Eleven Media Group
الذهاب إلى القناة على Telegram
2025 عام في الأرقام

44 978
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
+1330 أيام
أرشيف المشاركات
■ ဆားကြမ်းတစ်ပိဿာ ကျပ် (၁၀၀၀) အထိ စံချိန်တင်ဈေးနှုန်းပေါက်ဈေးရှိသော်လည်း တောင်သူများထံတွင် ဆားမရှိ
ဆားကြမ်းတစ်ပိဿာ ကျပ် (၁၀၀၀) အထိ စံချိန်တင်ဈေးနှုန်းပေါက်ဈေးရှိသော်လည်း တောင်သူများထံတွင် ဆားမရှိကြောင်း သံဖြူဇရပ်ဒေသခံ ဆားတောင်သူများ၏ ပြောကြားချက်များအရ သိရသည်။
မွန်ပြည်နယ်အတွင်းရှိ နေလှန်းဆားကြမ်းဈေးနှုန်းမှာ ယခင်က တစ်ပိဿာလျှင် (၃၈၀) ကျပ်မှ (၄၀၀) ကျပ်အထိ ဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့ဖူးသော်လည်း ယခုနှစ်ဧပြီလ သင်္ကြန်ကာလအပြီးတွင် နေလှန်းဆားကြမ်းတစ်ပိဿာလျှင် (၅၀၀) ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း ပငကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “အခုလက်ရှိ ဆားကြမ်းတစ်ပိဿာကို (၁၀၀၀) ကျပ်ဖြစ်တာ တစ်သက်နဲ့တစ်ကိုယ် မကြုံဖူးဘူး။ ဒါပေမယ့် ဘယ်ဆားတောင်သူမှာမှ ဆားကျန်မရှိဘူး” ဟု ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှစတင်ကာ မိုးရွာသွန်းမှုများကြောင့် ဆားရာသီမကုန်မီ ဆားကွင်းများကြိုတင်ပိတ်သိမ်းခဲ့ရကြောင်း၊ လက်ရှိ အောက်တိုဘာလပထမအပတ် မိုးရွာသွန်းနေသည့်အတွက်ကြောင့် ဆားကြမ်းထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း ၎င်းတောင်သူက ဆိုသည်။
■Website Link >>>> https://news-eleven.com/article/306768
👍 44❤ 9😱 1
09:40
Video unavailableShow in Telegram
■ အောက်တိုဘာ ၉ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
- သန်လျင်မြို့နယ်၌ အငှားယာဉ်မောင်းကို ဓားဖြင့် ၃၁ ချက်ထိုးကာ မော်တော်ယာဉ်အား လုယက်ယူဆောင်ခဲ့သူ နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
- တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်တွင် အသက် ၇၄ နှစ်အရွယ်သက်ကြီးပိုင်း အမျိုးသားတစ်ဦး ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား
- ကမ္ဘောဒီးယားနှင့်ထိုင်းတို့၏ ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို သမ္မတဒေါ်နယ်ထရန့် ဦးဆောင်မည်ဟု အိမ်ဖြူတော်ပြောကြား
- ထိုင်းရေတပ်လေယာဉ်တစ်စင်း စက်ချို့ယွင်းမှုဖြစ်ပွားပြီးနောက် ဖူးခက်လေဆိပ်တွင် လေယာဉ်ပြေးလမ်းကို ယာယီပိတ်ခဲ့
- ဗင်နီဇွဲလားနဲ့ခြေစမ်းပွဲမှာ ပါဝင်ကစားခြင်းပြု၊ မပြု မက်ဆီကိုယ်တိုင် ဆုံးဖြတ်မယ်
9 Night Packate~1.mp4139.62 MB
👍 41❤ 3🥰 1😢 1
■ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး
■ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များကိုလည်း စေလွှတ်ပေးသွားမည်ဟုဆို
■Website Link >>>> https://news-eleven.com/article/306767
👍 62❤ 11👏 1
■အိန္ဒိယရဲတပ်ဖွဲ့က ကလေး ၂၁ ဦး သေဆုံးမှုဖြစ်စဉ်နှင့်ဆက်နွှယ်၍ ဆေးကုမ္ပဏီပိုင်ရှင်ကို ဖမ်းဆီး
အိန္ဒိယရဲတပ်ဖွဲ့က ကလေး ၂၁ ဦးထက် မနည်းသေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ဆက်နွှယ်၍ ဆေးကုမ္ပဏီ ပိုင်ရှင်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ထိုဆေးကုမ္ပဏီပိုင်ရှင်၏ စက်ရုံကထုတ်လုပ်သော ချောင်းဆိုးပျောက်ဆေးနှင့်ဆက်နွှယ်၍ ကလေးများသေဆုံးမှုဖြစ်စဉ်ကြောင့် ၎င်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မက်ဟိုင်ရာပရာဒက်ရှ်ပြည်နယ်မှ အသက်ငါးနှစ်အောက် ကလေးများသည် သေဆုံးစေနိုင်သော အဆိပ်တစ်မျိုး ပါဝင်နေသည့် ထိုချောင်းဆိုးပျောက်ဆေးကို သောက်ခဲ့ပြီးနောက် လွန်ခဲ့သည့်လကုန်ပိုင်းက သေဆုံးခဲ့ကြခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သော ချောင်းဆိုးပျောက်ဆေးများသည် လတ်တလော နှစ်များအတွင်း ကမ္ဘာတစ်ဝန်း၌ စေ့စေ့စပ်စပ် စိစစ်မှုများနှင့် ရင်ဆိုင်နေရသည်။
■Read More >>>>https://news-eleven.com/article/306764
😱 31👍 16❤ 11😢 5👏 1
■မြောက်ကိုရီးယားက အာဏာရပါတီထူထောင်သည့် နှစ်ပေါင်း ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ကြီးမားသည့် စစ်ရေးပြအခမ်းအနားကို ပြုလုပ်ဖွယ်ရှိ
မြောက်ကိုရီးယားသည် အာဏာရအလုပ်သမားပါတီထူထော်သည့် နှစ်ပေါင်း ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် ကြီးမားသည့် စစ်ရေးပြအခမ်းအနားကို ပြုလုပ်ဖွဲ့ရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
ထိုစစ်ရေးပြအခမ်းအနားတွင် မြောက်ကိုရီးယား၏ နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းများကို ပြသဖွယ်ရှိပြီး တရုတ်နှင့် ရုရှား နိုင်ငံတို့မှ ထိပ်သီးအရာရှိများ တက်ရောက်လာလိမ့်မည်ဟုလည်း ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။
စစ်ရေးပြအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများကို လျှို့ဝှက်ပြုလုပ်ဖွယ်ရှိနေပြီး တောင်ကိုရီးယား စစ်တပ်ကမူ မြောက်ကိုရီးယားသည် စစ်ရေးပြအခမ်းအနားကို ညဘက်တွင် ပြုလုပ်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို ရဲဆေးတင်ပေးရာရောက်ခဲ့ပြီး ကင်သည် ယူကရိန်းတပ်ဖွဲ့များကို တိုက်ခိုက်နေသည့် ရုရှားတပ်ဖွဲ့များအား စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ စစ်သားများစေလွှတ်ပြီး စစ်ကူပေးခြင်းတို့ ပြုလုပ်ခဲ့သည်။
■Read More >>>>https://news-eleven.com/article/30676
👍 51❤ 14🥰 1👏 1
■ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာသန်း ၃၀ ထပ်မံရောင်းချမည်
ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာသန်း ၃၀ ထပ်မံရောင်းချမည်ဖြစ်ကြောင်း အောက်တိုဘာ ၈ ရက်က ထုတ်ပြန်သည်။
အောက်တိုဘာ ၂ ရက်လည်း ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၃ ရက်ကလည်း ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် သြဂုတ် ၅ ရက်က ဒေါ်လာသန်း ၃၀၊ သြဂုတ် ၁၃ ရက်က ဒေါ်လာ ၃၂ သန်း၊ သြဂုတ် ၂၀ ရက်တွင် ၃၂ သန်း၊ သြဂုတ် ၂၆ ရက်တွင် ဒေါ်လာ ၃၂ သန်းဖြင့် သြဂုတ်လအတွင်း ဒေါ်လာ ၁၂၆ သန်း ထုတ်ရောင်းခဲ့သည်။
■Website Link >>>> https://news-eleven.com/article/306761
👍 33❤ 10🤬 2👏 1😱 1
■ မြန်မာအစိုးရနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရေးအတွက် မလေးရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို တစ်ရက်တာ လာရောက်
မြန်မာအစိုးရနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရေးအတွက် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမတ်ဟာဆန်သည် ယနေ့(အောက်တိုဘာ ၉ ရက်)တွင် နေပြည်တော်ကို တစ်ရက်တာ သွားရောက်လျက်ရှိကြောင်း မလေးရှားအစိုးရက ထုတ်ပြန်သည်။
မြန်မာအစိုးရက မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်းကောင်း၊ ရပ်ဆိုင်းနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ တိုးတက်မှုရရှိရေးအတွက် တွန်းအားပေးရန်လည်းကောင်း ဆွေးနွေးမှုများလုပ်ဆောင်ရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမတ်ဟာဆန်သည် အာဆီယံဥက္ကဌအဖြစ် မလေးရှားနိုင်ငံက ဆောင်ရွက်နေချိန်တွင် နေပြည်တော်ကို တစ်ရက်ကြာသွားရောက်ခြင်းဖြစ်သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုခရီးစဉ်အတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကောင်မရှင်ဥက္ကဌ ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစော၊ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေတို့နှင့်တွေ့ဆုံမည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲယူခဲ့ပြီးနောက်ပိုင်း အာဆီယံကချမှတ်ခဲ့သော ဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာအစိုးရက အကောင်အထည်ဖော်မှုအားနည်းသည်ဟုဆိုကာ ၂၀၂၂ ခုနှစ်မှစ၍ မြန်မာအစိုးရခေါင်းဆောင်များကို အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်ပိတ်ပင်ထားသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရေးအတွက် မိုဟာမက်ကတောင်းဆိုသွားမည်ဖြစ်ပြီး အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများရပ်သွားရေး၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို အဟန့်အတားမရှိ ခွင့်ပြုရေး၊ မြန်မာနိုင်ငံရှိသက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့်အတူတကွ အားလုံးပါဝင်သော အပြန်အလှန်ဆွေးနွေးမှုများ ဆောင်ရွက်ရန် တောင်းဆိုသွားမည်ဟုလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
Photo-Reuters၊ မလေးရှားနိုင်ငံခြားရေဝန်ကြီး Facebook
■Website Link >>>> https://news-eleven.com/article/306757
👍 34❤ 10👏 1
■ တာမွေမြိုနယ် မေတ္တာညွှန့်ရပ်ကွက်တွင် အသက် ၇၄ နှစ်အရွယ်အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ရေချိုးခန်းအတွင်း ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား
တာမွေမြိုနယ်၊ မေတ္တာညွှန့်ရပ်ကွက်တွင် အသက် ၇၄ နှစ်အရွယ်အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ရေချိုးခန်းအတွင်း ကြိုးဆွဲချသေဆုံးမှု အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးသူမှာ တာမွေမြိုနယ်၊ မေတ္တာညွှန့်ရပ်ကွက်၊ မြလေးရုံလမ်းတွင် မိသားစုနှင့်အတူ နေထိုင်သူတစ်ဦးဖြစ်ပြီး ဦးဇော်ဝင်းဆိုသူဖြစ်ကြောင်း ရပ်ကွက်တွင်နေထိုင်သူများထံမှ သိရသည်။
ယင်းကြိုးဆွဲချသေဆုံးမှုမှ ရုပ်အလောင်းကို မေတ္တာညွှန့်လူမှုကယ်ဆယ်ရေးအဖွဲ့က ကူညီသယ်ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာသို့အကြောင်းကြားကာ မေတ္တာမျှဝေပရဟိတနာရေးယာဉ်ဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
ကြိုးဆွဲချအနေအထားဖြင့် သေဆုံးနေသည့် ဦးဇော်ဝင်း၏ အကျႌအိတ်ကပ်ထဲတွင် စာတစ်စောင်တွေ့ရှိခဲ့ကြောင်းလည်း သိရသည်။
ဓာတ်ပုံများ - မေတ္တာညွှန့်လူမှုကယ်ဆယ်ရေးအဖွဲ့
■Website Link >>>> https://news-eleven.com/article/306755
😢 30👍 7❤ 4😱 1
■ ၂၀၂၅ ရူပဗေဒနိုဘယ်ဆုကို အမေရိကန်အခြေစိုက် သိပ္ပံပညာရှင်သုံးဦး၊ ဓာတုဗေဒနိုဘယ်ဆုကို မော်လီကျူးဆိုင်ရာဗိသုကာရှင်သုံးဦး ပူးတွဲရရှိ
ရူပဗေဒဆိုင်ရာနိုဘယ်ဆုကို အောက်တိုဘာ ၇ ရက်က ပေးအပ်လိုက်ပြီဖြစ်ရာ ကွမ်တမ်မက္ကင်းနစ်ပညာရပ်ဆိုင်ရာ လေ့လာတွေ့ရှိမှုများအတွက် အမေရိကန်အခြေစိုက် သိပ္ပံပညာရှင်များဖြစ်ကြသည့် ဂျွန်ကလက်ခ်၊ မီရှဲအိတ်ချ်ဒီဗိုရေးနှင့် ဂျွန်အမ်မာတီနစ်တို့က ပူးတွဲရရှိသွားသည်။
“မိုဘိုင်းဖုန်းတွေ၊ ကင်မရာတွေ၊ ဖိုက်ဘာဆက်သွယ်ရေးကြိုးတွေအပါအဝင် ဒီနေ့ခေတ်မှာ ကွမ်တမ်မက္ကင်းနစ်ပညာရပ်ပေါ် အခြေမခံတဲ့ အဆင့်မြင့်နည်းပညာရယ်လို့ မရှိဘူး” ဟု နိုဘယ်ကော်မတီက ကြေညာခဲ့ပြီး ၎င်းတို့၏ဖော်ထုတ်မှုများကြောင့် ကွမ်တမ်ကွန်ပျူတာများအပါအဝင် နောင်လာမည့် ကွမ်တမ်နည်းပညာမျိုးဆက်သစ်ပေါ်ထွက်စေမည့် အခွင့်အလမ်းများ ဖြစ်လာစေသည်ဟု ကော်မတီကဆိုသည်။
၂၀၂၄ ခုနှစ်က ရူပဗေဒနိုဘယ်ဆုကို AI နည်းပညာအခြေခံ ဖော်ထုတ်သူ ကနေဒါရူပဗေဒပညာရှင် ဂျက်ဖရီဟင်တန်နှင့် အမေရိကန်ရူပဗေဒပညာရှင် ဂျွန်ဟော့ဖီးတို့က ပူးတွဲဆွတ်ခူးခဲ့သည်။
အောက်တိုဘာ ၈ ရက်တွင် ဓာတုဗေဒဆိုင်ရာနိုဘယ်ဆုကို ဆက်လက်ကြေညာရာ ဂျပန်ပညာရှင် ဆူဆုမု ကီတာဂါဝါ၊ ဗြိတိန်ပညာရှင် ရစ်ချတ်ရော့ဆင်၊ ဂျော်ဒန်ပညာရှင်အိုမာယာဂီတို့ ပူးတွဲရရှိခဲ့သည်။
ပါမောက္ခကီတာဂါဝါက ကျိုတိုတက္ကသိုလ်တွင်၊ ပါမောက္ခရော့ဆင်က မဲလ်ဘုန်းတက္ကသိုလ်တွင်၊ ပါမောက္ခယာဂီက ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် အလုပ်လုပ်ကိုင်လျက်ရှိသည်။
မော်လီကျူးများကို မည်သို့စုစည်းတည်ဆောက်နိုင်မည်ဆိုသည့် metal-organic frameworks နှင့်ဆက်စပ်သည့် လေ့လာဖန်တီးမှုများကြောင့် နိုဘယ်ဆုချီးမြှင့်ခံရခြင်းဖြစ်ပြီး ၎င်းတို့၏ကြိုးစားမှုကို နိုဘယ်ကော်မတီက မော်လီကျူးဗိသုကာပညာဟု ခေါ်ဆိုခဲ့သည်။
Ref: BBC
■Website Link >>>> https://news-eleven.com/article/306754
👍 25❤ 17👏 1😢 1
■အာဖဂန်တွင် လူမှုမီဒီယာအသုံးပြုမှုများ တားမြစ်ပိတ်ပင်ခံရ
အာဖဂန်နစ္စတန်နိုင်ငံတွင် Facebook၊ Instagram နှင့် Snapchat အပါအဝင် လူမှုမီဒီယာဆိုဒ်များအသုံးပြုမှုကို ရည်ရွယ်ချက်ရှိရှိ တားမြစ်ပိတ်ပင်ခံရကြောင်း အင်တာနက်လေ့လာစောင့်ကြည့်သူများက အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
အာဖဂန်တွင် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ၄၈ နာရီကြာ ပြတ်တောက်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ယခုကဲ့သို့ တားမြစ်ကန့်သတ်ခံခဲ့ရခြင်းဖြစ်သည်။
အောက်တိုဘာ ၇ ရက်မှစပြီး အာဖဂန်နိုင်ငံတစ်ဝန်းရှိ ပြည်နယ်များတွင် စမတ်ဖုန်းများ၌ လူမှုမီဒီယာဆိုဒ်များကို အသုံးပြုနိုင်ခြင်းမရှိတော့ကြောင်း အေအက်ဖ်ပီသတင်းထောက်များက ပြောကြားခဲ့ပြီး အင်တာနက်လိုင်းများမှာလည်း သာမန်ထက် ပိုမိုသိသာစွာနှေးကွေးသွားသည်ဟုဆိုသည်။
"ဆက်သွယ်ရေးကွန်ရက်တွေမှာ ဒီကန့်သတ်ချက်တွေကို အတည်ပြုလိုက်ပါတယ်။ ပုံစံကတော့ ရည်ရွယ်ချက်ရှိရှိ ကန့်သတ်လိုက်ပုံပါပဲ"ဟု ဆိုက်ဘာလုံခြုံရေးနှင့် အင်တာနက် ကြီးကြပ်မှုစောင့်ကြည့်သည့် အဖွဲ့အစည်း NetBlocks က ပြောကြားခဲ့သည်။
Ref:AFP
Photo:AFP
■ Read More >>>>https://news-eleven.com/article/306751
👍 39😱 9❤ 7😢 2🤬 1
08:17
Video unavailableShow in Telegram
■ အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )
- ဆွီဒင်နိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့မှုအစီအစဉ်သစ်အဖြစ် မြန်မာနိုင်ငံကို အက်စ်အီး ကေ ၂၃ သန်း ထောက်ပံ့မည်
- ထိုင်းနိုင်ငံတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်စသော နိုင်ငံခြားအလုပ်သမားများအား အွန်လိုင်းမှ မှတ်ပုံတင်နိုင် သော “e-Work Permit” စနစ် ဝန်ဆောင်မှုပေးမည်ဟုဆို
- ထိုင်း - မြန်မာနယ်စပ်ရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများထံ လူကုန်ကူးခံရသည့် ထိုင်းနိုင်ငံသား ၁၆ ဦးကို ကယ်ဆယ် နိုင်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြ
- သေဆုံးသူစုစုပေါင်း ၆၇ ဦးရှိခဲ့သည့် ပြိုကျခဲ့သော အင်ဒိုနီးရှားကျောင်းတွင် ရှာဖွေမှုများ ရပ်ဆိုင်း
- ချန်ပီယံလိဂ်ပုံစံ ပြောင်းလဲမယ့်သတင်းများကို UEFA ငြင်းဆန်
Packate Night tele.mp484.08 MB
👍 37❤ 8😢 2🥰 1👏 1
■ထိုင်းရေတပ်လေယာဉ်တစ်စင်း စက်ချို့ယွင်းမှုဖြစ်ပွားပြီးနောက် ဖူးခက်လေဆိပ်တွင် လေယာဉ်ပြေးလမ်းကို ယာယီပိတ်ခဲ့
ထိုင်းရေတပ်လေယာဉ်တစ်စင်းသည် ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရသည့် အတွက် ၎င်း၏တစ်ခုတည်းသော လေယာဉ်ပြေးလမ်းကို နာရီပေါင်းများစွာကြာ ပိတ်ထားခဲ့ရသောကြောင့် အောက်တိုဘာ ၈ ရက်တွင် ဒါဇင်နှင့်ချီသောလေကြောင်းခရီးစဉ်များအပေါ် သက်ရောက်မှုရှိခဲ့သည်ဟု သိရသည်။
အဆိုပါ လေယာဉ်သည် အောက်တိုဘာ ၈ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၀ ခန့်တွင် ဆင်းသက်စဉ် ၎င်း၏ဘီးတွင် ပြဿနာနှင့် ကြုံတွေ့ခဲ့ကြောင်း လေဆိပ်၏ Facebook တွင် ဖော်ပြခဲ့ပြီး လေယာဉ်ကို ရွှေ့ပြောင်းရန်နှင့် ဘေးကင်းစေရန်အတွက် လေယာဉ်ပြေးလမ်းကို ပိတ်ထားခဲ့ကြောင်း ဖော်ပြခဲ့သည်။
လေယာဉ်ပြေးလမ်းကို နံနက် ၁၁ နာရီ ၄၂ မိနစ်မှ နေ့လယ် ၃ နာရီအထိ ပိတ်ထားရန် အစောပိုင်းက သတ်မှတ်ထားသော်လည်း လေယာဉ်ကို ရွှေ့ပြောင်းခဲ့ပြီးလိုအပ်သော စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း လေဆိပ်က ဖော်ပြထားသည်။
Ref:CNA
■ Read More >>>>https://news-eleven.com/article/306750
👍 45❤ 14👏 5😱 4😢 1
■တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် ကျောက်မဲမြို့၌ ယနေ့တွင် ကျောင်းစတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူ ၁၀၄၂ ဦး ပညာသင်ကြားလျက်ရှိဟုဆို
တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်ကျောက်မဲမြို့၌ ယနေ့(အောက်တိုဘာ ၈ ရက်) တွင် ကျောင်းစတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူ ၁၀၄၂ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
တပ်မတော်က ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျောက်မဲမြို့ အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ ပူးပေါင်း၍ ဒေသခံပြည်သူလူထု လုံခြုံရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများပြန်လည် ဖွင့်လှစ်နိုင်ရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
■ Read More >>>>https://news-eleven.com/article/306749
👍 63❤ 35👏 12🥰 3
■ သန်လျင်မြို့နယ်၌ အငှားယာဉ်မောင်းကို ဓားဖြင့် ၃၁ ချက်ထိုးကာ မော်တော်ယာဉ်အား လုယက်ယူဆောင်ခဲ့သူ နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ အငှားယာဉ်မောင်းကို သတ်ဖြတ်၍ မော်တော်ယာဉ်အား လုယက်ယူဆောင်ခဲ့သူ နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
■ Read More >>>>https://news-eleven.com/article/306747
👍 47🤬 13❤ 8😱 8😢 6👏 2
10:00
Video unavailableShow in Telegram
■အောက်တိုဘာလ ၈ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
- ရှမ်းပြည်နယ်မှ သယ်ဆောင်လာပြီး ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၉၅ ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့တွင် ဖမ်းမိ
- မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍ အပါအဝင် အခြားသောပူးပေါင်းဆောင် ရွက်မည့် အခြေအနေများကို ဆွေးနွေး
- မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၀ ဦး ထပ်မံ လွှဲပြောင်းပေးအပ်
- ဘင်္ဂလားဒေ့ရှ်ပြည်ပြေးခေါင်းဆောင် ၂၀၂၆ ရွေးကောက်ပွဲဝင်ပြိုင်ရန် တိုင်းပြည်သို့ ပြန်လာမည်
- အိုနာနာကို အပြီးသတ်ခေါ်ယူဖို့ ထရတ်ဇွန်စပေါ်အသင်း စိတ်ဝင်စားနေ
8 Night Packate~1.mp4146.21 MB
👍 37❤ 16🥰 1
■ ဖီဖာလူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်ကို ခန့်အပ်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဟာ ဖီဖာလူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA Football Social Responsibility Committee) ရဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်ကို တာဝန်ပေးခန့်အပ်လိုက်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖီဖာကောင်စီအစည်းအဝေး (FIFA Council Meeting 2025) မှာ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဖီဖာလူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ ဖီဖာလူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် ၂၀၂၅ ခုနှစ်ကနေ ၂၀၂၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်သွားရမှာဖြစ်ပါတယ်။
ဖီဖာလူမှုအကျိုးပြုလုပ်ငန်းကော်မတီကို ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အဖွဲ့ဝင် (၂၁) ဦးတို့နဲ့ ဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်ရဲ့ လက်အောက်မှာ ဒုဥက္ကဋ္ဌအဖြစ် အာဂျင်တီးနား နာမည်ကျော်လက်ရွေးစင်ကစားသမားဟောင်း ဂျာဗီးယားဇနက်တီက တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။
■ Photo - FIFA & MFF
■Website Link >>>> https://news-eleven.com/article/306746
👍 59❤ 32🥰 2😱 2👏 1
■ အာဆီယံထိပ်သီးအစည်းအဝေး၏ ဘေးဆွယ်အခမ်းအနားအဖြစ်ကျင်းပမည့် ကမ္ဘောဒီးယားနှင့်ထိုင်းတို့၏ ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို သမ္မတဒေါ်နယ်ထရန့် ဦးဆောင်မည်ဟု အိမ်ဖြူတော်ပြောကြား
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အရှေ့တောင်အာရှဒေသတွင်းငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှုများကို ၎င်းကထုတ်ဖော်ပြသခွင့်ရမည်ဆိုပါက ယခုလနှောင်းပိုင်းတွင်မလေးရှားနိုင်ငံ၌ ကျင်းပမည့်အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ရန်ဆန္ဒရှိနေသည်ဟု အမေရိကန်သတင်းဌာန Politico က ဖော်ပြခဲ့သည်။
■ Ref: Politico
■ AFPး photos
■Website Link >>>> https://news-eleven.com/article/306743
👍 36😱 9❤ 5🥰 1👏 1
■ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel တွင် အမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သူနှင့် အလောင်းဖျောက်ဖျက်ရာတွင် ပူးပေါင်းပါဝင်သူတို့ကို ဖမ်းဆီးရမိ ■ လူသတ်မှုကျူးလွန်သူသည် လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများကို အလွန်အကျွံ ကြည့်ရှုလေ့ရှိပြီး ၎င်းဇာတ်ကားများထဲမှအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်
ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel တွင် အမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သူနှင့် အလောင်းဖျောက်ဖျက်ရာတွင် ပူးပေါင်းပါဝင်သူတို့ကို ဖမ်းဆီးရမိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(အောက်တိုဘာ ၈ ရက်)တွင် ထုတ်ပြန်သည်။
■ Read More >>>>https://news-eleven.com/article/306740
👍 36🤬 16😢 13❤ 2😱 2👏 1
Photo unavailableShow in Telegram
■ ပန်းဘဲတန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အမျိုးသမီးတစ်ဦးကို အပိုင်းပိုင်းသတ်ဖြတ်ခဲ့သည့် လူငယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ
ပန်းဘဲတန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အမျိုးသမီးတစ်ဦးကို အပိုင်းပိုင်းသတ်ဖြတ်ပြီး အမှိုက်အိတ်ဖြင့် ထည့်ထားခဲ့မှုမှ ကျူးလွန်သူ လူငယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
"ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ကျူးလွန်သူအမျိုးသားကို တိုင်းအဖွဲ့ကနေ မနေ့ညက သာကေတ ၇ ရပ်ကွက်မှာရှိတဲ့ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပန်းဘဲတန်းမြို့နယ် အမှတ် (၁၁) ရပ်ကွက် ၃၂ လမ်း (အထက်) ရှိ Beauty Land Hotel ၌ အမျိုးသမီးတစ်ဦးကို အပိုင်းပိုင်းခုတ်ကာ သတ်ဖြတ်ပြီး အခန်းအပြင်ဘက်ရှိ လေအေးပေးစက်တပ်ဆင်ထားရှိသည့် စင်ပေါ်တွင် အမှိုက်အိတ်အပြာဖြင့် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျုးလွန်သူအမျိုးသားမှာ အသက် ၂၀ ဝန်းကျင်ရှိပြီး တိုင်းရဲတပ်ဖွဲ့က ဖမ်ဆီးစစ်ဆေးနေကြောင်း သိရသည်။
■ Read More >>>>https://news-eleven.com/article/306739
😱 33👍 16❤ 9🤬 5👏 1😢 1
