Myanmar National Post
Открыть в Telegram
သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com
Больше2025 год в цифрах

30 975
Подписчики
-824 часа
-937 дней
-34030 день
Архив постов
Фото недоступноПоказать в Telegram
ဂျာမန်ကွန်မြူနစ်တွေရဲ့ ဘဏ်အကောင့်တွေ အပိတ်ခံရတော့မယ်
ဒီဇင်ဘာ - ၂၅ ( ကြာသပတေးနေ့ )
ဘဏ်တစ်ခုက ကွန်မြူနစ်ပါတီကို မကြာမီ ပိတ်တော့မယ်လို့အကြောင်းကြားပြီးနောက် ဂျာမနီတွင် ကန့်ကွက်တဲ့ အသံများကိုဆန့်ကျင်တဲ့ ဖိနှိပ်မှု တိုးမြင့်လာနေတယ် လို့ ပြောနေကြပါတယ်။ ယခုလအစောပိုင်းတွင်၊ GLS ဘဏ်က ကွန်မြူနစ်ပါတီ (DKP) အကောင့်အားလုံးကို ဒီဇင်ဘာ ၃၁ ရက်အထိ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပါတီ သို့ အကြောင်းကြားခဲ့ပါတယ်။
DKP ရဲ့ အဆိုအရ GLS ဘဏ်သည် ၎င်းရဲ့ ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက် တစ်စုံတစ်ရာ မပေးခဲ့တဲ့အပြင် ကျူးဘားနိုင်ငံအတွက် ပါတီ ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုနှင့်ပတ်သက်တဲ့ အချက်အလက်များကို ယခင်က တောင်းဆိုခဲ့ဖူးတယ်လို့ ဆိုပါတယ်။
GLS ဘဏ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ဘဏ်အနေဖြင့် ကျနော်တို့တို့လိုက်နာရမယ့် တရားဝင်စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များ" ကြောင့် ပါတီရဲ့အကောင့်များကို ပိတ်သိမ်းထားကြောင်း ပြောကြားခဲ့ပါတယ်။
ကွန်မြူနစ်ပါတီက ယင်းလှုပ်ရှားမှုကို “နိုင်ငံရေးအရ လှုံ့ဆော်မှု” လို့ ရှုတ်ချခဲ့ပါတယ်။ DKP ဘဏ္ဍာရေးကော်မတီ အကြီးအကဲ ကလက် လီဂျာ က ဘဏ်ကိုယ်စားလှယ်များက သူနှင့်ဖုန်းပြောဆိုမှုတွင် ပြင်ပဖိအားများရှိနေခဲ့ပြီး၊ ပိတ်သိမ်းမှုများသည် GLS ဘဏ်၏ အချုပ်အခြာအာဏာပိုင် ပြည်တွင်းရေးဆုံးဖြတ်ချက်အပေါ် အခြေခံထားခြင်း မဟုတ်ကြောင်း မီဒီယာသို့ ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလအစောပိုင်းလောက်ကစပြီး ကွန်မြူနစ်ပါတီဝင် အလွတ်သတင်းထောက်တွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံခဲ့ရကြောင်း ပါတီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လကလည်း ဂျူးဆန့်ကျင်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ 'အရှေ့အလယ်ပိုင်းရှိ Just Peace for Justice' အဖွဲ့ရဲ့ ဘဏ်ကောင့်လည်း အပိတ်ခံလိုက်ရပါတယ်။ အလားတူပိတ်ဆို့မှုများစွာလည်း အလုပ်ခံနေရပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုအချိန်က ပြည်ထဲရေးဝန်ကြီး က လက်ယာအစွန်းရောက်ဝါဒကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည့် အချက် ၁၃ ချက်ကို ထုတ်ဖော်ပြသခဲ့ပြီး အစွန်းရောက်ဝါဒီများရဲ့ ဘဏ်စာရင်းများကို ရပ်တန့်ပါက ဂျာမနီအာဏာပိုင်များအတွက် ပြဿနာတွေကို ဖြေရှင်းရတာ ပိုမိုလွယ်ကူစေမယ်လို့ ဖော်ပြခဲ့ပါတယ်။
REF: RT
#News #MNP
👍 37❤ 13😁 1
KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၄၉၉ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးစီး၊ အွန်လိုင်းလိမ်လည်လောင်း ကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျ ဆက်လက်မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ဒီဇင်ဘာ ၂၅
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲထော်သလေး(KK Park) နယ်မြေအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေ အတွင်းရှိ တရားမဝင် ၄ ထပ်အဆောက်အအုံ ၃ လုံး၊ ၃ ထပ်အဆောက်အအုံ ၂ လုံးတို့ကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၄၉၉ လုံး ကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ KK Park နယ်မြေ အတွင်းရှိ အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရားမဝင် အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီး ခြင်းများကိုလည်း ဒီဇင်ဘာ ၁၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၄ ထပ် အဆောက်အအုံ ၃ လုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း အဆောက်အအုံ ၄၉ လုံးကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။
၎င်းအပြင် KK park နှင့်ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်း ကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရေးအတွက် ယနေ့တွင်လည်း စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများ အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
👍 28❤ 11👏 2
03:51
Видео недоступноПоказать в Telegram
ပြင်ဦးလွင် မှ ဂုတ်ထိပ် သို့ ရထားပြေးဆွဲပေးနေပြီ
ပြင်ဦးလွင်မှ ရထားစင်းလုံးငှား၍လည်း သွားနိုင်ပြီး ဂုတ်ထိပ်သို့ ကားဖြင့်လာရောက်၍ ဂုတ်ထိပ်ဘူတာမှ သမိုင်းဝင်ဂုတ်ထိပ်တံတားပေါ် ရထားငှား၍ ဖြတ်သန်း လည်ပတ်နိုင်ကြောင်း သိရသည်။
#News #MNP
1232.mp4184.48 MB
❤ 50👍 35
06:00
Видео недоступноПоказать в Telegram
တိုင်းပြည်တည်ဆောက်ရေးကို ပူးပေါင်းဆောင်ရွက်ကြရင်မကောင်းဘူးလား
ဦးမြထွန်းဦး
#MNP #News
1231.mp4372.60 MB
👍 47❤ 4🥰 1
Фото недоступноПоказать в Telegram
ကျောက်ဆည်မြို့နယ် မဲရုံများ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ဝတ်စုံများ ထောက်ပံ့
ကျောက်ဆည် ၊ ဒီဇင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံများတွင် မီးဘေးလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယမန်နေ့ မွန်းလွဲ ၂ နာရီက မီးသတ်ဝတ်စုံများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဖတ်ရူရန် >>>>>>
https://www.mmnationalpost.com/2025/12/blog-post_346.html
👍 46❤ 6🙏 2
Фото недоступноПоказать в Telegram
မကွေးမြို့နယ် မဏ္ဍိုင်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ
မကွေး ၊ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် မဏ္ဍိုင်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဖတ်ရူရန် >>>>>>>
https://www.mmnationalpost.com/2025/12/blog-post_400.html
👍 48❤ 5
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
နေပြည်တော်၊ ဒီဇင်ဘာ ၂၄
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် "Mo Mo Aung" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ မိုမိုအောင်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၅ မိနစ်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
#MNP #News
👍 47❤ 9
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ရေ)ဖွဲ့စည်းတည်ထောင်မှု(၇၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
👍 27❤ 9👏 2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံ ရာပြည့်နှင့် စွမ်းအင်ပြတိုက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
❤ 25👍 16👏 2
Фото недоступноПоказать в Telegram
နယူးယောက်ခ်တိုင်းမ် သတင်းစာက နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ထရမ့်ပြော
ဒီဇင်ဘာ - ၂၄ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယူးယောက်တိုင်းမ် သတင်းစာအား နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်မှု ပြုနေတယ်လို့ ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။
မနေ့က ရေးတင်ခဲ့တဲ့ ထရမ့်ပိုင် ထရုသ်ဆိုရှယ်မီဒီယာက က ပို့စ်တစ်ခုမှာ Trump သည် "လိမ်လည်မှုနှင့် ရည်ရွယ်ချက်ရှိရှိ မှားယွင်းသောတင်ပြမှုများ" ကိုဖြန့်နေတယ် လို့ စွပ်စွဲပြီး နယူးယောက်ခ်တိုင်းမ် က "ကျနော်တို့ရဲ့ နိုင်ငံတော်အမျိုးသားလုံခြုံရေးကို ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်နေတယ်" လို့ ရေးတင်ခဲ့ပါတယ်။
"သူတို့ရဲ့ အစွန်းရောက် လက်ဝဲ၊ ဟန်ချက်မညီတဲ့ အပြုအမူ၊ အတုအယောင် ဆောင်းပါးတွေနဲ့ ထင်မြင်ချက်တွေကို အဆုံးမသတ်ဘဲ ကိုင်တွယ်ဖြေရှင်းရမှာပဲ" လို့ ထရမ့်က မည်သည့်အကြောင်းအရာကို ရှုတ်ချခဲ့သည်ကို မဖော်ပြဘဲ ရေးသားခဲ့ပါတယ်။ သမ္မတသည် ၎င်း၏ခေါင်းဆောင်မှုကို ပျက်ပြားစေရန် နိုင်ငံရေးအတိုက်အခံများနှင့် ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲထားပြီး သတင်းအဖွဲ့အစည်းများကိုလည်း ရှုတ်ချတယ် လို့ ဆိုပါတယ်။
ထရမ့်နဲ့ အဖော်အချို့ရဲ့ လူမှုရေး ဆိုင်ရာ အရှုတ်တော်ပုံနဲ့ ပတ်သက်တဲ့ ဂျက်ဖရေ အပ်စတိန်း ဖိုင်နဲ့ပတ်သက်ပြီး နယူးယောက်ခ်တိုင်းမ်က အသေးစိတ်ရေးသားဖော်ပြနေတာကို ရည်ညွှန်ပြီး ပြောနေတာလို့ ကျွမ်းကျင်သူတွေက ထရမ့်ရဲ့ ပို့စ့်ကို ခန့်မှန်းထားကြပါတယ်။
REF: RT
#News #MNP #International
👍 35❤ 6🤔 1
Фото недоступноПоказать в Telegram
ဗုံးခွဲတိုက်ခိုက်မှုကြောင့် မော်စကို ယာဉ်ထိန်းရဲ ၂ ဦး သေဆုံး
ဒီဇင်ဘာ - ၂၄ ( ဗုဒ္ဓဟူးနေ့ )
ယခုသီတင်းပတ်အစောပိုင်းက ဗိုလ်ချုပ်ကြီးတစ်ဦး လုပ်ကြံခံရသည့်နေရာနှင့် မနီးမဝေးတွင် ဗုံးခွဲတိုက်ခိုက်မှု ကြောင့် ရုရှားယာဉ်ထိန်းရဲအရာရှိ နှစ်ဦးနှင့် အခြားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသခံ အာဏါပိုင်တွေက ဆိုပါတယ်။
ရုရှားမြို့တော် မော်စကို တောင်ပိုင်းမှာ ညဖက်အတွင်း ဖြစ်ပွားခဲ့တာပါ။ စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ အဆိုအရ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် ရဲကားအနီးတွင် မသင်္ကာဖွယ်လူတစ်ဦးကို သတိပြုမိပြီး စုံစမ်းစစ်ဆေးရန် ချဉ်းကပ်ခဲ့ပြီးနောက် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး သုံးဦးစလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါအမှုအား ရဲအရာရှိများအား သတ်ဖြတ်ရန် ကြိုးပမ်းမှုအဖြစ် စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
လက်ရှိရဲ ၂ ယောက်ဗုံးခွဲတိုက်ခိုက်ခံလိုက်ရတဲ့ရပ်ကွက်မှာပဲ တနင်္လာနေ့က ဒုတိယဗိုလ်ချုပ်ကြီး ဖာနေး ဆာဗာရော့ဗ် ရဲ့ ကားအောက်တွင် ကပ်ထားတဲ့ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ နောက်ဆုံး ဖြစ်ရပ်နှင့် ပတ်သက်ဆက်နွှယ်မှု မရှိဟု စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားသော်လည်း ယူကရိန်း အထူးတပ်ဖွဲ့များသည် တိုက်ခိုက်မှု နောက်ကွယ်တွင် ရှိနေနိုင်တယ်လို့ ဆိုထားပါတယ်။ ယူကရိန်း ပဋိပက္ခသည် မှောင်ခိုဈေးကွက် အတွက် ဖောက်ခွဲရေးပစ္စည်းများ အပါအဝင် အန္တရာယ်ရှိသော လက်နက်များ အရင်းအမြစ်တစ်ခုဖြစ်ကြောင်း ရုရှားအရာရှိများက ယခင်က သတိပေးထားပါတယ်။
အသတ်ခံရသူ နှစ်ဦးစလုံးသည် အသက် ၂၀ အရွယ်အရာရှိများဖြစ်ကြောင်း ရုရှားမီဒီယာများက ဖော်ပြခဲ့ပါတယ်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ဇနီးဖြစ်သူနှင့် မွေးကင်းစသမီးငယ်တစ်ဦးတို့ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။
သေဆုံးတဲ့ တတိယလူကတော့ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးချိန်မှာ ကားထဲမှာပဲ ဗုံးဖောက်ခွဲလိုက်တာပဲ လို့ ခန့်မှန်းကြပြီး ကားထဲမှာ အခြားဖောက်ခွဲရေး ပစ္စည်းတွေ ပါလို့ ပေါက်ကွဲမှုက ကြီးကြီးမားမား ဖြစ်သွားတာပါလို့ ဆိုပါတယ်။
REF: RT
#MNP #International #News
👍 23😱 6😢 6❤ 4🤔 1
KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၄၉၄ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးစီး၊ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများအား ထပ်မံချိပ်ပိတ်သိမ်းဆည်း
နေပြည်တော်၊ ဒီဇင်ဘာ ၂၄
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေ အတွင်းရှိ တရားမဝင် ၄ ထပ်အဆောက်အအုံ ၃ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၄၉၄ လုံး ကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ KK Park နယ်မြေ အတွင်းရှိ အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရားမဝင်အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီးခြင်းများကိုလည်း ဒီဇင်ဘာ ၁၄ ရက်မှ စတင်ဆောင်ရွက် ခဲ့ရာ ယနေ့တွင် ၂ ထပ်အဆောက်အအုံ ၅ လုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း ၂ ထပ် အဆောက်အအုံ ၄၆ လုံးကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများလုပ်ဆောင် ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများအား နိုဝင်ဘာ ၁၈ ရက်မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ တရားမဝင်အဆောက်အအုံ ၁၆၉ လုံးကို စစ်ဆေးတွေ့ရှိရပြီး အဆိုပါ အလားတူ အဆောက်အအုံများကို ပြန်လည်အသုံးပြုမှုမရှိစေရေးအတွက် သိမ်းဆည်းချိပ်ပိတ်ခြင်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့အတွင် တရားမဝင် ၇ ထပ် အဆောက် အအုံ ၂ လုံးကို ထပ်မံချိပ်ပိတ်သိမ်းဆည်းနိုင်ခဲ့ပြီး တရားမဝင်အဆောက်အအုံ စုစုပေါင်း ၁၆၃ လုံး ချိပ်ပိတ်သိမ်း ဆည်းပြီးဖြစ်ကြောင်း သိရှိရသည်။
၎င်းအပြင် KK park နှင့်ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်း ကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရေးအတွက် ယနေ့တွင်လည်း စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများ အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#News #MNP
👍 38👏 5❤ 2
Фото недоступноПоказать в Telegram
ဇီလန်စကီးက ငြိမ်းချမ်းရေး တောင်းဆိုချက် ၂၀ ထုတ်ပြန်
ဒီဇင်ဘာ - ၂၄ ( ဗုဒ္ဓဟူးနေ့ )
ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးသည် ရုရှားနှင့် ပဋိပက္ခအဆုံးသတ်ရေးအတွက် အချက် ၂၀ ပါတဲ့ မူကြမ်းကို အဆိုပြုခဲ့ပြီး ယူကရိန်းတောင်းဆိုတဲ့ အခြေခံအချက်အဖြစ် နဲ့ ထုတ်ဖော်ပြသခဲ့ပါတယ်။
ဇီလန်စကီး ဒီကနေ့ သတင်းထောက်များနှင့် တွေ့ဆုံစဉ် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ပြီး အဆိုပါမူကြမ်းသည် ယူကရိန်း-အမေရိကန် ပူးတွဲရပ်တည်ချက်ကို ထင်ဟပ်စေပေမဲ့ အဓိက ပြဿနာများစွာ ကို မဖြေရှင်းနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။
အဆိုပြုချက်များထဲတွင် အငြင်းပွားဖွယ်ရာအချက်တွေကတော့ လက်ရှိ ရုရှားတပ်ဖွဲ့များ အပြည့်အဝ ထိန်းချုပ်ထားတဲ့ ဇာပိုရိုဇီး နျူ့ဓာတ်အားပေးစက်ရုံကနေ ထွက်ခွာပေးဖို့အတွက် အချက်ပါပါတယ်။ ရုရှား နဲ့ အမေရိကန် အဆိုပြုထားသော သုံးနိုင်ငံ စီမံခန့်ခွဲမှုအစား ယူကရိန်းနှင့် အမေရိကန်တို့က စက်ရုံကို တစ်ဝက်စီပိုင်ဆိုင်မှု ၅၀ - ၅၀ ဖြင့် ပူးတွဲလည်ပတ်ရန် တောင်းဆိုထားပါတယ်။
အခက်ခဲဆုံး ပြဿနာကတော့ နယ်မြေပိုင်ဆိုင်မှုဖြစ်ပါတယ်။ ရုရှားနိုင်ငံအတွက်ကတော့ ကြီးမားတဲ့ စစ်ရေးဆိုင်ရာအရ အကျိုးအမြတ်များပေမဲ့လည်း လိုက်လျောမှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ထားရှိမှာပဲဖြစ်ပါတယ်။ ရုရှားနိုင်ငံက ဒွန်ညက်၊ လူဟန်၊ ဇာပိုရိုဇီး နဲ့ ခါဆန် ဒေသများက လက်ရှိ ရှေ့တန်းစစ်မျက်နှာများတွင် ပဋိပက္ခကို ရပ်တန့်ထားရမှာဖြစ်ပြီး ခါကော့ဗ်၊ ဒနီပရိုပက်ထရိုဗက် ဆန်မီ နဲ့ နီကိုလာရေ့ဗ်ဒေသမှာ တပ်စွဲထားတဲ့ ရုရှားတပ်ဖွဲ့များ အပြီးတိုင် ဆုတ်ခွာပေးရမှာပဲ ဖြစ်ပါတယ်။
ဇီလန်စကီး က အနောက်နိုင်ငံတွေရဲ့ ဘဏ္ဍာငွေမပါဘဲ ယူကရိန်းတပ်တွေကို ထိန်းသိမ်းနိုင်ဖို့ မတတ်နိုင်ဘူးလို့ ဝန်ခံထားပေမဲ့ ငြိမ်းချမ်းရေးကာလမှာ ဥရောပတပ်ဖွဲ့ဝင် ၈သိန်း ကို ယူကရိန်းမှာ တပ်စွဲဖို့ တောင်းဆိုထားပါတယ်။
ရန်လိုမှုများ ပြန်လည်စတင်လာခဲ့ရင် အနောက်နိုင်ငံများရဲ့ စစ်ရေးတုံ့ပြန်မှုဆိုင်ရာ ကတိပြုမှုအပါအဝင် အမေရိကန်၊ နေတိုးနှင့် ဥရောပနိုင်ငံများထံမှ လုံခြုံရေးအာမခံချက်ကိုလည်း တောင်းဆိုထားပါတယ်။
ယူကရိန်းသည် နျူကလီးယားကင်းစင်ရေး အခြေအနေကို သဘောတူသော်လည်း အီးယူအဖွဲ့ဝင်အဖြစ် အရှိန်မြှင့်ကာ ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေ စုစုပေါင်း ဒေါ်လာ ၈၀၀ ဘီလီယံအထိ တောင်းဆိုထားပါတယ်။
ယူကရိန်းက ရုရှားဘာသာစကားသုံး ဘာသာရေး ဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်တွေမှာ ယူကရိန်း ဘာသားစကားကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲဖို့အတွက်လည်း တောင်းဆိုထားပါတယ်။
သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ယူကရိန်းတွင်လည်း ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပမည်ဖြစ်ကြောင်း ဇီလန်စကီးက ပြောပြီး ရုရှားနိုင်ငံ၌ နေထိုင်သော ယူကရိန်းနိုင်ငံသား သန်းပေါင်းများစွာကိုလည်း မဲပေးခွင့်ပြုမယ်လို့ ဆိုပါတယ်။
REF: RT
#MNP #International #News
👍 22❤ 10😁 5🤔 1
Фото недоступноПоказать в Telegram
ပင်လုံမြို့၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး
ပင်လုံ ၊ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းလွဲပိုင်းက ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်နှင့် တာဝန်ရှိသူတို့မှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဖတ်ရူရန် >>>>>>>
https://www.mmnationalpost.com/2025/12/blog-post_224.html
👍 26❤ 3
Фото недоступноПоказать в Telegram
မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်အွိုက်ကျေးရွာ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အသိပညာပေးကွင်းဆင်း
မိုင်းယန်း ၊ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်းသားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးနှင့် တရားဉပဒေစိုးမိုးရေးအတွက် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်အွိုက်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖတ်ရူရန် >>>>>>>
https://www.mmnationalpost.com/2025/12/blog-post_903.html
👍 24❤ 4
Фото недоступноПоказать в Telegram
လားရှိုးမြို့တွင် အခြေခံပညာကျောင်းများ၌ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
လားရှိုး ၊ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အခြေခံပညာကျောင်းများ၌ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဖတ်ရူရန် >>>>>>
https://www.mmnationalpost.com/2025/12/blog-post_100.html
👍 26❤ 4
Фото недоступноПоказать в Telegram
ကလောမြို့နယ်၌ (တတိယအကြိမ်) မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
ကလော ၊ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပတော့မည်ဖြစ်ရာ (တတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများအား ယနေ့က သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများတွင် ကြေညာထားရှိမှုကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဖတ်ရူရန် >>>>>>>
https://www.mmnationalpost.com/2025/12/blog-post_360.html
👍 20❤ 4
Фото недоступноПоказать в Telegram
လှိုင်းဘွဲမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း
လှိုင်းဘွဲ ၊ ဒီဇင်ဘာ ၂၄
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု၊ လုံခြုံရေးနှင့်အုပ်ချုပ်ရေးဆောင်ရွက်မည့် အစီအစဉ်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ဖတ်ရူရန် >>>>>>>
https://www.mmnationalpost.com/2025/12/blog-post_987.html
👍 19❤ 4
Фото недоступноПоказать в Telegram
တောင်ငူမြို့နယ်အတွင်း ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ပေါင်းစပ်ညှိနှိုင်းခြင်း ဆောင်ရွက်
တောင်ငူ ၊ ဒီဇင်ဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မြင့်လွင်သည် တောင်ငူမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ မဲရုံအလိုက်တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ယနေ့နံနက် (၉)နာရီအချိန်က တောင်ငူမြို့၊ ခပေါင်းခန်းမ၌ တွေ့ဆုံ၍ပေါင်းစပ်ညှိနှိုင်းခြင်း ဆောင်ရွက်သည်။
ဖတ်ရူရန် >>> >>>>>>
https://www.mmnationalpost.com/2025/12/blog-post_737.html
👍 21❤ 7
