Eleven Media Group
前往频道在 Telegram
2025 年数字统计

44 978
订阅者
无数据24 小时
无数据7 天
+1330 天
帖子存档
■သီပေါမြို့သို့ တပ်မတော်စစ်ကြောင်း ဝင်ရောက်နေပြီဖြစ်ပြီး မြို့မှဆုတ်ခွာနေသည့် ပလောင်အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ TNLA က ဌာနဆိုင်ရာ အဆောက်အအုံများနှင့် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး
သီပေါမြို့သို့ တပ်မတော်စစ်ကြောင်း ဝင်ရောက်နေပြီဖြစ်ပြီး မြို့မှဆုတ်ခွာနေသည့် ပလောင်အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ TNLA က ဌာနဆိုင်ရာ အဆောက်အအုံများနှင့် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
မီးရှို့ခံရသည့် ဌာနဆိုင်ရာ အဆောက်အအုံများမှာ သီပေါ အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြေစာရင်းရုံး၊ သီပေါဟိုတယ် အပါအဝင် အခြားဌာနဆိုင်ရာအဆောက်အအုံများနှင့် နေအိမ်များဖြစ်ကြောင်း သိရသည်။
ပလောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ TNLA နှင့် DPLA ၊ PDF များ ယာယီစိုးမိုးထားသည့် သီပေါမြို့အနီးဝန်းကျင်အထိ တပ်မတော်စစ်ကြောင်းများ အောက်တိုဘာ ၁၅ ရက်တွင် ရောက်ရှိနေခြင်းဖြစ်ကာ သီပေါမြို့အား အလုံးစုံထိန်းချုပ်နိုင်ရေး တပ်မတော်က ဆက်လက်ဆောင်ရွက်ခဲ့ရာ TNLA ပူးပေါင်းအဖွဲ့များသည် မြို့တွင်းမှ စတင်ဆုတ်ခွာပြီး ရုံးအဆောက်အအုံများနှင့် နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။
■ Read More >>>>https://news-eleven.com/article/306934
👍 37🤬 31❤ 8
■ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ တို့ တွေ့ဆုံဆွေးနွေး
■မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပ ပြုလုပ်နိုင်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ ဆွေးနွေး
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ ၁၆ ရက်) နံနက်ပိုင်းတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဗီယက်နမ် - မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Chu Cong Phung ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
■ Read More >>>>https://news-eleven.com/article/306933
👍 37❤ 14👏 5
■လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်နေသည့် နိုင်ငံအတွက် ငြိမ်းချမ်းရေးသည် တမဟုတ်ချင်းရရန် အခက်အခဲရှိမည်ဖြစ်ပြီး ယခုကဲ့သို့ဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေးအတွက် အစပြု ခြေလှမ်းကောင်းတစ်ခုဖြစ်ကြောင်း KNU/KNLA-PC အထွေထွေအတွင်းရေးမှူးချုပ် ပြောကြား
လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်နေသည့် နိုင်ငံအတွက် ငြိမ်းချမ်းရေးသည် တမဟုတ်ချင်းရရန် အခက်အခဲရှိမည်ဖြစ်ပြီး ယခုကဲ့သို့ဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေးအတွက် အစပြုခြေလှမ်းကောင်းတစ်ခု ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောကြားသည်။
■ Read More >>>>https://news-eleven.com/article/306932
👍 46❤ 13👏 4
■ လေးဖြူ၏ " အလင်းရောင်" သီချင်းအပါအဝင် နာမည်ကြီး အဆိုတော်များအတွက် သီချင်းများရေးသားခဲ့သူ တေးရေး သော်ဒီဝေကွယ်လွန်
လေးဖြူ၏ " အလင်းရောင်" သီချင်းအပါအဝင် နာမည်ကြီး အဆိုတော်များအတွက် သီချင်းများရေးသားခဲ့သူ တေးရေး သော်ဒီဝေ ကွယ်လွန်ခဲ့ကြောင်း သိရသည်။
တေးရေး သော်ဒီဝေမှာ အောက်တိုဘာ ၁၆ ရက် ညနေ ၄ နာရီခွဲတွင် ပြင်ဦးလွင်မြို့ရှိ အောင်သစ္စာဆေးရုံတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ဂစ်တာပညာရှင် နိုင်ဇော်က လူမှုကွန်ရက်တွင် ရေးသားထားသည်။
တေးရေး သော်ဒီဝေမှာ ဂီတလောကတွင် ဘဝကို ပြောင်းလဲစေခဲ့သည့် သီချင်းတပုဒ်ဟု အဆိုတော်လေးဖြူကိုယ်တိုင် ဝန်ခံထားသည့် အလင်းရောင် သီချင်းကို ရေးသားခဲ့သည့်အပြင် ဟယ်ရီလင်း၊ အငဲ၊ စည်သူလွင်၊ သျှီ၊ သီရိဂျေမောင်မောင် အစရှိသည့် အဆိုတော်များအတွက် သီချင်းပေါင်းများစွာကို ရေးစပ်ခဲ့သူလည်းဖြစ်သည်။
မန္တလေးပန်းချီအနုပညာကျောင်းဆင်းတစ်ဦးဖြစ်သည့် တေးရေးသော်ဒီဝေမှာ ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ်ရှိပြီဖြစ်ပြီး နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
■ Read More >>>>>> https://news-eleven.com/article/306931
😢 65❤ 11👍 5😱 3👏 1
09:58
视频不可用在 Telegram 中显示
■ အောက်တိုဘာ ၁၆ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
■ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို အောက်တိုဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ခွင့်ပြုကြောင်း UEC ထုတ်ပြန်
■ ပဲခူးမြို့တွင် လေးနှစ်အရွယ်ကလေးငယ်တစ်ဦး ရထားပေါ်မှ ကြဲချသည့် ငွေကြေးနှင့် မုန့်များကို လိုက်ကောက်ရင်း ကျောက်တုံး နှင့် ထိခိုက်မိကာ သေဆုံး
■ ကျောက်မဲမြို့နယ်တွင် ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ၊ အသက် ၁၅ နှစ်အောက် ကလေးများအား ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
■ ဒါဇင်ချီသေဆုံးခဲ့သည့် ပါကစ္စတန်-အာဖဂန်နစ္စတန်တိုက်ပွဲအသစ်များဖြစ်ပွားခဲ့ပြီးနောက် ၄၈ နာရီ အပစ်အခတ်ရပ်စဲရေးကို ပါကစ္စတန်ကြေညာ
■ ဒီယွန်းကို ၂၀၂၉ ခုနှစ်အထိ ဘာစီလိုနာအသင်း သက်တမ်းတိုးစာချုပ်ချုပ်ဆို
16 Night Packate~1.mp4132.02 MB
👍 29❤ 10🥰 1😢 1
■ နိုင်ငံ၏လက်ရှိ ပကတိအခြေအနေနှင့် လက်တွေ့ကျကျရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ထုတ်ခြင်း စကားဝိုင်းဆွေးနွေးမှုများ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဒုတိယနေ့ တွင်ပြုလုပ်
NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဒုတိယနေ့တွင် နိုင်ငံ၏လက်ရှိ ပကတိအခြေအနေနှင့် လက်တွေ့ကျကျရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ထုတ်ခြင်း စကားဝိုင်းဆွေးနွေးမှုများကိုယနေ့(အောက်တိုဘာ ၁၆ ရက်)တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပခဲ့သည်။
■ Read More >>>>>> https://news-eleven.com/article/306930
👍 23❤ 4👏 1
照片不可用在 Telegram 中显示
■ကော့သောင်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၊ ရာအိမ်မှူးတစ်ဦးနှင့် ပြည်သူ့စစ်ခေါင်းဆောင်တို့ကို PDF များက ဖမ်းဆီးခေါ်ဆောင်
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၊ ရာအိမ်မှူးတစ်ဦးနှင့် ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်တို့ကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
■ Read more >>>>https://news-eleven.com/article/306926
🤬 36👍 16😱 4❤ 1
照片不可用在 Telegram 中显示
■ဗန်းမောက်မြို့အနီးတွင် ရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်
ဗန်းမောက်မြို့အနီးတွင် ရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၂၇)မိနစ်တွင် ကသာမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၄၆ မိုင်ခန့်ကွာဝေးသောဗန်းမောက်မြို့၏ အနောက်ဘက် ၁၃ မိုင်ခန့်အကွာတွင် အနက် ၁၅၉ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု မိုးဇလက ထုတ်ပြန်သည်။
■ Read more >>>>https://news-eleven.com/article/306924
👍 28😢 8❤ 5😱 2🥰 1
■ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး လာရောက်ပြီး လူနာများအတွက် ပိုမိုသင့်တော်ကောင်းမွန်သည့် ကုထုံးများ ဆွေးနွေး
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး လာရောက်ပြီး လူနာများအတွက် ပိုမိုသင့်တော်ကောင်းမွန်သည့် ကုထုံးများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၅ ရက် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ Napalkov Cancer Centre မှ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခ Dr. Moiseyenko နှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြီး အရိုးရောဂါကုဌာန၊ အထွေထွေခွဲစိတ်ကုဌာန၊ သွေးရောဂါအထူးကုဌာနများမှ ကင်ဆာဝေဒနာရှင် (၄) ဦးကို ကြည့်ရှု့စစ်ဆေး၍ လူနာများအတွက် ပိုမိုသင့်တော်ကောင်းမွန်သည့် ကုထုံးများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခအထူးကုဆရာဝန်ကြီးနှင့် ဆွေးနွေးတိုင်ပင်ကြသည်။ ယင်းနောက် သွေးရောဂါအထူး ကုဌာနရှိ သွေးကင်ဆာခံစားနေရသော လူနာများ၏ ကျန်းမာရေး စစ်ဆေးမှုများကို ကြည့်ရှု၍ လိုအပ်သည့် ကုသနည်းများကို ပူးပေါင်းဆွေးနွေးကြသည်။
■ Read more >>>>https://news-eleven.com/article/306923
👍 45❤ 12👏 2🥰 1
■ ချောက်မြို့နယ် ကျောက်ရဲကျေးရွာ အထကကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ညီဖြစ်သူတို့ကို PDF များက ဖမ်းဆီးခေါ်ဆောင်
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ကျောက်ရဲကျေးရွာ အထကကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ညီဖြစ်သူတို့ကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
ချောက်မြို့နယ်၊ ချောင်းတက်ကျေးရွာနေ ကျောက်ရဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ ဦးအောင်ကြီးမြင့်သည် ချောင်းတက်ကျေးရွာမှ ချောက်မြို့သို့ အောက်တိုဘာ ၁၄ ရက်က ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် ပွင့်လင်းကျေးရွာအနီးအရောက် အသင့်စောင့်နေသည့် PDF များက ဆိုင်ကယ်အား တားဆီး၍ ချောင်းတက်ကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင်လာပြီး တစ်ရွာတည်းနေထိုင်းသည့် ၎င်း၏ညီဖြစ်သူ ဦးသန်းထွန်းအောင်အား ထပ်မံဖမ်းဆီး၍ ချောင်းတက်ကျေးရွာ၏ အရှေ့တောင်ဘက်သုံးမိုင်ခန့်အကွာ မကျီးကန်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံထားရသူနှစ်ဦးကို ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Read More >>>>>> https://news-eleven.com/article/306922
🤬 27😢 10❤ 6👍 5😱 2
■ ရာအိမ်မှူးအဟောင်းက ရာအိမ်မှူးအသစ်ဖြစ်သူအား မကျေနပ်သဖြင့် ဓားဖြင့် ထိုးခုတ်သတ်ဖြတ်မှု မန္တလေးတိုင်း ကျောက်ဆည်မြို့၌ ဖြစ်ပွား
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၃ ရက် ည ၇ နာရီခွဲခန့်တွင် တံတားဦးကုန်းကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးမောင်သန်း(၆၉)နှစ်သည် ရွာလယ်လမ်းအတိုင်း တစ်ဦးတည်းလမ်းလျှောက် ထွက်လာစဉ် အမည်မသိအမျိုးသား တစ်ဦးက ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ထွက်ပြေးကြောင်း သိရသည်။
ထိုသို့သတ်ဖြတ်သွားသဖြင့် ဦးမောင်သန်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကျောက်ဆည်မြို့မရဲစခန်း (ပ)၇၉၀/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အမှုမှ သိမ်းဆည်းရမိ သက်သေခံပစ္စည်းများ၏ ပိုင်ရှင်အား စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဘကို(၅၁)နှစ် ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီတွင် ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းမှာ ယခင်က ရာအိမ်မှူးအဟောင်းဖြစ်ပြီး ရာအိမ်မှူးအသစ်ဖြစ်သူ ဦးမောင်သန်းအား မကျေနပ်သဖြင့် ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ ဘကိုအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Read More >>>>>> https://news-eleven.com/article/306921
😱 31👍 9😢 9❤ 7
■ NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဒုတိယနေ့အစီအစဉ်များ ဆက်လက်ကျင်းပ
NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဒုတိယနေ့ အစီအစဉ်များအား ယနေ့(အောက်တိုဘာ ၁၆ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ဆက်လက်ကျင်းပလျက်ရှိသည်။
ဒုတိယနေ့ အစီအစဉ်၏ နံနက်ပိုင်းတွင် Session 2 ပဋိပက္ခဖျန်ဖြေရေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲများ၌ လူထုပါဝင်ရေး စည်းရုံးရာတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ခြင်းကို အစီအစဉ်ကို ကျင်းပသည်။
အဆိုပါအစီအစဉ်တွင် ရွေးကောက်ပွဲ၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲအလွန် ရှေ့လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အရပ်သားများ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ အခန်းကဏ္ဍ၊ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များနှင့် ယုံကြည်မှုတည်ဆောက်ခြင်း၊ တတိယအုပ်စုမှ ကြားဝင်စေ့စပ်ပေးခြင်းနှင့် အကျိုးဆောင်ခြင်း စသည်များ ပါဝင်သည်။
ယင်းအစီအစဉ်တွင် Moderator ဦးအောင်နိုင်ဦး အမှာစကားပြောကြားခဲ့ပြီး Speaker များအဖြစ် မလေးရှားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးဟောင်း H.E.Mr. Damrong Kraikruan၊ မလေးရှားနိုင်ငံ Bait Al Amanah သုတေသန အင်စတီကျုမှ အကြီးတန်းသုတေသီ Mr. Karisma Putera Abd Rahman နှင့် အိန္ဒိယနိုင်ငံ Indian Council of World Affairs (ICWA) Dr. Samatha Mallempati တို့ ဆောင်ရွက်ကြသည်။
အစဉ်အစဉ်တွင် တက်ရောက်လာသူများက ဆွေးနွေးမေးမြန်းခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။
Read More >>>>>> https://news-eleven.com/article/306920
👍 29❤ 9🥰 1👏 1
■ တောင်တွင်းကြီးမြို့နယ်တွင် အရပ်သားတစ်ဦးကို PDF များက ဒလန်စွပ်စွဲချက်ဖြင့် သေနတ်ဖြင့်ပစ်သတ်
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် အရပ်သားတစ်ဦးကို PDF များက ဒလန်စွပ်စွဲချက်ဖြင့် သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။
တောင်တွင်းကြီးမြို့နယ် ဆင်ကျကျေးရွာ၌နေထိုင်သည့် ဦးတင်စိုးသည် အောက်တိုဘာ ၁၃ ရက် လိပ်တိုက်ကျေးရွာမှ ၎င်းနေထိုင်သည့် ဆင်ကျကျေးရွာသို့ နွားလှည်းဖြင့် ပြန်လည်ထွက်ခွာလာစဉ် လိပ်တိုက်ကျေးရွာအပြင်ဘက်အရောက်တွင် အသင့်စောင့်နေသည့် PDF သုံးဦးက ဒလန်ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးတင်စိုးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ ဦးတင်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Read More >>>>>> https://news-eleven.com/article/306919
🤬 25👍 11❤ 5😱 1
■ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အလျှော့အတင်းနှင့် အမှန်တကယ်ငြိမ်းချမ်းလိုသည့် ဆန္ဒနှင့် သွားမှဖြစ်နိုင်မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
■ ငြိမ်းချမ်းရေးစတင်ဆွေးနွေးချိန်တွင် မိမိလိုအင်ဆန္ဒ ၁၀၀ ရာခိုင်နှုန်းမရနိုင်ဘဲ ၁၀၀ ရာခိုင်နှုန်းရလိုပါက အပြတ်ရှင်း အပြုတ်ရှင်းနည်းသာရှိပြီး အခွင့်အရေးလိုချင်သူများအနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည်ကို တောင်းရန်လိုသလို အခွင့်အရေးကိုပေးမည့်သူများက ဥပဒေစာအုပ်ကိုကိုင်ပြီး ပုလိပ်စစ်စစ်နေ၍ မဖြစ်နိုင်ဟုဆို
ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အလျှော့အတင်းနှင့် တကယ့်ကို ငြိမ်းချမ်းလိုသည့် ဆန္ဒနှင့်သွားမှဖြစ်နိုင်မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အောက်တိုဘာ ၁၅ ရက်က ကျင်းပသည့် NCA (၁၀)နှစ်ပြည့် အခမ်းအနားနှင့်ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းချက်များ ပြန်လည်ဖြေကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆောင်ရွက်တဲ့နေရာမှာပေါ့နော်၊ ဒီအခွင့်အရေးကိုလိုချင်တဲ့သူတွေကလည်း ရသင့်ရထိုက်တာ၊ ဖြစ်သင့်ဖြစ်ထိုက် တာကို တောင်းဖို့လိုသလို၊ အခွင့်အရေးကိုပေးမယ့်သူတွေကလည်း ဥပဒေစာအုပ်ကိုကိုင်ပြီး ပုလိပ်စစ်စစ်နေလို့တော့မဖြစ်နိုင်ဘူး။ ဥပဒေစာအုပ်ကို လှန်ကြည့်ပြီး ဒါနဲ့မညီဘူး၊ ဟိုဟာနဲ့ မညီဘူးဆိုပြီး ပုလိပ်စစ်စစ်နေလို့ကတော့ မဖြစ်နိုင်ဘူး။ ဒါတွေသည် အလျှော့အတင်းနဲ့၊ တကယ့်ကို ငြိမ်းချမ်းလိုတဲ့ ဆန္ဒနဲ့သွားမှဖြစ်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ကြသည့်နေရာတွင် အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှုများ အမျိုးမျိုးရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်တို့မှတ်ထားရမှာက နိုင်ငံရေးမှာ အဆိုအမိန့်တစ်ရပ်ရှိတယ်။ နိုင်ငံရေးဆိုတာ ကွက်လပ်ကို မုန်းတယ်။ နိုင်ငံရေးဆိုတာလေဟာနယ်ကို မုန်းတယ်တဲ့။ နိုင်ငံရေးမှာ ကွက်လပ်မထားရဘူး။ နိုင်ငံရေးမှာ ဆန္ဒတစ်စုံတစ်ရာကို ဖြည့်ဆည်းမပေးနိုင်လို့ရှိရင် အဲ့ဒီဆန္ဒတစ်စုံတစ်ရာ ကွက်လပ်ကို အကြောက်တရားက ဖြည့်ပေးတယ်။ အခုကျွန်တော်တို့နိုင်ငံမှာ ဘာဖြစ်နေလဲ။ ဒီလိုပဲ ငြိမ်းချမ်းရေးမှာလည်း ကွက်လပ်တစ်စုံတစ်ရာ မရှိသင့်ဘူး” ဟု ပြောကြားသည်။
နိုင်ငံရေးတွင်လည်း ကွက်လပ်မရှိရန် ကြိုစားဆောင်ရွက်မည်ဖြစ်သလို ငြိမ်းချမ်းရေးတွင်လည်း ကွက်လပ်မရှိရန် မိမိတို့ ကြိုးစားဆောင်ရွက်သင့်သည်ဟု မြင်ပါကြောင်း၊ နိုင်ငံရေး၌ ကွက်လပ်မရှိရန်အတွက် ဒီမိုကရေစီစနစ်ကို ပြန်လည် အကောင်အထည်ဖော်နိုင်ရန် ရွေးကောက်ပွဲဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
Read More >>>>>> https://news-eleven.com/article/306918
👍 28❤ 8🥰 1👏 1
■တောင်ကိုရီးယားက ကမ္ဘောဒီးယား၏နေရာအချို့ကို ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်
ကမ္ဘောဒီးယားတွင် တောင်ကိုရီးယားကောလိပ်ကျောင်းသားတစ်ဦး ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရမှုဖြစ်စဉ်သည် တောင်ကိုရီးယားတစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေခဲ့ခြင်းနှင့်အတူ တောင်ကိုရီးယားအစိုးရက အောက်တိုဘာ ၁၅ ရက်တွင် ကမ္ဘောဒီးယား၏ နေရာအချို့ကို ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်ခဲ့သည်။
တောင်ကိုရီးယားသည် ၎င်း၏နိုင်ငံသား ဒါဇင်ပေါင်းများစွာ ပြန်ပေးဆွဲခံရမှုတွင် ပါဝင်သည့် အလုပ်အကိုင်အတုများနှင့် ကျားဖျန့်များအကြောင်း ဆွေးနွေးရန်အတွက် ကမ္ဘောဒီးယားသို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ချိန်တွင် ယခုကဲ့သို့ ခရီးသွားလာခွင့်တားမြစ်ပိတ်ပင်မှုပေါ်ပေါက်ခဲ့သည်။
"ကမ်ပေါ့ပြည်နယ်က ဘိုကောတောင်တန်းဒေသ၊ ဘာဗတ်မြို့နဲ့ ပွိုင်ပတ်မြို့တွေကို ခရီးသွားလာရေးတားမြစ်ဇုန်အဖြစ် သတ်မှတ်လိုက်ပါတယ်"ဟု တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
■ Ref:AFP
■ Photos:AFP
■ Read more >>>>https://news-eleven.com/article/306914
👍 36😱 10❤ 7👏 1
