fa
Feedback
Myanmar National Post

Myanmar National Post

رفتن به کانال در Telegram

သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com

نمایش بیشتر
2025 سال در اعدادsnowflakes fon
card fon
30 977
مشترکین
-1024 ساعت
-1067 روز
-32830 روز
آرشیو پست ها
Photo unavailableShow in Telegram
နယူးယောက်ခ်တိုင်းမ် သတင်းစာက နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ထရမ့်ပြော ဒီဇင်ဘာ - ၂၄ ( ဗုဒ္ဓဟူးနေ့ ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယူးယောက်တိုင်းမ် သတင်းစာအား နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်မှု ပြုနေတယ်လို့ ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။ မနေ့က ရေးတင်ခဲ့တဲ့ ထရမ့်ပိုင် ထရုသ်ဆိုရှယ်မီဒီယာက က ပို့စ်တစ်ခုမှာ Trump သည် "လိမ်လည်မှုနှင့် ရည်ရွယ်ချက်ရှိရှိ မှားယွင်းသောတင်ပြမှုများ" ကိုဖြန့်နေတယ် လို့ စွပ်စွဲပြီး နယူးယောက်ခ်တိုင်းမ် က "ကျနော်တို့ရဲ့ နိုင်ငံတော်အမျိုးသားလုံခြုံရေးကို ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်နေတယ်" လို့ ရေးတင်ခဲ့ပါတယ်။ "သူတို့ရဲ့ အစွန်းရောက် လက်ဝဲ၊ ဟန်ချက်မညီတဲ့ အပြုအမူ၊ အတုအယောင် ဆောင်းပါးတွေနဲ့ ထင်မြင်ချက်တွေကို အဆုံးမသတ်ဘဲ ကိုင်တွယ်ဖြေရှင်းရမှာပဲ" လို့ ထရမ့်က မည်သည့်အကြောင်းအရာကို ရှုတ်ချခဲ့သည်ကို မဖော်ပြဘဲ ရေးသားခဲ့ပါတယ်။ သမ္မတသည် ၎င်း၏ခေါင်းဆောင်မှုကို ပျက်ပြားစေရန် နိုင်ငံရေးအတိုက်အခံများနှင့် ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲထားပြီး သတင်းအဖွဲ့အစည်းများကိုလည်း ရှုတ်ချတယ် လို့ ဆိုပါတယ်။ ထရမ့်နဲ့ အဖော်အချို့ရဲ့ လူမှုရေး ဆိုင်ရာ အရှုတ်တော်ပုံနဲ့ ပတ်သက်တဲ့ ဂျက်ဖရေ အပ်စတိန်း ဖိုင်နဲ့ပတ်သက်ပြီး နယူးယောက်ခ်တိုင်းမ်က အသေးစိတ်ရေးသားဖော်ပြနေတာကို ရည်ညွှန်ပြီး ပြောနေတာလို့ ကျွမ်းကျင်သူတွေက ထရမ့်ရဲ့ ပို့စ့်ကို ခန့်မှန်းထားကြပါတယ်။ REF: RT #News #MNP #International
نمایش همه...
👍 35 6🤔 1
Photo unavailableShow in Telegram
ဗုံးခွဲတိုက်ခိုက်မှုကြောင့် မော်စကို ယာဉ်ထိန်းရဲ ၂ ဦး သေဆုံး ဒီဇင်ဘာ - ၂၄ ( ဗုဒ္ဓဟူးနေ့ ) ယခုသီတင်းပတ်အစောပိုင်းက ဗိုလ်ချုပ်ကြီးတစ်ဦး လုပ်ကြံခံရသည့်နေရာနှင့် မနီးမဝေးတွင် ဗုံးခွဲတိုက်ခိုက်မှု ကြောင့် ရုရှားယာဉ်ထိန်းရဲအရာရှိ နှစ်ဦးနှင့် အခြားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသခံ အာဏါပိုင်တွေက ဆိုပါတယ်။ ရုရှားမြို့တော် မော်စကို တောင်ပိုင်းမှာ ညဖက်အတွင်း ဖြစ်ပွားခဲ့တာပါ။ စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ အဆိုအရ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် ရဲကားအနီးတွင် မသင်္ကာဖွယ်လူတစ်ဦးကို သတိပြုမိပြီး စုံစမ်းစစ်ဆေးရန် ချဉ်းကပ်ခဲ့ပြီးနောက် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး သုံးဦးစလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါအမှုအား ရဲအရာရှိများအား သတ်ဖြတ်ရန် ကြိုးပမ်းမှုအဖြစ် စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ လက်ရှိရဲ ၂ ယောက်ဗုံးခွဲတိုက်ခိုက်ခံလိုက်ရတဲ့ရပ်ကွက်မှာပဲ တနင်္လာနေ့က ဒုတိယဗိုလ်ချုပ်ကြီး ဖာနေး ဆာဗာရော့ဗ် ရဲ့ ကားအောက်တွင် ကပ်ထားတဲ့ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ နောက်ဆုံး ဖြစ်ရပ်နှင့် ပတ်သက်ဆက်နွှယ်မှု မရှိဟု စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားသော်လည်း ယူကရိန်း အထူးတပ်ဖွဲ့များသည် တိုက်ခိုက်မှု နောက်ကွယ်တွင် ရှိနေနိုင်တယ်လို့ ဆိုထားပါတယ်။ ယူကရိန်း ပဋိပက္ခသည် မှောင်ခိုဈေးကွက် အတွက် ဖောက်ခွဲရေးပစ္စည်းများ အပါအဝင် အန္တရာယ်ရှိသော လက်နက်များ အရင်းအမြစ်တစ်ခုဖြစ်ကြောင်း ရုရှားအရာရှိများက ယခင်က သတိပေးထားပါတယ်။ အသတ်ခံရသူ နှစ်ဦးစလုံးသည် အသက် ၂၀ အရွယ်အရာရှိများဖြစ်ကြောင်း ရုရှားမီဒီယာများက ဖော်ပြခဲ့ပါတယ်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ဇနီးဖြစ်သူနှင့် မွေးကင်းစသမီးငယ်တစ်ဦးတို့ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။ သေဆုံးတဲ့ တတိယလူကတော့ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးချိန်မှာ ကားထဲမှာပဲ ဗုံးဖောက်ခွဲလိုက်တာပဲ လို့ ခန့်မှန်းကြပြီး ကားထဲမှာ အခြားဖောက်ခွဲရေး ပစ္စည်းတွေ ပါလို့ ပေါက်ကွဲမှုက ကြီးကြီးမားမား ဖြစ်သွားတာပါလို့ ဆိုပါတယ်။ REF: RT #MNP #International #News
نمایش همه...
👍 23😱 6😢 6 4🤔 1
KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၄၉၄ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးစီး၊ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများအား ထပ်မံချိပ်ပိတ်သိမ်းဆည်း နေပြည်တော်၊ ဒီဇင်ဘာ ၂၄ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေ အတွင်းရှိ တရားမဝင် ၄ ထပ်အဆောက်အအုံ ၃ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၄၉၄ လုံး ကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ KK Park နယ်မြေ အတွင်းရှိ အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရားမဝင်အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီးခြင်းများကိုလည်း ဒီဇင်ဘာ ၁၄ ရက်မှ စတင်ဆောင်ရွက် ခဲ့ရာ ယနေ့တွင် ၂ ထပ်အဆောက်အအုံ ၅ လုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း ၂ ထပ် အဆောက်အအုံ ၄၆ လုံးကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများလုပ်ဆောင် ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများအား နိုဝင်ဘာ ၁၈ ရက်မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ တရားမဝင်အဆောက်အအုံ ၁၆၉ လုံးကို စစ်ဆေးတွေ့ရှိရပြီး အဆိုပါ အလားတူ အဆောက်အအုံများကို ပြန်လည်အသုံးပြုမှုမရှိစေရေးအတွက် သိမ်းဆည်းချိပ်ပိတ်ခြင်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့အတွင် တရားမဝင် ၇ ထပ် အဆောက် အအုံ ၂ လုံးကို ထပ်မံချိပ်ပိတ်သိမ်းဆည်းနိုင်ခဲ့ပြီး တရားမဝင်အဆောက်အအုံ စုစုပေါင်း ၁၆၃ လုံး ချိပ်ပိတ်သိမ်း ဆည်းပြီးဖြစ်ကြောင်း သိရှိရသည်။ ၎င်းအပြင် KK park နှင့်ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်း ကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရေးအတွက် ယနေ့တွင်လည်း စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများ အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ #News #MNP
نمایش همه...
👍 38👏 5 2
Photo unavailableShow in Telegram
ဇီလန်စကီးက ငြိမ်းချမ်းရေး တောင်းဆိုချက် ၂၀ ထုတ်ပြန် ဒီဇင်ဘာ - ၂၄ ( ဗုဒ္ဓဟူးနေ့ ) ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးသည် ရုရှားနှင့် ပဋိပက္ခအဆုံးသတ်ရေးအတွက် အချက် ၂၀ ပါတဲ့ မူကြမ်းကို အဆိုပြုခဲ့ပြီး ယူကရိန်းတောင်းဆိုတဲ့ အခြေခံအချက်အဖြစ် နဲ့ ထုတ်ဖော်ပြသခဲ့ပါတယ်။ ဇီလန်စကီး ဒီကနေ့ သတင်းထောက်များနှင့် တွေ့ဆုံစဉ် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ပြီး အဆိုပါမူကြမ်းသည် ယူကရိန်း-အမေရိကန် ပူးတွဲရပ်တည်ချက်ကို ထင်ဟပ်စေပေမဲ့ အဓိက ပြဿနာများစွာ ကို မဖြေရှင်းနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပြုချက်များထဲတွင် အငြင်းပွားဖွယ်ရာအချက်တွေကတော့ လက်ရှိ ရုရှားတပ်ဖွဲ့များ အပြည့်အဝ ထိန်းချုပ်ထားတဲ့ ဇာပိုရိုဇီး နျူ့ဓာတ်အားပေးစက်ရုံကနေ ထွက်ခွာပေးဖို့အတွက် အချက်ပါပါတယ်။ ရုရှား နဲ့ အမေရိကန် အဆိုပြုထားသော သုံးနိုင်ငံ စီမံခန့်ခွဲမှုအစား ယူကရိန်းနှင့် အမေရိကန်တို့က စက်ရုံကို တစ်ဝက်စီပိုင်ဆိုင်မှု ၅၀ - ၅၀ ဖြင့် ပူးတွဲလည်ပတ်ရန် တောင်းဆိုထားပါတယ်။ အခက်ခဲဆုံး ပြဿနာကတော့ နယ်မြေပိုင်ဆိုင်မှုဖြစ်ပါတယ်။ ရုရှားနိုင်ငံအတွက်ကတော့ ကြီးမားတဲ့ စစ်ရေးဆိုင်ရာအရ အကျိုးအမြတ်များပေမဲ့လည်း လိုက်လျောမှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ထားရှိမှာပဲဖြစ်ပါတယ်။ ရုရှားနိုင်ငံက ဒွန်ညက်၊ လူဟန်၊ ဇာပိုရိုဇီး နဲ့ ခါဆန် ဒေသများက လက်ရှိ ရှေ့တန်းစစ်မျက်နှာများတွင် ပဋိပက္ခကို ရပ်တန့်ထားရမှာဖြစ်ပြီး ခါကော့ဗ်၊ ဒနီပရိုပက်ထရိုဗက် ဆန်မီ နဲ့ နီကိုလာရေ့ဗ်ဒေသမှာ တပ်စွဲထားတဲ့ ရုရှားတပ်ဖွဲ့များ အပြီးတိုင် ဆုတ်ခွာပေးရမှာပဲ ဖြစ်ပါတယ်။ ဇီလန်စကီး က အနောက်နိုင်ငံတွေရဲ့ ဘဏ္ဍာငွေမပါဘဲ ယူကရိန်းတပ်တွေကို ထိန်းသိမ်းနိုင်ဖို့ မတတ်နိုင်ဘူးလို့ ဝန်ခံထားပေမဲ့ ငြိမ်းချမ်းရေးကာလမှာ ဥရောပတပ်ဖွဲ့ဝင် ၈သိန်း ကို ယူကရိန်းမှာ တပ်စွဲဖို့ တောင်းဆိုထားပါတယ်။ ရန်လိုမှုများ ပြန်လည်စတင်လာခဲ့ရင် အနောက်နိုင်ငံများရဲ့ စစ်ရေးတုံ့ပြန်မှုဆိုင်ရာ ကတိပြုမှုအပါအဝင် အမေရိကန်၊ နေတိုးနှင့် ဥရောပနိုင်ငံများထံမှ လုံခြုံရေးအာမခံချက်ကိုလည်း တောင်းဆိုထားပါတယ်။ ယူကရိန်းသည် နျူကလီးယားကင်းစင်ရေး အခြေအနေကို သဘောတူသော်လည်း အီးယူအဖွဲ့ဝင်အဖြစ် အရှိန်မြှင့်ကာ ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေ စုစုပေါင်း ဒေါ်လာ ၈၀၀ ဘီလီယံအထိ တောင်းဆိုထားပါတယ်။ ယူကရိန်းက ရုရှားဘာသာစကားသုံး ဘာသာရေး ဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်တွေမှာ ယူကရိန်း ဘာသားစကားကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲဖို့အတွက်လည်း တောင်းဆိုထားပါတယ်။ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ယူကရိန်းတွင်လည်း ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပမည်ဖြစ်ကြောင်း ဇီလန်စကီးက ပြောပြီး ရုရှားနိုင်ငံ၌ နေထိုင်သော ယူကရိန်းနိုင်ငံသား သန်းပေါင်းများစွာကိုလည်း မဲပေးခွင့်ပြုမယ်လို့ ဆိုပါတယ်။ REF: RT #MNP #International #News
نمایش همه...
👍 22 9😁 5🤔 1
Photo unavailableShow in Telegram
ပင်လုံမြို့၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး ပင်လုံ ၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းလွဲပိုင်းက ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်နှင့် တာဝန်ရှိသူတို့မှ‌ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဖတ်ရူရန် >>>>>>> https://www.mmnationalpost.com/2025/12/blog-post_224.html
نمایش همه...
👍 26 3
Photo unavailableShow in Telegram
မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်အွိုက်ကျေးရွာ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အသိပညာပေးကွင်းဆင်း မိုင်းယန်း ၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်းသားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးနှင့် တရားဉပဒေစိုးမိုးရေးအတွက် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်အွိုက်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖတ်ရူရန် >>>>>>> https://www.mmnationalpost.com/2025/12/blog-post_903.html
نمایش همه...
👍 24 4
Photo unavailableShow in Telegram
လားရှိုးမြို့တွင် အခြေခံပညာကျောင်းများ၌ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး လားရှိုး ၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အခြေခံပညာကျောင်းများ၌ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအ‌ခြေအနေများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_100.html
نمایش همه...
👍 26 4
Photo unavailableShow in Telegram
ကလောမြို့နယ်၌ (တတိယအကြိမ်) မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု ကလော ၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ က‌လောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပတော့မည်ဖြစ်ရာ (တတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများ‌‌အား ယနေ့က သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများတွင် ကြေညာထားရှိမှုကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။ ဖတ်ရူရန် >>>>>>> https://www.mmnationalpost.com/2025/12/blog-post_360.html
نمایش همه...
👍 20 4
Photo unavailableShow in Telegram
လှိုင်းဘွဲမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း လှိုင်းဘွဲ ၊ ဒီဇင်ဘာ ၂၄ ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု၊ လုံခြုံရေးနှင့်အုပ်ချုပ်ရေးဆောင်ရွက်မည့် အစီအစဉ်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ကျင်းပသည်။ ဖတ်ရူရန် >>>>>>> https://www.mmnationalpost.com/2025/12/blog-post_987.html
نمایش همه...
👍 19 4
Photo unavailableShow in Telegram
တောင်ငူမြို့နယ်အတွင်း ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ပေါင်းစပ်ညှိနှိုင်းခြင်း ဆောင်ရွက် တောင်ငူ ၊ ဒီဇင်ဘာ ၂၄ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မြင့်လွင်သည် တောင်ငူမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ မဲရုံအလိုက်တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ယနေ့နံနက် (၉)နာရီအချိန်က တောင်ငူမြို့၊ ခပေါင်းခန်းမ၌ တွေ့ဆုံ၍ပေါင်းစပ်ညှိနှိုင်းခြင်း ဆောင်ရွက်သည်။ ဖတ်ရူရန် >>> >>>>>> https://www.mmnationalpost.com/2025/12/blog-post_737.html
نمایش همه...
👍 21 7
Photo unavailableShow in Telegram
ထားဝယ်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ(မွမ်းမံ)သင်တန်းဖွင့် ထားဝယ် ၊ ဒီဇင်ဘာ ၂၄ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ (မြို့နယ်အဆင့်)မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ(မွမ်းမံ)သင်တန်းကို ထားဝယ်မြို့တော်ခန်းမ၌ဖွင့်လှစ်လျက်ရှိရာ ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/mevm_6.html
نمایش همه...
👍 18 7
12:29
Video unavailableShow in Telegram
ဦးမြထွန်းဦးနှင့် ပြင်ဦးလွင်မှ မဲဆန္ဒရှင်ပြည်သူများ တွေ့ဆုံမှု မြင်ကွင်းပုံရိပ် လူထုတွေ့ဆုံပွဲကို ဒေသခံပြည်သူ ၂၀၀၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။ #MNP #News
نمایش همه...
1229.mp4776.20 MB
👍 28 7
Repost from TgId: 2376519482
07:04
Video unavailableShow in Telegram
ဦးမြထွန်းဦး ရှင်းလင်းပြောကြားချက် (အပိုင်း -၄) ပြင်ဦးလွင် လူထုတွေ့ဆုံပွဲမှာ ဦးမြထွန်းဦး ပြောကြားခဲ့သည့် ဒေသဖွံ့ဖြိုးရေး၊ ပြည်သူလူထု၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို သိရှိနိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။ #MNP #News
نمایش همه...
1228.mp4439.20 MB
👍 29 7
Repost from TgId: 2376519482
11:46
Video unavailableShow in Telegram
ဦးမြထွန်းဦး ရှင်းလင်းပြောကြားချက် (အပိုင်း -၃) ပြင်ဦးလွင် လူထုတွေ့ဆုံပွဲမှာ ဦးမြထွန်းဦး ပြောကြားခဲ့သည့် ဒေသဖွံ့ဖြိုးရေး၊ ပြည်သူလူထု၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို သိရှိနိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။ #MNP #News
نمایش همه...
1227.mp4731.97 MB
👍 28 2
Photo unavailableShow in Telegram
ကျောက်ဆည်မြို့နယ်၌ မဲဆန္ဒနယ်မြေအတွင်းရှိသော်လည်း မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲများပေးခြင်းများ ဆောင်ရွက် ကျောက်ဆည် ၊ ဒီဇင်ဘာ ၂၄ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မဲဆန္ဒနယ်မြေအတွင်းရှိသော်လည်း မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်းများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ထားသည့် ဆန္ဒမဲရုံများသို့ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲများပေးလျက်ရှိကြောင်း သိရသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_117.html
نمایش همه...
👍 20 5
Photo unavailableShow in Telegram
နတ်တလင်းမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေး နတ်တလင်း ၊ ဒီဇင်ဘာ ၂၄ နတ်တလင်းမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်တလင်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကြိုင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။ ဖတ်ရူရန် >>>>>>> https://www.mmnationalpost.com/2025/12/one-stop-service_24.html
نمایش همه...
11👍 9
Photo unavailableShow in Telegram
ကိုကိုးကျွန်းမြို့နယ်၌ တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာ ကိုကိုးကျွန်း ၊ ဒီဇင်ဘာ ၂၄ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် တတိယအကြိမ်မဲစာရင်းကပ်ထားကြေငြာခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီမှ စတင်၍ အမှတ် (၁) ရက်ကွက်နှင့် အမှတ် (၂) ရက်ကွက် ကော်မရှင်ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ ဖတ်ရူရန် >>>> https://www.mmnationalpost.com/2025/12/blog-post_966.html
نمایش همه...
11👍 8
Repost from TgId: 2376519482
07:33
Video unavailableShow in Telegram
ဦးမြထွန်းဦး ရှင်းလင်းပြောကြားချက် (အပိုင်း -၂) ပြင်ဦးလွင် လူထုတွေ့ဆုံပွဲမှာ ဦးမြထွန်းဦး ပြောကြားခဲ့သည့် ဒေသဖွံ့ဖြိုးရေး၊ ပြည်သူလူထု၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို သိရှိနိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။ #MNP #News
نمایش همه...
1226.mp4469.56 MB
Repost from TgId: 2376519482
07:33
Video unavailableShow in Telegram
ဦးမြထွန်းဦး ရှင်းလင်းပြောကြားချက် (အပိုင်း -၂) ပြင်ဦးလွင် လူထုတွေ့ဆုံပွဲမှာ ဦးမြထွန်းဦး ပြောကြားခဲ့သည့် ဒေသဖွံ့ဖြိုးရေး၊ ပြည်သူလူထု၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို သိရှိနိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။ #MNP #News
نمایش همه...
1226.mp4469.56 MB
👍 23 5
Photo unavailableShow in Telegram
ကော့ကရိတ်မြို့နယ်၌ မဲရုံဖွင့်လှစ်မည့် မဲရုံများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကော့ကရိတ် ၊ ဒီဇင်ဘာ ၂၄ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများဖွင့်လှစ်ရန်လျာထားသည့် မဲရုံများဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀နာရီတွင် ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များအတွင်းရှိ မဲရုံများသို့လည်းကောင်း မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများက ကျုံဒိုးမြို့ပေါ် ရပ်ကွက်များရှိ မဲရုံများသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_314.html
نمایش همه...
👍 23 5