Myanmar National Post
前往频道在 Telegram
သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com
显示更多2025 年数字统计

30 969
订阅者
无数据24 小时
-747 天
-33530 天
帖子存档
照片不可用在 Telegram 中显示
ယနေ့
ဦးစိုးမောင် မှ နောင်တော်လေး နှင့် တောင်သူ(၂)ဦးအား စွဲဆိုထားသောအမှု ဥတ္တရသီရိမြို့နယ်တရားရုံး
ရုံးချိန်း
#MNP #News
👍 38🤔 3😱 3❤ 2
照片不可用在 Telegram 中显示
တံစိုးလက်ဆောင်ကို မစင်ကဲ့သို့ ရွံရှာစက်ဆုပ်ပါဆိုသည့် အတိုင်း မိမိကိုယ်ကို အကျိုးမဖြစ်စေနိုင်သည့် အသောက်အစား၊ အပျော်အပါးနှင့် အစားအသောက်များကို ကိုယ်စီအသိစိတ်ဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်သွားကြရန် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မှာကြား
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့က ကချင်ပြည်နယ် မြစ်ကြီးမြို့သို့ရောက်ရှိကြရာလေဆိပ်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမသို့ သွားရောက်၍ မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအားတွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_487.html
👍 29❤ 15😁 2
စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူရဲ့ အိမ်ကို နိုင်ငံတော်အထိမ်းအမှတ် ပြတိုက်အဖြစ် ကြေညာ
ဒီဇင်ဘာ - ၁၇ ( ဗုဒ္ဓဟူးနေ့ )
စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်းယူနေထိုင်ခဲ့တဲ့ အောက်စလေလမ်းက အိမ်အမှတ် ၃၈ ကို စင်ကာပူနိုင်ငံရဲ့ ၇၇ ခုမြောက် နိုင်ငံတော်အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်က တရားဝင်ကြေညာခဲ့ပါတယ်။ သည်။ အဲ့ဒိကြေညာချက်ကို အမျိုးသားအမွေအနှစ်ဘုတ်အဖွဲ့ (NHB)၊ ယဉ်ကျေးမှု၊ လူမှုရေး နဲ့ လူငယ်ရေးရာ ဝန်ကြီးဌာန (MCCY) တို့က ကြေညာခဲ့တာပါ။
ယဉ်ကျေးမှု၊ လူမှုရေး နဲ့ လူငယ်ရေးရာဝန်ကြီး ဒေဗစ်နီယို က အထိမ်းအမှတ်နေရာအား ထိန်းသိမ်းစောင့်ရှောက်ရေး အက်ဥပဒေ ၂၀၀၉ အရ အမိန့်ထုတ်ပြန်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ အဆိုပါအမိန့်က ပြီးခဲ့တဲ့အပတ် စနေနေ့တွင် အသက်ဝင်ခဲ့ပါတယ်။
အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး လီကွမ်ယူရဲ့ သား လီရှန်ယန်က ကန့်ကွက်စာတစ်စောင်ကို ဝန်ကြီးချုပ်ရုံးနဲ့ NHB ရုံးကို ပေးပို့ခဲ့ပါတယ်။ သူ့ရဲ့ပေးပို့စာမှာ အဖေဖြစ်သူ လီကွမ်ယူက ဘဝတစ်လျှောက်လုံးနေဖူးတဲ့ အိမ်တွေထဲမှာ အဲ့ဒိ အောက်စလေလမ်း အိမ်အမှတ် ၃၈ ကို ဖြိုချချင်ဆုံး အိမ်ဖြစ်တယ်လို့ ပါရှိပါတယ်။
"အထိမ်းအမှတ်အဆောက်အအုံများ ထိန်းသိမ်းခြင်းအက်ဥပဒေအောက်တွင် ဖွဲ့စည်းထားသောလုပ်ငန်းစဉ်များ နှင့်အညီ NHB သည် ကန့်ကွက်လွှာကို ပြန်လည်သုံးသပ်ပြီး ၎င်းနေရာကို သမိုင်းဝင် နဲ့ အမျိုးသားရေး အတွက် အရေးကြီးတဲ့နေရာဖြစ်လို့ အမျိုးသားအထိမ်းအမှတ် အဆောက်အအုံ အဖြစ် ထိန်းသိမ်းထားသင့်ကြောင်း ၎င်းရဲ့ အကြံပြုချက်ကိုတော့ ဆက်လက်ထိန်းသိမ်းထားပါမယ်" လို့ MCCY နှင့် NHB မှပြောကြားခဲ့ပါတယ်။
REF: Tempo
#MNP #News
👍 22❤ 5
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး၊ ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးပြီးဖြစ်ကြောင်း၊ မဲရုံမှူးအပါအဝင် မဲရုံတာဝန်ကျဝန်ထမ်းများအား ထပ်မံ၍ မွမ်းမံသင်တန်းများပေးသွားရမှာဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတစ်ယောက်၏ မွေးရာပါအခွင့် အရေးတစ်ရပ်ဖြစ်၍ လုံခြုံအေးချမ်းလွတ်လပ်စွာ မဲပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ MEVM မဲပေးစက်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ သရုပ်ပြသခြင်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)တွင် ကျင်းပမည့် မြို့နယ်(၈)မြို့နယ်အပြင် အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် ဆက်လက်ကျင်းပသွားမည့် မြို့နယ်(၂၀)မြို့နယ် တို့တွင်လည်း ရွေးကောက်ပွဲဆိုင်ရာလိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် MEVM မဲပေးစက်များ ပြောင်းရွှေ့ခြင်းအပြင် မဲရုံလုံခြုံရေးနှင့် ဆက်သွယ်ရေးကွန်ယက် ပြတ်တောက်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် အားလုံးပူးပေါင်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိက မြို့နယ်အလိုက် MEVM မဲပေးစက်များ ဖြန့်ခွဲပေးပို့ထားရှိမှု၊ နည်းပညာအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် မဲဆန္ဒရှင် အမျိုးအစားအလိုက် ကြိုတင်မဲပေးနိုင်ရေး စီစဉ်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးလူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ထားရှိမှုနှင့် မဲဆန္ဒရှင်စာရင်းပြုစုထားရှိမှု အခြေအနေတို့အား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက မြို့နယ်အလိုက် မဲရုံများဖွင့်လှစ်နိုင်ရေး ကြိုတင် ပြင်ဆင်ထားရှိမှု၊ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချိုက လုံခြုံရေးဆိုင်ရာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ အသေးစိတ်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
#MNP #News
👍 17❤ 3
17-December-TheGlobalNewLightOfMyanmar.pdf3.55 MB
ဒီဇင်ဘာ_၁၇_ကြေးမုံသတင်းစာ.pdf3.90 MB
ဒီဇင်ဘာ_၁၇_မြန်မာ့အလင်းသတင်းစာ.pdf3.02 MB
ဒီဇင်ဘာ_၁၇_မြဝတီသတင်းစာ.pdf6.48 MB
👍 19❤ 4
Repost from TgId: 2376519482
00:34
视频不可用在 Telegram 中显示
ဦးသီရိမောင် အတွက် အမျှဝေခြင်း
ကျွန်ုပ်တို့ မြန်မာ့အမျိုးသားရေးကွန်ရက် ၏ ဥက္ကဋ္ဌဟောင်း (ဦးသီရိမောင်) ကွယ်လွန်ခြင်း (၅)နှစ်ပြည့်၊ မိမိတို့ ပြုခဲ့သမျှ ကုသိုလ်အဖို့ပါကကို အမျှပေးဝေပါ၏။
003.mp43.23 MB
👍 32❤ 10
03:41
视频不可用在 Telegram 中显示
ဦးခင်ရီ
ဇေယျာသီရိမြို့နယ်အတွက် အလုပ်အကျွေးပြုသွားမယ်
#MNP #News
211.MP443.05 MB
❤ 21👍 16
တရုတ်က သက်တမ်းကုန်တော့မဲ့ စင်ကာပူဘတ်စ်ကားတွေကို လျှပ်စစ်ဘတ်စ်တွေနဲ့ အစားထိုးပေးမယ်
ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ )
စင်္ကာပူပြည်တွင်း သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) က ၎င်းတို့ရဲ့ တရားဝင်သက်တမ်းကုန်ဆုံးတော့မဲ့ ဒီဇယ်ဘတ်စ်ကားများနေရာမှာ အစားထိုးရန်အတွက် ၂၀၂၆ ခုနှစ်နှောင်းပိုင်းမှ စပြီး ဖြည်းဖြည်းချင်း ချထားပေးမည့် ရိုးရိုး ဘတ်စ်ကား ၃၆၀ နဲ့ ၂ထပ်ဘတ်စ်ကား ၃၀၀ တို့အပါအဝင် လျှပ်စစ်ဘတ်စ်ကားအသစ် ၆၆၀ အတွက် ကန်ထရိုက် ၆ ခုကို တရုတ်နဲ့ ချုပ်ဆိုခဲ့ပါတယ်။
မနေ့ကထုတ်ပြန်သည့် ကြေညာချက်တွင် LTA က လျှပ်စစ်နှစ်ထပ်ဘတ်စ်ကားများကို ပထမဆုံး အကြီးစားဝယ်ယူမှု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်တွင်းအများပိုင်ဘတ်စ်ကားယာဉ်စု အတွက် လျှပ်စစ်ဓာတ်အားကို ပံ့ပိုးပေးရန်အတွက်လည်း လျှပ်စစ်-ယာဉ်အားသွင်းစနစ်များ တပ်ဆင်ရန် အာဏာပိုင်များက နိုဝင်ဘာလတွင် တင်ဒါထုတ်ပြန်ခဲ့ပါတယ်။
စင်္ကာပူသည် ၂၀၄၀တွင် အများသုံးဘတ်စ်ကားများအားလုံးကို လျှပ်စစ်ကားများအဖြစ် ထားရှိရန် စီစဉ်ထားပြီး ၂၀၃၀ တွင် လျှပ်စစ်ဘတ်စ်ကား အစီးရေကို ထက်ဝက်ခန့် ပြေးဆွဲနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ လာမည့်နှစ်များတွင်လည်း လျှပ်စစ်ဘတ်စ်ကားများအတွက် တင်ဒါများ ပိုများလာမယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
စင်္ကာပူသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမဖြစ်နိုင်သော အကြီးစားယာဉ်ပိုင်ရှင်များကို ထောက်ပံ့ရန် နဲ့ လျှပ်စစ်အကြီးစားယာဉ်များအတွက် အားသွင်းကွန်ရက်ကို ချဲ့ထွင်ရန် လုပ်ဆောင်နေပြီ လို့ သိရပါတယ်။ ပရိုဂရမ်နှစ်ခုစလုံးကို ၂၀၂၆ ဇန်နဝါရီ ၁ ရက် တွင် စတင်မည်ဖြစ်ပြီး လျှပ်စစ်ဘတ်စ်ကား တစ်စီးက သုံးနှစ်ကြာအသုံးပြုနိုင်မယ်လို့ သိရပါတယ်။
REF: CGTN
#MNP #News
👍 29❤ 8
KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၂ လုံး ထပ်မံဖြိုချဖျက်ဆီး၊ မြဝတီမြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများ ထပ်မံဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/kk-park_16.html
👍 27❤ 9
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံသံအမတ်ကြီး က သံအမတ်ခန့်အပ်လွှာပေးအပ်
နေပြည်တော်၊ ဒီဇင်ဘာ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ မြန်မာနိုင်ငံ ဆိုင်ရာ ဘရူနိုင်းဒါရူဆလမ် နိုင်ငံသံအမတ်ကြီး H.E. Haji Mohamad Sarif Pudin bin Matserudin က ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_892.html
👍 25❤ 9🥰 1
照片不可用在 Telegram 中显示
စစ်ကိုင်းမြို့တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၇ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၁၆
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် စစ်ကိုင်းမြို့၊ ရွာထောင်(မီးရထား)ရပ်ကွက်၊ ဈေးလမ်းရှိ စိုးလွင် ၏နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်မှ စိုးလွင် နှင့် မခင်ဆွေမြင့် တို့ ၂ ဦးအား ဘိန်းဖြူ ၁၈ ဒသမ ၃၁၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေအိမ်ခြံဝင်းအတွင်းရပ်တန့်ထားသည့် HYUNDAI PORTER II ယာဉ်နှင့်အတူ မိုးမင်းစံ နှင့် မျိုးသူရ တို့ ၂ ဦးအား ဘိန်းဖြူ ၂၅ ဒသမ ၇၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၆၅ သိန်းအား လည်းကောင်း၊ အလားတူ TOWNACE LIGHT TRUCK ယာဉ်နှင့်အတူ ချစ်ကိုကိုနိုင် နှင့် ခင်မောင်ဇော် တို့ ၂ ဦးအား ဘိန်းဖြူ ၁၃ ဒသမ ၈၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၇ ဒသမ ၀၅ သိန်းအား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_759.html
👍 32👏 5❤ 2🐳 1
(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၁၆
(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းတို့မှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အသင်း/အဖွဲ့များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ၊ ဆေးပစ္စည်း လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_643.html
👍 22❤ 11👏 1🙏 1
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး က သံအမတ်ခန့်အပ်လွှာပေးအပ်
နေပြည်တော်၊ ဒီဇင်ဘာ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန် နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim က ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၊ သံတမန် ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်သည်။
ထို့နောက် နှစ်နိုင်ငံအကြား ခိုင်မာသည့်သံတမန်ဆက်ဆံရေးရှိမှုနှင့် ချစ်ကြည် ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ကုန်သွယ် ရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နိုင်ငံရေးဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေး ဆိုင်ရာနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၌ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ ပါကစ္စတန်နိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ စေလွှတ်ပေးသွားမည့်အခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_912.html
👍 27❤ 7🥰 1🙏 1
照片不可用在 Telegram 中显示
အင်ဒိုနီးရှားက ဆန်တင်သွင်းမှုကို ပိတ်ထားဦးမယ်
ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ )
အင်ဒိုနီးရှားရဲ့ ဆန်တင်သွင်းမှုကို တားမြစ်ထားတဲ့ မူဝါဒက ကမ္ဘာ့ဆန်ဈေးနှုန်းများ ကျဆင်းစေရန် အထောက်အကူ ဖြစ်စေကြောင်း စားနပ်ရိက္ခာရေးရာ ညှိနှိုင်းရေးဝန်ကြီး ဇယ်ကိဖ်လီ ဟာဆန် က ဒီကနေ့ပဲ ပြောကြားလိုက်ပါတယ်။
"ကျနော် ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တုန်းက ကမ္ဘာ့ဆန်ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၆၅၀ ရှိပါတယ်။ သွင်းကုန် တားမြစ်မှုကို ပြဋ္ဌာန်းပြီးတဲ့နောက်မှာ ဈေးနှုန်းက ၄၀၀ အောက်အထိ ကျဆင်းသွားပါတယ်။ ကျနော်တို့ရဲ့ မူဝါဒက ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုတွေ ရှိခဲ့တယ်" လို့ ဟာဆန်က ပြောပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_426.html
👍 27❤ 6🤔 1
23:01
视频不可用在 Telegram 中显示
သတင်းကောက်နှုတ်ချက် (၁၆-၁၂-၂၀၂၅)
မှတ်ပုံတင်ထုတ်ပေးရေး အဆင်ပြေစေရန်၊
ဒေါ်စုကို သေစေလိုသော ပြည်ဖျက်မိစ္ဆာများ၊
ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖန်တီးသူမဖြစ်ပါစေနဲ့၊
NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံများ တပ်ပေါင်းစုဖွဲ့စည်း၊
#MNP #News #Talk
210.MP4522.52 MB
👍 43❤ 4🐳 1
အပစ်ရပ်ဖို့အတွက် ထိုင်းစစ်တပ်က အချက် ၃ ချက် တောင်းဆို
ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ )
ထိုင်းစစ်တပ် ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဌာန မှာ ဒီကနေ့ပြုလုပ်တဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆူရာဆန့် ကောင်စီရီ က အပစ်ရပ်ဖို့အတွက် အချက် ၃ ချက် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
သူက ( ၁ ) ကမ္ဘောဒီးယားသည် အပစ်အခတ်ရပ်စဲရေးကို ဦးစွာကြေညာရမည်၊ ( ၂ ) အပစ်အခတ်ရပ်စဲရေးသည် စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲရန် လိုအပ်ပြီး ခေတ္တရပ်တန့်ခြင်းမဟုတ်ဘဲ အသစ်ပြန်လည်ဖြစ်ပွားနိုင်တဲ့ အကြမ်းဖက်မှုများကို ရပ်တန့်ထားရမည်။ ( ၃ ) ကမ္ဘောဒီးယားသည် မြေမြှုပ်မိုင်းရှင်းလင်းရေးတွင် စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည် တို့ပဲ ဖြစ်ပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_229.html
👍 28❤ 14🤔 2
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ဘိုကလေးပညာရေးဒီဂရီကောလိပ် ပထမနှစ်ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်
ဘိုကလေး၊ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နေ့လယ် (၁) နာရီအချိန်၌ ဘိုကလေးပညာရေးဒီဂရီကောလိပ် ပထမနှစ်ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးနှင့်ကော်မတီဝင်များ၊ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့်ဝန်ထမ်းများ၊ မောင်မယ်သစ်လွင် သင်တန်းသား/သူများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_235.html
👍 23❤ 11
ရုရှားတရားရုံးတစ်ခုက ဘယ်လ်ဂျီယံဘဏ်ကို တရားစွဲတဲ့ အမှုအား စတင်ကြားနာပြီ
ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ )
ဘယ်လ်ဂျီယံဘဏ်ဖြစ်တဲ့ ယူရိုကလီးယားဘဏ်မှာ အပ်နှံထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကရထားတဲ့ ဘဏ်တိုး ကန်ဒေါ်လာ ၂၃၀ ဘီလီယံကို ဥရောပသမဂ္ဂအား ထုတ်ပေးဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး ရုရှားဗဟိုဘဏ်( CBR )က ယူရိုကလီးယားကို တရားစွဲရန်အတွက် တရားရုံးတင်ရာ တရားရုံးက ကြားနာဖို့အတွက် စတင်လိုက်ပါပြီ။
ပြီးခဲ့တဲ့အပတ်ကတည်းက CBR သည် အီးယူနိုင်ငံတွေသိမ်းဆည်းထားတဲ့ ရုရှား ပိုင်ဆိုင်မှုအမြောက်အများနဲ့ ပတ်သက်ပြီး ကိုင်ဆောင်ထားတဲ့ဘဏ်တွေကို တရားဝင်တရားစွဲဆိုမှုများ စတင်ခဲ့ပါတယ်။ အီးယူသည် အရေးပေါ်အာဏာများကို အသုံးပြုပြီး ရုရှားပိုင်ဆိုင်မှုတွေကို ခေတ္တဆိုင်းငံ့ထားရန်အတွက် ဘဏ်တွေထဲကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရုရှားဘက်ကတော့ အဲ့ဒိလိုလုပ်တာက ခိုးတာပဲလို့ စွပ်စွဲထားပါတယ်။ မော်စကို အနုညာတတရားရုံး မှတ်တမ်းများအရ အဆိုပါတရားစွဲဆိုမှုကို သောကြာနေ့တွင် မှတ်ပုံတင်ခဲ့ကြောင်း သိရပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_168.html
👍 50❤ 6👏 5
ဒေါ်နယ်ထရမ့်က ဘီဘီစီရုပ်သံလိုင်းကို အသရေဖျက်မှု နဲ့ လျော်ကြေး ၁၀ ဘီလီယံတောင်းပြီ
ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ )
ဗြိတိန်နိုင်ငံပိုင် ရုပ်သံလိုင်း ဘီဘီစီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် မိန့်ခွန်းကို လိုတဲ့နေရာလေးတွေပဲရွေးပြီး တည်းဖြတ်ပြီး ထုတ်လွှင့်ခဲ့တဲ့အတွက် အဲ့ဒိ ဗီဒီယိုဖိုင် က ဒေါ်နယ်ထရမ့်ကို အသရေဖျက်သလို ဖြစ်သွားတာကြောင့် အခုတော့ ထရမ့်က အသရေဖျက်မှုနဲ့ တရားစွဲပြီး ကန်ဒေါ်လာ ၁၀ ဘီလီယံ ရလိုကြောင်း တရားရုံးကို လျှောက်ထားတယ်လို့ သိရပါတယ်။
တနင်္လာနေ့တွင် မိုင်ယာမီရှိ ဗဟိုတရားရုံးတွင် တင်သွင်းသည့် တရားစွဲဆိုမှုမှာ ဘီဘီစီရဲ့ ရုပ်သံတည်းဖြတ်မှုတွေ ကို ပြန်ပြခဲ့ပါတယ်။ “သူတို့က ကျနော့်ကို တစ်ခါမှ မပြောဖူးတဲ့ အရာတွေကို ပြောခိုင်းတယ် ပြီးတော့… သူတို့က ကျနော့်ရဲ့ ပါးစပ်ထဲကို ကြောက်စရာကောင်းတဲ့ စကားလုံးတွေ ထည့်ထားတယ်” လို့ ထရမ့် က မနေ့က လုပ်တဲ့ သတင်းစာရှင်းလင်ပွဲမှာ ပြောသွားပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_454.html
👍 47👏 15❤ 3
