ru
Feedback
2025 год в цифрахsnowflakes fon
card fon
44 978
Подписчики
Нет данных24 часа
Нет данных7 дней
+1330 день
Архив постов
👍 12 3👏 1
■ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားအား ယနေ့ (အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ NCA လက်မှတ်ရေးထိုးထားသော ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး၊ ဦးဇိုရမ်နှင့် စိုင်းထွန်းကြည်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ■ Read more >>>>https://news-eleven.com/article/306890
Показать все...
👍 28 11👏 1
■ အစ္စရေးလွှတ်တော်ကို ဒေါ်နယ်ထရန့် မိန့်ခွန်းပြောစဉ် အနှောင့်အယှက်ပေးခဲ့သည့် လွှတ်တော်အမတ်နှစ်ဦးကို လုံခြုံရေးများကဆွဲထုတ်သွားခဲ့ရ အစ္စရေးပါလီမန်ကိုအမေရိကန်သမ္မတ ဒေါ်နယ်ထရန့် မိန့်ခွန်းပြောကြားနေစဉ်လက်ဝဲယိမ်းအစ္စရေးလွှတ်တော်အမတ်နှစ်ဦးက လူမျိုးတုံးသတ်ဖြတ်မှုဟုအော်ဟစ်ခြင်းနှင့်ပါလက်စတိုင်းကိုအသိအမှတ်ပြုပါဟုရေးထားသောစာရွက်ကို ဝှေ့ယမ်းခြင်းဖြင့် အနှောင့်အယှက်ပေးခဲ့သောကြောင့်အဆိုပါလွှတ်တော်အမတ်နှစ်ဦးကို လုံခြုံရေးများကလွှတ်တော် ခန်းမထဲမှ‌‌ ခေါ်ထုတ် သွားခဲ့ရသည်။ ထရန့်၏မိန့်ခွန်းတစ်ဝက်သို့ရောက်ရှိလာချိန်တွင်အဆိုပါလွှတ်တော်အမတ်နှစ်ဦး၏အနှောင့်အယှက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်သမ္မတက၎င်း၏သံတမန်စတိဗ်ဝစ်ကော့ဖ်ကို ချီးကျူးစကားပြောကြားနေချိန်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက်လွှတ်တော်အမတ်များနှင့်ဝန်ကြီးများကမတ်တတ်ရပ်ကာ ထရန့်မိန့်ခွန်းကိုလက်ခုပ်ဩဘာပေး၍ချီးကျူးခဲ့ကြသည်။ ဟာ‌ဒတ်ရှ်ပါတီအကြီးအကဲအေမန်အိုဒက်နှင့်ပါတီဝင်ဖာကက်ဆစ်တို့ကို လုံခြုံရေးများကအပြင်သို့ခေါ်ထုတ်သွားခဲ့သည်။ ■ Read more >>>>https://news-eleven.com/article/306874
Показать все...
👍 45 17😱 11👏 2🤬 1
08:48
Видео недоступноПоказать в Telegram
■ အောက်တိုဘာ ၁၅ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု ) - ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်တွင် အစ္စရေးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးအတွက် ဆောက်လုပ်ရေးကန်ထရိုက် လုပ်ကိုင်နေ သည့် မြန်မာလုပ်သား ခြောက်ဦးကို ဖမ်းဆီး - မုဒုံမြိုနယ် ကမာဝက်မြိုရှိ ဆံတော်ရှင်ကျိုက်တမော့ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်သို ဘုရားဖူးအများအပြား လာ ရောက်ခဲ့ - ရုရှားသည်‌ နေတိုးနှင့်တိုက်ရိုက် စစ်ရေးထိပ်တိုက်တွေ့မှုကိုရှောင်လိမ့်မည်မဟုတ်ဟု ဂျာမနီ၏ပြည်ပထောက်လှမ်းရေး အကြီးအကဲ သတိပေး - အတိုက်အခံမာချာဒို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြီးနောက် ဗင်နီဇွဲလားက နော်ဝေရှိ ၎င်း၏သံရုံးကို ပိတ်သည်ဟု ထုတ်ပြန် - အာရှ Ballon d'Or လို တင်စားခံထားရတဲ့ အာရှအကောင်းဆုံးဘောလုံးသမားဆုကို ဆွန်ဟောင်မင် (၁၀)ကြိမ်မြောက် ဆွတ်ခူး
Показать все...
15 Morning Packate~1.mp495.79 MB
👍 33 6👏 1😱 1
■ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေး ■ မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေး ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယနေ့(အောက်တိုဘာ ၁၄ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ၌ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ Mr. Evgeny Grigoryev ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ ■ Read more >>>>https://news-eleven.com/article/306872
Показать все...
👍 49 24👏 6🥰 4
■ကျောက်မဲမြို့မြို့၌ ယနေ့တွင် ကျောင်းသား/ကျောင်းသူ ၂၅၄ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ၂၇၆၀ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိ ကျောက်မဲမြို့မြို့၌ ယနေ့(အောက်တိုဘာ ၁၄ ရက်)တွင် ကျောင်းသား/ကျောင်းသူ ၂၅၄ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ၂၇၆၀ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအား အောက်တိုဘာ ၈ ရက်မှစတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့တွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းလာရောက် အပ်နှံမှုအနေဖြင့် ကျောင်းသား/ကျောင်းသူ ၂၅၄ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၇၆၀ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ ■ Read more >>>>https://news-eleven.com/article/306871
Показать все...
45👍 28👏 5
■ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် အားပေးထောက်ခံလျက်ရှိမှုအခြေအနေများ ဆွေးနွေး ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် အားပေးထောက်ခံလျက်ရှိမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။ ■ Read more >>>>https://news-eleven.com/article/306870
Показать все...
👍 41👏 6 4
11:02
Видео недоступноПоказать в Telegram
■အောက်တိုဘာ ၁၄ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု) - MNDAA၊ TNLA၊ AA နှင့် PDF အဖွဲ့များအား စစ်လက်နက်ထောက်ပံ့ခြင်းများရပ်တန့်ကြောင်း ကြေညာပြီးသည့်နောက် “ဝ”- တရုတ်နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံဘက်မှ စစ်သုံးပစ္စည်းများမှလွဲ၍ကျန်ပစ္စည်းများ လွတ်လပ်စွာပြန်လည် ဖြတ်သန်းခွင့်ပြု - ထိုင်း - မြန်မာနယ်စပ် ကန်ချနဘူရီတွင် ကုန်တင်ယာဉ်ဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀၈ ဦး ဖမ်းဆီးခံရ - ကမ္ဘောဒီးယားနှင့်တိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်းနှင့်ဘုရားကျောင်းနှစ်ကျောင်းကိုပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောကြား - မြောက်ကိုရီးယားသည် ရေငုပ်သင်္ဘောတည်ဆောက်ရေးအတွက် ရုရှားထံမှ နည်းပညာအကူအညီများ ရရှိဖွယ်ရှိကြောင်း တောင်ကိုရီးယားပြောကြား -အာဂျင်တီးနားအသင်းနဲ့အတူ မက်ဆီ လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ပူအာတိုရီကိုနဲ့ ခြေစမ်းပွဲမှာ ပါဝင်ဖွယ်ရှိ
Показать все...
14 Night Packate~1.mp4159.22 MB
👍 50 10😢 3🥰 1
■ သထုံမြို့နယ် နောင်ကုလားကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး သေဆုံး မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလားကျေးရွာ အနီး ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် အမျိုးသားတစ်ဦး ကားတိုက်ခံရပြီးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ ယမန်နေ့ အောက်တိုဘာလ (၁၃) ရက်၊ ည ( ၆) နာရီ (၄၀) မိနစ် အချိန်ခန့် နောင်ကုလားကျေးရွာ ၊ လေသာမြိုင်ကျောင်းအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကားသမားမှာ မောင်းပြေးသွားသည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။ ၎င်းကဆက်လက်ပြီး "ကားတိုက်ခံရပြီး သေဆုံးခဲ့သူက နောင်ကုလားအလယ်ကျေးရွာ တောင်ပိုင်းနေ အသက် (၅၁) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်" ဟု ပြောကြားသည်။ ကားတိုက်ခံခဲ့ရသည့် အမျိုးသားတွင် ဦးခေါင်နောက်ပွင့်ထွက် ဒဏ်ရာ၊ မေးစေ့ကွဲဒဏ်ရာ၊ ရင်ဘတ်နှင့် ခြေလက်များတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းဒေသခံက ဆိုသည်။ ဘိုဘိုမြင့် ■Photo Credit - အကြင်နာတွဲလက် Rescue ■ Website Link >>>>https://news-eleven.com/article/306868
Показать все...
😱 20😢 11 7👍 7
■ ထိုင်း- မြန်မာနယ်စပ်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် Starlink အင်တာနက်ဝန်ဆောင်မှုများကို အသုံးပြုနေသည်ဟု AFP ဖော်ပြ ထိုင်း- မြန်မာနယ်စပ်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် Starlink အင်တာနက်ဝန်ဆောင်မှုများကို အသုံးပြုနေသည်ဟု AFP က သတင်းဖော်ပြသည်။ တရုတ်နှင့် အမေရိကန်နိုင်ငံသားများကို ဘီလျံနှင့်ချီ ပစ်မှတ်ထားလိမ်လည်မှုများ လုပ်ဆောင်နေသည့် အဆိုပါလုပ်ငန်းများမှာ ယခင်ကထက် ပိုမိုကြီးမားနေဆဲဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။ AFP ၏ ဂြိုဟ်တုဓာတ်ပုံများနှင့် ဒရုန်းဗီဒီယိုများတွင် အီလွန်မတ်ခ်၏ Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုများကို အသုံးပြုနေသည်ကို တွေ့ရှိရပြီး ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့တွင် လုံခြုံရေးထူထပ်စွာ စောင့်ကြပ်နေသည့် အဆောက်အအုံသစ်များကိုလည်း တွေ့ရှိရသည်ဟု AFP က ဆိုသည်။ တရုတ်၊ ထိုင်း၊ မြန်မာ အစိုးရတို့၏ ဖိအားပေးမှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းက အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများတွင် လုပ်ကိုင်နေရသူ တရုတ်နိုင်ငံသားအများစုပါဝင်သည့် လူ ၇၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။ အာရှ၊ အာဖရိကနှင့် အခြားနေရာများမှ လွတ်မြောက်လာသည့် အလုပ်သမားများက AFP သတင်းထောက်များအား အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်သူများ၏ ရိုက်နှက်ခြင်းကြောင့် ရရှိခဲ့သည့် အမာရွတ်များနှင့် ဒဏ်ရာများကို ပြသခဲ့ပြီး ဖုန်းနှင့် အင်တာနက် လိမ်လည်မှုများဖြင့် နာရီပေါင်းများစွာ သားကောင်များကို ရှာဖွေပေးခဲ့ရသည်ဟု ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။ ■ Website Link >>>>https://news-eleven.com/article/306865
Показать все...
👍 35 15👏 2😱 2
18👍 15👏 4🥰 1
■ မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဆံတော်ရှင်ကျိုက်တမော့ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်သို့ ဘုရားဖူးအများအပြား လာရောက် မုဒုံမြို့နယ် ကမာဝက်မြို့အရှေ့ဘက် တောင်ပေါ်ရှိ ဆံတော်ရှင်ကျိုက်တမော့ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်သို့ ဘုရားဖူးအများအပြားလာရောက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၆ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်လေ့ရှိသည့် ဆံတော်ရှင်ကျိုက်တမော့ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အား ယခုနှစ်တွင် အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ရှိ ကျိုက္ခမီရေလယ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်အား နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ သီတင်းကျွတ်လပြည့်ကျော် (၅) ရက်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိပြီး၊ ထို ကျိုက္ခမီရေလယ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ပြီးပါက မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဆံတော်ရှင်ကျိုက်တမော့ကြီးစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပပြုလုပ်လေ့ရှိကြောင်း ကမာဝက်ဒေသခံတစ်ဦးက ပြောကြားသည်။ ■ Website Link >>>>https://news-eleven.com/article/306862
Показать все...
👍 37 10👏 2🥰 1
■ အတိုက်အခံမာချာဒို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြီးနောက် ဗင်နီဇွဲလားက နော်ဝေရှိ ၎င်း၏သံရုံးကို ပိတ်သည်ဟု ထုတ်ပြန် အတိုက်အခံခေါင်းဆောင်မာရီယာ ကော်ရီနာမာချာဒို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြီးနောက် ရက်ပိုင်းအတွင်း ဗင်နီဇွဲလားက နော်ဝေမြို့တော် အော်စလိုရှိ ၎င်း၏သံရုံးကို ပိတ်လိုက်သည်ဟု အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သံရုံးပိတ်လိုက်ခြင်းသည် ဗင်နီဇွဲလား၏ ပြည်ပသံရုံးများကို ပြန်လည်ဖွဲ့စည်းသည့် အစိတ်အပိုင်းအဖြစ် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် မာချာဒို နိုဘယ်ငြိမ်းချမ်းရေးဆို ရရှိသည့်ကိစ္စကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။ ဗင်နီဇွဲလားက သြစတြေးလျရှိ ၎င်း၏သံရုံးကိုလည်းပိတ်ခဲ့သည်။ သို့သော်လည်း ဗိုလ်ကျကြီးစိုးသည့် ဖိအားပေးမှုများကို တိုက်ဖျက်ရာ၌ မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံများဟု ယူဆသော နိုင်ငံများဖြစ်သည့် ဇင်ဘာဘွေ၊ ဘာကီနာဖာဆိုတို့တွင် ဗင်နီဇွဲလားသံရုံးများကို ဖွင့်လိုက်သည်ဟု ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။ ဗင်နီဇွဲလားသည် အော်စလိုမြို့ရှိ ၎င်း၏သံရုံးကို ပိတ်လိုက်သည်ဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်ဆိုသော်လည်း ဗင်နီဇွဲလားသံရုံး ပိတ်လိုက်ရသည့် အကြောင်းပြချက်ကို ဖော်ပြခဲ့ခြင်းမရှိပေ။ ■ Website Link >>>>https://news-eleven.com/article/306861
Показать все...
👍 25 14👏 4😱 2
👍 22😱 4 2😢 2
■ မာဒါဂါစကာနိုင်ငံတွင် Gen Z ဆန္ဒပြမှုများ ဖြစ်ပွားလာပြီးနောက် တိုင်းပြည်မှ သမ္မတထွက်ပြေး အရှေ့အာဖရိက ကျွန်းနိုင်ငံတစ်ခုဖြစ်သည့် မာဒါဂါစကာနိုင်ငံတွင် Gen Z လူငယ်ဆန္ဒပြမှုများ ဖြစ်ပွားလာပြီးနောက် သမ္မတအန်ဒရီရာဂျိုလီနာ တိုင်းပြည်မှထွက်ပြေးသွားပြီဟု အတိုက်အခံခေါင်းဆောင်နှင့် စစ်ရေးသတင်းရင်းမြစ်တို့က အောက်တိုဘာ ၁၃ ရက်တွင် ပြောဆိုလိုက်သည်။ နီပေါဖြစ်ရပ်အပြီး တစ်လကျော်ကာလအတွင်း Gen Z လူငယ်များက အစိုးရတစ်ရပ်ကိုဖြုတ်ချလိုက်သည့် ဒုတိယဖြစ်ရပ်ဖြစ်သည်။ အောက်တိုဘာ ၁၂ ရက်တွင် တိုင်းပြည်မှ သမ္မတထွက်ပြေးသွားပြီဖြစ်ပြီး သမ္မတရုံးအဖွဲ့ကို ဆက်သွယ်မေးမြန်းရာ အတည်ပြုခဲ့ကြောင်း၊ လက်ရှိရာဂျိုလီနာရှိသည့်နေရာကို မသိရကြောင်း အတိုက်အခံခေါင်းဆောင်က ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့သည်။ သို့သော် အောက်တိုဘာ ၁၃ ရက်နှောင်းပိုင်းတွင် သမ္မတရာဂျိုလီနာက Facebook မှတစ်ဆင့် တိုင်းပြည်ကိုမိန့်ခွန်းပြောခဲ့ပြီး အသက်အန္တရာယ်ကြောင့် ဘေးကင်းသည့်နေရာကို ၎င်းပြောင်းရွှေ့လိုက်ရကြောင်းနှင့် တိုင်းပြည်ကို အဖျက်ဆီးခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းရှိသည့်နေရာကိုတော့ မပြောပေ။ စစ်ရေးသတင်းရင်းမြစ်တစ်ဦး ရိုက်တာသတင်းဌာနကို ပြောချက်အရ ရာဂျိုလီနာသည် ပြင်သစ်စစ်လေယာဉ်တစ်စင်းဖြင့် ထွက်ပြေးသွားခြင်းဖြစ်သည်။ပြင်သစ်ရေဒီယိုချန်နယ် RFI ၏ထုတ်လွှင့်ချက်တွင် ရာဂျိုလီနာက ပြင်သစ်သမ္မတမက်ခရွန်နှင့် သဘောတူညီမှုတစ်ခုယူထားသည်ဟု ဆိုသည်။ တိုင်းပြည်မှထွက်မပြေးမီ သမ္မတက ပြင်သစ်နိုင်ငံသားနှစ်ဦးအပါအဝင် ပြစ်ဒဏ်ကျနေသူအချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ photos - Reuters ■ Website Link >>>>https://news-eleven.com/article/306860
Показать все...
👍 28😱 7 4😢 1
08:11
Видео недоступноПоказать в Telegram
Package 14.10 tele.mp444.83 MB
👍 26 8🥰 1
အောက်တိုဘာ ၁၄ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် - မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပထမခြောက်လအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၃၅၇ ဦးရှိကြောင်း UNICEF Myanmar ထုတ်ပြန် - ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း ဆန်/ဆန်ကွဲ တင်ပို့မှုတွင် မေလအတွင်း အများဆုံးတင်ပို့နိုင်ခဲ့ - ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို လွှတ်ပေးရန် ICC ငြင်းဆို - ပါကစ္စတန်တာလီဘန်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် နိုင်ငံအနောက်မြောက်ပိုင်းတွင် လူ ၂၃ ဦး သေဆုံး - စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းရဲ့ နံပါတ်(၁)ဖြစ်နေဆဲလို့ ဘာပေ ပြောကြား
Показать все...
👍 39 9🥰 1
■ဥပ​ဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာသည့် KIA/KPF အဖွဲ့ဝင် (၁၁)ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံ ဥပ​ဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာသည့် KIA/KPF အဖွဲ့ဝင် (၁၁)ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ခြင်း ယနေ့(အောက်တိုဘာ ၁၃ ရက်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ ယနေ့(​အောက်တိုဘာ ၁၃ ရက်)တွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် KIA/KPF အဖွဲ့မှ အဖွဲ့ဝင် ၁၁ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် ပူတာအိုတပ်နယ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ■Read More >>>>https://news-eleven.com/article/306854
Показать все...
👍 48 11👏 8😱 1🤬 1
■ ဂါဇာစစ်ပွဲ ပြီးဆုံးသွားပြီဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့် ကြေညာခဲ့ပြီးနောက် နာရီပိုင်းအတွင်း ဂါဇာ၌ ဟားမာ့စ်က အစ္စရေးဓားစာခံများကို ပြန်လွှတ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဂါဇာစစ်ပွဲပြီးသွားပြီဟု အောက်တိုဘာ ၁၂ ရက်တွင် ကြေညာလိုက်ပြီးနောက်ငြိမ်းချမ်းရေးညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့အလယ်ပိုင်းဒေသသို့ထွက်ခွာ သွားသည်။ အသက်ရှင်ကျန်ရစ်သည့် ဓားစာခံ ၂၀ ထဲက ပထမဓာစားခံအုပ်စုဖြစ်သည့် အစ္စရေး ဓားစာခံခုနစ်ဦးကို အောက်တိုဘာ ၁၃ ရက်တွင် ဂါဇာ၌ ကြက်ခြေနီတပ်ဖွဲ့ထံလွှဲပြောင်း ပေးလိုက်ပြီဟု အစ္စရေးစစ်တပ်နှင့် အစ္စရေးလုံခြုံရေးအဖွဲ့တို့၏ထုတ်ပြန်ချက်အရ သိရသည်။ “ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ပေးတဲ့ သတင်းတွေအရ ဓားစာခံခုနစ်ဦးကို သူတို့ကို ထိန်းသိမ်းစောင့်ရှောက်မယ့် လူတွေရဲ့လက်ထဲကို လွှဲပြောင်းပေးလိုက်ပါပြီ။ သူတို့ဟာ ဂါဇာမှာရှိတဲ့အစ္စရေးကာကွယ်ရေး တပ်ဖွဲ့နဲ့အစ္စရေး လုံခြုံရေးတပ်ဖွဲ့တွေထံသွားနေပါပြီ”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ■ Read More >>>> https://news-eleven.com/article/306852 ■ Photo: AFP
Показать все...
👏 24👍 18 10🥰 1😱 1
■ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးပွဲ ကျင်းပပြီး ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆုချီးမြှင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားအား ကျင်းပခဲ့ကြောင်း သိရသည်။ ယနေ့(အောက်တိုဘာ ၁၃ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်၌ ကျင်းပသည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ■ Read More >>>> https://news-eleven.com/article/306850
Показать все...
👍 30 13🥰 1👏 1