ru
Feedback
Movie world 🎥🍿

Movie world 🎥🍿

Открыть в Telegram
2025 год в цифрахsnowflakes fon
card fon
13 534
Подписчики
Нет данных24 часа
-2617 дней
+1 53730 день
Архив постов
1:50:53
Видео недоступноПоказать в Telegram
Final De^sti^na^ti^on Bl^oodlines (20/25) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
Показать все...
Final Destination Bloodlines (2025) WEB-DL,720p (CM).mp4977.36 MB
Final Destination Bloodlines (20/25) 📱IMDb Rating_ 6.8/10, Rotten_ 92% လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက စပြီး စိတ်ဒဏ်ရာ မျိုးစုံပေးခဲ့တဲ့ “သေခြင်းဆိုးဖြင့်သေကြသူများ” ရုပ်ရှင် ၆ ကားမြောက်ထွက်လာပါပြီ။ ဒါရိုက်တာကတော့ Zach Lipovsky & Adam Stein တို့ပါပဲ။ FD ရုပ်ရှင်တွေရဲ့ အမာခံ ဇာတ်ကောင်ကြီး Tony Todd (Nov 2024 တွင် ကွယ်လွန်) လည်း နောက်ဆုံးအနေနဲ့ ပါဝင်ထားပါတယ်။ အရင်ရုပ်ရှင်တွေကြောင့် သံချောင်းတွေ၊ သစ်လုံးတွေ၊ ရိုလာကိုစတာတွေ တွေ့တိုင်း လန့်နေရအပြီးမှာ ဒီရုပ်ရှင်ကြည့်ပြီးရင်ရော ဘာတွေလန့်ရမလဲ တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ဒီ ရုပ်ရှင်ထဲမှာ ပထမဆုံး အမြင်ကြိုရခဲ့တဲ့ အိုင်းရစ်ကတော့ ရုပ်ရှင် ၆ ကားလုံးမှာ အစောဆုံး အမြင်ကြိုရတဲ့သူ ဖြစ်ပါတယ်။ 1968 မှာ ဖြစ်ခဲ့တဲ့အဖြစ်ကို အခြေခံပြီးတော့ ပြီးခဲ့တဲ့ရုပ်ရှင်တွေနဲ့ ဆက်စပ်ခဲ့သလို နောက်ဆုံး ဖြစ်စဉ်အထိ ဆွဲခေါ်သွားခဲ့တာပါပဲ။ အိုင်းရစ်ဆိုတဲ့ မိန်းခလေးဟာ ကပ်ဆိုးကြီးတစ်ခုကို ကြိုမြင်ပြီး ၁၉၆၈ မှာ ရှောင်ရှားနိုင်ခဲ့လို့ လူရာနဲ့ချီပြီးအသက်ဘေးက လွတ်ခဲ့ပါတယ်။ ဒါပေမဲ့ သေမင်းဟာ အမြဲအကြွေးဆပ်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း အဲဒီ ရာနဲ့ချီတဲ့လူတွေကို လိုက်ရှင်းသလို အစကတည်းက ရှိမလာရမဲ့ အဲဒီလူတွေရဲ့ မျိုးဆက်တွေကိုပါ ဆက်တိုက်လိုက်ရှင်းနေတာပါပဲ။ အခုဇာတ်လမ်းမှာတော့ အိုင်းရစ်ရဲ့ သားသမီးနဲ့ မြေးတွေဆီကို အလှည့်ကျလာပြီဖြစ်လို့ ဘယ်သူတွေ ရှောပြီး ဘယ်သူတွေ လွတ်ကြမလဲ ဆက်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။ Crd
Показать все...
Фото недоступноПоказать в Telegram
1:39:56
Видео недоступноПоказать в Telegram
'71 (20/14) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
Показать все...
'71 (2014) BluRay 1080p [CM].mp42103.52 MB
71 (20/14) 📱IMDb Rating _7.2/10, Rotten _96/10 ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင် (၂၅)ဆုစာရင်းဝင်ခဲ့ ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေ မဟုတ်တဲ့အပြင်တခြားသူဒုက္ခရောက်နေမှ ပျော်နေတဲ့သူတွေမဟုတ်ကြဘူး… သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့ စစ်ကားတွေကို လူကြီးလူငယ်မရွေး ဘာကြောင့် ကြိုက်ကြ တာပါလိမ့်…… တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက်ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်… သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်းဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်… ဥပမာ Jarhead (2005) တပ်သားသစ်ဘဝကိုစရိုက်ပြတာဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ  မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင် ထိုးကြသေးတယ်..သို့ပေမယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်.. နောက် Fury (2014)အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်း ပုံစံပေးချက်က မညှာတာ….သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်..အခြားစစ်ကားကောင်းများစွာရှိပါသေးသည်… ’71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်းအဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်.. အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာသင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်…တစ်နေ့လုံခြုံရေးယူပေးနေရင်း စစ်သည်တစ်ယောက်အသတ်ခံလိုက်ရတယ်….တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်..လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်.. သူဟာ ထွက်ပြေးနေတုန်းမှာသူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်..ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ…ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….. Crd
Показать все...
Фото недоступноПоказать в Telegram
2:02:16
Видео недоступноПоказать в Telegram
Valkyrie (20/08) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
Показать все...
Valkyrie (2008).mp4866.30 MB
Valkyrie (20/08) 📱IMDb Rating _7.1/10, Rotten _62% ဒုတိယကမ္ဘာစစ်အခြေခံ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက်2008 ခုနှစ်ထဲ ထွက်ခဲ့တဲ့ Valkyrie ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ်.. Valkyrie ဆိုတဲ့အဓိပ္ပာယ်က နော်ဝေ ဒဏ္ဍာရီထဲက စစ်ပွဲထဲမှာ ဘယ်သူသေမယ် ဘယ်သူရှင်မယ်ဆိုတာကို ဆုံးဖြတ်ပေးတဲ့ နတ်သမီးတစ်ပါးရဲ့နာမည်ဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာတော့ Valkyrie ဆိုတာဟစ်တလာက သူ့အစိုးရကိုအရေးပေါ်ကာကွယ်ဖို့ ဘာလင်မြို့ပေါ်မှာ ဖွဲ့စည်းထားတဲ့အရေးပေါ်အရံစစ်တပ်ပဲဖြစ်တယ် … အဲဒီအတွက် ဒီစစ်တပ် လုပ်တဲ့ စစ်ဆင်ရေးကို Valkyrie စစ်ဆင်ရေးလို့ခေါ်တယ် …ဟစ်တလာအစိုးရအဖွဲ့ထဲက ခေါင်းဆောင်တွေကို ဝေဖန်လို့ ရှေ့တန်းအပို့ခံရတဲ့ တပ်ရင်းမှူးစတက်ဖန်ဘာ့ (တွမ်ခရုစ်) ဟာ ဒဏ်ရာတွေရပြီး ဘာလင်ကို ပြန်ရောက်လာတယ်… မကြာခင် ဥရောပမဟာမိတ်တွေက ဘာလင်ကိုချီတက် သိမ်းပိုက်တော့မယ့် အခြေအနေမှာ ဘာလင်ပြည်သူတွေရဲ့ ဘေးကိုတွေးမိတဲ့ စတက်ဖန်ဘာ့ ဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရောလုပ်နေတဲ့ဟစ်တလာကိုလုပ်ကြံဖို့ ကြိုးစားပုံကို သည်းထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတဲ့အတွက်ရင်တမမ နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားပဲဖြစ်တယ်… Crd
Показать все...
Фото недоступноПоказать в Telegram
2:04:09
Видео недоступноПоказать в Telegram
Match Point (20/05) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
Показать все...
Match Point (2005)_1080p.mp42223.17 MB
Match Point (20/05) 📱IMDb Rating__ 7.6/10, Rotten _77% ဝူဒီအယ်လန်ကားဆို စောင်တလွဲလူ့ဘောင်ကြီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့သရော်တတ်တဲ့ ရုပ်ရှင်တွေလို့ ‌ပြေးမြင်မိကြမှာပဲ။ သူ့ကားတွေဟာ ရိုမန့် ဒရာမာ ဟာသ စာရင်းဝင်ကားတွေများတယ်။ ဇာတ်လမ်းအစမှာ သူက ဒီလိုပြောထားတယ်” ကျုပ် မတော်ချင်ဘူး ကံပဲကောင်းချင်တယ်လို့ ပြောတဲ့သူက ဘဝကို ကောင်းကောင်းနားလည်တဲ့သူပဲ။ ဘဝရဲ့တစ်စိတ်တစ်ပိုင်းက ကံပေါ်အများကြီး မူတည်နေတယ်ဆိုတာကို လူတွေက လက်မခံဝံ့ကြဘူး။ တကယ်တမ်း ဘဝမှာ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေ များတယ်ဆိုတဲ့ အသိက ထိတ်လန့်စရာကောင်းတယ်။ တန်းနစ်ပွဲတစ်ပွဲမှာ ဘောလုံးက ကွင်းလယ်က ပိုက်ကွန်ရဲ့ အပေါ်တည့်တည့်ကိုရောက်သွားတဲ့ အခိုက်အတန့်တွေရှိတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ အဲ့ဒီဘောလုံးက အရှေ့ကိုကျတာဖြစ်ဖြစ် အနောက်ကိုကျတာ ဖြစ်ဖြစ် ဖြစ်သွားနိုင်တယ်။ ကံလေးနည်းနည်းကောင်းရင်တော့ အရှေ့ကို ကျသွားမယ်။ အဲ့ဒီကျ ခင်ဗျားနိုင်ပြီ။ ကံဆိုးပြီး အနောက်ကိုပြန်ကျလာရင်တော့ ခင်ဗျား ရှုံးပြီ တဲ့ Match Pointရဲ့ အဓိကဇာတ်ကောင်ကတော့ ပြောခဲ့တဲ့အတိုင်း ကံကောင်းဖို့က အဓိကလို့ ယုံထားတဲ့ ခရစ်ဆိုတဲ့ တန်းနစ်ကစားသမား။ ပြောရရင် ဘဝမှာ ကံလေးကောင်းလို့ ဘဝပေးကောင်းလို့ ဖြစ်ဖြစ်မြောက်မြောက်ဖြစ်လာတာကို ဟုတ်လှပြီ ထင်တဲ့လူတစ်ချို့ကို သရော်ထားတဲ့သဘောပဲလို့ မြင်တယ် ။ဒီရုပ်ရှင်ဟာ တခြားအယ်လန်ကားတွေလိုပဲ ဇာတ်လမ်းဇာတ်ကွက်ရိုးရှင်းတယ်။ ကာရိုက်တာကို အဓိကထား ပုံဖော်ထားတယ်။ တခြားအယ်လန်ကားတွေနဲ့ ကွဲတာက တခြားအယ်လန်ကားတွေက လောကကိုအရွဲ့တိုက်ရယ်မောလိုက်တဲ့သရော်ကားမျိုးဆို Match Pointကတော့ လောကကို နာနာကျင်ကျင်နဲ့ကို သရော်လိုက်တဲ့ကားမျိုးလို့ ဆိုရမယ်။ Crd
Показать все...
Фото недоступноПоказать в Telegram
1:41:29
Видео недоступноПоказать в Telegram
Everybody H^as a Lit^tle Sec**ret (20/04) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
Показать все...
CM_Everybody_Has_a_Little_Secret_2004_720p_AMZN_WEB_DL_DD+2_0_H.mp41208.27 MB
Everybody Has a Little Secret (20/04) 📱IMDb Rating ___6.0/10 မိန်းကလေးတွေရဲ့ နှလုံးသားကို ဘယ်လိုပုံစံမျိုးနဲ့ အပိုင်သိမ်းယူရမလဲဆိုတာကို သိထားတဲ့ ဆူဟျွန်း(Lee Byung Heon)ကတော့ အပြောချိုချိုလေးတွေနဲ့ မိန်းကလေးတွေကို ပြုစားတဲ့ နေရာမှာ ဆရာတစ်ဆူပါပဲ။ တစ်ဖက်မှာတော့ ဟန်ဂျင်း‌ယောင်း၊ ဟန်ဆွန်းယောင်းနဲ့ ‌‌ဟန်မီယောင်း လိုခေါ်တဲ့ ညီအစ်မ သုံးဖော် ရှိကြပြီးတော့ အငယ်ဆုံး ညီမ ဟန်မီယောင်းနဲ့ မိန်းမကျမ်းကျေသူ ဆူဟျွန်းတို့က ချစ်ကြိုက်နေကြတဲ့ ဆက်ဆံရေးပါ။ ဒါပေမဲ့ တစ်ခုလပ် ဖြစ်နေတဲ့ ဟန်ဂျင်း‌ယောင်းနဲ့ ဝတ္ထုထဲက အချစ်ဇာတ်လမ်းတွေကို နှစ်သက်တဲ့ ဟန်ဆွန်းယောင်းတို့ဟာ ဆူဟျွန်းရဲ့ စကားလုံးတွေထဲမှာ မျောပါပြီး ဆွဲဆောင်ခံလိုက်ရပါတော့တယ်။ စကားလုံးတွေနဲ့ ပြုစားတတ်တဲ့ ဆူဟျွန်းနဲ့ “ဟန်”ညီအစ်မ သုံးယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဟာသလေးနှောပြီး ရိုက်ကူးပြသထားတာမို့လို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားဖို ညွှန်းပေးလိုက်ရပါတယ် Crd
Показать все...
Фото недоступноПоказать в Telegram
1:47:30
Видео недоступноПоказать в Telegram
Wind River (20/17) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
Показать все...
(CM) Wind.River.2017.720p.BluRay.REMUX-Naung.mp41018.44 MB
Wind River (20/17) 📱IMDb Rating _7.7/10, Rotten _8.7/10 ဒီဇာတ်ကားက အင်ဒီးယန်းနယ်မြေက ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ Rating မြင့် ရသစုံရုပ်ရှင်ကားကြီးပါ ဇာတ်လမ်းကတော့… ကော်ရိုဟာ နှင်းတွေအမြဲဖုံးလွှမ်းနေတဲ့ အင်ဒီးယန်းရေခဲတောင်တွေပေါ်မယ် သားရဲမုဆိုးအဖြစ် အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်… တစ်နေ့မှာ သူခြင်္သေ့လိုက်ထွက်ရင်း နှင်းတောထဲမှာ မိန်းမပျိုလေးတစ်ဦးရဲ့အလောင်းကို တွေ့ရှိလိုက်ရပါတယ်… ဒီအမှုကိုစုံစမ်းဖို့အတွက် FBIက အတွေ့အကြုံမရှိတဲ့ စုံထောက်မလေး ဂျိမ်းကို စေလွှတ်လိုက်ပါတယ်။ မနူးမနပ် ဆတ်ဆတ်ကြဲ ဂျိမ်းဟာ လူအင်အားကလည်းမလုံလောက် သူကလည်းအတွေ့အကြုံမရှိ အမှုကလည်းရှုပ်ထွေးလာနဲ့မကြံတတ် မစည်တတ်ဖြစ်လာရတဲ့အတွက် ကော်ရိုရဲ့အကူအညီကိုတောင်းခံပြီး အတူတကွ ဆက်လက်စုံစမ်းကြရတာပေါ့… ဒီလိုစုံစမ်းနေတဲ့အချိန်မှာပဲ ရေခဲတောင်ပေါ်မှာ နောက်ထပ်အလောင်းတစ်လောင်းကို ထပ်ပြီးတွေ့ရှိလိုက်ရတဲ့အခါမှာတော့ ……… ဇာတ်အိမ်ဖွဲ့ပုံသေသပ်လှတဲ့အတွက် ဇာတ်ကားတလျှောက်လုံး ရင်တထိတ်ထိတ်နဲ့ တရားခံဘယ်သူဖြစ်နိုင်မလဲ…. ကိုယ့်ကိုယ်ကိုသတ်သေလိုက်တာရော မဖြစ်နိုင်ဘူးလား….စသဖြင့် စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်…. Crd
Показать все...
Фото недоступноПоказать в Telegram
1:48:31
Видео недоступноПоказать в Telegram
R-i-s-e-n (20/16) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
Показать все...
Risen.2016.720p.BluRay.(CM).mp4831.78 MB
Risen (20/16) 📱IMDb Rating _6.3/10, Rotten _53% Rome နောက်ခံသမိုင်းဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့သူတွေအတွက် Risen 2016 လာပါပြီ။ ဒီဇာတ်ကားရဲ့ထူးခြားချက်က တစ်ချိန်လုံး သတ်နေ ဖြတ် နေတာမဟုတ်ဘဲနဲ့ စုံထောက်ဆန်ဆန်ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း..... AD 33 လောက်မှာ Jesus ‌(ခရစ်တော်ပေါ်လာချိန်) မှာ ဘာသာရေးစစ်ပွဲတွေဖြစ်ကြပါတယ်။ အဲ့ဒီကာလမှာ ရိုမန်အင်ပါယာက အင်အားကြီးနေချိန်ဖြစ်တဲ့အတွက် ဘုရင် Ceasar က Christianity ပေါ်မလာရေးအတွက် Jesus ကိုကွပ်မျက်ခဲ့ပါတယ်။ ဒီထဲကဇာတ်လိုက်ဖြစ်တဲ့ Roman Tribune (စစ်အရာရှိ) Clavius က Jesus ကို လက်ဝါးကပ်တိုင်ပေါ်တင်ပြီး ကွက်မျက်ခဲ့ရသူဖြစ်ပါတယ်။ Clavius ကိုယ်တိုင်က စိတ်ကောင်းရှိတဲ့သူဆိုပေမဲ့ အမိန့်ကျလာတဲ့အခါ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ရက်အနည်းငယ်ကြာတော့ သူကိုယ်တိုင် ‌သေသွားတာကိုမြင်ခဲ့ရတဲ့ Jesus ဟာ သူ့ရဲ့အုတ်ဂူကနေ ပျောက်ချင်းမလှပျောက်သွားရတဲ့အကြောင်းကို လိုက်ရှာရပါတော့တယ်။ အလောင်းကိုလိုက်ရှာရင်း Clavius တစ်ယောက် ကိစ္စတော်တော်များများကို သဘောပေါက်လာပြီး နောက်မှာတော့ ......... Crd
Показать все...