Myanmar National Post
前往频道在 Telegram
သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com
显示更多2025 年数字统计

30 970
订阅者
无数据24 小时
-747 天
-33530 天
帖子存档
照片不可用在 Telegram 中显示
ပခုက္ကူမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်
ပခုက္ကူ ၊ ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဖတ်ရူရန် >>>>>>
https://www.mmnationalpost.com/2025/12/blog-post_455.html
照片不可用在 Telegram 中显示
ချောင်းဆုံမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်နည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်
ချောင်းဆုံ ၊ ဒီဇင်ဘာ ၁၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲလက်မှတ်ဖြင့် မဲပေးခြင်းစနစ်အစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်းအဖွဲ့ခွဲမှ ဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်နည်း ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉) နာရီက ကျွန်းသာယာခန်းမ၌ ပြုလုပ်ခဲ့သည်။
ဖတ်ရူရန်>>>>>>
https://www.mmnationalpost.com/2025/12/blog-post_424.html
👍 35❤ 5
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
ထားဝယ် ၊ ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁၁/၂၀၂၅) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဖတ်ရူရန် >>>>>>
https://www.mmnationalpost.com/2025/12/blog-post_387.html
ဆူဒန်နိုင်ငံမှာ အငတ်ဘေးဆိုက်နေတာ ကမ္ဘာ့အဆင့် ၁ နေရာမှာ ရှိနေ
ဒီဇင်ဘာ - ၁၉ ( သောကြာနေ့ )
ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများအတွက် နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) အရေးပေါ် စောင့်ကြည့်စာရင်းတွင် ဆူဒန်သည် ၃ နှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း အကူအညီပေးရေးအဖွဲ့က အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။
စောင့်ကြည့်စာရင်းက လာမည့်နှစ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများ ပိုမိုဆိုးရွားလာနိုင်တဲ့ အန္တရာယ်အများဆုံးနိုင်ငံ ၂၀ ကို မီးမောင်းထိုးပြထားတယ်။ ဆူဒန်က ပထမ၊ ပါလက်စတိုင်း နယ်မြေများနှင့် တောင်ဆူဒန်တို့က ဒုတိယ ဖြစ်ပါတယ်။ စာရင်းတွင်ပါဝင်သော အခြားအာဖရိကနိုင်ငံများမှာ အီသီယိုးပီးယား၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မာလီနှင့် ဘာကီနာဖာဆိုတို့ဖြစ်ပါတယ်။
ကလေး ၁၅ သန်း အပါအဝင် ဆူဒန်တွင် လူ ၃၃.၇ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး နိုင်ငံလူဦးရေ၏ ၆၇ ရာခိုင်နှုန်းကို ကိုယ်စားပြုနေတယ်လို့ ဆိုပါတယ်။
နိုင်ငံသည် ပြင်းထန်သော စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး လူပေါင်း ၁၉.၂ သန်းသည် ပြင်းထန်သော စားနပ်ရိက္ခာ မလုံလောက်မှု နှင့် ကြုံတွေ့နေရပါတယ်။ လူပေါင်း ၂သိန်းကျော်က လုံးလုံးကိုငတ်နေတာလို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ဆူဒန်တွင် ကာလဝမ်းရောဂါနဲ့ သံသယရှိသူ ၁သိန်းကျော်ကို မှတ်တမ်းတင်ခဲ့ပြီး ဆူဒန်နိုင်ငံသမိုင်းတွင် အကြီးမားဆုံးဖြစ်ပွားမှုဖြစ်ကြောင်း အချက်အလက်များအရ သိရပါတယ်။ ဆူဒန်နိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ် ပဋိပက္ခတွင် နှစ်နှစ်ကျော်ကြာ နစ်မြုပ်နေခဲ့ပါတယ်။
REF: RT
#News #MNP #International
👍 28😢 17❤ 11😱 1
照片不可用在 Telegram 中显示
အိန္ဒိယက နျူ့ကလိယလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် ပေးပြီ
ဒီဇင်ဘာ - ၁၉ ( သောကြာနေ့ )
အိန္ဒိယက နျူကလီးယားကဏ္ဍကို ပုဂ္ဂလိကကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပေးနိုင်ရန်အတွက် ဥပဒေအသစ်တစ်ရပ် ကို ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၄၇ ခုနှစ်တွင် အဏုမြူမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ခြင်းကို ၁၀၀ ဂစ်ဂါဝပ် (GW) အထိ မြှင့်တင်ရန် ရည်ရွယ်တဲ့ ရေရှည်အသုံးချ နဲ့ နျူ့စွမ်းအင်မြှင့်တင်ရေး အိန္ဒိယအပြောင်းအလဲ (SHANTI) ဥပဒေကြမ်း ကို အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့ပါတယ်။
"ကမ္ဘာကြီးသည် သန့်ရှင်းသောစွမ်းအင်ဆီသို့ ဦးတည်နေပါတယ်။ ကျနော်တို့က ၂၀၄၇ ခုနှစ်မှာ နျူကလီးယားစွမ်းအင်ကနေ လျှပ်စစ် ၁၀၀ ဂစ်ဂါဝပ်ထုတ်ဖို့ ရည်မှန်းထားပါတယ်"လို့ ပြည်ထောင်စု ဝန်ကြီး ဂျီတန်ုရာဆင်းဂ် က လွှတ်တော်အမတ်များအား ပြောကြားခဲ့ပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_118.html
👍 48❤ 7🤔 1
照片不可用在 Telegram 中显示
ဥရောပပါလီမန်ရှေ့မှာ လယ်သမားတွေ ဆန္ဒပြ
ဒီဇင်ဘာ - ၁၉ ( သောကြာနေ့ )
ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရက်ဆဲလ်မှာ လယ်သမားတွေက ကုန်သွယ်ရေးမူဝါဒနှင့် လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပေါ် ဒေါ်သထွက်ပြီး ဆန္ဒပြမှုဖြစ်ပေါ်နေပါတယ်။ မနေ့က ဥရောပပါလီမန် အဆောက်အအုံ အပြင်ဘက်မှာ လယ်သမားထောင်ပေါင်းများစွာက လယ်ထွန်စက်များဖြင့် လမ်းများပိတ်ဆို့ထားလို့ အဓိကရုဏ်းနှိမ်နင်းရေးရဲများ နဲ့ ထိပ်တိုက်တွေ့ပြီး ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_992.html
👍 33🤔 7❤ 3
照片不可用在 Telegram 中显示
၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ မဲရုံနေရာများအား သွားရောက်ကြည့်ရှု့စစ်ဆေး
နေပြည်တော်၊ ဒီဇင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယမန်နေ့က အဆိုပါမြို့နယ် နယ်မြေခံတပ်ရင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲစာရင်းများမှန်ကန်မှုရှိစေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုမရှိစေရေးနှင့် ပြည်သူများအားလုံးပါဝင်၍ အေးချမ်းလုံခြုံ လွတ်လပ်စွာ မဲပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_728.html
❤ 21👍 12
00:13
视频不可用在 Telegram 中显示
ကေအိုင်အေ အကြမ်းဖက်အဖွဲ့က ဗန်းမောက်မြို့ရှိ သာသနိက အဆောက်အဦများကို မီးရှို့ဖျက်ဆီးနေ
#News #MNP
215.MP44.50 MB
🤬 39❤ 7👍 5😢 5😭 2😡 1
လက်ပံလှ အောင်ပွဲ
စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာအား တပ်မတော်က အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အကြမ်းဖက်သမားများ ကာလရှည်ကြာလှုပ်ရှားလျှက်ရှိသည့် ဒေသကို တပ်မတော်က စစ်ကြောင်းများက ရှင်းလင်းဆောင်ရွက် သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။
#News #MNP
❤ 38👍 22🙏 4👏 1🫡 1
08:42
视频不可用在 Telegram 中显示
ပြင်ဦးလွင်ဒေသခံတွေနဲ့ တွေ့ရတာ မိဘရင်ခွင်ပြန်ရောက်သလို ခံစားရတယ်
ဦးမြထွန်းဦး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)
#News #MNP #2025Election
034.MP4195.96 MB
👍 23❤ 12
ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်က ဟောင်ကောင်ဒေသရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကော်မရှင်နာကို သွားရောက်တွေ့ဆုံ၍ ကောင်စစ်ဝန်ချုပ်အဖြစ် အသိအမှတ်ပြုစာလွှာ လက်ခံရယူ
ဟောင်ကောင်၊ ဒီဇင်ဘာ ၁၉
မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ဟောင်ကောင်ဒေသရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကော်မရှင်နာ H.E. Mr. Cui Jianchun အား ၁၆-၁၂-၂၀၂၅ ရက် (၁၀ ၀၀) နာရီတွင် ကော်မရှင်နာရုံး၌ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ကော်မရှင်နာမှ မြန်မာကောင်စစ်ဝန်ချုပ်အား ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်အဖြစ် ခန့်အပ်ခံရခြင်းအပေါ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရ၏ အသိအမှတ်ပြုစာလွှာကို ဦးစွာပေးအပ်ခဲ့သည်။ ထို့နောက် ကော်မရှင်နာက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း (၂၀၂၆-၂၀၃၀)နှင့် ဟောင်ကောင် ဒေသတွင် တစ်နိုင်ငံစနစ်နှစ်မျိုးအား အောင်မြင်စွာကျင့်သုံးလျက်ရှိမှုအခြေအနေတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကော်မရှင်နာက မြန်မာကောင်စစ်ဝန်ချုပ်အနေဖြင့် ဟောင်ကောင် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ရယူပြီး မြန်မာနိုင်ငံနှင့် ဟောင်ကောင်ဒေသအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများကို ပိုမိုမြှင့်တင်ရန် အားပေးပြောကြားခဲ့သည်။
မြန်မာကောင်စစ်ဝန်ချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အသိအမှတ်ပြုစာလွှာကို လက်ခံရရှိသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြန်လည်ပြောကြား ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကောင်စစ်ဝန်ချုပ်မှ မြန်မာနိုင်ငံအနေဖြင့် ဟောင်ကောင်ဒေသ၏ တစ်နိုင်ငံစနစ်နှစ်မျိုး အပေါ် အထူးအလေးထားကြောင်းနှင့် မြန်မာနိုင်ငံနှင့် ဟောင်ကောင်ဒေသတို့အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူများအချင်းချင်းဆက်သွယ်ဖလှယ်မှု စသည့် ကဏ္ဍစုံ တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#News #MNP
👍 28❤ 9🤔 1
03:11
视频不可用在 Telegram 中显示
နိုင်ငံသားအားလုံး ဥပဒေအကာကွယ်အောက်မှာ တညီတညွတ်တည်းဖြစ်နေရမယ်
ဦးခင်ရီး (ဥက္ကဋ္ဌ)
ပြည်ခိုင်ဖြိုးပါတီ
#News #MNP #2025Election
033.MP471.03 MB
👍 27❤ 5
ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သဝဏ်လွှာ
👍 22❤ 4
01:44
视频不可用在 Telegram 中显示
မဲပေးရမှာက နိုင်ငံသားတိုင်းရဲ့တာဝန်
#News #MNP #2025Election
032.MP420.50 MB
👍 32❤ 3🙏 1
照片不可用在 Telegram 中显示
လင်းခေးခရိုင်၊ ဟိုမိန်းမြို့နယ်ရှိ မဲရုံထားရှိမည့်နေရာ၊ မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးမှုတို့အား သွားရောက်ကြည့်ရှု့စစ်ဆေး
နေပြည်တော်၊ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့ မြို့ပေါ်ရပ်ကွက်များနှင့် နားမွန်းလုံကျေးရွာ၊ မယ်အောကျေးရွာတို့၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံထားရှိမည့်နေရာနှင့် မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_165.html
👍 20❤ 9
19-December-TheGlobalNewLightOfMyanmar.pdf3.17 MB
ဒီဇင်ဘာ_၁၉_ကြေးမုံသတင်းစာ.pdf4.31 MB
ဒီဇင်ဘာ_၁၉_မြန်မာ့အလင်းသတင်းစာ.pdf3.63 MB
ဒီဇင်ဘာ_၁၉_မြဝတီသတင်းစာ.pdf6.14 MB
👍 22❤ 3
照片不可用在 Telegram 中显示
ပြည်ပြေး မန်းဝင်းခိုင်သန်း ကတော့ တိုင်းဖျက် ပြည်ဖျက် လုပ်နေခြင်းဖြစ်ကြောင်း ဆိုင်းဘုတ်တပ်ထားပြီ
👍 39🤬 14❤ 6
ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်း (2nd ASEAN-US MARITIME EXERCISE-2nd AUMX)သို့ တက်ရောက်ခဲ့သော တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား) ပြန်လည်ရောက်ရှိ
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
အင်ဒိုနီရှားနိုင်ငံ၊ ဘာတန်မြို့၌ ဒီဇင်ဘာလ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်း (2nd ASEAN-US Maritime Exercise 2nd AUMX) သို့တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှ ဗိုလ်မှူးကြီး ခွန်အောင်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များပါဝင်သည့် စစ်ရေယာဉ် (ကျန်စစ်သား)သည် ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ တပ်မတော်(ရေ)မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/2nd-asean-us-maritime-exercise-2nd-aumx.html
❤ 31👍 21🫡 2
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ရှိ ကောင်းမှုလုံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညို
ပူတာအို၊ ဒီဇင်ဘာ ၁၈
ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ရှိ ကောင်းမှုလုံစေတီ တော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_880.html
👍 31🙏 18❤ 9
23:40
视频不可用在 Telegram 中显示
18-12-2025
ရွေးကောက်ပွဲအလွန် အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများအား ကုစားရေး၊
ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး၊
မြစ်ဆုံစီမံကိန်းကို နှောက်ယှက်လိုတဲ့ ပြည်ဖျက်တွေ အသံထွက်လာပြီ၊
#MNP #News
214.MP4535.54 MB
👍 56❤ 9🙏 3
