Myanmar National Post
Ir al canal en Telegram
သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com
Mostrar más2025 año en números

30 974
Suscriptores
-824 horas
-937 días
-34030 días
Archivo de publicaciones
ဆန္ဒမဲပေးရာတွင် ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာစောင့်ထိန်းနိုင်သူ၊ ဒေသနှင့်နိုင်ငံအကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဥပဒေပြုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သူ၊ တပ်မတော်နှင့်လက်တွဲ၍ နိုင်ငံ့အကျိုးကို အမှန်တကယ်သယ်ပိုးဆောင်ရွက်နိုင်သူများကို ရွေးချယ်
နေပြည်တော်၊ ဒီဇင်ဘာ ၂၁
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား မြဧရာတပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_811.html
👍 34❤ 13🥰 1
Repost from TgId: 2376519482
ပြည်ပြေး CRPN, NUG ခွေးတွေရဲ့ ဝါဒဖြန့် စာမျက်နှာတွေက လုပ်ကြံသတင်းတွေ ဖန်တီးရေးသားဖြန့်ဝေနေ -
👍 27🤬 9❤ 6🐳 1
KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၄၈၅ လုံး စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ဒီဇင်ဘာ ၂၁
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေ အတွင်းရှိ တရားမဝင် ၄ ထပ်အဆောက်အအုံ ၃ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၄၈၅ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီး ပြီးဖြစ်ကြောင်း သိရှိရသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/kk-park_21.html
👍 31❤ 12
14:08
Video unavailableShow in Telegram
၂၁-၁၂-၂၀၂၅
ရွေးကောက်ပွဲကို နှောက်နေတဲ့ အကြမ်းဖက်လှုပ်ရှားမှု၊
CRPH, NUG ခေါင်းဆောင်ဆိုသူတွေက လူတွေမှ ဟုတ်ရဲ့လား၊
#News #MNP
222.MP4321.99 MB
👍 49❤ 7
Photo unavailableShow in Telegram
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ နဝမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားတက်ရောက်
ပုသိမ် ၊ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပုသိမ်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၏ နဝမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဖတ်ရူရန် >>>>>>>
https://www.mmnationalpost.com/2025/12/blog-post_145.html
👍 34❤ 6
Photo unavailableShow in Telegram
ဘားအံမြို့၌ အခြေခံကင်းထေက်လူငယ်သင်းတန်းဖွင့်
ဘားအံ ၊ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်လူငယ်ရေးရာကော်မတီတို့မှ ကြီးမှူးကျင်းပသော အခြေခံကင်းထောက်သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။
ဖတ်ရူရန် >>>>>
https://www.mmnationalpost.com/2025/12/blog-post_143.html
👍 30❤ 4
နတ်တလင်းမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိစေရန် ဆောင်ရွက်
နတ်တလင်း၊ ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိစေရန် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ပေးခြင်းကို နတ်တလင်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကြိုင်နှင့်ဝန်ထမ်းမျာမှ ထိန်သေးကျေးရွာအုပ်စု၊ ထိန်သေးကျေးရွာမှ နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံးနေသည့် ပြည်သူ (၅၃)ဦး အား နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး
#MNP #News
👍 33❤ 5
(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူးကျင်းပသော (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်၊ ပဓာနနာယကဆရာတော်(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာပြန်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_993.html
🙏 27👍 13❤ 2
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော် မြစ်သားမြို့နယ်၌ မဲရုံများပြင်ဆင်ထားမှု ကိုကြည့်ရှုအားပေး
မြစ်သား၊ ဒီဇင်ဘာ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော်သည် ယနေ့ နံနက် ၁၁ နာရီအချိန်က မြစ်သားမြို့သို့ရောက်ရှိပြီး မဲရုံများပြင်ဆင်ထားမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်မွန်ဖိုးနှင့်ဝန်ထမ်းများ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံ၍ မြို့နယ်အတွင်းဆောင်ရွက်မည့် ရွေးကောက်ပွဲဆိုင်ရာများနှင့်ပတ်သက်၍ မဲဆန္ဒရှင်စာရင်းများထဲတွင် သေဆုံးသူများပါဝင်နေခြင်းရှိ/မရှိ၊ အသက် ၁၀၀နှင့် အထက်ရှိနေသူများအားမြေပြင်တွင် အမှန်တကယ်နေထိုင်မှုရှိ/မရှိတို့ကို ရပ်ကျေးကော်မရှင်အဖွဲ့ဝင်များဖြင့်စစ်ဆေးပေးရန်နှင့် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရန်၊
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_883.html
👍 22❤ 4
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတောင်ကြီးမြို့တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံညှိနှိုင်းပွဲကျင်းပ
တောင်ကြီး၊ ဒီဇင်ဘာ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံဦးခင်မောင်ဦးသည် ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီ တွင် တောင်ကြီးမြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်း၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ တောင်ကြီးခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ MEVM မဲပေးစက်ကြီးကြပ်ရေးနှင့် နည်းပညာအထောက်အကူပြုအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၇၅ အုပ်စုမှကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကိုတွေ့ဆုံ၍ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့်တောင်ကြီးမြို့တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_748.html
👍 21❤ 7
Photo unavailableShow in Telegram
အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများ တားဆီးကာကွယ်ရေးတွင် AI ၏ အခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၂၁
အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများအား တားဆီးကာကွယ်ရေးတွင် AI ၏ အခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ Learning & Training Center ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများတွင် နည်းပညာပိုင်းအသုံးပြု၍ ငွေကြေးလိမ်လည်မှုဆိုင်ရာ ကိစ္စရပ်များတွင် သက်ဆိုင်ရာဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို တိုက်ဖျက်ရေးကြီးကြပ်ရေးဗဟိုကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာများကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများသည် နိုင်ငံအသီးသီး၏ ဘဏ်နှင့် ငွေရေးကြေးရေးကဏ္ဍအား ခြိမ်းခြောက်လျက်ရှိပါကြောင်း။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/ai_21.html
👍 23❤ 3
Photo unavailableShow in Telegram
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ဆွာချောင်းတံတား ရေတိုက်စားကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ဆင်သေချောင်း ရေကြီးရေလျှံမှု လျော့ပါးရေးလုပ်ငန်း၊ ဥယျာဉ်တံတား အဝင်ရေလမ်းပိုင်းနှင့် သိုက်ချောင်းတံတား ရေလမ်းပိုင်းသောင်တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဒီဇင်ဘာ ၂၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး (အမြန်လမ်း) ဆွာချောင်းတံတားရေတိုက်စားကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ နေပြည်တော်ကောင်စီနယ်မြေ ဆင်သေချောင်းရေကြီးရေလျှံမှုလျော့ပါးရေးလုပ်ငန်း၊ ဥယျာဉ်တံတားအဝင်ရေလမ်းပိုင်းနှင့် သိုက်ချောင်းတံတားရေလမ်းပိုင်း သောင်တူးဖော်ခြင်း၊ အထောက်အကူပြုရေလွှဲရေကာများ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဆွာချောင်းတံတား စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် Steel Basket ရေကာများနှင့် တံတားရေလယ်တိုင်များ အနေအထားအရ ရေလမ်းကြောင်းကောင်းမွန်စေရန်နှင့် ရေရှည်တွင် ချောင်းစီးဆင်းမှုမှန်ကန်စေရေး တိုင်းတာစစ်ဆေးမှုများ ပူးပေါင်းဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_856.html
👍 36❤ 10
ဗီယင်နာမြို့အခြေစိုက် မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက အာဆီယံ-ဗီယင်နာ ကော်မတီ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ပြီးစီး
ဗီယင်နာ၊ ဒီဇင်ဘာ ၂၁
အာဆီယံ-ဗီယင်နာကော်မတီ (ASEAN Vienna Committee - AVC) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်(၂၀၂၅ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ)ယူထားသော မြန်မာသံရုံးနှင့်အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ ဗီယင်နာမြို့အနေဖြင့် (၆၄) ကြိမ်မြောက် AVC အစည်းအဝေးကို ၁၉-၁၂-၂၀၂၅ ရက်တွင် မြန်မာသံအမတ်ကြီး၏ နေအိမ်၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် AVC ဥက္ကဋ္ဌသံအမတ်ကြီးဦးမင်းသိမ်းက ပြီးခဲ့သည့် ၆ လတာ ကာလအတွင်း အိမ်ရှင်နိုင်ငံနှင့် ဗီယင်နာမြို့အခြေစိုက်နိုင်ငံတကာအဖွဲ့အစည်းများအကြား အာဆီယံ၏ ပုံရိပ်မြှင့်တင်နိုင်ရေးအတွက် အဓိကလှုပ်ရှား ဆောင်ရွက်မှုများအဖြစ် (၅၈) ကြိမ်မြောက် အာဆီယံနေ့ အခမ်းအနားနှင့် အာဆီယံမိသားစုနေ့ ပျော်ပွဲရွှင်ပွဲ (ASEAN Family Day) တို့ကို ဗီယင်နာ အပြည်ပြည်ဆိုင်ရာ စင်တာနှင့် ဒိုနောင်းပန်းခြံတို့၌ ၂၀-၈-၂၀၂၅ ရက်နှင့် ၁၉-၁၀-၂၀၂၅ ရက်တို့တွင် အသီးသီး ကျင်းပခဲ့ကြောင်း၊ ထို့ပြင် ဩစတြီးယားနိုင်ငံ ဖက်ဒရယ်ဥရောပနှင့် နိုင်ငံတကာရေးရာ ဝန်ကြီးဌာန၌ ၃၀-၉-၂၀၂၅ရက်တွင် အာဆီယံဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးဖလှယ်ပွဲကို ကျင်းပခဲ့ရာ၌ အာဆီယံသံရုံး အကြီးအကဲများနှင့် ဖက်ဒရယ်ဝန်ကြီးဌာနနှင့် ဝန်ကြီးချုပ်ရုံးတို့မှ အဆင့်မြင့်အရာရှိကြီး များ အနေဖြင့် အာဆီယံနှင့် ဩစတြီးယားနိုင်ငံ၊ ဥရောပသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာသံအမတ်ကြီးက AVC အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်သံအမတ်ကြီးထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။
အစည်းအဝေးအပြီးတွင် မြန်မာသံအမတ်ကြီးက ဗီယင်နာမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီး/အမြဲတမ်းကိုယ်စားလှယ်များ၊ သံရုံးယာယီတာဝန်ခံများနှင့် လုပ်ငန်းအဖွဲ့ဝင် အရာရှိများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
#News #MNP
👍 35❤ 14
Photo unavailableShow in Telegram
ရုရှား နိုင်ငံခြားရေးဝန်ကြီးက အာဖရိကနိုင်ငံ ၈ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတွေ နဲ့ တွေ့ဆုံခဲ့
ဒီဇင်ဘာ - ၂၁ ( တနင်္ဂနွေနေ့ )
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့် သည် သောကြာနေ့က ကိုင်ရိုမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ဝန်ကြီးအဆင့် ဆွေးနွေးပွဲရဲ့ ဘေးဘက် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။
အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဘတ်ရာအက်ဘ်ဒယ်လက်တီ နှင့် တွေ့ဆုံဆွေးနွေးရာတွင် လာရော့ဗ် က စေ့စပ်ညှိနှိုင်းမှု ရလဒ် အတွက် အလွန်ကျေနပ်အားရမိကြောင်း နဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးမှုကို ဆက်လက် ထိန်းသိမ်းရန် မော်စကိုရဲ့ စိတ်ဝင်စားမှုကို အတည်ပြုခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသအခြေအနေ၊ ပါလက်စတိုင်း-အစ္စရေးအခြေချနေထိုင်မှု နဲ့ ဆူဒန်ပြည်တွင်းစစ် နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ရုရှားဝန်ကြီးက အီဂျစ်နိုင်ငံ နဲ့ တိုက်ရိုက်လေကြောင်း ချိတ်ဆက်မှု တိုးချဲ့ရန် အစီအစဉ်ကိုလည်း ကြေညာခဲ့ပြီး “ခရီးသွားများ တိုးပွားလာစေရန်” ခွင့်ပြုပေးခဲ့ပါတယ်။
တန်ဇန်းနီးယား နိုင်ငံခြားရေးဝန်ကြီး မာမွတ် သာဘစ်ကွမ်ဘို နဲ့ တွေ့ဆုံရာတွင် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နှစ်ဖက်စလုံးက အာရုံစိုက်ခဲ့ကြပါတယ်။ ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာပလက်ဖောင်းများတွင် နက်ရှိုင်းစွာ ညှိနှိုင်းဆောင်ရွက်သွားရန် နှစ်ဖက်စလုံးက အတည်ပြုခဲ့ပြီး တန်ဇန်းနီးယားက ရုရှားနှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် မျှော်လင့်ကြောင်း ကွမ်ဘို ပြောပါတယ်။
နမီးဘီးယား၊ ဘူရွန်ဒီ၊ ဘော့ဆွာနာ၊ ကွန်ဂို၊ အီကွေတိုရီရယ်ဂီနီနှင့် ဂမ်ဘီယာနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရာတွင် လာရော့ဗ် က ရုရှားနဲ့ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ချဲ့ထွင်ရန်၊ နိုင်ငံရေး ဆွေးနွေးမှုများကို နက်ရှိုင်းစေကာ ကုန်သွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့အတွက် ရုရှားရဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။
နမီးဘီးယားနိုင်ငံခြားရေးဝန်ကြီးက ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကို သမိုင်းဝင်အဖြစ် ဖော်ပြခဲ့ပြီး ဘူရွန်ဒီနိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံဆက်ဆံရေးသည် “အပြန်အလှန်လေးစားမှုအပေါ် အခြေခံ၍ နေ့စဉ် အားကောင်းလာနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မကြာမီကာလအတွင်း ဂမ်ဘီယာနိုင်ငံ ဘန်ဇူးတွင် ရုရှားသံရုံး ဖွင့်လှစ်ရန် မျှော်လင့်ထားကြောင်း နဲ့ တောင်ဆူဒန်၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ ဇင်ဘာဘွေ၊ လီဆိုသို၊ တိုဂို၊ ရဝမ်ဒါ၊ မော်ရီတေးနီးယား၊ မော်ရိုကို၊ မာလာဝီနှင့် ဆေးရှဲလ်နိုင်ငံတို့မှ နိုင်ငံခြားရေး ၀န်ကြီးများ နဲ့လည်း ထပ်တွေ့လို့ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
REF: RT
#News #MNP #International
👍 46❤ 11
မြင်းခြံမြို့နယ် ဆုံရွာဝန်းကျင် အကြမ်းဖက် ရှင်းလင်းရာ ၈လောင်းနှင့် လက်နက်ခဲယမ်းများ ရရှိ
ယနေ့ ၂၁-၁၂-၂၀၂၅ ရက်နေ့ မြင်းခြံ၊ ဆုံရွာအနီးဝန်းကျင် အကြမ်းဖက် NUGလက်အောက်ခံ PDFအကြမ်းဖက်သမားများအား ရှင်းလင်းရာ ၈ လောင်းနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့သည်။
အကြမ်းဖက် ရှင်းလင်းစဉ် ပသစ ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း သိရသည်။
#News #MNP
👍 57❤ 16👏 5😢 3
ဗိုလ်ချုပ်မှူးကြီး က လမ်းဘေးဈေးသည်များအား ရင်းနှီးချစ်ခင်စွာ တွေ့ဆုံအားပေး
(ပဲခူး)
❤ 62👍 39🥰 1
စဉ့်ကူးမြို့နေ ပြည်သူများအား တပ်မတော်က ကျန်းမာရေးစောငိ့ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေ
စဉ့်ကူး၊ ဒီဇင်ဘာ ၂၁
တပ်မတော် က စဉ့်ကူးမြို့နယ်ကို ထိန်းချုပ်ပြီးနောက် ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
#News #MNP
👍 41❤ 21
Photo unavailableShow in Telegram
အမေရိကန်က ဗင်နီဇွဲလား ရေနံတင်သင်္ဘော နောက်တစ်စင်းကို ဖမ်းလိုက်ပြန်ပြီ
ဒီဇင်ဘာ - ၂၁ ( တနင်္ဂနွေနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံကို တစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့ထားကြောင်း ကြေညာပြီးနောက် ဗင်နီဇွဲလားကမ်းလွန်တွင် နောက်ထပ် ရေနံတင်သင်္ဘောတစ်စီးကို ထပ်မံ ဖမ်းဆီး လိုက်ပါတယ်။
အမေရိကန်ပြည်ထဲရေးဝန်ကြီး ကရစ်တီနိုအမ် က အမေရိကန် စစ်ဌာနချုပ်ရဲ့ အမိန့်နဲ့ အမေရိကန် ကမ်းခြေစောင့်တပ်သည် ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဗင်နီဇွဲလာမှာ ကမ်းကပ်ပြီးထွက်ခွာလာခဲ့တဲ့ ရေနံတင်သင်္ဘောတစ်စီးကို စနေနေ့က စီးနင်းမှုပြုလုပ်ပြီး ဖမ်းဆီးခဲ့ကြောင်းကို အတည်ပြုခဲ့ပါတယ်။
နိုအမ်က ဒေသတွင်းရှိ “မူးယစ်ဆေးဝါး-အကြမ်းဖက်မှု” ကို ငွေကြေးထောက်ပံ့ရန် အသုံးပြုနေတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အတွက် အကြိုစစ်ဆင်ရေးတွေကို ဆင်နွဲနေတာပါလို့ စွပ်စွဲပြီး သူမရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ စစ်ဆင်ရေးဗီဒီယိုဖိုင်ကို တင်ခဲ့ပါတယ်။
ဗင်နီဇွဲလားရေပိုင်နက်အနီးတွင် အမေရိကန်စစ်တပ်များ တိုးချဲ့တည်ဆောက်မှု ထွက်ပေါ်လာပြီးနောက် ပိတ်ဆို့အရေးယူထားတဲ့ ရေနံတင်သင်္ဘောများ နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်း သို့မဟုတ် ထွက်ခွာခြင်း အားလုံးနီးပါးကို အမေရိကန်ရေတပ်က ပိတ်ဆို့ထားပါတယ်။ ဒီတစ်ခါဖမ်းတဲ့ ရေနံတင်သင်္ဘောကတော့ ပထမအခါဖမ်းတဲ့ သင်္ဘောလို ပိတ်ဆို့အရေးယူထားတဲ့ သင်္ဘောမဟုတ်ဘဲ အာရှဘက်ကို ပို့တဲ့ သင်္ဘော ဖြစ်နေပါတယ်။ အဆိုပါဖမ်းဆီးမှုက နိုင်ငံတကာရေပိုင်နက်အတွင်းမှာ လုပ်တာဖြစ်ပြီး ဒုတိယမြောက် ဖမ်းဆီးခြင်းဖြစ်တာမို့လို့ ဗင်နီဇွဲလားရဲ့ ရေနံစိမ်းတင်ပို့မှုတွေကို လျှော့ချနေတာပဲ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတယ်လို့ စွပ်စွဲခံထားရတဲ့ ဗင်နီဇွဲလားအနီးရှိ သင်္ဘောတွေကို အမေရိကန်ရေတပ်က တိုက်ခိုက်နှစ်မြုပ်ပစ်နေလို့ အခုဆိုရင် သံသယရှိဂိုဏ်းဝင် ၁၀၀ ကျော် သေဆုံးခဲ့ပါပြီ။ အမေရိကန် အာဏာပိုင်တွေက စက်တင်ဘာကတည်းက ရေတပ်ဖြန့်ကျက်မှုများ၊ သင်္ဘောဖမ်းဆီးမှုများနှင့် တိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။
ကာရာကတ် အစိုးရကတော့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားပြီး ဖမ်းဆီးမှုများနှင့် ပိတ်ဆို့ခြင်းများကို တရားမဝင်ဘူးဆိုပြီး ရှုတ်ချထားပါတယ်။ နောက်ပြီး ဗင်နီဇွဲလားရဲ့ အချုပ်အခြာအာဏာကို ကာကွယ်သွားမယ်လို့ သတိပေးထားပါတယ်။ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုက အမေရိကန်က ဗင်နီဇွဲလားရေပိုက်နက်ထဲက ရေနံသိုက်တွေကို ထိန်းချုပ်ဖို့အတွက် အခုလိုမျိုးလုပ်နေတာလို့ စွပ်စွဲထားပါတယ်။
REF: RT
#News #MNP #International
👍 27😱 19❤ 2😁 1
01:08
Video unavailableShow in Telegram
ပြည်သူတွေအတွက် ကျောခင်းပေးမယ့် ကိုယ်စားလှယ်လောင်းတွေ
#News #MNP #2025Election
038.MP425.37 MB
👍 28❤ 4
လဲချားမြို့နယ်၏ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးပူးပေါင်းဆောင်ရွက်
လဲချား၊ ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် (ဒုတိယ) အကြိမ် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ (တတိယ) အကြိမ် မဲဆန္ဒရှင်စာရင်းထပ်မံကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းများ မှန်ကန်စေရေးအတွက် စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင်လဲချားမြို့နယ်အတွင်းရှိ နိင်ငံရေးပါတီ (၃) ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီနှင့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီများမှကိုယ်စားလှယ် (၄) ဦးဆီအား ဖိတ်ကြားပြီး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ စုပေါင်းပြီး တတိယအကြိမ် မဲဆန္ဒရှင်စာရင်းမကပ်မီ မဲစာရင်းမှန်ကန်စေရးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
#MNP #News #2025Election
👍 28❤ 5
