Movie Time
Відкрити в Telegram
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @phyoesithu12 Ck Lottery/Big Win လက်မခံပါ
Показати більше2025 рік у цифрах

45 863
Підписники
-9024 години
-9757 днів
-2 62230 день
Архів дописів
Repost from N/a
Фото недоступнеДивитись в Telegram
အမ်မာစတုန်းရဲ့ ကတုံးမ ဇာတ်ကားလာပါပြီ
B-u-g-o-n-i-a (2025)
IMDb Rating (7.7) / Rotten Tomatoes (87%)
2025 မှာ ဟိုးလေးတကျော် လူပြောများနေတဲ့ အမ်မာစတုန်းရဲ့ ကတုံးမ ဇာတ်ကားလာပါပြီ...
Comedy , Crime , Sci-Fi
Repost from N/a
Фото недоступнеДивитись в Telegram
မွေးကတည်းက ခေါင်းမှာမြွေလေးတွေနဲ့ မွေးဖွားလာတဲ့ မြွေခေါင်းဘုရင်မ
ဘိုးဘွားစဉ်ဆက် ကျိန်စာသင့်နေတဲ့မျိုးရိုးကနေမွေးဖွားလာခဲ့တဲ့ အန်နာဟာ လူခန္ဓာကိုယ်နဲ့ မြွေလိုဆံပင်ကြောင့် မြွေတွေပျောက်သွားအောင်ထိန်းချုပ်ဖို့ လက်စွပ်ကို ဝတ်ဆင်ထားရပါတယ်။
လူသိမခံဝံ့တဲ့သူ့ရဲ့အဖြစ်ကြောင့် အပြင်ထွက်လေ့မရှိဘဲနေထိုင်ခဲ့ရတာပါ။ တနေ့မှာ မမျှော်လင့်ဘဲ သူ့ရဲ့ဖြစ်တည်မှုကို နားလည်ပေးနိုင်တဲ့ "ကောင့် " ဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံခဲ့ပါတယ်။
အန်နာဟာ ဒေါသထွက်လာတဲ့အချိန်မှာ အသိစိတ်လွတ်ပြီး လူတွေကို မျက်လုံးစိုက်ကြည့်လိုက်ရင် ကြည့်ရုံနဲ့ လူကနေကျောက်ရုပ်ဖြစ်သွားတဲ့အထိပါပဲ။
Repost from N/a
1:42:08
Відео недоступнеДивитись в Telegram
T-r-a-p H-o-u-s-e (2025)
Trap House (2025) WEB-DL,720p (MW).mp4760.50 MB
Repost from N/a
Фото недоступнеДивитись в Telegram
T-r-a-p H-o-u-s-e (2025)
++++++++
မင်းသားကြီး Dave Bautista ရဲ့ မက္ကဆီကန် ကာတဲလ်တွေနဲ့ ပွဲကြမ်းတဲ့ အက်ရှင်ကားလေးပါ..
အယ်ပါဆိုတဲ့ မြို့လေးမှာ ဆောက်လုပ်ရေးလုပ်သားအဖြစ် အသွင်ယူထားပြီး
မူးယစ်တိုက်ဖျက်အဖွဲ့ဝင်လုပ်နေတဲ့ ရေးလ်ဟာ..
သားဖြစ်သူကိုပါ ဒီမြို့ကို ခေါ်လာရပါတယ်..
တစ်နေ့တော့ သားဖြစ်သူ ကိုဒီက ကာတဲလ်ဂိုဏ်းတွေဆီက ပိုက်ဆံကို သွားခိုးပြီး
ပြဿနာရှာခဲ့တာကြောင့် ..အသွင်ယူဟန်ဆောင်ထားတဲ့
ရေးလ်လည်း ကာတဲလ်ဂိုဏ်းကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်...
Repost from N/a
Фото недоступнеДивитись в Telegram
Good Will Hunting (1997)
သူတို့နှစ်ယောက်က ဇာတ်ညွှန်းအကယ်ဒမီဆုရ၊ Robin Williams က အကယ်ဒမီဇာတ်ပို့ဆုနဲ့အတူ အခြားရုပ်ရှင်ဆု ၂၂ ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားပါ
ကမ္ဘာကျော်သင်္ချာပါရဂူကြီးတွေ နှစ်နဲ့ချီပြီး သက်သေပြဖို့ကြိုးစားရတဲ့ သင်္ချာပုစ္ဆာမျိုးတွေကို တစ်ထိုင်တည်းနဲ့ သက်သေပြနိုင်တဲ့ ဆယ်ကျော်သက်အရွယ် ဂျစ်ကန်ကန်ကောင်လေးတစ်ယောက် မိဘမဲ့ ခြေဦးတည်ရာမဲ့ ဆိုးဖော်ဆိုးဖက်တွေနဲ့မူးအောင်သောက် ဘဝကို ကြုံသလိုဖြတ်သန်းသူ
ဒါပေမယ့် သူဟာ ဂျီးနီးယက်စ်တစ်ယောက် သူ့ရဲ့ဦးနှောက်က Genius-level IQ နဲ့ သူဟာ သူ့အင်ပါယာမှာ သူ့ဥပဒေနဲ့ နေထိုင်တဲ့သူ သံယောဇဉ်တွယ်ရမှာကိုကြောက်တယ်
လူတွေရဲ့ သမားရိုးကျအတွေးအခေါ်တွေကို ရွံတယ်၊ ဒီလိုနဲ့ သူ့ရဲ့အရည်အချင်းကို Field’s Medal (သင်္ချာပါရဂူ)ဆုရှင်ပရော်ဖက်ဆာတစ်ယောက်က သတိထားမိသွားတယ်
Repost from N/a
47:43
Відео недоступнеДивитись в Telegram
The Manipulated (2025) E12 END WEB-DL 1080p
The Manipulated (2025) E12 END WEB-DL 1080p.mp4832.88 MB
Repost from N/a
45:56
Відео недоступнеДивитись в Telegram
The Manipulated (2025) E11 WEB-DL 1080p
The Manipulated (2025) E11 WEB-DL 1080p.mp4736.90 MB
Repost from N/a
Фото недоступнеДивитись в Telegram
T*h*e G*o*r*g*e (2*0*2*5) ဇာတ်ကားသစ်
မင်းသမီး Anya Taylor-Joy ရဲ့ ရိုမန့်စ်အက်ရှင် ရုပ်ရှင်အသစ် ထွက်ပါပြီ။
ဒါရိုက်တာကတော့ Doctor Strange ရဲ့ ဒါရိုက်တာဖြစ်တဲ့ Scott Derrickson ပါပဲ။ အက်ရှင်ကြမ်းကြမ်း ခပ်ရိုရိုကားကြည့်ချင်ရင် လက်လွတ်မခံပါနဲ့။
ဇာတ်လမ်းအကျဉ်း
လီဗိုင်ဟာ ကမ္ဘာထိပ်တန်းအဆင့်ရှိတဲ့ မရိန်းတပ်ဖွဲ့ဝင်ဟောင်း စနိုက်ပါတစ်ယောက်ပါ။တပ်ကထွက်ပြီး ကြေးစားလုပ်နေချိန်မှာ တာဝန်ကြီးတစ်ခု အလုပ်အပ်လာပတယ်။တာဝန်ကတော့ ကမ္ဘာပေါ်က ဘယ်နေမှန်းမသိတဲ့နေရာ၊ လူမရှိတဲ့နေရာမှာ တာဝါတစ်ခုကို တစ်ယောက်တည်း သေနတ်တွေ ဗုံးတွေအပြည့်နဲ့ လုံခြုံရေးယူရတဲ့တာဝန်ပါပဲ။အဲဒီနေရာမှာ သူ့လိုပဲ တစ်ဖက်တာဝါမှာ လုံခြုံရေးယူနေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။
#crd
Repost from N/a
Фото недоступнеДивитись в Telegram
*
IMDb... 6.5
ဒီတစ်ခေါက်မှာတော့ ဝူယောင်းဝူကားထဲက မင်းသမီးလေး Joo Hyun-Young နဲ့
Jeon Bae-Soo၊ 18 Again ထဲက မင်းသားချောလေး Choi Bo-Min တို့
ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်သရဲကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
- ဇာတ်လမ်းအကျဉ်း -
ဂင်ဒါဂယောင်း (Joo Hyun-Young) ကတော့ သည်းထိတ်ရင်ဖို Youtuber တစ်ဦးဖြစ်ပြီး အရင်က
ကြည့်ရှုသူ သိန်းချီရှိခဲ့ပေမဲ့လည်း သူ့ရဲ့ ဗီဒီယိုတွေက တစ်စထက်တစ်စ ပျင်းစရာကောင်းလာတော့
လက်ရှိမှာ ကြည့်ရှုသူ ၁၀၀ တောင် မပြည့်တော့တဲ့ အခြေအနေပါ... ဒါကြောင့် ဒါဂယောင်းလည်း
လူအများရဲ့စိတ်ဝင်စားမှုကို အရယူဖို့အတွက် တစ်နိုင်ငံလုံးအနှံ့မှာ လူပျောက်မှုတွေ အများဆုံးဖြစ်နေတဲ့
ဂွမ်းလင်းဘူတာအကြောင်းကို စုံစမ်းပြီး ဗီဒီယိုရိုက်တင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒီအတွက် ဒါဂယောင်းက ဂွမ်းလင်းဘူတာက ရုံပိုင်ကြီး (Jeon Bae-Soo) ဆီ သွားတွေ့ပြီး ဂွမ်းလင်းဘူတာက
ထူးဆန်းထွေလာ အဖြစ်အပျက်တွေအကြောင်း မေးမြန်းကြည့်တော့တာပေါ့...
အဲဒီနောက် သူ့ရဲ့ ဂွမ်းလင်းဘူတာက သရဲပုံပြင်တွေဟာ Youtube မှာ view တွေ စံချိန်ချိုးသွားပါတော့တယ်။
ဒါပေမဲ့လည်း ဒါဂယောင်းတစ်ယောက် လောဘအတောမသတ်နိုင်သေးဘဲ ဆက်လက်စုံစမ်းရင်း
ဂွမ်းလင်းဘူတာနဲ့ပတ်သက်တဲ့ ထိတ်လန့်ဖွယ် လျှို့ဝှက်ချက်တစ်ခုကို သိရှိသွားတဲ့အခါမှာတော့...
သရဲကားချစ်သူများအတွက် စိတ်ကျေနပ်မှု အပြည့်ပေးမဲ့ တကယ်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့
ဇာတ်ကားကောင်းလေးမို့လို့ မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော်။
#crd
❤ 1
Repost from N/a
Фото недоступнеДивитись в Telegram
မေတ္တာရနံ့သင်းပျံ့စေသော်
The Cross-Dressed Union (月拢雁西归) 2025 🎎 🪭
ဒီဇာတ်ကားလေးကတော့ သာမန် တွေ့နေကျ ရှေးခေတ်နန်းတွင်းကားတွေထဲမှာမှ တမူထူးခြားတဲ့ Plot လေးနဲ့ ရိုက်ကူးထားတာမို့ မဖြစ်မနေကြည့်သင့်ပါတယ်ဇာတ်လမ်းအကျဉ်း အရင်ဘုရင်လက်ထက်က စစ်သူကြီးတွေကို ဖိနှိပ်ထားလွန်းတော့ တိုင်းပြည်မှာ စစ်သည်အင်အား နည်းပါးနေချိန် ဧကရာဇ်အသစ်က ပြည်တွင်းပြည်ပ ရန်စွယ်တွေကြား ဗျာများနေရပါတယ် တိုင်းပြည်ရဲ့ ကံကြမ္မာက ဓားသွားပေါ်မှာ ရောက်နေတဲ့အချိန် ဧကရာဇ်မင်း ယန်လင်တစ်ယောက် ကစားကွက်အသစ်တစ်ခု ခင်းကျင်းလိုက်ပါတယ် အသက်ဘေးလွတ်ဖို့အတွက် မိန်းမယောင်ဆောင်ထားရတဲ့ စစ်သူကြီးသား နန်ချန်ရှောင် နဲ့ ယောက်ျားလေးလို ဝတ်ဆင်ပြီး အရာရှိလုပ်နေတဲ့ ရွေ့ယွီ သူတို့နှစ်ယောက်ဟာ မတူညီတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ့်ဘဝကိုယ် ဖုံးကွယ်ထားရသူတွေပါ ဒါပေမဲ့ ကံကြမ္မာအလိုကျ ဧကရာဇ်ရဲ့ အမိန့်နဲ့ ဇနီးမောင်နှံ ဖြစ်လာရတဲ့အခါ မိန်းကလေးဟန်ဆောင်ထားတဲ့ သူနဲ့ ယောက်ျားလေးဟန်ဆောင်ထားတဲ့ သူမ ဒီနှစ်ယောက် ပေါင်းဖက်လိုက်တဲ့အခါ ဘယ်လို ပြောင်းလဲမှု အသစ်တွေ ဖြစ်လာမလဲ..... အသက်လု ပွဲတွေကြားကနေ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်တွေ ဘယ်လိုတိုးလာမလဲ... တိုင်းပြည်အတွက် ဘယ်လို စွန့်စားခန်းတွေ ဖွင့်မလဲဆိုတာကို သူတို့ရဲ့Chemistry မိမိသရုပ်ဆောင်ချက်တွေနဲ့အတူ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ် Ch Title : 月拢雁西归 Eng title: The Cross-Dressed Union Cast ; Liu Ye , Tan Xiao Fan Type: Drama Country: China Episodes: 24 ကြည့်ရန်ချန်နယ်အရင်joinပါ ⏬⏬⏬ https://t.me/Mm89807
❤ 1
Repost from N/a
1:39:49
Відео недоступнеДивитись в Telegram
T-h-e D-a-m (2025)
The Dam (2025) 1080p HEVC WEB-DL [RMC].mp41732.45 MB
Repost from N/a
Фото недоступнеДивитись в Telegram
The Dam (2025)
=======
IMDB - 5
အက်ရှင်ကိုမှ ဟော်ရာလေးပါပြီး သိပ္ပံဆန်ဆန်နဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ယူကရိန်းဇာတ်ကားလေးပါ
အရင်ဆိုဗီယက်ပြည်ထောင်စုခေတ်တုန်းက စစ်ပွဲမှာသုံးဖို့ ကိုနိုဗာစခန်းမှာ လူသားထက်သာလွန်တဲ့စစ်သားတွေကို ဖန်တီးဖို့ စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ် ဒါပေမဲ့မအောင်မြင်သွားဘဲ စခန်းတစ်ခုလုံးနီးပါး ေ သ ကြေ-ပြီး အပြီးပိတ်ချလိုက်ရတယ်
ဒီလိုနဲ့ နှစ်တွေကြာပြီး ယူကရိန်းနဲ့ရုရှားစစ်ပွဲတွေဖြစ်ချိန်မှာ ရုရှားဘက်က ယူကရိန်းနယ်မြေဘက်က ရေကာတာကိုဗုံးခွဲလိုက်ချိန်မှာတော့ တိမ်မြှုပ်ပျောက်ကွယ်နေတဲ့ နေရာတွေ ပြန်ပေါ်လာပြီး အဲဒီနေရာတွေထဲမှာ ရေကာတာနဲ့မြှုပ်ဆောက်ထားတဲ့ ဒီစခန်းဟာလည်း အပါအဝင်ပါပဲ
မာရီနာရဲ့မောင်ဟာ စစ်ဆင်ရေးနဲ့ထွက်ရင်း ပျောက်ဆုံးသွားတာကြောင့် လိုက်ရှာဖို့ဖြစ်လာတဲ့အခါ နောက်ဆုံးသိလိုက်ရတဲ့နေရာက အဲဒီရေကာတာကြီးထဲက စစ်စခန်းဖြစ်နေချိန်မှာတော့ မာရီနာနဲ့သူ့ကိုကူညီဖို့ လိုက်လာတဲ့ရိုမန်တို့အဖွဲ့နဲ့ ဘာတွေရှေ့ဆက်ကြုံတွေ့ရမလဲဆိုတာကတော့....
Repost from N/a
Фото недоступнеДивитись в Telegram
တရုတ်ရဲ့ အကြီးဆုံး တံတိုင်း ခံတပ်ကြီး ကို လူသားစား အကောင်ကြီး တွေက ဝင်တိုက်တဲ့ ကား
--------------------------------------------------------------------------------
တရုတ်နိုင်ငံတွင် တည်ရှိသော မဟာတံခွန်တစ်ခုကို စောင့်ရှောက်နေသော တပ်ဖွဲ့အကြောင်းကို ပြသသော ဇာတ်လမ်းဖြစ်သည်။ ငွေရှာရာအတွက် ခရီးထွက်လာသော နောက်တွဲသူများသည် မျှော်လင့်ခြင်းမရှိဘဲ တရုတ်မဟာတံခွန်အနီး၌ တောင်သူများနှင့် စစ်တပ်တစ်ဖွဲ့အကြား အန္တရာယ်ရှိသော တစ်ခုခုကို တွေ့ကြရသည်။
တကယ်တော့ မဟာတံခွန်သည် ပြည်သူများကို ဂန္တဝင် မကောင်းဆိုးဝါးများထံမှ ကာကွယ်ရန် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ထိုမကောင်းဆိုးဝါးများသည် လူသားအမျိုးအစားကို တိုက်ခိုက်ရုန်းကန်လာကြရာ စစ်သားများနှင့် နိုင်ငံခြားသားများကလည်း ပူးပေါင်းကာ တိုက်ဖျက်ရန် ကြိုးပမ်းကြသည်
Repost from N/a
Фото недоступнеДивитись в Telegram
မြေကြီးထဲ ခန္ဓာကိုယ်မြှုပ်ထားခံရပြီး ခေါင်းတစ်ခုတည်းပေါ်နေတဲ့ အလောင်းတစ်လောင်း --
တစ်ခေါင်းလုံး သကာရည်တွေအလောင်းခံထားရပြီး ပုရွက်နီအပြုံလိုက်တက်နေတဲ့ လူသတ်မှုတစ်ခု
အစကပြန်ကောက်ရရင် ရွာတစ်ရွာမှာ မိဘမဲ့ သူငယ်ချင်းသုံးယောက်ရှိတယ် ရှီဗာ၊ ကိုတီနဲ့ ဘာဒရာရယ်...ပေါ့ပေါ့နေ ပေါ့ပေါ့စား တွယ်တာစရာဆိုလို့ ဘာမှမရှိတဲ့ မိဘမဲ့တွေသူတို့အလုပ်က အသေးစားဒုစရိုက်လေးတွေ အရောင်းအဝယ်လေးတွေ လိုက်လုပ်မယ် ပြီးရင် အရက်သောက်မယ် ဒါပဲ...
သူများတကာလို မိသားစုဘဝကို လိုချင်ပေမယ့် သူတို့အချင်းချင်းပဲ ညီအစ်ကိုလို မိသားစုဝင်လို သဘောထားကြတယ်
ဒီလိုကနေ ဒုစရိုက်လောကထဲက ရုန်းထွက်ဖို့လုပ်ပေမယ့် ရုန်းမထွက်နိုင်ပဲ ရှုပ်ထွေးတဲ့ အမှုတစ်ခုထဲ တွန်းပို့ခံလိုက်ရချိန်မှာတော့ ...
ဘာတွေဆက်ဖြစ်မှာလဲ ပုရွက်ဆိတ်လို သူတို့ဘဝတွေကို တန်ဖိုးမရှိသလို သဘောထားခဲ့တဲ့ လူကိုပုရွက်တွေကိုက်ပြီး အသက်ဆုံးရအောင်ရက်ရက်စက်စက် လက်စားချေတဲ့ ဇာတ်လမ်းတစ်ပုဒ်ဘယ်လိုဖြစ်လာလဲဆိုတာ ပရိသတ်ကြီးကပဲ ရှုစားအားပေးကြပါဦး....
