fa
Feedback
Myanmar National Post

Myanmar National Post

رفتن به کانال در Telegram

သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com

نمایش بیشتر
2025 سال در اعدادsnowflakes fon
card fon
30 970
مشترکین
اطلاعاتی وجود ندارد24 ساعت
-747 روز
-33530 روز
آرشیو پست ها
Repost from TgId: 2376519482
00:34
Video unavailableShow in Telegram
ဦးသီရိမောင် အတွက် အမျှဝေခြင်း ကျွန်ုပ်တို့ မြန်မာ့အမျိုးသားရေးကွန်ရက် ၏ ဥက္ကဋ္ဌဟောင်း (ဦးသီရိမောင်) ကွယ်လွန်ခြင်း (၅)နှစ်ပြည့်၊ မိမိတို့ ပြုခဲ့သမျှ ကုသိုလ်အဖို့ပါကကို အမျှပေးဝေပါ၏။
نمایش همه...
003.mp43.23 MB
👍 32 10
03:41
Video unavailableShow in Telegram
ဦးခင်ရီ ဇေယျာသီရိမြို့နယ်အတွက် အလုပ်အကျွေးပြုသွားမယ် #MNP #News
نمایش همه...
211.MP443.05 MB
21👍 16
တရုတ်က သက်တမ်းကုန်တော့မဲ့ စင်ကာပူဘတ်စ်ကားတွေကို လျှပ်စစ်ဘတ်စ်တွေနဲ့ အစားထိုးပေးမယ် ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ ) စင်္ကာပူပြည်တွင်း သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) က ၎င်းတို့ရဲ့ တရားဝင်သက်တမ်းကုန်ဆုံးတော့မဲ့ ဒီဇယ်ဘတ်စ်ကားများနေရာမှာ အစားထိုးရန်အတွက် ၂၀၂၆ ခုနှစ်နှောင်းပိုင်းမှ စပြီး ဖြည်းဖြည်းချင်း ချထားပေးမည့် ရိုးရိုး ဘတ်စ်ကား ၃၆၀ နဲ့ ၂ထပ်ဘတ်စ်ကား ၃၀၀ တို့အပါအဝင် လျှပ်စစ်ဘတ်စ်ကားအသစ် ၆၆၀ အတွက် ကန်ထရိုက် ၆ ခုကို တရုတ်နဲ့ ချုပ်ဆိုခဲ့ပါတယ်။ မနေ့ကထုတ်ပြန်သည့် ကြေညာချက်တွင် LTA က လျှပ်စစ်နှစ်ထပ်ဘတ်စ်ကားများကို ပထမဆုံး အကြီးစားဝယ်ယူမှု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်တွင်းအများပိုင်ဘတ်စ်ကားယာဉ်စု အတွက် လျှပ်စစ်ဓာတ်အားကို ပံ့ပိုးပေးရန်အတွက်လည်း လျှပ်စစ်-ယာဉ်အားသွင်းစနစ်များ တပ်ဆင်ရန် အာဏာပိုင်များက နိုဝင်ဘာလတွင် တင်ဒါထုတ်ပြန်ခဲ့ပါတယ်။ စင်္ကာပူသည် ၂၀၄၀တွင် အများသုံးဘတ်စ်ကားများအားလုံးကို လျှပ်စစ်ကားများအဖြစ် ထားရှိရန် စီစဉ်ထားပြီး ၂၀၃၀ တွင် လျှပ်စစ်ဘတ်စ်ကား အစီးရေကို ထက်ဝက်ခန့် ပြေးဆွဲနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ လာမည့်နှစ်များတွင်လည်း လျှပ်စစ်ဘတ်စ်ကားများအတွက် တင်ဒါများ ပိုများလာမယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ စင်္ကာပူသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမဖြစ်နိုင်သော အကြီးစားယာဉ်ပိုင်ရှင်များကို ထောက်ပံ့ရန် နဲ့ လျှပ်စစ်အကြီးစားယာဉ်များအတွက် အားသွင်းကွန်ရက်ကို ချဲ့ထွင်ရန် လုပ်ဆောင်နေပြီ လို့ သိရပါတယ်။ ပရိုဂရမ်နှစ်ခုစလုံးကို ၂၀၂၆ ဇန်နဝါရီ ၁ ရက် တွင် စတင်မည်ဖြစ်ပြီး လျှပ်စစ်ဘတ်စ်ကား တစ်စီးက သုံးနှစ်ကြာအသုံးပြုနိုင်မယ်လို့ သိရပါတယ်။ REF: CGTN #MNP #News
نمایش همه...
👍 29 8
KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၂ လုံး ထပ်မံဖြိုချဖျက်ဆီး၊ မြဝတီမြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများ ထပ်မံဖမ်းဆီးရမိ နေပြည်တော်၊ ဒီဇင်ဘာ ၁၆ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/kk-park_16.html
نمایش همه...
👍 27 9
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံသံအမတ်ကြီး က သံအမတ်ခန့်အပ်လွှာပေးအပ် နေပြည်တော်၊ ဒီဇင်ဘာ ၁၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ မြန်မာနိုင်ငံ ဆိုင်ရာ ဘရူနိုင်းဒါရူဆလမ် နိုင်ငံသံအမတ်ကြီး H.E. Haji Mohamad Sarif Pudin bin Matserudin က ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_892.html
نمایش همه...
👍 25 9🥰 1
Photo unavailableShow in Telegram
စစ်ကိုင်းမြို့တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၇ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိ နေပြည်တော်၊ ဒီဇင်ဘာ ၁၆ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် စစ်ကိုင်းမြို့၊ ရွာထောင်(မီးရထား)ရပ်ကွက်၊ ဈေးလမ်းရှိ စိုးလွင် ၏နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်မှ စိုးလွင် နှင့် မခင်ဆွေမြင့် တို့ ၂ ဦးအား ဘိန်းဖြူ ၁၈ ဒသမ ၃၁၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေအိမ်ခြံဝင်းအတွင်းရပ်တန့်ထားသည့် HYUNDAI PORTER II ယာဉ်နှင့်အတူ မိုးမင်းစံ နှင့် မျိုးသူရ တို့ ၂ ဦးအား ဘိန်းဖြူ ၂၅ ဒသမ ၇၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၆၅ သိန်းအား လည်းကောင်း၊ အလားတူ TOWNACE LIGHT TRUCK ယာဉ်နှင့်အတူ ချစ်ကိုကိုနိုင် နှင့် ခင်မောင်ဇော် တို့ ၂ ဦးအား ဘိန်းဖြူ ၁၃ ဒသမ ၈၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၇ ဒသမ ၀၅ သိန်းအား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_759.html
نمایش همه...
👍 32👏 5 2🐳 1
(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၁၆ (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းတို့မှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အသင်း/အဖွဲ့များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ၊ ဆေးပစ္စည်း လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_643.html
نمایش همه...
👍 22 11👏 1🙏 1
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး က သံအမတ်ခန့်အပ်လွှာပေးအပ် နေပြည်တော်၊ ဒီဇင်ဘာ ၁၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန် နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim က ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၊ သံတမန် ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်သည်။ ထို့နောက် နှစ်နိုင်ငံအကြား ခိုင်မာသည့်သံတမန်ဆက်ဆံရေးရှိမှုနှင့် ချစ်ကြည် ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ကုန်သွယ် ရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နိုင်ငံရေးဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေး ဆိုင်ရာနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၌ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ ပါကစ္စတန်နိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ စေလွှတ်ပေးသွားမည့်အခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_912.html
نمایش همه...
👍 27 7🥰 1🙏 1
Photo unavailableShow in Telegram
အင်ဒိုနီးရှားက ဆန်တင်သွင်းမှုကို ပိတ်ထားဦးမယ် ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ ) အင်ဒိုနီးရှားရဲ့ ဆန်တင်သွင်းမှုကို တားမြစ်ထားတဲ့ မူဝါဒက ကမ္ဘာ့ဆန်ဈေးနှုန်းများ ကျဆင်းစေရန် အထောက်အကူ ဖြစ်စေကြောင်း စားနပ်ရိက္ခာရေးရာ ညှိနှိုင်းရေးဝန်ကြီး ဇယ်ကိဖ်လီ ဟာဆန် က ဒီကနေ့ပဲ ပြောကြားလိုက်ပါတယ်။ "ကျနော် ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တုန်းက ကမ္ဘာ့ဆန်ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၆၅၀ ရှိပါတယ်။ သွင်းကုန် တားမြစ်မှုကို ပြဋ္ဌာန်းပြီးတဲ့နောက်မှာ ဈေးနှုန်းက ၄၀၀ အောက်အထိ ကျဆင်းသွားပါတယ်။ ကျနော်တို့ရဲ့ မူဝါဒက ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုတွေ ရှိခဲ့တယ်" လို့ ဟာဆန်က ပြောပါတယ်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_426.html
نمایش همه...
👍 27 6🤔 1
23:01
Video unavailableShow in Telegram
သတင်းကောက်နှုတ်ချက် (၁၆-၁၂-၂၀၂၅) မှတ်ပုံတင်ထုတ်ပေးရေး အဆင်ပြေစေရန်၊ ဒေါ်စုကို သေစေလိုသော ပြည်ဖျက်မိစ္ဆာများ၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖန်တီးသူမဖြစ်ပါစေနဲ့၊ NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံများ တပ်ပေါင်းစုဖွဲ့စည်း၊ #MNP #News #Talk
نمایش همه...
210.MP4522.52 MB
👍 43 4🐳 1
အပစ်ရပ်ဖို့အတွက် ထိုင်းစစ်တပ်က အချက် ၃ ချက် တောင်းဆို ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ ) ထိုင်းစစ်တပ် ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဌာန မှာ ဒီကနေ့ပြုလုပ်တဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆူရာဆန့် ကောင်စီရီ က အပစ်ရပ်ဖို့အတွက် အချက် ၃ ချက် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ သူက ( ၁ ) ကမ္ဘောဒီးယားသည် အပစ်အခတ်ရပ်စဲရေးကို ဦးစွာကြေညာရမည်၊ ( ၂ ) အပစ်အခတ်ရပ်စဲရေးသည် စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲရန် လိုအပ်ပြီး ခေတ္တရပ်တန့်ခြင်းမဟုတ်ဘဲ အသစ်ပြန်လည်ဖြစ်ပွားနိုင်တဲ့ အကြမ်းဖက်မှုများကို ရပ်တန့်ထားရမည်။ ( ၃ ) ကမ္ဘောဒီးယားသည် မြေမြှုပ်မိုင်းရှင်းလင်းရေးတွင် စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည် တို့ပဲ ဖြစ်ပါတယ်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_229.html
نمایش همه...
👍 28 14🤔 2
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ဘိုကလေးပညာရေးဒီဂရီကောလိပ် ပထမနှစ်‌ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက် ဘိုကလေး၊ ဒီဇင်ဘာ ၁၆ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နေ့လယ် (၁) နာရီအချိန်၌ ဘိုကလေးပညာရေးဒီဂရီကောလိပ် ပထမနှစ်‌ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးနှင့်ကော်မတီဝင်များ၊ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့်ဝန်ထမ်းများ၊ မောင်မယ်သစ်လွင် သင်တန်းသား/သူများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_235.html
نمایش همه...
👍 23 11
ရုရှားတရားရုံးတစ်ခုက ဘယ်လ်ဂျီယံဘဏ်ကို တရားစွဲတဲ့ အမှုအား စတင်ကြားနာပြီ ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ ) ဘယ်လ်ဂျီယံဘဏ်ဖြစ်တဲ့ ယူရိုကလီးယားဘဏ်မှာ အပ်နှံထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကရထားတဲ့ ဘဏ်တိုး ကန်ဒေါ်လာ ၂၃၀ ဘီလီယံကို ဥရောပသမဂ္ဂအား ထုတ်ပေးဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး ရုရှားဗဟိုဘဏ်( CBR )က ယူရိုကလီးယားကို တရားစွဲရန်အတွက် တရားရုံးတင်ရာ တရားရုံးက ကြားနာဖို့အတွက် စတင်လိုက်ပါပြီ။ ပြီးခဲ့တဲ့အပတ်ကတည်းက CBR သည် အီးယူနိုင်ငံတွေသိမ်းဆည်းထားတဲ့ ရုရှား ပိုင်ဆိုင်မှုအမြောက်အများနဲ့ ပတ်သက်ပြီး ကိုင်ဆောင်ထားတဲ့ဘဏ်တွေကို တရားဝင်တရားစွဲဆိုမှုများ စတင်ခဲ့ပါတယ်။ အီးယူသည် အရေးပေါ်အာဏာများကို အသုံးပြုပြီး ရုရှားပိုင်ဆိုင်မှုတွေကို ခေတ္တဆိုင်းငံ့ထားရန်အတွက် ဘဏ်တွေထဲကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရုရှားဘက်ကတော့ အဲ့ဒိလိုလုပ်တာက ခိုးတာပဲလို့ စွပ်စွဲထားပါတယ်။ မော်စကို အနုညာတတရားရုံး မှတ်တမ်းများအရ အဆိုပါတရားစွဲဆိုမှုကို သောကြာနေ့တွင် မှတ်ပုံတင်ခဲ့ကြောင်း သိရပါတယ်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_168.html
نمایش همه...
👍 50 6👏 5
ဒေါ်နယ်ထရမ့်က ဘီဘီစီရုပ်သံလိုင်းကို အသရေဖျက်မှု နဲ့ လျော်ကြေး ၁၀ ဘီလီယံတောင်းပြီ ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ ) ဗြိတိန်နိုင်ငံပိုင် ရုပ်သံလိုင်း ဘီဘီစီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် မိန့်ခွန်းကို လိုတဲ့နေရာလေးတွေပဲရွေးပြီး တည်းဖြတ်ပြီး ထုတ်လွှင့်ခဲ့တဲ့အတွက် အဲ့ဒိ ဗီဒီယိုဖိုင် က ဒေါ်နယ်ထရမ့်ကို အသရေဖျက်သလို ဖြစ်သွားတာကြောင့် အခုတော့ ထရမ့်က အသရေဖျက်မှုနဲ့ တရားစွဲပြီး ကန်ဒေါ်လာ ၁၀ ဘီလီယံ ရလိုကြောင်း တရားရုံးကို လျှောက်ထားတယ်လို့ သိရပါတယ်။ တနင်္လာနေ့တွင် မိုင်ယာမီရှိ ဗဟိုတရားရုံးတွင် တင်သွင်းသည့် တရားစွဲဆိုမှုမှာ ဘီဘီစီရဲ့ ရုပ်သံတည်းဖြတ်မှုတွေ ကို ပြန်ပြခဲ့ပါတယ်။ “သူတို့က ကျနော့်ကို တစ်ခါမှ မပြောဖူးတဲ့ အရာတွေကို ပြောခိုင်းတယ် ပြီးတော့… သူတို့က ကျနော့်ရဲ့ ပါးစပ်ထဲကို ကြောက်စရာကောင်းတဲ့ စကားလုံးတွေ ထည့်ထားတယ်” လို့ ထရမ့် က မနေ့က လုပ်တဲ့ သတင်းစာရှင်းလင်ပွဲမှာ ပြောသွားပါတယ်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_454.html
نمایش همه...
👍 47👏 15 3
Photo unavailableShow in Telegram
ရွေးကောက်ပွဲကို နှောက်ယှက်ရန်ရည်ရွယ်၍ ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်ဟု မဟုတ် မမှန်သတင်းများဖြင့် ဝါဒဖြန့်နေခြင်းဖြစ် နေပြည်တော်၊ ဒီဇင်ဘာ ၁၆ အင်္ဂလန်နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဒုတိယသားဖြစ်သူ ကင်မ်အဲရစ်မှ ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲတွင် ကွယ်လွန်ပြီး ဖြစ်နိုင်သည်ဟု ယခုရက်ပိုင်းတွင် အချိန်ကိုက် ပြောဆိုလာမှုကို ပြည်ဖျက်မီဒီယာများကလည်း သတင်းတု၊ သတင်းအမှားများဖြင့် ပုံကြီးချဲ့ လှုံ့ဆော်ဝါဒဖြန့်နေခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပါကြောင်း ဖြေကြားထားသည်။ အင်္ဂလန်နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဒုတိယသားဖြစ်သူ ကင်မ်အဲရစ် ၏ လုပ်ကြံဖန်တီးရေးသားမှုနှင့် ပတ်သက်၍ "၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုပြုလုပ်ခဲ့မှု အပါအဝင် အမှုပေါင်းများစွာဖြင့် အကျဉ်းကျခံနေ သည့် ဒေါ်အောင်ဆန်းစုကြည် ကို သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီး ဖြစ်နိုင်သည်ဟု ယခုရက်ပိုင်းတွင် အချိန်ကိုက် ပြောဆိုလာမှုကို ပြည်ဖျက်မီဒီယာများကလည်း သတင်းတု၊ သတင်းအမှားများဖြင့် ပုံကြီးချဲ့ လှုံ့ဆော်ဝါဒဖြန့်ဝေလျက် ရှိကြောင်း၊ အဆိုပါ သတင်းသည် သတင်းအမှားသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပါကြောင်းနှင့် မကြာမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်လိုသည့်အတွက် အချိန်ကိုက် လုပ်ကြံဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ မဲလိမ်မဲခိုးမှုများပြုလုပ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည် က "ကျွန်မရဲ့အယူအဆကတော့ မဲပေးပိုင်ခွင့်ရှိတာနဲ့အမျှ တာဝန်လည်းရှိတယ်။ ကိုယ့်နိုင်ငံအတွက် တာဝန်ယူချင်တဲ့စိတ်က လူတိုင်းလူတိုင်းမှာ ရှိရမယ်။ ကိုယ်ကြိုက်သလိုမဲပေးရမယ်။ ဒါပေမဲ့ မဲမပေးဘဲနဲ့တော့ ဒီစနစ်ကြီးကိုမကြိုက်ဘူးတို့၊ ဟိုဟာမကြိုက်ဘူးတို့၊ ဒီဟာမကြိုက်ဘူးတို့ပြောတာက အင်မတန်တာဝန်မဲ့တာပဲ။ ငါးနှစ်မှာမှ တစ်ရက်အချိန်ပေးရတဲ့တာဝန်ကိုကျေပွန်အောင် နိုင်ငံသူနိုင်ငံသားအားလုံးကလုပ်ဖို့လိုပါတယ်" ဟု ပြောခဲ့ဖူးသည်။ ဒီကနေ့ ၂၀၂၀ပြည့်နှစ်၊ သြဂုတ် ၅ ရက်မနက်ပိုင်းက သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ကိုဗစ်ကာလ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲဝင် ဦးမြင့်နိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုညွှန်ချုပ် ဦးထက်အောင်တို့နဲ့ အွန်လိုင်းမှ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရက စီစဉ်ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ယခင် NLD ဦးဆောင်သူများ ဖွဲ့စည်းထားသည့် CRPH, NUG အကြမ်းဖက်အဖွဲ့များနှင့် အပေါင်းအပါ မီဒီယာများက နည်းမျိုးစုံဖြင့် အဖျက်အမှောင့် ပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ကွယ်လွန်ပြီဟု မဟုတ်မမှန် သတင်းတု၊ သတင်းမှားများ ဖြန့်ချိ၍ အများသူ အထင်အမြင်လွဲမှားအောင် လုပ်ဆောင်လျက်ရှိသည်။ #MNP #News
نمایش همه...
👍 38 9
07:16
Video unavailableShow in Telegram
ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနီးစခန်းဝန်းကျင်မှ မဲဆန္ဒရှင် မိဘပြည်သူများနဲ့ တွေ့ဆုံမှုမှတ်တမ်း #MNP #News #2025Election
نمایش همه...
026.MP483.37 MB
👍 26 5
Photo unavailableShow in Telegram
ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခနှင့် ပတ်သက်၍ အရေးတကြီးလုပ်ဆောင်ရမည်မှာ အပစ်အခတ်ရပ်စဲရေး၊ စစ်ပွဲရပ်တန့်ရေးနှင့် အရပ်သားများအား ကာကွယ်စောင့်ရှောက်ရေးတို့ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား ပေကျင်း၊ ဒီဇင်ဘာ ၁၆ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဒီဇင်ဘာ ၁၅ ရက်တွင် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ပဋိပက္ခနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏မေးမြန်းချက်ကို ဖြေကြားရာ၌ လက်ရှိအရေးတကြီးလုပ်ဆောင်ရမည်မှာ အပစ်အခတ်ရပ်စဲရေး၊ စစ်ပွဲရပ်တန့်ရေးနှင့် အရပ်သားများအားကာကွယ်စောင့်ရှောက်ရေးတို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံနယ်စပ် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၊ နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားအား ထိန်းသိမ်းကာကွယ်သည့် ဦးတည်ချက်ဖြင့် အတတ်နိုင်ဆုံးထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန်၊ အပစ်အခတ်ရပ်စဲရေးဖော်ဆောင်မှုအား အထောက်အကူဖြစ်စေမည့် အစီအမံအားလုံးကို လုပ်ဆောင်ရန်၊ အခြေအနေဖြေလျှော့ရေး ဆောလျင်စွာ ရရှိရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက မကြာသေးမီရက်များတွင် သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်များသည် ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံခေါင်းဆောင်များနှင့် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်၍ ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံအကြား အမြန်ဆုံးအပစ်အခတ်ရပ်စဲရန် မြှင့်တင်ဆောင်ရွက်ခဲ့သော်လည်း ကမ္ဘောဒီးယား-ထိုင်းနယ်စပ်တွင် ပဋိပက္ခများသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက မည်သို့ မှတ်ချက်ပေးသနည်း၊ တရုတ်နိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေး မြှင့်တင်ရန်အတွက် မည်သည့်ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပါသနည်းဟူ၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။ “ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ရဲ့ အိမ်နီချင်းကောင်း၊ မိတ်ဆွေကောင်းအနေနဲ့ တရုတ်နိုင်ငံက ကမ္ဘောဒီးယား-ထိုင်းနယ်စပ် လက်ရှိအခြေအနေအပေါ် အထူးပဲ အာရုံစိုက်လျက်ရှိပါတယ်။ ပဋိပက္ခကြောင့် ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံပြည်သူတွေ ထိခိုက်သေဆုံးရတဲ့အတွက် အလွန်ဝမ်းနည်းကြေကွဲရသလို စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်အားပေးလိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် ပြောင်းရွှေ့မရသော အိမ်နီးချင်းများဖြစ်ပြီး "ဂရုဏာရှိသူ နှင့် ချစ်ခင်ရင်းနှီးခြင်း၊ အိမ်နီးချင်းများအပေါ် စေတနာထားဆက်ဆံခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အဖိုးတန်ရတနာတစ်ပါးဖြစ်သည်" ဟု ၎င်းက ဆက်၍ပြောကြားခဲ့သည်။ လက်ရှိအရေးတကြီးလုပ်ဆောင်ရမည်မှာ အပစ်အခတ်ရပ်စဲရေး၊ စစ်ပွဲရပ်တန့်ရေးနှင့် အရပ်သားများအားကာကွယ်စောင့်ရှောက်ရေးတို့ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံနယ်စပ် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၊ နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားအား ထိန်းသိမ်းကာကွယ်သည့် ဦးတည်ချက်ဖြင့် အတတ်နိုင်ဆုံးထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန်၊ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်မှုအား အထောက်အကူဖြစ်စေမည့် အစီအမံအားလုံးကို လုပ်ဆောင်ရန်၊ အခြေအနေဖြေလျှော့ရေး ဆောလျင်စွာ ရရှိရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခ ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား-ထိုင်း ဆွေးနွေးမှုအတွက် အခြေအနေများ ဖန်တီးပေးရန်၊ ပလက်ဖောင်းတစ်ခု ပံ့ပိုးပေးရန် ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံ၏ ဆန္ဒနှင့်အညီ လမ်းကြောင်းအမျိုးမျိုး၊ အလွှာအမျိုးမျိုးမှတစ်ဆင့် နှစ်နိုင်ငံလုံးနှင့် နီးကပ်စွာ ညှိနှိုင်းဆွေးနွေးမှု ထိန်းသိမ်းထားပြီး တက်ကြွစွာ ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ “ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းတာ၊ အာဆီယံ အထူးသဖြင့် မလေးရှားရဲ့ ကြားဝင်စေ့စပ်ရေးအတွက် ကြိုးပမ်းမှုတွေ၊ အာဆီယံမူဘောင်အတွင်း နှစ်ဖက်လုံးလက်ခံနိုင်တဲ့ ဖြေရှင်းချက်တစ်ရပ်ကို ရှာဖွေတာတွေကို တရုတ်နိုင်ငံက ထောက်ခံအားပေးပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မြှင့်တင်ရန် ဆက်လက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ပြီး ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး၊ စစ်ပွဲရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးတို့ မြှင့်တင်ရာတွင် မိမိနည်းမိမိဟန်ဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ Ref - (Xinhua) #MNP #News #International
نمایش همه...
👍 20 9
ကြံခင်းမြို့၌ ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ ကြံခင်း၊ ဒီဇင်ဘာ ၁၆ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ဗိုလ်ချုပ်လမ်းနှင့် သိပ္ပံလမ်းဆုံတွင် ဖြန့်ဝေပေးကြသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_990.html
نمایش همه...
👍 17 6
မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းရပ်ကွက်ရှိ Wai Wai (Phone service & Accessories )ဆိုင်တွင် မိန်းခုံအပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား မြောက်ဥက္ကလာ၊ ဒီဇင်ဘာ ၁၆ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းရပ်ကွက်ရှိ Wai Wai (Phone service & Accessories )ဆိုင်တွင် မီတာပုံးအောက်ရှိ မိန်းခုံအပူလွန်ကဲ၍ ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၃ နာရီ ၅၉ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသ်ရသည်။ ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁၃၀)၊ ကျောက်ရေတွင်းရပ်ကွက်ရှိ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်းနှစ်ထပ်အဆောက်အဦ မီးလောင်နေကြောင်းသတင်းအရ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်များဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ သွား ရောက်မီးငြိမ်းသတ်ရာ နံနက် ၄ နာရီ ၁၃ မိနစ် အချိန် ခန့်က မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/wai-wai-phone-service-accessories.html
نمایش همه...
👍 13😢 9😱 4 2