uz
Feedback
Myanmar National Post

Myanmar National Post

Kanalga Telegram’da o‘tish

သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com

Ko'proq ko'rsatish
2025 yil raqamlardasnowflakes fon
card fon
30 974
Obunachilar
Ma'lumot yo'q24 soatlar
-747 kunlar
-33530 kunlar
Postlar arxiv
Photo unavailableShow in Telegram
၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ မဲရုံနေရာများအား သွားရောက်ကြည့်ရှု့စစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာ ၁၉ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယမန်နေ့က အဆိုပါမြို့နယ် နယ်မြေခံတပ်ရင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲစာရင်းများမှန်ကန်မှုရှိစေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုမရှိစေရေးနှင့် ပြည်သူများအားလုံးပါဝင်၍ အေးချမ်းလုံခြုံ လွတ်လပ်စွာ မဲပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_728.html
Hammasini ko'rsatish...
❤ 21👍 12
00:13
Video unavailableShow in Telegram
ကေအိုင်အေ အကြမ်းဖက်အဖွဲ့က ဗန်းမောက်မြို့ရှိ သာသနိက အဆောက်အဦများကို မီးရှို့ဖျက်ဆီးနေ #News #MNP
Hammasini ko'rsatish...
215.MP44.50 MB
🤬 39❤ 7👍 5😢 5😭 2😡 1
လက်ပံလှ အောင်ပွဲ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာအား တပ်မတော်က အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အကြမ်းဖက်သမားများ ကာလရှည်ကြာလှုပ်ရှားလျှက်ရှိသည့် ဒေသကို တပ်မတော်က စစ်ကြောင်းများက ရှင်းလင်းဆောင်ရွက် သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။ #News #MNP
Hammasini ko'rsatish...
❤ 38👍 22🙏 4👏 1🫡 1
08:42
Video unavailableShow in Telegram
ပြင်ဦးလွင်ဒေသခံတွေနဲ့ တွေ့ရတာ မိဘရင်ခွင်ပြန်ရောက်သလို ခံစားရတယ် ဦးမြထွန်းဦး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း) #News #MNP #2025Election
Hammasini ko'rsatish...
034.MP4195.96 MB
👍 23❤ 12
ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်က ဟောင်ကောင်ဒေသရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကော်မရှင်နာကို သွားရောက်တွေ့ဆုံ၍ ကောင်စစ်ဝန်ချုပ်အဖြစ် အသိအမှတ်ပြုစာလွှာ လက်ခံရယူ ဟောင်ကောင်၊ ဒီဇင်ဘာ ၁၉ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ဟောင်ကောင်ဒေသရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကော်မရှင်နာ H.E. Mr. Cui Jianchun အား ၁၆-၁၂-၂၀၂၅ ရက် (၁၀ ၀၀) နာရီတွင် ကော်မရှင်နာရုံး၌ သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် ကော်မရှင်နာမှ မြန်မာကောင်စစ်ဝန်ချုပ်အား ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်အဖြစ် ခန့်အပ်ခံရခြင်းအပေါ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရ၏ အသိအမှတ်ပြုစာလွှာကို ဦးစွာပေးအပ်ခဲ့သည်။ ထို့နောက် ကော်မရှင်နာက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း (၂၀၂၆-၂၀၃၀)နှင့် ဟောင်ကောင် ဒေသတွင် တစ်နိုင်ငံစနစ်နှစ်မျိုးအား အောင်မြင်စွာကျင့်သုံးလျက်ရှိမှုအခြေအနေတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကော်မရှင်နာက မြန်မာကောင်စစ်ဝန်ချုပ်အနေဖြင့် ဟောင်ကောင် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ရယူပြီး မြန်မာနိုင်ငံနှင့် ဟောင်ကောင်ဒေသအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများကို ပိုမိုမြှင့်တင်ရန် အားပေးပြောကြားခဲ့သည်။ မြန်မာကောင်စစ်ဝန်ချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အသိအမှတ်ပြုစာလွှာကို လက်ခံရရှိသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြန်လည်ပြောကြား ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကောင်စစ်ဝန်ချုပ်မှ မြန်မာနိုင်ငံအနေဖြင့် ဟောင်ကောင်ဒေသ၏ တစ်နိုင်ငံစနစ်နှစ်မျိုး အပေါ် အထူးအလေးထားကြောင်းနှင့် မြန်မာနိုင်ငံနှင့် ဟောင်ကောင်ဒေသတို့အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူများအချင်းချင်းဆက်သွယ်ဖလှယ်မှု စသည့် ကဏ္ဍစုံ တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ #News #MNP
Hammasini ko'rsatish...
👍 28❤ 9🤔 1
03:11
Video unavailableShow in Telegram
နိုင်ငံသားအားလုံး ဥပဒေအကာကွယ်အောက်မှာ တညီတညွတ်တည်းဖြစ်နေရမယ် ဦးခင်ရီး (ဥက္ကဋ္ဌ) ပြည်ခိုင်ဖြိုးပါတီ #News #MNP #2025Election
Hammasini ko'rsatish...
033.MP471.03 MB
👍 27❤ 5
ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သဝဏ်လွှာ
Hammasini ko'rsatish...
👍 22❤ 4
01:44
Video unavailableShow in Telegram
မဲပေးရမှာက နိုင်ငံသားတိုင်းရဲ့တာဝန် #News #MNP #2025Election
Hammasini ko'rsatish...
032.MP420.50 MB
👍 32❤ 3🙏 1
Photo unavailableShow in Telegram
လင်းခေးခရိုင်၊ ဟိုမိန်းမြို့နယ်ရှိ မဲရုံထားရှိမည့်နေရာ၊ မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးမှုတို့အား သွားရောက်ကြည့်ရှု့စစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာ ၁၉ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့ မြို့ပေါ်ရပ်ကွက်များနှင့် နားမွန်းလုံကျေးရွာ၊ မယ်အောကျေးရွာတို့၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံထားရှိမည့်နေရာနှင့် မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_165.html
Hammasini ko'rsatish...
👍 20❤ 9
19-December-TheGlobalNewLightOfMyanmar.pdf3.17 MB
ဒီဇင်ဘာ_၁၉_ကြေးမုံသတင်းစာ.pdf4.31 MB
ဒီဇင်ဘာ_၁၉_မြန်မာ့အလင်းသတင်းစာ.pdf3.63 MB
ဒီဇင်ဘာ_၁၉_မြဝတီသတင်းစာ.pdf6.14 MB
👍 22❤ 3
Photo unavailableShow in Telegram
ပြည်ပြေး မန်းဝင်းခိုင်သန်း ကတော့ တိုင်းဖျက် ပြည်ဖျက် လုပ်နေခြင်းဖြစ်ကြောင်း ဆိုင်းဘုတ်တပ်ထားပြီ
Hammasini ko'rsatish...
👍 39🤬 14❤ 6
ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်း (2nd ASEAN-US MARITIME EXERCISE-2nd AUMX)သို့ တက်ရောက်ခဲ့သော တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား) ပြန်လည်ရောက်ရှိ နေပြည်တော်၊ ဒီဇင်ဘာ ၁၈ အင်ဒိုနီရှားနိုင်ငံ၊ ဘာတန်မြို့၌ ဒီဇင်ဘာလ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်း (2nd ASEAN-US Maritime Exercise 2nd AUMX) သို့တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှ ဗိုလ်မှူးကြီး ခွန်အောင်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များပါဝင်သည့် စစ်ရေယာဉ် (ကျန်စစ်သား)သည် ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ တပ်မတော်(ရေ)မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/2nd-asean-us-maritime-exercise-2nd-aumx.html
Hammasini ko'rsatish...
❤ 31👍 21🫡 2
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ရှိ ကောင်းမှုလုံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညို ပူတာအို၊ ဒီဇင်ဘာ ၁၈ ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ရှိ ကောင်းမှုလုံစေတီ တော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_880.html
Hammasini ko'rsatish...
👍 31🙏 18❤ 9
23:40
Video unavailableShow in Telegram
18-12-2025 ရွေးကောက်ပွဲအလွန် အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများအား ကုစားရေး၊ ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ မြစ်ဆုံစီမံကိန်းကို နှောက်ယှက်လိုတဲ့ ပြည်ဖျက်တွေ အသံထွက်လာပြီ၊ #MNP #News
Hammasini ko'rsatish...
214.MP4535.54 MB
👍 56❤ 9🙏 3
ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၁၈ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) ၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင်ကြီးများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_956.html
Hammasini ko'rsatish...
👍 33❤ 14👏 2😁 1
Photo unavailableShow in Telegram
လဲချားမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ လဲချား၊ ဒီဇင်ဘာ ၁၈ ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက လူစည်ကားရာနေရာဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးနှင့် မြို့မဈေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့် ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများ၊ ရပ်/ကျေး စာရေးများသည် ပြည်ထောင်စုလမ်းမတစ်လျှောက် ခရီးသွားပြည်သူများ၊ မြို့နယ်အတွင်းရှိပြည်သူများ၊ ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာ ပြည်သူများကို အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လက်ကမ်းစာစောင်တွင် ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံးသွားပြီးမဲပေးစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်စို့စသည့် အကြောင်းအရာများအပြင် MEVM စက်ဖြင့် မဲပေးနည်း၊ ဆန္ဒမဲပေးရာတွင် သတိပြုလိုက်နာရမည့်အချက်များ စသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးများကို မြန်မာဘာသာ၊ ပအိုဝ်းဘာသာ၊ ရှမ်းဘာသာဖြင့် ထုတ်ဝေထားသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။ #MNP #News #2025Election
Hammasini ko'rsatish...
👍 42❤ 8
Photo unavailableShow in Telegram
ထိုင်ဝမ်မှာ ထိုင်းပြည်တန်ဆာတွေကို အုပ်စုလိုက်ဖမ်းမိ ဒီဇင်ဘာ - ၁၈ ( ကြာသပတေးနေ့ ) ထိုင်ဝမ် ရဲတပ်ဖွဲ့က တိုင်နန်မြို့ရှိ အလှပြင်ဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်းရာမှာ တရားမဝင် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေတယ်လို့ စွပ်စွဲခံရတဲ့ ထိုင်းအနှိပ်သမ ခြောက်ဦးကို ဖမ်းဆီးခဲ့ရပါတယ်။ စီးနင်းမှုအတွင်းမှာ ထိုင်ဝမ်သား ဖောက်သည် တစ်ဦးကိုလည်း လိင်ပိုင်းဆိုင်ရာ ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခဲ့ပါတယ်။ ရှန်ဟွာရဲစခန်းမှ တာဝန်ရှိသူများက အဆိုပါအနှိပ်ခန်းအား ပြည့်တန်ဆာလုပ်ငန်း လျှို့ဝှက်လုပ်ဆောင်နေကြောင်း သတင်းပေးချက်အရ ဒီဇင်ဘာ ၁၀ ရက်က စီးနင်းရှာဖွေခဲ့ပါတယ်။ အဆိုပါလုပ်ငန်းသည် ဝဘ်ဆိုက်များနှင့် မိုဘိုင်းအက်ပလီကေးရှင်းများစွာမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုများကို ကြော်ငြာထားကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့ပါတယ်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_932.html
Hammasini ko'rsatish...
👍 37❤ 6
Photo unavailableShow in Telegram
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာအတွက် တရုတ်က သံတမန်တွေ လွှတ်လိုက်ပြီ ဒီဇင်ဘာ - ၁၈ ( ကြာသပတေးနေ့ ) တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား လက်ရှိဖြစ်ပွားနေသည့် နယ်စပ်တိုက်ပွဲများနှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း ဆိုလိုက်ပြီး အိမ်နီးချင်း မိတ်ဆွေကောင်း ၂ နိုင်ငံဖြစ်လို့ တရုတ်နိုင်ငံအနေနဲ့ စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုများ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပါတယ်လို့ ဆိုလိုက်ပါတယ်။ အထူးသံတမန်အဖွဲ့က ဒီဇင်ဘာ ၁၈ ရက် ဒီကနေ့မှာ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး တည်ငြိမ်အေးချမ်းမှုနှင့် လျင်မြန်သော ငြိမ်းချမ်းရေးကို မြှင့်တင်ရန် ရည်ရွယ်ပြီး နှစ်ဘက်ကြား ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေချောမွေ့စေရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကမ္ဘောဒီးယားစစ်သားများထံမှ တရုတ်လုပ် တင့်ကားဖျက်ဒုံးကျည်များ အပါအဝင် စစ်လက်နက်ပစ္စည်းများကို ထိုင်းစစ်တပ်က သိမ်းဆည်းရမိခဲ့ကြောင်း နယ်စပ်တိုက်ပွဲများအတွင်း ထိုင်းစစ်တပ်က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးနှင့် ကာလရှည်ကြာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုရှိကြောင်း တရုတ်ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့ပါတယ်။ REF: The Nation #MNP #News
Hammasini ko'rsatish...
👍 39❤ 5
Photo unavailableShow in Telegram
မြန်မာသံရုံး၊ နယူးဒေလီမြို့ရှိ သံရုံးသစ်နှင့် ဝန်ထမ်းနေအိမ်အဆောက်အအုံ မြေသန့်မင်္ဂလာ နှင့် ပန္နက်တင်အခမ်းအနား ကျင်းပပြုလုပ် နယူးဒေလီ၊ ဒီဇင်ဘာ ၁၈ မြန်မာသံရုံး၊ နယူးဒေလီမြို့တွင် (၄)ထပ်သံကူကွန်ကရစ် သံရုံးအဆောက်အအုံသစ်နှင့် ဝန်ထမ်း အိမ်ရာတည်ဆောက်ရေး မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနားအား ၁၆-၁၂-၂၀၂၅ ရက်၊ အင်္ဂါနေ့၊ နံနက် (၁၀:၀၀) နာရီတွင် မြန်မာသံရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ဒေလီတက္ကသိုလ်မှ ဆရာတော်များက အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပြီး ဆုတောင်းမေတ္တာပို့သခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ဆောက်လုပ် ရေးကုမ္ပဏီ Chopra Constructions ၏ တာဝန်ရှိသူ Mr. Vikram Chopra မှလည်း ကျေးဇူး တင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာသံအမတ်ကြီး ဦးဇော်ဦး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဇော်မိုးလွင်နှင့် ဆောက်လုပ်ရေးကုမ္ပဏီ Chopra Constructions ၏ တာဝန်ရှိသူ Mr. Vikram Chopra တို့က ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ ပါသည်။ ဆက်လက်၍ (၄)ထပ်သံကူကွန်ကရစ် သံရုံးအဆောက်အအုံသစ်နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံးတို့မှ အရာထမ်း၊ ဝန်ထမ်းများနှင့် အခြား ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး နေ့ဆွမ်း/ နေ့လယ်စာတို့ဖြင့် တည်ခင်းကျွေးမွေးဧည်ခံခဲ့ပါသည်။ #MNP #News
Hammasini ko'rsatish...
👍 37🙏 6❤ 3
ဖမ်းထားတဲ့လူတွေ ပြန်လွှတ်ပေးဖို့ ဟူသီအကြမ်းဖက်တွေကို ကုလ ခေါင်းဆောင်တောင်းဆို ဒီဇင်ဘာ - ၁၈ ( ကြာသပတေးနေ့ ) ယီမင်တွင် အကြမ်းဖက်မှုများ အရှိန်လျော့ပေးဖို့ နဲ့ ဟူသီခေါင်းဆောင်များက ဖမ်းထားတဲ့ ကုလသမဂ္ဂ ဝန်ထမ်း ၅၉ ဦးကို ပြန်လွှတ်ပေးဖို့ အတွင်းရေးမှူချုုပ် အန်တိုနီယို ဂူတာရက်စ်က မနေ့က တောင်းဆိုလိုက်ပါတယ်။ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သံတမန်ရေးရာအဖွဲ့များမှ ဝန်ထမ်းများပါဝင်တဲ့ အဆိုပါဖမ်းဆီးခြင်းအား "ထင်သလိုလုပ်နေတယ်" လို့ ကင်ပွန်းတပ်လိုက်ပါတယ်။ "ယီမင်ပြည်သူများအား ကူညီရန်အတွက် ၎င်းတို့ရဲ့အသက်ကို စွန့်ထားကြတဲ့ ကျနော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ကို ဆက်လက်ဖမ်းဆီးထားခြင်းက မတရားမှုသက်သက်ဖြစ်နေတယ်" လို့ ဂူတာရက်စ်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/blog-post_650.html
Hammasini ko'rsatish...
👍 27😁 8❤ 3👏 2