Myanmar National Post
前往频道在 Telegram
သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com
显示更多2025 年数字统计

30 969
订阅者
无数据24 小时
-747 天
-33530 天
帖子存档
照片不可用在 Telegram 中显示
အကြိမ်(၂၀)မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကျင်းပ
တောင်ကြီး၊ ဒီဇင်ဘာ ၁၈
အကြိမ်(၂၀)မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးကို ယမန်နေ့က တောင်ကြီးမြို့ တောင်ကြီးဟိုတယ်၌ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ဝင်းဗိုလ်က မူးယစ်ဆေးဝါးပြဿနာသည် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြုံတွေ့နေရသည့် အဓိကပြဿနာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းသည် နိုင်ငံအတွင်းမှုခင်းများ များပြားလာစေသည့် အပြင် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေကြောင်း၊ မူးယစ်ဆေးဝါးဈေးကွက် ကျယ်ပြန့်လာခြင်းနှင့်အတူ အဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ ဆက်စပ်ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုများကို ခြိမ်းခြောက်လျက်ရှိကြောင်း။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_833.html
👍 32❤ 6
照片不可用在 Telegram 中显示
ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Ms. Prabashini Ponnamperuma ကို လက်ခံတွေ့ဆုံ
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာဆိုရှယ်လစ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Prabashini Ponnam-peruma အား ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ကောင်စစ်ရေးရာ ကိစ္စရပ်များအပါအဝင် ကဏ္ဍစုံတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#News #MNP
👍 28❤ 7
18-December-TheGlobalNewLightOfMyanmar.pdf3.48 MB
ဒီဇင်ဘာ_၁၈_ကြေးမုံသတင်းစာ.pdf3.96 MB
ဒီဇင်ဘာ_၁၈_မြန်မာ့အလင်းသတင်းစာ.pdf4.15 MB
ဒီဇင်ဘာ_၁၈_မြဝတီသတင်းစာ.pdf8.24 MB
👍 24❤ 5
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပူတာအိုမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များနှင့် မြို့မိ မြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အဆင့်မြင့်တပ်မတော် အရာ ရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူ များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် ပူတာအိုမြို့သို့ ရောက်ရှိကြရာ လေဆိပ်တွင် ပူတာအိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ကြိုဆို နှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပူတာအိုခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့များနှင့် မြို့မိမြို့ဖများကို ပူတာအိုမြို့ရှိ ဖုန်ကန်ရာဇီခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_973.html
👍 29❤ 19
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး က သံအမတ်ခန့်အပ်လွှာပေးအပ်
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံ ဆိုင်ရာ အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Azeddine BECHKA က ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ် ခန့်အပ်လွှာကိုပေးအပ်သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_874.html
👍 31❤ 10
KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၀ လုံး ထပ်မံဖြိုချဖျက်ဆီး၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/kk-park_17.html
👍 31👏 6
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာလ ၁၇
နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများအခြေပြု လုပ်ကိုင်နေသည်ဟု တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် အဆိုပါနေရာအနီးတစ်ဝိုက်သို့ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် သွားရောက်ခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_732.html
👍 32❤ 7👏 3🙏 2
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီးကို လက်ခံတွေ့ဆုံ
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိုင်းမြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာ အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်၊ ၁၂၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအဆင့် နှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။
#MNP #News
👍 27❤ 10
照片不可用在 Telegram 中显示
တောင်ကြီးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
တောင်ကြီး၊ ဒီဇင်ဘာ ၁၇
တောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ပေါ် ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြစိန်နှင့် တာဝန်ရှိသူများသည် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) နှင့်စပ်လျဉ်း၍ သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး တောင်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်စပ်လျဉ်း၍ သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို တောင်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စု(၇၅)စုသို့ အဖွဲ့(၃)ဖွဲ့ခွဲ၍ (၅)ရက်အတွင်း အလှည့်ကြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တောင်ကြီးမြို့နယ်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူလူထုအသိပညာပေးဆောင်ရွက်ခြင်းများကို (၁၆)ကြိမ် ဆောင်ရွက်ထားရှိပြီးဖြစ်ရာ မိဘပြည်သူ (၁၃၃၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
#MNP #News
👍 31❤ 4
01:49
视频不可用在 Telegram 中显示
ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ်
#MNP #News #2025Election
USDP Mon.mp427.81 MB
👍 30❤ 5
照片不可用在 Telegram 中显示
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
ထားဝယ် ၊ ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁၁/၂၀၂၅) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဖတ်ရူရန် >>>>>>
https://www.mmnationalpost.com/2025/12/blog-post_387.html
👍 28❤ 4
照片不可用在 Telegram 中显示
တောင်ကိုရီးယားမှာ လူငယ်ဦးရေ ကျဆင်းနေပြီး သေကြောင်းကြံမှုတွေမြှင့်တက်
ဒီဇင်ဘာ - ၁၇ ( ဗုဒ္ဓဟူးနေ့ )
တောင်ကိုရီးယားနိုင်ငံရဲ့လူငယ်ဦးရေ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဆက်လက် ကျဆင်းလာနေပြီး ယခုအခါ အသက် ၁၉ နှစ်မှ ၃၄ နှစ်ကြား လူများသည် နိုင်ငံ၏ စုစုပေါင်း လူဦးရေရဲ့ ငါးပုံတစ်ပုံခန့်သာ ရှိကြောင်း၊ လူငယ်များ သေကြောင်းကြံစည်မှုကလည်း ၁၃ နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း အစိုးရပိုင်းနဲ့ ဆက်နွှယ်တဲ့ အစီရင်ခံစာတစ်ခုက မနေ့က ဖော်ပြခဲ့ပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_401.html
👍 31❤ 5😢 5🤔 1
照片不可用在 Telegram 中显示
တရုတ်နဲ့ စကားပြောမယ်လို့ တာကိုင်ချီ ကတိပြု
ဒီဇင်ဘာ - ၁၇ ( ဗုဒ္ဓဟူးနေ့ )
ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကိုင်ချီ က ယိုယွင်းနေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် တရုတ်နှင့် တွေ့ဆုံဆွေးနွေးဖို့ ဒီကနေ့ပဲ ကတိပြုလိုက်ပါတယ်။
"ကျမတို့က ရိုးရိုးသားသား ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ပြီး ဘုံမဟာဗျူဟာ အကျိုးစီးပွားများကို အခြေခံတဲ့ အပြန်အလှန် အကျိုးရှိသော ဆက်ဆံရေး (တရုတ်နှင့်) ကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်လိုပါတယ်” လို့ ပါလီမန် အထူးအစည်းအဝေး ပိတ်ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် တာကိုင်ချီက ပြောလိုက်ပါတယ်။
ထိုင်ဝမ်အရေး နဲ့ ပတ်သက်ပြီး ဂျပန်ပါလီမန်မှာ နိုဝင်ဘာ ၇ ရက်နေ့တုန်းက ဆာနေးတာကိုင်ချီက ထိုင်ဝမ်ကို တရုတ်ဝင်ရင် ဂျပန်အနေနဲ့ လက်ပိုက်ကြည့်မနေနိုင်ဘူးလို့ ပြောခဲ့တာနဲ့ ပတ်သက်ပြီး ၂ နိုင်ငံဆက်ဆံရေး ပြိုကွဲသွားခဲ့ပါတယ်။ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာလည်း တာကိုင်ချီ က သူမရဲ့ မှတ်ချက်က အစိုးရအဖွဲ့ရဲ့ ရပ်တည်ချက် နဲ့ ကိုက်ညီကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
“ကျမတို့ အခုလိုနေတဲ့အရာက ပြင်းထန်တဲ့ဘဏ္ဍာရေးမူဝါဒကနေတစ်ဆင့် နိုင်ငံတော်အာဏာကို အားကောင်းအောင် လုပ်ဖို့ပါပဲ” လို့ ပြောသွားပါတယ်။
REF: nippon
#MNP #News
👍 27❤ 8
ဒဂုံမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
ဒဂုံ၊ ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့်ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဦးစွာ ဒဂုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းက အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် အတွင်းရေးမှူး ရဲမှူးမျိုးဝင်းက ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့်တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ထောက်ပံ့ငွေလက်ခံရရှိသူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ယခုပေးအပ်ခဲ့သည့် ထောက်ပံ့ငွေများမှာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ၂၀၂၅ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလအတွက် တစ်ဦးလျှင် ငွေကျပ်ခြောက်သောင်းနှုန်းဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒဂုံမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူ (၂၆၄)ဦးအတွက် ငွေကျပ်တစ်ရာငါးဆယ့်ရှစ်သိန်းလေးသောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျော်သူဟိန်း
#MNP #News
👍 18❤ 9
တီးတိန်မြို့၌မဲရုံပြသခြင်းနှင့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသင်တန်းဖွင့်ပွဲပြုလုပ်
တီးတိန်၊ ဒီဇင်ဘာ ၁၇
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်မဲရုံပြသခြင်းနှင့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသက်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စံကိုက်ညီကျောင်းဆောင်တွင် ပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးလက်ထောက်ညွန်ကြားရေးမှူး ဦးအောင်ငွေစိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသူများက MEVM မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခဲ့ကြသည်။ အဆိုပါ မဲရုံပြသခြင်းနှင့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသင်တန်းတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် စက်ကိုင်သူများ၊ စုစုပေါင်း ၃၀ ဦး တက်ရောက်ကြောင်း သိရသည်။
#MNP #News
👍 11❤ 9
နေပြည်တော် တပ်ကုန်းမြို့ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့ ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီး ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့က တပ်ကုန်းမြို့ အောင်ဆန်းခန်းမ၌ကျင်းပရာ တပ်ကုန်းမြို့ မြို့ရှေ့စန္ဒာရုံ ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တစန္ဒာသီရိအမှူးပြုသော ပင့်သံဃာများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာများ၊ ဂေါပက အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တစန္ဒာသီရိထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်နှင့်ပရိတ်သဲများကို ဆရာတော်သံဃာတော်များထံ ဆက်ကပ်၍ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကာ ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ဗိမာန်တော်ကြီးဝင်းအတွင်း ပက်ဖျန်းကြဲဖြန့် ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_275.html
❤ 24👍 16
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စမ်းစမ်းဌေး ဦးဆောင်၍ ရွေးကောက်ပွဲ အောင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၇
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်တွင် ၁၇-၁၂-၂၀၂၅ရက်နေ့(၁၃း၀၀)အချိန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စမ်းစမ်းဌေး ဦးဆောင်သောအဖွဲ့မှ ရွေးကောက်ပွဲ အောင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်များအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလအတွင်း စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
#MNP #News #2025Election
👍 36❤ 7
00:58
视频不可用在 Telegram 中显示
မြန်မာ့မီးရထား လုပ်ငန်းများ ပြန်လည် ပြေးဆွဲခြင်းအားဖြင့် ကုန်စည်များ
ကုန်ကျစရိတ် သက်သာစွာ သယ်ယူပို့ဆောင်နိုင်သည်။
အကြမ်းဖက်သမားများက ရထားလမ်းများကို ဖျက်စီးခြင်းအားဖြင့် ကုန်စည် စီးဆင်းမှုကို နှောင့်နှေးစေပါသည်။
#News #MNP
20.76 MB
👍 51❤ 4
照片不可用在 Telegram 中显示
ဆီးရီးယား အဆောက်အအုံဟောင်းတစ်ခုထဲမှာ အစုလိုက်အပြုံလိုက် သင်္ချိုင်းတစ်ခုတွေ့ရှိ
ဒီဇင်ဘာ - ၁၇ ( ဗုဒ္ဓဟူး )
ဆီးရီးယားနိုင်ငံပိုင်မီဒီယာ SANA ရဲ့ အဆိုအရ အိုင်ဒလစ် တောင်ပိုင်းဒေသရှိ နိုင်ငံတော်လုံခြုံရေး အဆောက်အအုံဟောင်းတစ်ခု အတွင်း၌ အစုလိုက်အပြုံလိုက်သင်္ချိုင်းတစ်ခုကို မနေ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။
၂၀၁၉ ခုနှစ် ဘာရှာအာဆတ်အစိုးရ လက်ထက်တုန်းက စစ်ပွဲကြောင့် ပျက်စီးခဲ့တဲ့ အဆောက်အအုံ တစ်ခုကို ပြုပြင်မွမ်းမံရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း အဲ့ဒိသင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့တာပါ။ အလုပ်သမားတွေက အဆောက်အအုံအတွင်း၌ မြှုပ်နှံထားသော လူရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ပြုပြင်မွမ်းမံရေးလုပ်ငန်းစဉ်တွင် ချက်ချင်းရပ်တန့်လိုက်ပါတယ်။
သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာကို ပိတ်ဆို့ထားပြီး လုပ်ငန်းတွေကိုလည်း ဆိုင်းငံ့ထားလိုက်ပါတယ်။ နောက်ပြီး တွေ့ရှိရသည့် အလောင်းအရေအတွက် သို့မဟုတ် ၎င်းတို့၏ အထောက်အထားများနှင့် ပတ်သက်၍ တရားဝင်အသေးစိတ် အချက်အလက်များကို ဖော်ပြထားခြင်းမရှိပေ။
ဂျီဟတ်ဝါဒီအဖွဲ့ ဟာရက်တေရာ အယ်လ်ရှမ် (HTS) ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က အယ်လ်ကေးဒါးအကြမ်းဖက် အဖွဲ့ရဲ့ ဒေသဆိုင်ရာ မျိုးဆက်တစ်ခုဖြစ်ပြီး မနှစ်က မြို့တော် ဒမတ်စကတ်ကို သိမ်းပိုက်ပြီး သမ္မတဟောင်း ဘာရှားအာဆတ်ကို ထွက်ပြေးသွားစေခဲ့ပါတယ်။ အဲ့ဒိနောက်ပိုင်းမှာ ဆီးရီးယားနိုင်ငံအတွင်း အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်း ၆၆ ခုထက်မနည်း တွေ့ရှိခဲ့ပါတယ် ။ အဲ့ဒိသင်္ချိုင်းတွေက ပျောက်ဆုံးနေသူပေါင်း ၁၇၀,၀၀၀ ကျော်ရဲ့ ကံကြမ္မာ နဲ့ ပတ်သက်နေပါတယ်။
မနှစ်က ဒီဇင်ဘာလတုန်းကလည်း ဒမတ်စကတ် အပြင်ဘက်တွင် အနည်းဆုံး လူပေါင်း တစ်သိန်းခန့် ရှိသော အစုလိုက် အပြုံလိုက် သင်္ချိုင်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။
REF: RT
#News #MNP #International
👍 23😱 12❤ 4
照片不可用在 Telegram 中显示
ယနေ့
ဦးစိုးမောင် မှ နောင်တော်လေး နှင့် တောင်သူ(၂)ဦးအား စွဲဆိုထားသောအမှု ဥတ္တရသီရိမြို့နယ်တရားရုံး
ရုံးချိန်း
#MNP #News
👍 38🤔 3😱 3❤ 2
