uz
Feedback
Bollywood Cinema

Bollywood Cinema

Kanalga Telegram’da o‘tish

Ck Lottery ,Big Win လက်မခံပါ ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @kolatt009

Ko'proq ko'rsatish
2025 yil raqamlardasnowflakes fon
card fon
89 915
Obunachilar
Ma'lumot yo'q24 soatlar
-2 4037 kunlar
+25 50030 kunlar
Postlar arxiv
Th-e Bo-ok o-f Sij-ji-n & Il-liy-yi-n (20-25) +++++++++++++ Ki-ta-b Si-jji-n and Ill-iy-yin ဆိုဇာတ်ကားလေးလေးကတော့ ၂၀၂၃ ခုနှစ်ကနာမည်ကြီးခဲ့တဲ့ Sijjin လိုဇာတ်ကားမျိုးလိုကိုမှ ဇာတ်လမ်းဇာတ်အိမ်ကလုံးဝမတူဘဲ အင်ဒိုနီးရှားအောက်လမ်း ဇာတ်ကားတွေရဲ့ နာမည်ကြီးဒါရိုက်တာHadrah Daeng Ratu ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီး သရုပ်ဆောင်တွေလည်းပါဝင်တာမလို့ အောက်လမ်းသရဲကားကြည့်ရှုချင်တဲ့သူတွေ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း --------- ယူလီဆိုတဲ့ ကောင်မလေးရဲ့ မိဘတွေကိုတစ်ယောက်ယောက် ကအောက်လမ်းပြုစားလိုက်တာကြောင့် ယူလီလေးဟာ သူ့ရဲ့အန်တီလရတ်စ် မိထွေးမိသားစုနဲ့နေခဲ့ရပါတယ်။ ယူလီဟာ မိထွေးမိသားစုနဲ့ နှိပ်စက်မှုကို ငယ်စဥ်ကတည်းက ခံစားခဲ့ရပြီး သူ့ဘဝမှာ နာကျင်မှုတွေနဲ့ပဲ ပြည့်နှက်နေတာကြောင့်မခံစားနိုင်တဲ့အဆုံးမှာတော့ သူမဟာ တစ်မိသားစုလုံးကို အောက်လမ်းနဲ့ စတင်ပြုစားပါတော့တယ်။ သူ့ကိုငယ်ငယ်ကတည်းက မော်မကြည့်ရဲလောက်တဲ့အထိ နှိပ်စက်ခဲ့တဲ့ လရတ်စ်နဲ့ အမေကို စတင်ပြုစား ပြီးနောက် လရတ်စ်နဲ့အမေသေခါနီးမှာ ယူလီဟာသူ့အမေတွေ သေခဲ့ရတာ လရတ်စ်အမေလက်ချက်မှန်း သိသွားတာကြောင့် ဘယ်လိုတောင် ဆက်ပြီး ပွဲကြမ်းမလဲဆိုတာကော့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဗျာ။
Hammasini ko'rsatish...
Photo unavailableShow in Telegram
1:32:30
Video unavailableShow in Telegram
507.49 MB
Te-nu-1ng (20-25) IMDb Rating (6.6) အီရာက မိခင်ဖြစ်သူကို တစ်ဦးတည်းစောင့်ရှောက်နေရတဲ့ ဆယ်ကျော်သက်ကောင်မလေးဖြစ်ပြီး သူ့အမေ ခံစားနေရတဲ့ဝေဒနာဟာ အဖြေရှာမရတဲ့အတွက် သူ့မှာပိုအခက်တွေ့စရာဖြစ်နေပါတယ်။ သူ့အမေဟာ အာရုံထဲမှာခန္ဓာကိုယ်မပါတဲ့ လက်တွေရဲ့ခြောက်လှန့်မှုကိုခံနေရပြီး တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကိုကိုရော သူ့ကိုပါ ရန်ရှာတာမျိုးတွေရှိလာတဲ့အတွက် မြို့ပေါ်ရောက်နေတဲ့ အစ်ကိုနဲ့အစ်မကိုလှမ်းခေါ်လိုက်ရတဲ့နောက်အိမ်အရောက်မှာပဲ သူတို့မိခင်ဟာ ရုတ်တရက်ကွယ်လွန်သွားပါတော့တယ်။ ဒါပေမယ့်လည်း ဈာပနအခမ်းအနားကျင်းပနေတုန်းအလောင်းပေါ်ကိုကြောင်နက်တစ်ကောင်ခုန်ကျော်သွားတာခံရတဲ့နောက် သူတို့အမေဟာအသက်ပြန်ဝင်လာခဲ့သလို အရင်က ခံစားနေရတဲ့ဝေဒနာတွေပါပျောက်ကွယ်ပြီး အကောင်းပကတိဖြစ်သွားချိန်မှာတော့ ဇာတ်လမ်းအမှန်တကယ်စလာပါတော့တယ်။ ဘာကြောင့်လဲဆို‌တော့ အရင်တုန်းက မရှိခဲ့ဖူးတဲ့ ကြမ်းတမ်းတဲ့အခြောက်အလှန့်တွေကို တစ်အိမ်သားလုံးစပြီး ခံစားလာရလို့ပါပဲ။ သူတို့မိခင်ခံစားနေရတဲ့ဝေဒနာက တကယ်တမ်းဘာဖြစ်မလဲ? ဒီဖြစ်စဉ်တွေရဲ့လက်သည်က ဘယ်သူလဲ? သူတို့မိသားစုဝင်တွေ ဒီကံကြမ္မာဆိုးတွေကနေ လွတ်မြောက်နိုင်ပါ့မလား? အစရှိတာတွေကိုသည်းထိတ်ရင်ဖိုရှုစားရမယ့် ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။
Hammasini ko'rsatish...
Photo unavailableShow in Telegram
2:25:08
Video unavailableShow in Telegram
738.95 MB
Up.. pe.. na [20.. 21] ရာယာနမ်ဆိုတဲ့ လူကြီးက ရွာရဲ့မျက်နှာဖုံး မျိုးရိုးဇာတ်အမြင့်ကိုမှ လူလိုထင်တဲ့လူ. သမီးဖြစ်သူကို ကောလိပ်တတ်ဖို ရွာကို မြိုကောလိပ်က ဘတ်စ်ကားကိုပါ လာခေါ်ခိုင်းနိုင်ပြီး တရွာလုံးကလူတွေကို သေဆိုသေရှင်ဆိုရှင်စေနိုင်တဲ့ထိ အာဏာဆက်ပြင်းတဲ့လူကြီး. သမီးဖြစ်သူ ဆဂီးသာကတော့ ဖြူစင်တဲ့ကောင်မလေးပေါ့. သူမ အဖေရာယာနမ်က သူ့ကိုသိပ်ဂရုမစိုက်ဘူးခံစားရလို အားကိုးရမယ့် ချစ်သူကို ရှာဖွေနေသူပါ. တနေ့တော့မထင်မှတ်ပဲ သူ့ကျောင်းအပြန်လမ်းက ရန်ပွဲမှာ သူ့ရင်ခုန်ရာ ကောင်လေးကိုရှာတွေ့ခဲ့ပါတယ်. ကောင်လေးက သူတိုရွာနားက ကမ်းစပ်မှာ နေထိုင်စားသောက်ပြီး တံငါသည်လုပ်ငန်းနဲ့ အသက်မွေးရတဲ့ ဆင်းရဲသားမျိုးရိုးဇာတ်နိမ့်သူ. ဒါပေမယ့် သူမကတော့ ဒါတွေစိတ်မဝင်စားခဲ့ပါ. သူမတိုနှစ်ယောက်ရဲ့ အချစ်ရေးကို အဖေဖြစ်သူ ရာယာနမ်က သိတဲ့အခါမှာတော့……… တကယ်ကို ကောင်းတဲ့ဇာတ်လမ်းပါပဲ အချစ်ရယ် မျိုးရိုးဇာတ်ခွဲခြားမှုရယ် လွန်ဆန်တာကို လှလှပပ ရိုက်ပြထားတာမလို့ကြည့်စေချင်ပါတယ်
Hammasini ko'rsatish...
Photo unavailableShow in Telegram
2:32:04
Video unavailableShow in Telegram
858.08 MB
ဒီတစ်ခါမှာတော့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းနဲ့ ကြမ်းပါတယ်ဆိုတဲ့ကောင်တွေထက်ကို ပိုကြမ်းပြမယ့် အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
Hammasini ko'rsatish...
Photo unavailableShow in Telegram
2:03:07
Video unavailableShow in Telegram
1543.75 MB
ဒီကားကိုတော့ လူတိုင်းသိကြလိမ့်မယ် ထင်ပါတယ်..တကယ်ကို (Virtual Effect) ကောင်းကောင်းနဲ့ လူအင်အား ငွေအင်အားနဲ့ ကြည့်လိုက်ရင် လုံးဝ စိတ်ကျေနပ်မူ့အပြည့်ပေးနိုင်တဲ့ ကားမျိုးပါ အရမ်းကြီးလုပ်ယူပြီး စောက်ပေါအထာနဲ့ ပြီးပြီးရော ရိုက်ကူးပြထားတာ မဟုတ်လို့ လူကြိုက်များခဲ့တဲ့ ကားမျိုးပါ
Hammasini ko'rsatish...
Photo unavailableShow in Telegram
1:52:40
Video unavailableShow in Telegram
870.04 MB
စုံထောက် Aaron Falk က တောထဲ ခရီးထွက်ရာကနေ လမ်းပျောက်ခဲ့တဲ့ အမျိုးသမီးလေးယောက်ကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါးယောက်မြောက်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Alice ကတော့ ကယ်တင်ခံရတဲ့အထဲမပါဘဲ ကျန်တဲ့အမျိုးသမီးတွေနဲ့ အဖွဲ့ကွဲပြီး တောထဲကျန်ခဲ့တယ်လို့ပြောတယ်။ ရဲတွေလည်း ပျောက်သွားတဲ့အမျိုးသမီး Alice ကို ရှာဖို့ တောထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေလွှတ်ပြီး ရှာဖွေကြတော့တယ်။ ဒါပေမဲ့ ကယ်တင်ခံရတဲ့ အမျိုးသမီးတွေပြောတဲ့စကားက တစ်ယောက်နဲ့တစ်ယောက်မတူဘဲ အမျိုးမျိုးကွဲထွက်နေပြီး ယုံစားရခက်နေတာကြောင့် Alice ကို ရှာဖွေဖို့ ဘယ်လိုတွေအခက်အခဲဖြစ်မလဲ၊ တောထဲမှာ Alice ပါဝင်တဲ့ အမျိုးသမီးအဖွဲ့ရဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့ဇာတ်ကြောင်းအစစ်အမှန်က ဘာဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ Mystery ဆန်စွာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Hammasini ko'rsatish...
Photo unavailableShow in Telegram
2:37:12
Video unavailableShow in Telegram
1525.04 MB
𝔼𝕟.. 𝕖𝕞𝕪 [𝟚𝟘.. 𝟚𝟙] ဒီလောကကြီးထဲမှာ အန္တရာယ်အများဆုံးက သူစိမ်းတွေမဟုတ်ပဲ ကိုယ့်အကြောင်းကို အစအဆုံးသိနေတဲ့ အရင်းနှီးဆုံးသူက အန္တရာယ်အပေးနိုင်ဆုံးသူဖြစ်ပါလိမ့်မယ်။ ဒီကားမှာလည်း ငယ်ငယ်ထဲက တစ်ကျောင်းထဲဆင်း ဆရာ တစ်ယောက်ထဲထွက်တဲ့ သူငယ်ချင်းနှစ်ယောက်ကို 𝔼𝕟𝕖𝕞𝕪 ဆိုတဲ့ ရန်သူတော်တွေဖြစ်လာအောင် ဘယ်အရာတွေက ပံ့ပိုးပေးမလဲဆိုတာ စီးမျောလိုက်ရအောင်။ ဇာတ်အိမ်ကကောင်းလွန်းတော့ ဒီထက်ပြောရင် Spoil သလိုဖြစ်နေမှာမို့ Ta-mil ကားကြိုက်သူတွေအတွက် လက်မလွတ်တမ်း လိုက်ပါစီးမျောခံစားလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Hammasini ko'rsatish...
Photo unavailableShow in Telegram