ်တိုင်လဲ အပင်ပန်းခံပြီး ပိုက်ဆံရှာနေရပါတယ်… ဒုန်ချွဲဟာ ဂျီဆူး နဲ့ မတွေ့ခင်တုန်းက လူတိုင်းတုန်လှုပ်ရတဲ့အတိုက်အခိုက်သမား တစ်ယောက်ဖြစ်ပြီး မတရားတာမြင်ရင်မနေတက်သလို စိန်ခေါ်ရင် ရေမြေဆုံးထိ လိုက်တက်သူပါမိန်းမ ရပြီးမှ အရင်လို မဟုတ်တော့ပဲ ငါးရောင်းပြီးအေးဆေးနေတက်သူ ဖြစ်သွားခဲ့တာပါ…တစ်ရက်မှာတော့ ဒုန်ချွဲ တို့ ဇနီးမောင်နှံဆီကိုကံကြမ္မာဆိုး တစ်ခု ဝင်ရောက်လာပါတယ်…ဒုန်ချွဲ ငွေတွေ အလိမ်ခံရလို့ နှစ်ယောက်သားစကားများကြပြီး ဂျီဆူး က အိမ်ကို အစောကြီးပြန်သွားခဲ့ပါတယ်….စိတ်ကောက်နေတဲ့ ဂျီဆူး ကိုချော့ဖို့ ဒုန်ချွဲရောက်လာခဲ့ပေမဲ့ နောက်ကျသွားခဲပါပြီအိမ်ထဲထိ ဝင်ရောက်ပြီး လူဆိုးဂိုဏ်းတစ်ခုကဂျီဆူး ကို ပြန်ပေးဆွဲသွားခဲ့ပါတယ်….ဒုန်ချွဲ တစ်ယောက် ရဲတိုင်ခဲ့ပေမဲ့ တကယ်အလုပ်မလုပ်တဲ့ရဲတွေကြောင့် မိန်းမ ဖြစ်သူကို ကိုယ်တိုင်လိုက်ရှာဖို့အမှောင်လောက ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သော် အခါ… ဇာတ်ကားကြည့်ရန် 👇👇 https://t.me/walovemardonesort/6 https://t.me/walovemardonesort/6 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 23
The Soul Mate ( 2018 ) MMSUB ကဲမာဒုန်ဆော့ကားကိုကြိုက်သူများအတွက်နောက်ထပ်ကားကောင်းလေးတစ်ကားကိုတင်ပေးလိုက်ပါတယ်။ ဒီကားလေးထဲမှာတော့ မာဒုန်ဆော့ကဂျူဒိုဆရာတစ်ယောက်ဖြစ်ပြီး သူ့မှာသမီးလေးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ သူ့သမီးလေးပဲမြင်ရတဲ့သရဲကနေသူမတရားခံရတဲ့အကြောင်းကိုမာဒုန်ဆော့သမီးလေးမှတစ်ဆင့် မာဒုန်ဆော့နဲ့ရဲတို့ပူးပေါင်းအဖြေရှာရင်းနဲ့ ဘယ်လိုတွေတောင်အံ့ဩဖို့ကောင်းတာတွေဖြစ်လာမလဲဆိုတာကိုမိတ်ဆွေတို့ကြည့်ရင်းနဲ့အပန်းဖြေလိုက်ရအောင် ဇာတ်ကားကြည့်ရန် 👇👇 https://t.me/walovemardonesort/4?single https://t.me/walovemardonesort/4?single ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Hammasini ko'rsatish...
👍 11😁 1